အင်္ဂလိပ်စကား ပြောတတ်လိုသော် (၁၆) Learn to Speak English (16)- Myo Kyaw Myint

kaiOctober 15, 20215min8161

            မည်သူမဆို အင်္ဂလိပ်စကား ပြောသည့်အခါ အသံထွက် မှန်လိုကြပါသည်။ မည်သူမျှ အင်္ဂလိပ်စကားကို မြန်မာသံကြီးနှင့်၊ ငပိသံကြီးနှင့် မပြောလိုကြပါ။ ဒီတော့ အင်္ဂလိပ်စကားကို ပီပီသသနှင့် တဖက်သူ နားလည်နိုင်အောင် ပြောတတ်ဆိုတတ်ဖို့ လိုပါသည်။ ဒီလိုပြောနိုင်အောင် ဉီးစွာပထမ မြန်မာစကားနှင့် အင်္ဂလိပ်စကားတို့ရဲ့ ကွာခြားမှုကို သိထားဖို့ လိုပါသည်။ မြန်မာစကားမှာ အသံတမျိုးတည်း ရှိသည့် စကားလုံး များပါသည်။ 

            Monosyllable ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ အင်္ဂလိပ်စကားမှာတော့ polysyllable ဟု ခေါ်သည့် အသံ ၂မျိုး၊ ၃မျိုး၊ ၄+၅ မျိုးအထိ ရှိသည့် ဝေါဟာရတွေ များပါသည်။  ဉပမာ –  psychology (4 syllables) argumentative (5 syllables) ။ နောက် အရေးကြီးသည့် ကွာခြားမှုက မြန်မာစကားဟာ ဝေါဟာရ တခုချင်းကို ပီပီသသ ထွက်ဆိုရသည့် Tonal Language ဖြစ်ပါသည်။ အင်္ဂလိပ်စကားကတော့ ဝါကျတခုချင်းကို stress မှန်ကန်အောင်ထွက်ဆိုရသည့် intonational language ဖြစ်ပါသည်။ သဘာဝချင်း မတူကြပါ။

            ထို့ကြောင့်၊ အင်္ဂလိပ်စကား သင်ယူခါစ  မြန်မာတိုင်းလိုလို ပြောတတ်ပါသည်။ “အင်္ဂလိပ်စကားက သိပ်မြန်တယ်။ နားလည်ဖို့ မလွယ်ဘူး။”

တကယ်တော့ အင်္ဂလိပ်စကားက မမြန်ပါဘူး။ မနှေးပါဘူး။ စကားလုံး တလုံးချင်းကို အာရုံစိုက်ပြီး လိုက်နားထောင်နေသူအတွက် မြန်သလို ဖြစ်နေတာပါ။ ဝါကျတခုချင်းကို အာရုံစိုက်ပြီး stressed words တွေကို လေ့လာမယ်ဆိုရင် နားလည်ဖို့ လွယ်လာပါလိမ့်မယ်။ အင်္ဂလိပ်စကား သင်ခါစ မြန်မာတွေ မှားတတ်တာ တမျိုးကို ထောက်ပြလိုပါသေးတယ်။ စကားလုံး အသစ်တခု တွေ့တယ်ဆိုရင် ဘယ်လို အသံထွက်ရမလဲ သိချင်ကြတာပေါ့။ သဘာဝလည်း ကျပါတယ်နော်။ သိသွားပြီ ဆိုရင်လည်း နောက် မမေ့ရအောင် အသေ မှတ်ထားတတ်ပါတယ်။ တကယ်က ဒီလို မလုပ်သင့်ပါ။ အင်္ဂလိပ်စကားက ဝါကျပေါ် မူတည်ပြီး Stress ပြောင်းသွားတတ်လို့ ဝေါဟာရတခုမှာ ပုံသေကားချပ် အသံထွက်နည်း တမျိုးမကပါဘူး။ အများကြီး ရှိနေတတ်ပါတယ်။ 

            ဉပမာ Insults can be hurtful ဆိုတဲ့ ဝါကျလေးမှာ ပါတဲ့ insult ဆိုတဲ့ ဝေါဟာရလေးကို ပထမ syllable မှာ stress ထည့်ပြီး insult လို့ အသံထွက်ပါတယ်။ သို့သော် Don’t insult me ဆိုတဲ့ ဝါကျလေးမှာကြတော့ ကြိယာဖြစ်နေသည့်အတွက် ဒုတိယ Syllable မှာ stress ထည့်ပြီး in’sult လို့ အသံထွက်ပါတယ်။ ဝေါဟာရတခုရဲ့ အသံကို ပုံသေသတ်မှတ်ထားလို့ မရကြောင်း ထင်ရှားပါတယ်နော်။

ဒီတော့ အင်္ဂလိပ်စကားကို ပီပီသသ ပြောတတ်လိုရင်၊ သေချာစွာ နားလည်လိုရင် intonation ကို ဉီးစားပေးပြီး လေ့ကျင့်ပေးရမှာ ထင်ရှားပါတယ်။ စာစကား၊ ပေစကား မပြောဘဲ၊ လူတိုင်း နားလည်နိုင်မဲ့ အသုံးအနှုံးနဲ့ ပြောရရင်တော့ “လေယူလေသိမ်း” မှန်ဖို့က အရေးကြီးပါတယ်။ dialog တွေနဲ့ လေ့ကျင့်နေလို့၊ Conversation တွေနဲ့ လေ့ကျင့်နေလို့ “လေယူလေသိမ်း” မှန်လာဖို့ မလွယ်ပါ။ ဒီတော့ practice လုပ်ပေးဖို့ လိုပါတယ်။

            Practice လုပ်ပေးလို့ ရအောင် အထူးသင့်တော်တဲ့ verse လေးတခုကို ဖော်ပြပေးလိုက်ပါတယ်။ internet မှာ ဖော်ပြပါ verse လေးကို google လုပ်ကြည့်ပြီး နားထောင်ကြည့်ပါ။ လိုက်ပြီး ရွတ်ဆိုကြည့်ပါ။ အဓိပ္ပာယ်က အရေးမကြီးလှပါ။ အသံနေ အသံထား မှန်ပါစေ။ လေယူလေသိမ်း မှန်ပါစေ။ ယခင်ကလည်း ဖော်ပြခဲ့ဘူးပါတယ်။ စိတ်ဓာတ် မကျပါနှင့်။ ကြိုးကြိုးစားစား လိုက်ဆိုပါ။ အလွတ်ရသည်အထိ လေ့ကျင့်ထားပါ။ လျှာရဲလာပါလိမ့်မည်။ စကားပြော ရဲလာပါလိမ့်မည်။

American တွေ နားမလည်တာ pronunciation ကြောင့် မဟုတ်ပါဘူး။ မိမိကိုယ်တိုင် သိလာပါလိမ့်မည်။ “လေယူလေသိမ်း” မှန်လာတာနဲ့အမျှ မိမိကို နားလည်သူတွေ များလာပါလိမ့်မည်။ ဖော်ပြပါ This Old Man verse လေးဟာ အမှန်တကယ်ကို အကျိုးရှိပါသည်။ အစအဆုံး မဖော်ပြထားပါ။ အနည်းငယ်သာ ဖော်ပြထားပါတယ်။ internet မှာ အစအဆုံး နားထောင်ကြည့်ပါ။

This old man, he plays one,
He plays knick knack on my thumb
With a knick knack paddy whack
Give a dog a bone
This old man comes rolling home.

This old man, he plays two
He plays knick knack on my shoe
With a knick knack paddy wack
Give a dog a bone
This old man comes rolling home

This old man, he plays three
He plays knick knack on my knee
With a knick knack paddy wack
Give a dog a bone
This old man comes rolling home

This old man, he plays four
He plays knick knack on my door
With a knick knack paddy wack
Give a dog a bone
This old man comes rolling home

This old man, he plays five
He plays knick knack on that hive
With a knick knack paddy wack
Give a dog a bone
This old man comes rolling home

            နောက်တခု လေ့ကျင့်စေလိုတာကတော့ Jazz Chants တမျိုး ဖြစ်ပါတယ်။ ဒီ Jazz Chants တွေ အများကြီး ရှိတဲ့အနက် တမျိုးသာ ဖော်ပြပေးလိုက်ပါတယ်။ အခြား Jazz Chants လေးတွေကိုလည်း နားထောင်ပြီး လိုက်ဆိုပါ၊ မှန်မှန် လေ့ကျင့်ပေးပါလို့ တိုက်တွန်းလိုပါတယ်။ 

ဒီ Jazz Chants လေးကိုလည်း အဆုံးထိ မဖော်ပြလိုက်ပါဘူး။ Big Mouth John Brown လို့ ရိုက်ထည့်လိုက်ရင် အစအဆုံး နားထောင်နိုင်ပါတယ်။ နိဂုံးအနေနဲ့ မှာကြားလိုတာကတော့ Pronunciation ဆိုတဲ့ အသံထွက်ကို မှန်ချင်ရင် အင်္ဂလိပ်စကားရဲ့ rhythm လေးကို နားလည်သွားအောင် practice လုပ်ပေးဖို့ လိုပါတယ်။

            နောက်လကြမှ မှားတတ်တဲ့ အသံထွက်လေးတွေကို ဘယ်လို ပြင်ရမယ်ဆိုတာ ဆက်လက် ဖော်ပြပေးပါ့မယ်။

Who did you see? 

I saw John.

John who?

John Brown.

I can’t hear you.

I said _ JohnBrown.

I can’t hear you.

I said JohnBrown.

I can’t hear you.

I said John Brown.

I said John Brown.

John Brown.

John Brown.

What did_he say?

Who?