အားတက်စေမယ့်စာစုများ ၃၉

Mon LayApril 3, 20211min55590

“ စျေးမရောင်းချင်ဘူး ရှက်တယ် စျေးရောင်းရမှာ ရှက်စရာကြီး“ တဲ့ ‼️ရှိသမျှလုပ်ငန်းရှင်တိုင်းစျေးရောင်းဖူးကြတယ် စျေးမရောင်းရတဲ့ အလုပ်ဆိုတာ နေရာတိုင်းမှာမရှိပါဘူး…. ကိုယ့်ရဲ့ ဝန်ဆောင်မှု ထုတ်ကုန်တစ်ခုခုကို ရောင်းချနေမှသာ စီးပွါးရေးက လည်ပတ်လို့ရတာပါ… ဘယ်လောက်ပဲ သေးငယ်တဲ့ အလုပ်ဖြစ်ပါစေ…. သမာအာဆီဝကျတဲ့ အလုပ်ကိုလုပ်ကိုင်တာ ရိုးသားစွာ ရှင်သန်ရပ်တည်နေတဲ့ လုပ်ငန်းတိုင်းရှက်စရာမဟုတ်ပါဘူး… အလုပ်မလုပ်တတ်ရင်သာ ရှက်စရာပါ…. မိဘကျွေးမွေးပညာသင်ရတဲ့အရွယ်ထိ အလုပ်အကိုင်မရှိတာ အပြစ်မဟုတ်ပါဘူး.. ဘွဲ့ရပညာတတ်ပြီးနောက် ကိုယ်ပိုင်ဝင်ငွေမရှိရင်တော့ အပြစ်ရှိပါတယ်… တစ်ချို့အတွေ့အကြုံတွေက စာအုပ်ထဲမှာ မဟုတ်ဘူး… ဘဝထဲမှာ သင်ယူရတယ် ‼️ပိုက်ဆံရှာတယ် ဆိုတာ ကိုယ်ပေးနိုင်တာ တစ်ခုခုနဲ့ ငွေနဲ့ လှဲလှယ်ရတာပါ….ဝန်ဆောင်မှုတစ်ခုကိုပေးမလား ကုန်ပစ္စည်းတစ်ခုကိုပေးမလား ဝယ်သူက နှစ်သက်လို့ ငွေပေးဝယ်လိုက်တယ်ဆိုရင် အလုပ်ဖြစ်သွားတာပါပဲ…🤝“ဘယ်သူမှ အစကတည်းက မတတ်ပါဘူး လုပ်ရင်းသင်ယူရတာပါပဲ… စျေးမရောင်းတတ်သေးရင် ရောင်းတတ်အောင်သင်ယူပါ ကြိုးစားချင်စိတ်ရှိတာဂုဏ်ယူစရာပါ…💪🏼စျေးရောင်းတတ်တာ ဂုဏ်ယူစရာပါ”“အလုပ်ဟူသမျှ ဂုဏ်ရှိစွ” တဲ့ “ရိုးသားစွာကြိုးစားပါ”. .. 🥰ချစ်ခြင်းအားဖြင့်