Mon LayApril 17, 20211min6310

Online Business တစ်ခုတည်းကိုပဲ မှီခိုနေရသူများ အခုဆိုရင်ဝင်ငွေမရှိတာ ၂ လတိတိ ရှိပါပြီ

အားလုံးသိကြတဲ့အတိုင်းပဲ…တော်လှန်ရေးအစကတည်းက အခုချိန်ထိKeyboard Fighter တာဝန်ကိုအများဆုံး ထမ်းဆောင်ခဲ့တာလဲ Online Business သမားတွေပါပဲတစ်ချို့ဆို လှူတဲ့နေရာမှာတောင် အတက်ကြွဆုံးပါဝင်ခဲ့ကြပါတယ်

အခု 2/4/2021 ကစပြီးတော့ ဈေးပြန်ရောင်းသင့်ပြီလို့ မွန်လေး မြင်ပါတယ်။ အဲ့ဒါကြောင့် Facebook သုံးနေ​ကြတဲ့ကျန်တဲ့ Online Business သမားမဟုတ်သူများတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စားဝတ်နေရေးအတွက်တွေးပေးရင်း အပစ်မတင်ပဲကျေးဇူးပြုပြီးနားလည်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်

ပြီးတော့….မွန်လေးတို့အနေနဲ့ အတတ်နိုင်ဆုံး အနှောက်အယှက်အနည်းဆုံးဖြစ်အောင် ပိုစ့်တင်ကြမှာဖြစ်ပါတယ်

နည်းလမ်းတွေကိုတော့ Page မှာ မွန်လေးဆက်တိုက်တင်ပေးသွားမှာဖြစ်ပါတယ်..ဆက်လက်ကြည့်ရှုဖို့မမေ့ပါနဲ့နော်