ပါတီ နဲ့ FM

wunnaMarch 30, 20101min460

ပါတီတွေထောင်ကျပြီ။ အခုလောလောဆယ် စုစုပေါင်း ၁၁ ခု တိတိ ထွက်ပေါ်လာပြီ။ အဲ့ဒီ့ ပါတီ ၁၁ ခု ထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ စည်းရုံးမယ့် ပါတီတွေ အတော်များတယ်။ အဓိကက

အချိန်ကာလ။ စည်းရုံးရေးဆင်းမဲ့အချိန်ဘယ်လောက်ရတုံး။

နည်း။ ဘယ်လို နည်းတွေ သုံးစည်းရုံးမလည်း။

၂၀၁ဝ အတွင်းရွေးကောက်ပွဲလုပ်မယ်ဆိုလေတော့ နိုဝင်ဘာလမှ လုပ်တယ် ထားပါဦး။ ဒီအတိုင်းဆို သင်္ကြန်ပြီးမှပဲ ပါတီတွေ တရားဝင်ဖြစ်တယ်လို့ယူဆကြပါစို့။ စည်းရုံးရေးအတွက် အချိန် ၆ လ ပဲရမယ်။ ဒါတောင် နိုဝင်ဘာ လမှ မှ လုပ်မယ်လို စဉ်းစားတာနော်။ တစ်ကယ်ကြားနေတာက သိပ်မကြာဘူး လုပ်မယ်ဆိုပဲ။

ဒီတော့ ပါတီတွေအတွက် စည်းရုံးရေးဆင်းမယ့် အချိန် အရမ်းနည်းသွားမယ်။ အထူးသဖြင့် အသစ်တည်ထောင်တဲ့သူတွေအတွက်ပေါ့။

အဲဒီမှာ ဘယ်သူတွေ upper hand ရမလည်းဆိုတာဖြစ်လာပြန်ရော။

အဲဒီမှာ ကျွန်တော်ပြေးမြင်တာ FM Radion တွေပါ။ အခု စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ FM တွေ လွှင့်ခွင်ရထားတယ်။ တစ်ချို့ FM ဆို Area အတော်များများကို လွှမ်းမိတယ်။ ဒီတော့ သူတို့လို စီးပွားရေးလုပ်ငန်းရှင်တွေ ပါတီထောင်ဖြစ်လျှင် ဒါမှ မဟုတ် ပါတီတစ်ခုကို ထို လုပ်ငန်းရှင်များက ထောက်ပံ့လျှင် FM ဆိုတာလေးကို သုံးပြီး အချိန်တိုတိုနဲ ထိထိရောက်ရောက် မဲဆွယ်နိုင်မယ်လို့ မြင်ပါတယ်။

ဒီ FM ဆိုတာ သူတို့ရဲ့ ကြိုတင်ပြင်ဆင်မှုတစ်ခုလေလား……….