အင်္ဂလိပ်စကား ပြောတတ်လိုသော် (၂၁) Learn to Speak English

kaiMarch 17, 20227min11571

            အင်္ဂလိပ်စကား ပြောချင်သူများမှာ စကားလုံးတွေ ဘယ်လောက် ကြွယ်ဝနေပါစေ၊ ပြောစရာအကြောင်း ရှိနေဦးမှ ဖြစ်မှာပါ။ ပြောစရာအကြောင်း မရှိရင် နှုတ်ပိတ်နေရမှာပေါ့။ ဒီတော့ မိမိရဲ့ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်ဖို့ လိုလာပြီလေ။ မိမိရဲ့အကြောင်းဆိုတော့ အထွေအထူး စဉ်းစားနေစရာ မလိုပါ။ ဉပမာ – မိမိက ညီအကိုမောင်နှမတွေထဲမှာ အကြီးဆုံးလား၊ အငယ်ဆုံးလား၊ အလတ်လား စသည်ဖြင့် အရေးမကြီးလှတဲ့ ကိစ္စလေးကိုဘဲ စိတ်ဝင်စားစရာ ကောင်းအောင် ပြောလို့ရပါတယ်။ ဉပမာ ဖော်ပြပေးထားတဲ့ Dialog လေးကို ကြည့်ကြပါစို့။

Friend: Hey, you know Zaw, right?

You: Sure, he’s a good friend.

Friend: He’s always been charming. Funny and confident. I finally found out why?

You: Why?

Friend: Guess what? He’s a first-born. No wonder. First-borns are leaders.

            ဒီ dialog မှာ ပါတဲ့ vocabulary လေး တချို့ကို လေ့လာမှတ်သားထားနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

First-borns = အကြီးဆုံး၊ အဦး

Charming = ခင်မင်ချင်စရာကောင်းသော

Confident = မိမိကိုယ်မိမိ ယုံကြည်မှုရှိသော

Needy = အကူအညီတောင်းလွန်းသော

Clingy = သူတပါးကို အားကိုးလွန်းသော

            နောက်ထပ် dialog လေးတခုကို ကြည့်ကြပါဦးစို့။

Friend: Hey, are you a friend of San San ?

You: Not really, why?

Friend: Well, I just found out why she is so needy, clingy, and selfish.

You: Okay, well …

Friend: Well, she’s the youngest in her family.

You: Great, but I’m not sure that has anything to do with her personality.

Friend: You know what they say about the youngest child, don’t you? They say that the youngest is usually needy and clingy and of course – a bit selfish.

            မိသားစုတခုမှာ မိမိဟာ အကြီးဆုံးလား၊ အငယ်ဆုံးလား၊ အလတ်လားလို့ ပြောရုံတင် မကပါ။ မွေးချင်း မရှိဘဲ တဦးတည်းသော ခလေးလား၊ ညီအကိုမောင်နှမ များလား၊ နည်းလားဆိုတာကိုလည်း စိတ်ဝင်စားဖွယ် dialog လေးနဲ့ ပြောပြလို့ ရပါသေးတယ်။

Friend: Did you know that Hla Hla is an only child?

You: Of course, she is so confident and quite a bit self-centered. I knew that a long time ago.

Friend: Well, I just found out myself. Do you really think an only child is confident and a little bit self-centered?

You: Not always but quite often.

Friend: I’m an only child myself, you know.

You: Really, I must say you don’t fit the profile.

Friend: You mean I am not selfish. Right?

            နောက်ထပ် dialog လေးတခုကို ဖော်ပြပါဦးမယ်။ ဒီနေရာမှာတော့ အလတ်လေးတွေအကြောင်း ဖော်ပြထားပါတယ်။ စာရေးသူကိုယ်တိုင်က အလတ်လည်း ဖြစ်တယ်၊ ညီအကို မောင်နှမ ခြောက်ယောက်တိတိ ရှိနေတော့ ဒီကိစ္စကို အထူးစိတ်ဝင်စားပါတယ်။ ကိုယ့်ဘက် ကိုယ်ယက်တယ်လို့ ထင်ရင်လည်း ထင်နိုင်ပါတယ်။

Friend: Guess what? I’ve solved the mystery.

You: What mystery?

Friend: Now, know why our boss – Ko Soe – is so considerate, sympathetic, and caring.

You: Really?

Friend: Yes, really. Do you know he is a middle child with 4 sisters and 2 brothers?

You: So?

Friend: What do you mean, so? Children of large families – especially those in the middle – tend to be caring. Considerate and kind. Everyone knows that!

You: If you say so!

            မိသားစုတခုမှာ ရှိနေကြတဲ့ ခလေးများရဲ့ အသက်ကွာခြားမှုကိုလည်း dialog လေး လုပ်ပြီး စိတ်ဝင်စားဖွယ် ပြောနိုင်ပါတယ်။ တချို့က တနှစ် နှစ်နှစ်သာ ကွာခြားပြီး၊ တချို့ကြတော့ ကိုးနှစ် တစ်ဆယ် စသဖြင့် ကွာခြားတတ်တယ် မဟုတ်လား။ ဉပမာ –

Friend: Hi Wai Wai!

You: Hey Ken! What’s up?

Friend: Oh! I was just wondering about the gap between you and your sister.

You: Oh! Yeah! It’s quite a gap. 11 years to be exact. Can you imagine? I’m 11 years older than my sister.

Friend: Wow! I had no idea. I knew it was a big gap, but 11 years?

You: I know! Many experts say such a gap doesn’t promote a close relationship, but What do you know? Right?

Friend: I mean the two of you are right, man. You two are really close.

You: Exactly! These experts don’t know what they are talking about.

            ဖော်ပြပါ dialog လေးများကို ဂရုစိုက် လေ့လာထားလျှင် မိမိနှင့် မိမိရဲ့ မိသားစုအကြောင်း၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ စိတ်ဝင်စားသူများကို ဖွယ်ဖွယ်ရာရာနှင့် ပြောပြနိုင်ပါလိမ့်မည်။ အင်္ဂလိပ်စကားပြော ကောင်းသူတယောက် ဖြစ်လိုသူတိုင်း ဦးစွာပထမ နားထောင်ကောင်းသူတယောက် a good Listener ဖြစ်လာဖို့ ကြိုးစားဖို့ လိုကြောင်း သတိပေးရင်း ဒီလမှာတော့ နားပါဦးမည်။