Do & Don’t – Rules for Writers – Must Read!

kaiSeptember 24, 20102min4909294

Xmas

မတူသောအတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ

တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။

၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။

ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။

ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။

မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။

သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။

၂) စာတင်နေသူများ ခင်ဗျား။
ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။

သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
(တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။

ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။  ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။

ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင်  Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။

( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)

==================

စည်းကမ်းများ

  1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

  2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
  3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
  4. ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
  5. သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
  6. လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
  7. ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
  8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
  9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။

အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။

အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။

ပွိုင့်ပေးစံနစ်ဖြည့်စွက်

  1. တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁၀ခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
  2. တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀၀ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။

========================

ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
– ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
– စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
– Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
– စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
– Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
– နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)

294 comments

  • ဆူး

    September 25, 2010 at 2:34 am

    ဖော်ဝပ်မေးတွေ ခေါက်တုန့် ခေါက်ပြန် တင်တာကော မပါသေးဘူး။ စာလုံးပေါင်း သတ်ပုံ မှားမိခဲ့ရင်ကော ပွိုင့်လျော့မှာလား အဖြတ်ခံရမှာလား။ Tag ကို ကော်မာ ခံတာ သိပ်မရှင်းလို့ နဲနဲလေး ပြောပါအုန်း။ တခါမှ ကော်မာတော့ မခံဘူးဘူး.. တပ်တော့ ထည့်လိုက်တယ် စပေ့လည်း ခြားတယ်။ အဲဒီလို လုပ်တာလည်း အကျုံးမဝင်ဘူးလား မရှင်းလို့

  • char too lan

    September 25, 2010 at 6:56 am

    အရင်တုန်းကတော့ category ရွေးဖို့ပါတယ်
    ခုတော့မတွေ ့မိဘူးဗျ။ ပြီးတော့ စာရေးထဲ့ရတဲ့ box ကကျဉ်းနေတော့
    ကျနော်တို့မျက်မှန်သမားတွေနဲနဲဒုက္ခရောက်တယ်

  • cobra

    September 25, 2010 at 7:04 am

    နံပါတ်4အချက်ကဘာဖြစ်လို့တားမြစ်ထားတာလဲ…အကို..တစိတ်လောက်ရှင်းပြပါလား..။

  • R Ga

    September 25, 2010 at 11:44 am

    ပြည်တွင်းက သတင်းဓာတ်ပုံတွေတင်ရင်ရော ရလား (သတင်း သို့ စာကတော့နည်းသွားမယ်)
    ဥပမာ – အလုပ်လုပ်ကိုင်နေတဲ့ သက်ကြီးရွယ်အို ပုံကိုပြမယ်
    စာမှာတော့ တစ်ဝမ်းတစ်ခါး အတွက် ရုန်းကန်နေရတဲ့ မြန်မာ ပြည့်က သက်ကြီးရွယ်အိုဘိုးဘွားများ

    စသဖြင့်ပေါ့

    • kai

      September 25, 2010 at 6:14 pm

      အဲဒါမျိုးရပါတယ်။
      အနုပညာထည့်ရေးတဲ့ သတင်းဆောင်းပါးစာမျိုးဆို သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရဖို့ အခွင့်တောင်ရှိပါတယ်။

  • soemoe66

    September 26, 2010 at 8:25 pm

    ဒီဝက်ဘ်ဆိုက်ကို သူငယ်ချင်းတစ်ယောက်က စိတ်ဝင်စားစရာကောင်းတယ်လို့ ပြလို့အရမ်းကို စိတ်ဝင်စားသွားပါတယ်။ ပွိုင့်တွေ သတ်မှတ်ပြီးငွေပေးလို့ စိတ်ဝင်စားတာမဟုတ်ပါဘူး။ နဂိုကသတင်းလိုက်တာ၊ သတင်းရေးတာကို စိတ်ဝင်စားလို့ပါ။ အများအတွက်အကျိုးရှိမယ့်သတင်းမျိုးကို ဓာတ်ပုံအထောက်အထားတွေနဲ့ရေးဖို့ စတင်ကြိုးစားနေပါပြီ။ ဆက်တိုက်ကို ရေးသွားမှာပါ။

  • kai

    September 26, 2010 at 10:05 pm

    အခု Theme က MandalayGazette.COM အတွက်စမ်းသပ်နေတဲ့ Theme ပါ။ loadလုပ်တာ ( Browse လုပ်တဲ့အချိန်)တော်တော်လေး ပေါ့ပါးမြန်ဆန်သွားမယ်ပြောတာပါပဲ။
    အဆင်မပြေတာတွေ ကောမန့်ရေးစေလိုပါတယ်ခင်ေျား။

  • bigcat

    September 27, 2010 at 10:37 pm

    firefox နဲ့တက်ရင် မြန်မာစာတွေ ဖတ်မရပါ။ အရင်ကလိုလည်း ဖတ်သူအရေအတွက်ကိုလည်း မတွေ့ရတော့ပါ။ ပင်မစာမျက်နှာပေါ်မှာ တန်းတွေ့ရရင်ကောင်းမယ်ထင်ပါတယ်။

  • ဆူး

    September 28, 2010 at 3:02 am

    အခု ပုံလေးလည်း ကောင်းပါတယ်။ သုံးရတာ အဆင်ပြေမယ် ထင်တာဘဲ။

  • ဆူး

    September 28, 2010 at 4:41 am

    အရင်လို ပုံပါတဲ့ သတင်းမှာ ပုံလေး ပါပြပေးရင် ဖတ်ရတာ ပိုစိတ်ဝင်စားမှု ရှိမယ် ထင်တယ်။ ပုံလေးတွေ မတွေ့ဘဲ မျက်စိထဲမှာ ရေးသူ နာမည်က အစ ရှာရဖွေရတာ မျက်စိနောက်သလို ဖြစ်နေတယ်။

  • eros

    September 28, 2010 at 5:02 am

    ခေါင်းစဉ်စာလုံးများထပ်နေပြီး ဒီဇိုင်းရှုတ်ထွေးလွန်း နေပါသည်။ မည်သည့်ဟာသည် ပို(စ်)့ အသစ်ဖြစ်ကြောင်းရှာရ ခက်ခဲပါသည်။ theme အရောင်ကောင်းပါသည်။ ကဒေါင်းရုပ်ကလေးထည့်ပေးစေလိုပါသည်။

  • char too lan

    September 28, 2010 at 7:19 am

    အခု nwe post ရေးတဲ့နေရာမှာ category မတွေ ့ဘူး
    အဲဒါဘယ်နားမှာလဲမသိဘူးနော် ??

  • bigcat

    September 28, 2010 at 10:12 pm

    viewနrship ကိုတော့ပို့စ်ထဲမှာ တွေ့နေရပါပြီ။ ဒါပေမဲ့ နံပါတ်က တက်မလာဘူး။ ပြင်နေတုန်းပဲလား။ အရင်ကဆို ပို့စ်ထဲကို သွားကြည့်ဖို့မလိုဘူး။

  • eros

    September 29, 2010 at 2:40 am

    ထပ်နေတဲ့၊ သူများတင်ပြီးသား post တွေ ပြန်တင်တဲ့ post တွေအရမ်းများနေတယ် အယ်ဒီတာရေ ကြည့်လုပ်ပေးပါဦး။

    Home Page မှာ post အသစ်တွေ အများကြိးဆန့်ရင်ပိုကောင်းပါသည်ဟု ထင်ပါသည်။

  • kai

    September 29, 2010 at 9:11 am

    သူများသတင်းဌာနတွေတိုက်ခိုက်ခံရတယ် ကြားတော့ .. အင်း.. မန္တလေးဂေဇက်လည်း… အချများခံလိုက်ရတာလားလို့ တွေးနေမိတာပါ။

    ဘာမှန်းမသိ..ညာမှန်းမသိ.. ဝက်ဆိုက်ကကြည့်ရတာ.. လေးလေးလာပြီး..ကျကျသွားတော့…
    ဆာဗာနေရာ .. ၄ခါပြောင်းလိုက်ရတယ်လေ..။
    အိုင်ပီလိပ်စာလည်း.. ၄ခါပြောင်းသွားတယ်ပေါ့။
    ငွေလည်းတော်တော်ကုန်သွားပါတယ်။

    ကိုကိုဟက်ကာတို့ရေ…။
    ဒီနေရာလေးကိုတော့ နောက်မလုပ်ကြစေချင်ပါဘူးနော..။ ဒီနေရာကလေ.. မြန်မာတွေ..စိတ်အပန်းဖြေတဲ့နေရာလေးပါလို့..။
    နောင်မလုပ်ပါနဲ့လို့…။
    အဲဒီလို.. ပြောရမှာပါပဲ..။

  • char too lan

    September 29, 2010 at 9:11 am

    photo တွေတင်ရတာတော်တော်မြန်တယ်
    ၁ဝပုံတင်တာဘယ်လောက်မှမကြာလိုက်ဘူး
    မိုက်တယ်!

  • ဆူး

    September 30, 2010 at 2:39 am

    ပုံစံက အရင် ပုံစံလေး ဖြစ်သွားတော့ ဘာပဲ ပြောပြော မျက်စိထဲမှာ ကြည့်ရတာ ချောင်သွားသလိုဘဲ။ အဟောင်းဆုံး ပုံစံက အကောင်းဆုံးလို့ ပြောရမလိုဖြစ်နေပြီ

  • ဆူး

    October 1, 2010 at 9:51 am

    သတင်းပို့ပါ နေရာမှာ နိပ်ပြီး သတင်းပို့ရင်.. တင်တဲ့သူကို ပွိုင့်လျော့မှာလားဟင်.. နိပ်ရမှာတွေ တွေ့နေတယ်.. လျော့မယ်ဆိုရင်တော့ အားနာပါတယ်.. မနိပ်ချင်ဘူး.. ဒါနဲ့ ဆုပေး ဒဏ်ပေး စနစ်တွေ ထားပါလား.. သတင်းပေးပို့သူ ဆုကြေး ဘယ်လောက် ဆိုပြိးတော့.. ဟိးဟီး..

  • eros

    October 1, 2010 at 10:40 am

    အယ်ဒီတာကြီးတော့ စိတ်ဆိုးနေပုံရတယ်။ စာတင်တဲ့ သူတွေ မိမိကိုယ်ကို တိုင်းသိပြည်သိ သတင်းစာမှာရေးနေတယ်ဆိုတာ သတိရပါ။ ကူးမချကြပါနဲ့။ ဘာပဲပြောပြော site ကိုမဖျက်ပါနဲ့ဗျာ။ ကူးသူတွေ point မပေးပါနဲ့။ ကူးတာများရင် user ကို block လုပ်ပါ။

  • michaelaungpu

    October 1, 2010 at 11:05 am

    စိတ်ဆိုုးနေရင် အာဘွားပေးလိုက်လေ အဟေးး ဟေး

  • onlinezz

    October 1, 2010 at 12:33 pm

    စာမျိုးစုံတဲ ့ဆိုဒ်လေးမို ့သဘောကျပါတယ်။ဆိုဒ်ကိုတော့ မဖျက်ပါနဲ ့။ကူးတင်၊ကူးချတွေက user နဲ ့သာဆိုင်ပါတယ်။ဘယ်ဆိုဒ် Admin မဆို အချိန်ပြည့် စစ်ဆေးမနေနိုင်ပါဘူး။အဲဒီတော့ ကိုယ်ရေးတာမဟုတ်ပဲ တင်ချင်ရင်လည်း Source ကိုဖော်ပြပေးကြပေါ့။ဒါမှ မူရင်းရေးသားသူကိုလည်း လေးစားရာကျပါတယ်။ပြီးတော့ ကူးတင်တာများပြီး Source လုံးဝမဖော်ပြတဲ ့ User ကို Block လုပ်လိုက်တာ အကောင်းဆုံးပါပဲ။ဘယ်သူတွေ ကူးတင်တာများနေလဲဆိုတာ Admin တော့ သိမယ်ထင်ပါတယ်။ဘလော့တော်တော်များများမှာ user တွေနံမည် တပ်ပြီးပြောနေပါတယ်။ဒါမျိုး user ကတော့ Block လိုက်တာ အကောင်းဆုံးပါပဲ။

  • ဆူး

    October 5, 2010 at 5:46 am

    မန်းလေး ဂေဇတ် ကြောင့်ရယ်လား.. ကျွှန်ုပ် ကွန်နက်ရှင်ကြောင့်ရယ်လား.. ဆန့်ငင် ဆန့်ငင် မတက်ဘဲ ဖြစ်ဖြစ်နေတယ်။ တက်ပြန်တော့လည် တဝက်နဲ့ ရပ်နေပါသည်။ စိတ်ကူးပြီး ရေးမယ် တွေးတာတောင် မေ့မေ့သွားတယ်။ လိုင်းပျက်တာနဲ့..
    အီးမေးနဲ့ ဖေ့ဘွတ် တခြားဆိုက်များ ကတော့ ကောင်းစွာ ဝင်လို့ရသည့်အတွက် မန်းလေး ဂေဇတ်က ပြသနာ တခုခု ရှိနေသည်ထင်ပါသည်။ ဘယ်တော့ နေကောင်းမလဲ.. နေကောင်းမှ ပြန်လာတော့မည်။

  • True Faith

    October 8, 2010 at 1:09 pm

    အလုပ်မအားတာနဲ့ ဂေဇက်ကို မရောက်ဖြစ်တာ ကြာပါပြီ။ အခုမှ ပြန်ဝင်ကြည့်တော့ အရာရာ ပြောင်းလဲနေခဲ့ပါပြီ။ မန်ဘာတွေရဲ့ မြင့်တက်လာတဲ့ လောဘဒီဂရီနဲ့အတူ အက်ဒမင်တွေရဲ့ စည်ကမ်းရေချိန်တွေကလည်း တိုးလို့သာ နေပါတော့တယ်။

    မန်ဘာတွေအနေနဲ့ စေတနာကောင်းနဲ့ တည်ထောင်သူ MG ကို ထပ်ပြီး ဒုက္ခမပေးသင့်တော့ပါဘူး။ (ဒုက္ခပေးခဲ့သူတွေထဲ ကျနော်လည်း ပါပါတယ်။ အရင်ကူ ကော်ပီပေ့စ်တွေ ရှိခဲ့သေးတယ်လေ)။ မန်ဘာတွေ စည်းကမ်းရှိလေ အက်ဒမင်တွေ သက်သာလေ။ စည်းကမ်းတွေ မတိုးတော့လေ ဖြစ်မှာပါ။ (တကယ်တမ်းပြောရရင် ထပ်တိုးစရာလည်း သိပ်မရှိတော့ဘူးထင်ပါတယ်။)

    ကဲ အားလုံးပဲ မတူသော အတွေးနဲ့ ကိုယ်ပိုင်စာ ချရေးရအောင်ဗျာ။ (ပြောသာပြောတာ သူများတွေက ရေးကုန်ကြပြီဗျ။ ကျွန်တော်ပဲ ကျန်တော့တယ်ထင်တယ်။) ရေးလိုက်ဦးမယ်ဗျာ။ ပို့စ်တင်ရအောင်…

  • unclegyi1974

    October 8, 2010 at 3:06 pm

    စာကူးတွေကို ကျောင်းတွေမှာ ဘုတ်တင်သလို
    ဆိုင်တွေမှာ အကြွေးရှင်စာရင်း ဘုတ်ထောင်သလို
    စာကူးသူများဆိုပြီး သီးခြားခေါင်းစဉ် တခုလုပ်ပြီး ဖော်ပြပါ
    ဒါမှ မရပ်ရင် ဘလက်လစ်သွင်းပြီး ကောင့်ပိတ်သိမ်းလိုက်ပါ
    ပွိုင့်ဖြတ်တာလုပ်နေရင်အလုပ်ရှုတ်ပါတယ်

  • ဆူး

    October 9, 2010 at 2:03 am

    ဗျို့.. ဆရာတို့..
    ပုဂံစိန်ပြာကြီး ခေါင်းစဉ်အောက်မှာ ကွန်မန့်ပေးပြီး မေးတဲ့ လူတွေကို ဘာမှ ဖြေလို့မရဘူး.. တခြား ပို့စ်တွေက တက်တယ်.. အဲဒီမှာ ဖြေရှင်းချက်ပေးတဲ့ ကွန်မန့်မတက်ဘူး ဇြစ်နေတယ်.. ကူညီပါအုန်း

  • kglay

    October 10, 2010 at 4:56 pm

    အဲဒါ သူ လုပ်ကတည်းက reply ပြန်လုပ်ဖို့ မပေးထားလို့ မဆူးရဲ့ ။
    နောက်ပြီးကျွန်တော် အတွေးနဲ့ကိုယ် ပိုင်အရေးလေးရေးထားတယ် မဖျတ်ပါနဲ့ အတ်ဒမင်ကြီးရေ တကယ့်ဖြစ်ရပ်လေးပါ ကျွန်တော်ရဲ့ ကြုံတွေ့မှုလေးတွေကိုရေးချင်တယ်ဗျာ။

  • ဆူး

    October 12, 2010 at 2:59 am

    အက်ဒမင်ကြီးရေ.. တချို့ ပိုစ်တွေမှာ like or Dislike ဆိုတဲ့ နေရာမှာ နိပ်လို့မရဘူး.. တခါမှလည်း အဲဒီ နေရာမှာ မနိပ်မိဘဲနဲ့.. တချို့ကတော့ နိပ်လို့ရတယ်.. နိပ်ပြီးသားဆိုရင် ထပ်နိပ်မရတာတော့ သိတယ်.. အဲဒါလေး သိချင်လို့.. တခုခု ပြင်ဖို့ လိုရင်လည်း ပြင်လို့ရတာပေါ့..

    • Admin

      October 14, 2010 at 8:47 pm

      Like and dislike options won’t work for your own comment.
      I’ll check it for the rest. Thanks

  • cruz

    October 14, 2010 at 5:03 pm

    အကိုအက်ဒမင်ကြီးခင်ဗျာ.. အကိုကြီးဆီမေးလ်ပို့တော့ ဘယ်လိပ်စာနဲ့ပို့ရမလည်းဗျ… တကယ်လို့မေးလ်ပို့စရာများရှိလာခဲ့ရင် မသိပဲနေနေလို့ပါ…ကျေးဇူးပြုပြီး မေးလ်လိပ်စာလေးပြောပေးပါလားဗျ

  • ဆူး

    October 15, 2010 at 4:44 am

    အက်ဒမင်ကြီးရေ.. ဒီနေ့ ကွန်မန့် တခု တင်ခါနီးတိုင်း တခါ sign in ပြန်လုပ်နေရတယ်.. ဘာများ ဖြစ်လဲတော့ မသိဘူး.. တခုခုတော့ တခုခုဘဲ.. မန်းလေးဂေဇတ်ကြီး အရင်လိုပြန်ပြီး နေမကောင်း ပြန်တာလား ဟင်..

    • kai

      October 15, 2010 at 4:53 am

      76 visitors online now
      71 guests, 1 bots, 4 members
      Max visitors today: 80 at 03:38 am UTC

      လူနည်းနည်းများနေလို့ ထင်တာပါပဲ….။
      ဒီနေ့ပဲ ဆာဗာဖိုး ၂ရာကျော်ပေးလိုက်ပြီးပြီဗျ..။ သူတို့ ဘာတွေဝင်ကလိနေသေးလဲမသိဘူး.။

  • char too lan

    October 15, 2010 at 5:30 am

    comment ၁ခါပေးရင် error ဖြစ်ဖြစ်သွားလ်ို့
    ခဏခဏ back နေရတယ်

  • michaelaungpu

    October 15, 2010 at 5:32 am

    ကလိချင်တာတွေ ကလိ ဒါပေမယ့်
    ကျွန်တော်တို ့ရဲ ့ဂန္ထဝင် ကမန်းတွေကိုတော့ မပျောက်မပျက်စေနဲ ့
    ပျောက်လို ့ကတော့ တိမယ်

  • kohtoo

    October 15, 2010 at 5:53 am

    Admin ရေ,

    (၁)Site visit ပြ တဲ့ အ ကွက် ကို Front page မှာ ထည့် ပေး ပါ လား၊
    (၂)Visit ဝင် တဲ့ တိုင်း ပြည်၊ နိုင် ငံ အ လိုက်၊ဝင် တဲ့ ဦး ရေ နှင့်၊ ဖေါ် ပြ ပေး စေ လို ပါ သည်။

    • kai

      October 16, 2010 at 8:49 am

      မနေ့က တရက် စာမျက်နှာကြည့်တဲ့လူ ၄၀၀ဝလောက်က အကြိမ် 41,329 ကြည့်တယ်..။
      အဲဒီ Widget ကို Front pageမှာတင်လိုက်တော့ ဝက်ဘ်ပေ့ချ်က အရမ်းကိုလေးသွားတာမို ့..ပါ။

      အဲဒါ ဂိုဂယ်က ပေးတဲ့စာရင်းပဲ.. ။
      ဂိုဂယ်က သူတို့ကြော်ငြာထည့်လို့ ၉၅ဆင့်ပေးတယ်..။ တချို ့ရက်တွေမှာ မန်ဘာတွေ နှိပ်နှိပ်သွားရင်.. ၂-၃ဒေါ်လာလောက်ရတယ်..၊
      မန်ဘာတွေ… သူတို့ကြော်ငြာ မျက်စိရှေ ့မှာပေါ်လာနေရင် ..၂ရက်ကိုတခါလောက် နှိပ်ပြီး..အဲဒီရောက်တဲ့ ဝက်ဘ်ဆိုက်နေရာမှာ ၃-၄မိနစ်လောက် အနည်းဆုံးနေပေးကြပါခင်ဗျ..။
      တရက်ကို တခါထက်လည်း ပိုမနှိပ်ကြပါနဲ့ခင်ဗျ..။ သိရင် ငွေပြန်နှုတ်လို့ပါ။။

  • moelone

    October 15, 2010 at 9:33 am

    admin ကြီးရေ
    သိသင့်သိထိုက်တာတွေကို ရှင်းပြပေးတာကျေးဇူးအထူးတင်ပါတယ်။
    ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာသွားပါမယ်။ ဓါတ်ပုံတင်ချင်ရင်ဘယ်လိုလုပ်ရလဲသိပါရစေ။

  • moe htet

    October 15, 2010 at 11:19 am

    ကော်ပီရို်က်ဆိုတာ ရှိသင့်ပါတယ်… မန်းလေးဂဇက်ကနာမည်နဲ့နေနေတာပါ… အဲ့လိုမဖြစ်သင့်ဘူးပေါ့ဗျာ….

  • ဆူး

    October 16, 2010 at 7:01 am

    ဒီနေ့ ဘယ်လို များလဲ မသိဘူး.. ဝင်လိုက်ပြီးလည်း ပြန်ပြန်ပြီး sign in ထပ်ခါ ထပ်ခါ လုပ်ခိုင်းနေပါတယ်.. ထပ်ပြန်ဖြစ်ပြန်ပြီလား မသိဘူး.. page loading အချိန် အရမ်းကြာပါတယ်။ အခု ပြောချင်လွန်းလို့ မနဲ မရမက ဝင်ပြီး ဒီမှာ ကွန်မန့်လာပေးတာပါ။

    • kai

      October 16, 2010 at 8:37 am

      ကြည့်ရတာ…တယောက်ယောက်က… ပို့စ်ကိုရိုးရိုးမတင်ပဲ..တခုခု Option ထည့်လိုက်ရင် ဖြစ်တဲ့ပုံပဲ..။
      တယောက်ထဲပို့စ်တွေ..တောက်လျှောက်ဆက်တင်ရင်လည်းဖြစ်တတ်တယ်..။
      အဲဒါဆို..Post တခုချင်းလိုက်ဖျက်ပြီး…Error ဖြစ်နေတာဟာကို ချန်..ပြန်တင်မှရတယ်..။
      အခုသတင်းစာအတွက် လုပ်နေတာဗျာ..။ ဒါနဲ့တင်ချာလပါတ်လည်ပြီး..ပုံနှိပ်တာတောင် နောက်ကျနေပြီ။

    • admin

      October 17, 2010 at 12:32 am

      Logout then use ctrl + shift + del to empty your page / browser cache and cookies and let me know if still need to sign in again.

  • bigcat

    October 17, 2010 at 2:52 am

    အက်ဒ်မင်ပို့စ် တခုပဲဝင်လို့ရတယ်။ လော့ဂ်အင်လုပ်လိုက်ရင်အကောင်း ဒါပေမဲ့ မိန်းပေ့ချ်ကိုရောက်ရင် သူ့အလိုလို ထွက်ပြီးသားဖြစ်နေတယ်။ အခြားပို့စ်တွေကိုဝင်လိုက်လည်း ဒီလိုပဲ။ အပမှီနေတာလား ရွာသူနှောက်ယှက်နေတာလားမသိဘူး။ လိုအပ်ရင်လည်း ပွဲလေးဘာလေးပေးပြီး ပယောဆရာခေါ်ပါအုံး။

  • ဆူး

    October 17, 2010 at 3:42 am

    ဘယ်လို ပြောရမှန်းတောင်မသိဘူး.. bigcat ပြောသလိုဘဲ တခုခုထဲ ဝင်တာနဲ့ အကောင့်ထဲက ထွက်သွားပြီ.. မရတော့ဘူး အကောင့်ဝင်ပြီး လည်း စာမျက်နှာပေါ် တက်တာနဲ့ ပြန်ထွက်ပြီးသား ဖြစ်ဖြစ်နေတယ်

  • ဆူး

    October 17, 2010 at 4:11 am

    အကောင့် ဝင်ပြီး စာမျက်နှာပေါ် တက်သွားတာနဲ့ ပြန်ထွက်သွားတာ တင်မဟုတ်ဘူး.. တချို့ စာမျက်နှာတွေမှာ အကောင့်ဝင်လျှက်ရှိပြီး အများစုကတော့ အကောင့် ထွက်ထားတဲ့ အနေအထား ဖြစ်နေတယ်။

    • ဆူး

      October 17, 2010 at 12:00 pm

      အက်ဒမင်ကြီးရေ အခုတော့ ကောင်းသွားပြီနော်.. မကောင်းတာတွေဘဲ တိုင်နေရတော့.. ကောင်းတာလေးလဲ ပြန်လာပြောတာ.. သတိထားမိတာ ၃ရက်လောက်တော့ ရှိပြီ မနက်တိုင်း နဲနဲ အဲဒီ ပြသနာတွေ တွေ့တွေ့နေတယ်..ညနေပိုင်း ရောက်လေ အသုံးပြုတာ သွက်လေ ဖြစ်လာတယ်။ အခုတော့ ကောင်းနေပြီနော်.. မကောင်းရင် လာပြောမယ်နော်။

  • fatty

    October 17, 2010 at 5:18 am

    comment ရေးပြီး logout လုပ်မသွားပါလား …တခါတလေလုပ်မရတာလဲရှိတာပေါ့လေ

  • manawphyulay

    October 17, 2010 at 12:24 pm

    ခု category ရွေးဖို့တော့ ပါပြီး Tag မှာ ကိုယ့်ဘာသာ ရေးချင်တဲ့အကြောင်းအရာ ရေးဖို့ ရှာမတွေ့တော့လို့ပါ။ ဘယ်လိုကြောင့် ဖြစ်တာပါလဲ။

Leave a Reply