သက်တမ်းလွန်ခါနီး ဆေးဝါးတွေ အလကားပေးဝေ

klnSeptember 13, 20101min1113

သက်တမ်းကုန်ခါနီး တင်သွင်းဆေးဝါးတစ်ချို့ကို တက္ကသိုလ်တချို့မှာ အခုလအတွင်း အခမဲ့ဝေပေးနေတယ်လို့ တက္ကသိုလ်ဆရာမတစ်ဦးထံက သိရပါတယ်။ တက္ကသိုလ်ဆရာမ ဒေါ်ဖြူပြာ (အမည်လွှဲ)က “ အစ်မတို့ တက္ကသိုလ်မှာ ဆေးကုမ္ပဏီတစ်ချို့က သူတို့ရဲ့ ဆေးတွေကို စာအိတ်လေးနဲ့ပိတ်ပြီး ဆရာမတွေကို အခမဲ့ပို့ပေးတယ်၊ အချို့ Sample နှစ်လုံးတွဲလေးတွေကို သူတို့ရဲ့ဆေးလက်ကမ်းအညွှန်းလေးနဲ့ တွဲချုပ်ပြီး ပေးတာလဲရှိတယ်၊ အားဆေး၊ အသားအရေလှတဲ့ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အစာအိမ်ဆေးတွေ များတယ်၊ အခုဒီရက်ပိုင်းဝေပေးတဲ့ အစာအိမ်ဆေးဆိုရင် ရက်စွဲက သက်တမ်းကုန်ခါနီး ရက်ပိုင်းပဲလိုတော့တာကို တွေ့ရတယ် ” လို့ သူကြုံရပုံကို ပြောပြပါတယ်။ ရက်လွန်ခါနီးဆေးဝါး အခမဲ့ပေးတာက ဆေးရုံတစ်ချို့မှာဆိုရင်တော့ သိပ်အဆင်မပြေဘူးဟု ပြောကြားကြသည်။

3 comments

  • etone

    September 13, 2010 at 7:45 am

    ဘယ်တက္ကသိုလ်ကိုဝေတာလဲ … သေချာရင် ဆေးcompany နာမည်နဲ့ တက္ကသိုလ်နာမည်ပါရေးပေးသင့်တယ် ။ ဒါမှ လူ့အသက်ကို ကစားချင်တဲ့လူတွေ အတွက်သင်ခန်းစာရမှာ ။

  • michaelaungpu

    September 13, 2010 at 10:52 am

    သိလို ့လဲစိတ်အပူရသား ရက်မလွန်သေးတော့ ဆင်ခြေပေးလို ့ရနိုင်ပါသေးတယ်
    တစ်ကယ်ချေမှုန်းပြစ်သင့်နေတာက
    မရှိဆင်းရဲသားလူနာခမျာမှာလည်း မျက်ဖြူဆိုက်နေပြီး
    နှစ်ချီလွန်နေတဲ့ဆေးတွေကို အစမတန်ဈေးနဲ ့ရောင်းတဲ့ ဆိုင်တွေကိုပါ

  • Gong Zhu

    September 17, 2010 at 6:03 am

    ဆိုးတော့မဆိုးပါဘူး . . . ရက်လွန်ခါနီးပြီဆိုပေမယ့် ရက်မလွန်သေးခင်ထိတော့ သောက်လို့ရသေးတာပေါ့ . . . ပိုက်ဆံ မတတ်နိုင်တဲ့သူတွေ အတွက်တော့ တစ်ရက် နှစ်ရက်လောက် သောက်လိုက်ရလည်း မဆိုးဘုူးလေနော် . . . . .

Leave a Reply