လာမည့်နှစ်များတွင် အစိုးရသစ်၏မူဝါဒသစ်များနှင့် ပြည်နယ်ဘတ်ဂျက်အရ Medi-Cal၏ ပြောင်းလဲခြင်းအချို့နှင့် Medi-Calဆိုင်ရာသိမှတ်ဖွယ်ရာများ – Swe Swe Aye

အစိုးရသစ်လက်ထက်တွင် ဖယ်ဒရယ်ကပြောင်းလဲလိုက်သော မူဝါဒသစ်များ၊ အတည်ပြုလိုက်သောဥပဒေသစ်များကြောင့် Medicaid ဆိုင်ရာမူဝါဒများသည် ၂၀၂၆နှင့် ၂၀၂၇ခုနှစ်များမှစတင်ပြောင်းလဲမည်ဖြစ်ရာ California အတွက် Medi-Cal အပြောင်းအလဲနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို American Community Media က စက်တင်ဘာ၁၁၊ ၂၀၂၅တွင် ကျင်းပခဲ့ရာ Tyler Sadwith, State Medicaid Director, DHCS နှင့် Yingjia Huang, Deputy Director for Health Care Benefits & Eligibility, DHCS တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Federal မူဝါဒများနှင့်ပြည်နယ်ဘတ်ဂျက် ပြောင်းလဲမှုကြောင့် Medi-Cal ၏ကျန်းမာရေးစောင့်ရှောက်မှု
California၏ ကျန်းမာရေးစောင့်ရှောက်မှု Medi-Cal သည် ၂၀၂၆မှ၂၀၂၈ထိ အပြောင်းအလဲများရှိလာမည်ဖြစ်သည်။ Medi-Cal သည် ပြည်နယ်၏၃ပုံတပုံသောလူဦးရေဖြစ်သည့် ၁၄သန်းပမာဏခန့်သော Californians များအတွက် အားကိုးအားထားရာ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်သည်။ US တနိုင်ငံလုံးတွင်အကြီးဆုံး Medicaid ဖြစ်ပြီး ကလေးများ၊ သက်ကြီးများ၊ disabilities များ၊ ကိုယ်ဝန်သည်မိန်းမများ၊ ဝင်ငွေနည်းသူ Californians များအတွက် အသက်တမျှအရေးကြီးသောကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး ဆရာဝန်ပြခြင်း၊ ဆေးရုံတက်ခြင်း၊ အရေးပေါ်ဌာနတွင် ကုသမှုခံယူခြင်း၊ စိတ်ကျန်းမာရေးကုသမှုများနှင့်ဆေးဝါးများ၊ ရက်ချိန်းများအတွက်အကြိုအပို့များအပါအဝင် အခြားသောကျန်းမာရေးဝန်ဆောင်မှုများနှင့် နေထိုင်ရန်အိမ်အတွက်ပံ့ပိုးခြင်း၊ နေ့စဉ်ရှင်သန်နေထိုင်မှုအတွက် အကူအညီများကဲ့သို့သော လူအများအတွက်ကျန်းမာရေးနှင့်ဆက်စပ်သော လိုအပ်ချက်များကို ဝန်ဆောင်မှုပေးသည်။
CalAIM initiative
Department of Health Care Services သည် Federal မူဝါဒများနှင့်ပြည်နယ်ဘတ်ဂျက် ပြောင်းလဲမှုကြောင့် ရှေ့ဆက်ပြောင်းလဲမည့် Medi-Cal ဆက်လက်ရရှိရန်အတွက် ကိုက်ညီရမည့်အချက်အလက်များကို Medi-Cal members များအားမျှဝေသွားမည်ဖြစ်သည်။ ထို့အပြင် DHCS သည် Medi-Cal က ပိုမိုကျယ်ပြန့်သောကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်မည့် CalAIM initiative (California Advancing and Innovating Medi-Cal) ကို ပြောင်းလဲရန် ရေရှည်လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်းကို Tyler Sadwith, State Medicaid Director, DHCS က ပြောကြားခဲ့သည်။ https://www.dhcs.ca.gov/CalAIM/Pages/CalAIM.aspx4
Medicaid data များကို အလွဲသုံးစားပြုခြင်းသည် ဥပဒေမဲ့ဖြစ်သည်
သြဂုတ်၁၂၊ ၂၀၂၅တွင် ဖယ်ဒရယ်တရားသူကြီးများသည် United States Health and Human Services Agency က Medicaid data များအား Department of Homeland Security နှင့် ICE အရာရှိများအား နေထိုင်ခွင့်အချက်အလက်ရည်ရွယ်ချက်အတွက် မျှဝေခြင်းကို ပိတ်ပင်လိုက်ကြောင်း Tyler Sadwith, State Medicaid Director, DHCS က ပြောကြားခဲ့သည်။ California ပြည်နယ်သည် multi-state lawsuit တရားစွဲခြင်းတွင်ပါဝင်ဦးဆောင်ခဲ့ပြီးအရေးကြီးသောကာကွယ်ခြင်းများကို ပြုလုပ်ခဲ့သည်။ “ဥပဒေအရ California ဟာ Medi-Cal data တွေကို လစဉ် Federal Centers တွေကိုပေးရပါတယ်။ California ဟာ ဘယ်တော့မှ Federal Laws တွေရဲ့လိုအပ်ချက်အပြင်ကို ဒီအချက်တွေကို မမျှဝေပါဘူး” ဟု Sadwith က ရှင်းပြသည်။
လစဉ်ပေးပို့ရသော Medicaid program data များတွင် အမည်၊ လိပ်စာ၊ နေ့စွဲ၊ Medi-Cal identification number, social security number နှင့် နေထိုင်ခွင့်တို့ပါဝင်ပြီး CMS သည် ထိုအချက်များကို လုံခြုံစွာနှင့် လျှို့ဝှက်စွာထိန်းသိမ်းထားရပါသည်။ https://www.dhcs.ca.gov/formsandpubs/publications/oc/Pages/2025/25-20-Statement-Federal-Use-Medi-Cal-Data-6-13-25.aspx ထိုအချက်အလက်များကို Medicaid program အုပ်ချုပ်ရေးအတွက်သာသုံးရပြီးMedicaid data များကို အလွဲသုံးစားပြုခြင်းသည် ဥပဒေမဲ့ဖြစ်သည်။
The One Big Beautiful Bill အရ ၂၀၂၇ခုနှစ်မှစပြီး Medi-Cal မှာ အကျုံးဝင်ဖို့ အပြောင်းအလဲများ
ဖယ်ဒရယ်ဥပဒေအသစ်များနှင့် ပြည်နယ်ဘတ်ဂျက်အကန့်အသတ်များကြောင့် Medi-Cal အပြောင်းအလဲများကို Tyler Sadwith ကဆက်လက်ပြောကြားရာ:
၁။ အသက်၁၈နှစ်အောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် (ကလေးမီးဖွားပြီး ကလေးအသက်တစ်နှစ်ပြည့်သည်ထိ(သို့)ကိုယ်ဝန်ပြီးဆုံးသည်ထိ) မည်သည့်နေထိုင်ခွင့်မျိုးမဆို full-scope Medi-Cal အပြည့် (ကျန်းမာရေးစောင့်ရှောက်မှု၊ သွားနှင့်ခံတွင်းကုသမှုအပြည့်အဝ၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှု၊ prescription ဆေးဝါး၊ အခြားမရှိမဖြစ်ဝန်ဆောင်မှုများ)ကိုဆက်လက်ရရှိမည်။ ထိုသူများအတွက် ပြောင်းလဲမှု မရှိချေ။
၂။ လောလောလတ်လတ် အတည်ပြုခဲ့သော HR1 (ခ) The One Big Beautiful Bill အရ ၂၀၂၇ခုနှစ်မှစပြီး Medi-Cal members များကို အဓိကသက်ရောက်မှုများ ရှိလာမည်ဖြစ်ရာ အဓိကအချက် အလုပ်ချိန်လိုအပ်မှုများ ရှိလာသည်။ https://www.dhcs.ca.gov/services/medi-cal/eligibility/Pages/medi-cal-changes.aspx
အသက်၁၉နှစ်မှ၆၄နှစ်များသည် volunteer, ကျောင်းတက်ခြင်း၊ အလုပ် training မှာပါဝင်ခြင်းများ တလလျှင် အနည်းဆုံး နာရီ၈၀ ရှိမှသာ Medi-Cal ရဖို့ အကျုံးဝင်တော့မည်ဖြစ်သည်။ တလလျှင် အနည်းဆုံးနာရီ၈၀အလုပ်ချိန်ပြရန်(သို့မဟုတ်) လွန်ခဲ့သော၆လနှင့်အထက်မှာ တလဝင်ငွေအနည်းဆုံး $580 ကို ပြနိုင်ရမည်။ semester တခုစီမှာ အတန်းအနည်းငယ်စီယူခြင်းများ၊ volunteer အလုပ်များ၊ အလုပ် training များအတွက် တလနာရီ၈၀ ပြနိုင်လဲ အကျုံးဝင်သည်။
အသက်၁၉နှစ်အောက်၊ ၆၅နှင့်အထက်၊ ကိုယ်ဝန်သည်များ၊ မွေးထားသောကလေးအသက်၁နှစ်ရှိသူများ၊ အသက်၁၄နှစ်အောက်ကလေးရှိသောမိဘများ၊ disables များ၊ ဆိုးရွားသောကျန်းမာရေးအခြေအနေနှင့် စိတ်ကျန်းမာရေးဝေဒနာရှင်များ၊ ထောင်မှလွတ်လာပြီး ရက်၉၀အတွင်းရှိသူများ၊ American Indians နှင့် Alaska Natives များ၊ အသက်၂၆နှစ်အောက်မွေးစားလူငယ်များသည် ထိုအလုပ်လုပ်ချိန်တလနာရီ၈၀ မလိုပေ။ Department of Healthcare Services သည် လိုအပ်သည့်အချက်အတိုင်းကို ကြည့်ပြီး စည်းမျဉ်းနှင့်ညီ၊ မညီစိစစ်ကာ Medi-Cal ဆက်ပြီး ရသင့်၊ မရသင့် ဆုံးဖြတ်မည်ဖြစ်သည်။ Medi-Cal သည် ထိုစည်းမျဉ်းများမစတင်မီမှာ members များ နားလည်ပြီးလိုအပ်ချက်များနှင့်ကိုက်ညီအောင်လုပ်ကိုင်နိုင်ရန် သတင်းအချက်အလက်များထပ်ပြီးပေးပို့ကာ လိုအပ်ချက်များအတွက် အရင်းအမြစ်များကိုလဲ ပေးမည်ဖြစ်သည်။ ဇန်နဝါရီ၁၊ ၂၀၂၇မှစပြီး ထိုစည်းမျဉ်းများနှင့် ညီ၊ မညီ ကြည့်ပြီး Medi-Cal ဆက်ပြီးရ၊ မရဆုံးဖြတ်မည် ဖြစ်သည်။ ထို့အပြင် Medi-Cal renewal ကို တနှစ်တခါ မဟုတ်တော့ပဲ တနှစ်နှစ်ခါ ပြုလုပ်ရမည်ဖြစ်သည်။
Copaymentsများ
အောက်တိုဘာ ၂၀၂၈မှစပြီး အချို့သော အရွယ်ရောက်ပြီးသူများသည် specialty care နှင့်အချို့သောစစ်ဆေးမှုများအတွက် copayments များ ပေးရမည်ဖြစ်ပြီး အရေးပေါ်ကုသမှုများ၊ ပုံမှန်အခြေခံဆေးစစ်ခြင်းများ၊ ကိုယ်ဝန်ဆောင်ဆေးကုသခြင်းများ၊ ကလေးဆေးကုသခြင်း၊ စိတ်ရောဂါကုသမှု၊ မူးယစ်ဆေးစွဲကုသမှုတို့ အတွက် ခါတိုင်းလို အခမဲ့ဖြစ်ပြီး copayment မလိုချေ။ “California Department of Healthcare Services အနေနဲ့လွှတ်တော်ကခွင့်ပြုပြီး သမ္မတက လက်မှတ်ထိုးအတည်ပြုလိုက်တဲ့ ဖယ်ဒရယ်ဥပဒေကို ပြည်နယ်က အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ Medi-Cal members များ ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် တတ်နိုင်သမျှလုပ်ဆောင်နိုင်တဲ့အတိုင်းအတာအများဆုံးထိ ကျနော်တို့လုပ်သွားပါမယ်” ဟု Tyler Sadwith က ပြောကြားခဲ့သည်။ Medi-Calအပြောင်းအလဲအတွက် အပြောင်းအလဲမပြုလုပ်မီ ရက်၉၀မတိုင်မီ နို့တစ်စာပို့မည်ဖြစ်သည်။
ပြည်နယ်ဘတ်ဂျက်၏သက်ရောက်မှုများ
ပြည်နယ်ဘတ်ဂျက်၏သက်ရောက်မှုများကို Yingjia Huang, Deputy Director for Health Care Benefits & Eligibility, DHCS က ဆက်လက်ဆွေးနွေးရာ Medi-Cal members အများစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုအများစုဖြစ်သော ဆရာဝန်ပြခြင်း၊ ပုံမှန်ဆေးစစ်ခြင်း၊ ဆေးရုံတက်ခြင်း၊ ဆေးဖိုးဝါးခ၊ စိတ်ကျန်းမာရေးကုသမှု၊ မူးယစ်ဆေးစွဲကုသခြင်းများ၊ ရောဂါကာကွယ်ခြင်းဝန်ဆောင်မှုများ၊ နာတာရှည်ကုသမှုများ၊ ဆေးခန်းအကြိုအပို့ဝန်ဆောင်မှုများ၊ သွားကျန်းမာရေး၊ မျက်လုံးကုသမှုများအတွက် ဆက်ပြီးလုံလောက်စွာကုသနိုင်မည်ဖြစ်ကြောင်း နှင့် Medi-Cal members များအတွက် ၆လတာအတွက် အိမ်ငှားခကူပေးမည့် Transitional Rent ကို CalAIM ၏အောက်တွင်ထည့်ကာ ဧပြီ၊ ၂၀၂၅မှ စတင်ခဲ့ကြောင်းကို ပြောကြားခဲ့သည်။
အကျုံးဝင်သောMedi-Cal members များအတွက် Medi-Cal Health Plans ၂၀၂၆၊ ဇန်နဝါရီမှစပြီး ပံပိုးမည်ဖြစ်ရာ Medi-Cal နှစ်စဉ်ပြန်လည်လျှောက်ထားရန်အတွက် အိမ်သို့စာတိုက်မှရောက်ရှိလာသော စာအိတ်အဝါ သည် အရေးကြီးပြီး Medi-Cal ဖြတ်မည်ဆိုသော ကောလဟာလများကို မယုံကြရန်သတိပေးခဲ့သည်။ ၂၀၂၇၊ ဇန်နဝါရီလတွင်တော့ ဖယ်ဒရယ်ဥပဒေပြောင်းလဲမှုကြောင့် Tyler Sadwith အထက်တွင်ဆွေးနွေးခဲ့သလို လိုအပ်ချက်အသစ်များဖြင့် တနှစ်လျှင် နှစ်ခါ Medi-Cal ဆက်ရရန်လိုအပ်ချက်များကို ပြန်လည်စိစစ်မည်ဖြစ်သည်။
နေထိုင်ခွင့်အထောက်အထားမဲ့သူများအတွက်
ဇန်နဝါရီ၁၊၂၀၂၆မှစပြီး နေထိုင်ခွင့်မရှိသူများ Medi-Cal လျှောက်ထားခွင့် အပြောင်းအလဲများရှိလာရာ အသက်၁၉နှစ်အောက်နှင့်ကိုယ်ဝန်ဆောင်များသည် နေထိုင်ခွင့်မရှိသော်လဲ အသစ်လျှောက်ထားခွင့်ရှိသည်။ နေထိုင်ခွင့်မဲ့ အသက်၁၉နှစ်အထက်များအတွက် အသစ်လျှောက်ထားခြင်းများကို ရပ်ဆိုင်းထားမည်ဖြစ်သည်။ ဇန်နဝါရီ၁၊၂၀၂၆ မတိုင်မီ Medi-Cal member အဖြစ်ရှိနေသော နေထိုင်ခွင့်မဲ့ အသက်၁၉နှစ်အထက်များသည် Medi-Cal member အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ဇန်နဝါရီ၁၊၂၀၂၆ နောက်ပိုင်း အထောက်အထားမဲ့သူ အသက်၁၉နှစ်အထက်များသည် ကန့်သတ်/အရေးပေါ် Medi-Cal ကို ရနိုင်မည်ဖြစ်ပြီး ကိုယ်ဝန်သည်ဖြစ်ပါက ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်နှင့် ကလေးအသက်တစ်နှစ်ထိ အပြည့်အဝ Medi-Cal ကိုရမည်ဖြစ်သည်။
ဇူလိုင်၁၊ ၂၀၂၆မှစပြီး အသက်၁၉နှင့်အထက် နေထိုင်ခွင့်မရှိသူများသည် သွားကျန်းမာရေးစောင့်ရှောက်မှုကို ရရှိတော့မည်မဟုတ်ပေ။ သို့သော် အရေးပေါ် Medi-Calရှိပါက သွားအလွန်နာကျင်ခြင်း၊ ပိုးဝင်ခြင်းများအတွက် သွားဆရာဝန်၏ဆုံးဖြတ်ချက်ဖြင့် အရေးပေါ်ကုသမှုခံယူခွင့်တော့ရှိသည်။ (ကိုယ်ဝန်ဆောင်ဖြစ်ပါက သွားကျန်းမာရေးစောင့်ရှောက်မှုကို ကလေးအသက်တနှစ်ထိ ဆက်ရပါမည်။ အသက်၁၉အောက် နေထိုင်အထောက်အထားမဲ့သူများ သွားကျန်းမာရေးစောင့်ရှောက်မှုဆက်ပြီးရပါမည်။)
လစဉ် premiums ကြေးများ
ဇူလိုင်၁၊ ၂၀၂၇မှစပြီး အသက်၁၉မှ၅၉နှစ်ရှိ နေထိုင်ခွင့်အထောက်အထားမဲ့သူများနှင့် federal Medicaid အတွက် အကျုံးမဝင်သော နေထိုင်ခွင့်ရှိသူများသည် လစဉ် premiums ကြေး $30 သွင်းရမည်ဖြစ်သည်။ ဇူလိုင်၁၊ ၂၀၂၇မှစပြီး နေထိုင်ခွင့်သည် လစဉ်premiums ကြေးသွင်းရန် သက်ရောက်မှုရှိလာသည်။ (၁၉နှစ်အောက်ကလေးများ၊ ကိုယ်ဝန်သည်များ၊ အသက်၆၀နှင့်အထက်များ ထို premiums ကြေးသွင်းစရာမလိုပါ။)
ထို premiums ကြေးသည် ပုံမှန်ဆရာဝန်ပြခြင်း၊ ဆေးဖိုး၊ ဆေးရုံတက်ကုသစားရိတ်၊ မျက်စိ၊ စိတ်ကျန်းမာရေးအတွက် လုံလောက်ပြီး သွားကျန်းမာရေးမပါဝင်ပါ။ လစဉ် premiums ကြေးသွင်းရန် ပျက်ကွက်ပါက ရက်၉၀ အထိ Medi-Cal ဆက်ပေးထားမည်ဖြစ်ပြီး ထိုရက်၉၀နောက်တွင် မပေးပါက လက်ရှိ Medi-Cal မှ ကန့်သတ်/အရေးပေါ် Medi-Cal အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
Assets tests ရှိငွေ/စုဆောင်းငွေ ပမာဏနှင့်ပိုင်ဆိုင်မှုတန်ဖိုးများ သတ်မှတ်ခြင်း
ဇန်နဝါရီ၁၊ ၂၀၂၆မှစပြီး asset test များတွင် ပါဝင်သည်မှာ လူတဦးလျှင် $130,000 ဖြစ်ပြီး ယင်းမှာ ဘဏ်တွင်စုဆောင်းထားငွေနှင့် အိမ်တလုံး၊ ကားတစီးအပြင် ပိုသောပိုင်ဆိုင်မှုတန်ဖိုးများကို ထည့်တွက်အပြီးဖြစ်သည်။ အိမ်ထောင်စုဝင်တဦးလျှင် အများဆုံး $65,000 သတ်မှတ်ကာ ထပ်ပေါင်းမည်ဖြစ်သည်။ မိမိနေထိုင်နေသောအိမ်တလုံး၊ ကားတစီးကို ထို $130,000 တွင်ထည့်တွက်မည်မဟုတ်ဘဲ retirement accounts များကိုလဲ asset test တွင် ထည့်မတွက်ပေ။ Medi-Cal အတွက်သတ်မှတ်ထားသော လစဉ်ဝင်ငွေအကန့်အသတ်မှာ မပြောင်းလဲပေ။
Medi-Cal county office လိပ်စာများကို အောက်ဖော်ပြပါဝက်ဆိုက် link တွင်ရှာဖွေနိုင်ပါသည်။ https://www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx
Medi-Cal မှ အိမ်သို့ စာတိုက်မှပေးပို့သော Medi-Cal renewal စာအိတ်ဝါကြီးများ ကို ဂရုစိုက်စောင့်ယူပြီး မိမိအမည်၊ လိပ်စာ၊ ဖုန်း၊ အခြားဖြည့်ရမည့်အချက်များကို ဖြည့်ပြီးပြန်ပို့ရန်နှင့် County က သတိပေးသော Medi-Cal renewal အတွက် ဖုန်းမှ text များကို ဂရုစိုက်ခြင်းဖြင့် Medi-Cal renewal ကို မမေ့မလျော့လုပ်ကြရန် တိုက်တွန်းခဲ့သည်။ https://www.dhcs.ca.gov/keep-your-Medi-Cal/Pages/Medi-Cal-Immigrant-Eligibility-FAQs.aspx

