Do & Don’t – Rules for Writers – Must Read!

kaiSeptember 24, 20102min4896294

Xmas

မတူသောအတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ

တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။

၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။

ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။

ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။

မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။

သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။

၂) စာတင်နေသူများ ခင်ဗျား။
ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။

သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
(တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။

ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။  ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။

ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင်  Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။

( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)

==================

စည်းကမ်းများ

  1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

  2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
  3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
  4. ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
  5. သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
  6. လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
  7. ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
  8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
  9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။

အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။

အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။

ပွိုင့်ပေးစံနစ်ဖြည့်စွက်

  1. တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁၀ခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
  2. တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀၀ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။

========================

ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
– ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
– စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
– Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
– စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
– Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
– နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)

294 comments

  • ဆူး

    December 13, 2010 at 3:02 pm

    သဂျီးရေ.. ထူးတော့ ထူးခြားနေတယ်… မန်းလိုက်ရင် နေ့မြင် ညပျောက် လို့ ပြောရလောက်အောင်ကို အချိန်မကြာဘူး.. တက်သွားတာနဲ့ ပျောက်သွားတာဘဲ.. အလုပ်မလုပ်ဘူး ဝင်မန်းလိုက်လို့.. ဆင်ဆာဌာန အလုပ်လုပ်နေလား မသိဘူး။ အခုရေး တော်ကြာ ပျောက်ဘဲ.. ထူးခြားတာလေး ဝင်ပြောတာ။

  • fatty

    December 13, 2010 at 3:26 pm

    အဲဒါ အနိစ္စသဘောပြနေတာပေါ့။ ကျနော်တို့တော့ရတယ်ဗျ ..။

  • kopauk mandalay

    December 13, 2010 at 4:40 pm

    ကျနော်တင်ထားတာတော့ မပျောက်သေးဘူးဗျို။
    မနေ့ကတော့ ရေးထားတာလေးသိမ်းချင်တာတောင်
    လက်မခံတော့ အတော်လေးအခက်တွေ့သွားပါသဗျာ။
    အခုတော့ ရေးပြီးတာနဲ့ မတင်ခင် မသိမ်းခင်
    အပြင်က ဖိုင်ထဲမှာအရင်သိမ်းလိုက်ပါတယ်။
    ခံရပေါင်းက များပြီလေ။
    သူတို့က ဟန်ထွန်းသီချင်းလေးဆိုဆိုပြသွားတာရယ်
    လေထဲလွင့်ပါသွား…………………..
    လေထဲလွင့်ပါသွား…………………..
    လေထဲလွင့်ပါသွား…………………..

  • zawana

    December 14, 2010 at 1:51 am

    ကူးတင်တာတွေ များလာပြန်ပြီဗျာ …. လင့်လောက် ပေးလိုက်ရင် ဖြစ်ရဲ့သားနဲ့ အကုန်လုံး ကူးတင်နေကြတော့ ဆာဗာလေးတာပဲ အဖတ်တင် ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 14, 2010 at 2:24 am

    ဘယ်လိုတွေ လေးတယ်ပေါ့တယ်ဆိုတာတွေကိုတော့ နားမလယ် ဘူးနော်
    တစ်ကယ်လို ့စာမျက်နှာ သန် ့ရှင်းရေးတွေလုပ်တဲ့အခါကြရင်
    တားတားရေးထားတာတွေကို ဖျက်ပစ်ခြင်ရင်လည်းရပါတယ် 🙁

  • kai

    December 14, 2010 at 9:06 am

    လေးတယ်ဆိုတာက… ဒီမှာဘာရေးရေး… ဆာဗာထဲကဒေတာဘေ့စ်မှာ သွားရေးနေတာပါ..။
    အဲဒါနဲ့ ဒေတာဗေ့စ်ကကြီးလာတယ်ဆိုပါတော့..။ စာအုပ်ကြီး တဖြည်းဖြည်းနဲ့ ထူလာသလိုမျိုးပေါ့..။

    ကြီးလာရင်… နောက်တယောက်ထပ်တင်တဲ့အခါမှာ .. ဆာဗာကိုလှမ်းဖတ်ရတာအချိန်ပိုကြာလာပါတယ်..။
    တခါတလေ..တင်ရင်းတန်းလန်း အယ်ရာတက်တာ.. ဆာဗာလေးတာကြောင့်ပါ..။
    အဲလိုကြာလာတာကို ..မြန်မာဆန်ဆန် ..ဆာဗာလေးတယ်ပဲပြောကြတယ်ပေါ့..။

    ဒီလိုနဲ့ ..နောင်၃-၄-၅နှစ်ဆို … တော်တော်အခြေအနေဆိုးလာနိုင်ပါတယ်..။
    ဒီနှစ်ကုန်အားရင်တော့ နည်းနည်း စံနစ်တကျလေး..ပြန်လုပ်ဖို့ စဉ်းစားထားတာပဲ..။
    သန့်ရှင်းရေးပေါ့လေ…။

  • weiwei

    December 15, 2010 at 5:36 pm

    ဒီနေ့ည ပို့စ်အသစ်တင်လို့မရပါ …

    • kai

      December 15, 2010 at 6:51 pm

      ရလောက်ပြီထင်ရဲ့..။

  • weiwei

    December 15, 2010 at 7:19 pm

    မရသေးဘူး .. add new လုပ်တိုင်း ခဏစောင့်ပြီးရင် done ဆိုပြီး အဖြူကြီးပဲ ပေါ်လာတယ် ….

    • kai

      December 15, 2010 at 7:28 pm

      အဲဒီထဲတွေ့သမျှ Clear Cache တွေ Clean up တွေလျှောက်နှိပ်လိုက်ပါလား..။ 🙂

  • weiwei

    December 15, 2010 at 7:32 pm

    အမျိုးမျိုးကြိုးစားပြီးပြီ .. လက်လျော့လိုက်ပြီ .. မနက်ဖြန်မှ တင်တော့မယ် … 🙁

  • bigcat

    December 16, 2010 at 4:16 am

    ဟုတ်သယ်၊ ကျုပ်လည်း တင်လို့မရဘူး။ အယ်ရာမက်ဆေ့ချ်ပေါ်လာတယ်။
    Internal Server Error
    The server encountered an internal error or misconfiguration and was unable to complete your request.

    Please contact the server administrator to inform of the time the error occurred and of anything you might have done that may have caused the error.

    More information about this error may be available in the server error log.

    Web Server at myanmargazette.net

  • etone

    December 16, 2010 at 5:16 am

    စိတ်ပိန်တယ် ပုံတင်ဖို့ကြိုးစားရင် ပိုဆိုးတယ် …။ အခြေနေကောင်းမှတင်မလို့ပဲ စုထားတာပဲကောင်းပါတယ် ။

  • weiwei

    December 16, 2010 at 6:52 am

    ပို့စ်အသစ်တင်တဲ့နေရာမှာ ပြသနာတစ်ခုခုတော့ ရှိနေတယ်ထင်တယ် … 🙁

  • fatty

    December 16, 2010 at 7:40 am

    လုပ်စားတယ်တော့မထင်ပါနဲ့ … internet ခရအောင် … တပုံ ၁၀ဝ ကျပ်။ တင်ချင်ရင် ကျနော့ mail ထဲပို့လိုက်

  • MaMa

    December 16, 2010 at 3:35 pm

    အင်္ဂလိပ်လိုရေးထားတာတွေရော တင်လို့ရလား။ တူမလေးတစ်ယောက်က ၁ဝနှစ်ဘဲရှိသေးတယ်။ စာရေးဝါသနာပါပေမယ့် မြန်မာလိုမရဘူး။ ကိုယ်တိုင်ရေး ကလေးဝတ်ထုလေးတွေရေးနေပါတယ်။

    • bigcat

      December 17, 2010 at 12:10 am

      အားပေးမယ်ဗျို့၊ မိဘတွေနဲ့အတူ ငယ်ငယ်လေးက ထိုင်ဝမ်ကို ထွက်သွားတဲ့ သူတယောက် ကျောင်းလာတက်တယ်။ မြန်မာစကား မပြောတတ်ဘူး။ အိမ်မှာ မိဘတွေပြောတာကြားလို့ နားတော့လည်တယ်။ ဒီရောက်တာ့ ဆွေမျိုးတွေက မြန်မာလို အချင်းချင်းပြောကြတာမို့ ကျောင်းမပြီးခင် မြန်မာစကားကို ပြောနိုင်သွားတယ်။

  • ဆူး

    December 16, 2010 at 5:15 pm

    တင်ပေါ့ မမရဲ့.. သူလောက် ဘိုလို မတတ်တဲ့ လူတွေ သူစာမဖတ်ဘူးပေါ့.. သူလောက် နီးနီးတတ်ကြမယ် ဆိုရင်တော့ သူရေးတာ အားပေးကြမှာပေါ့

  • bigcat

    December 17, 2010 at 12:05 am

    ဆြာခိုင်ရေ.. ကျနော်အကောင့်ကို တချက်လောက် ကြည့်ပေးပါအုံး။ ပို့တင်လိုက်တို်င်း အဲရာတက်နေပါသည်။

    • kai

      December 17, 2010 at 2:11 am

      ရာထူးရှိသူတွေ အဲလိုဖြစ်တယ်နဲ့တူတယ်..။
      ပြန်တင်ကြည့်ပါဦး…။

  • bigcat

    December 17, 2010 at 4:39 am

    မရသေးဘူးဗျို့။ အင်တာနယ် ဆာဗာအဲရာဆိုပြီးပဲ ပေါ်လာတယ်။

  • weiwei

    December 17, 2010 at 5:17 am

    ဟုတ်တယ် ကိုကြောင်ကြီး … ညတုန်းကထဲက အသစ်တင်မရဘူး …

  • weiwei

    December 17, 2010 at 10:04 am

    သူများတွေ ဘယ်လိုအသစ်တင်နေလဲမသိဘူး .. ကျွန်မတော့ ဘယ်လိုမှ တင်မရဘူး …

  • R Ga

    December 17, 2010 at 10:08 am

    ယနေ့ ကွန်နတ်ရှင်ကောင်းသော်လည်း ။ ပိုစ့် အသစ်တင်လို့ မရပါ။ လှည့်ပါတ်ပြီး နည်းပေါင်းစုံနဲ့ တင်ကြည်ပါတယ် ဘယ်လိုနည်းနဲ့မှတင်လို့ မရပါ။

    • etone

      December 18, 2010 at 3:53 am

      360 ဒီဂရီရောလှည့် ကြည့်သေးလား အာဂရေ ။

  • နွယ်ပင်

    December 17, 2010 at 10:16 am

    ပို့စ်တင်ချင်လွန်းလို့ ကြိုးစားနေတာ လုံးဝမရပါ ..

  • နွယ်ပင်

    December 17, 2010 at 10:17 am

    အဲအဲ .. ရပါပြီ ပို့စ်တင်ပို့ Add New Post လေးပေါ်လာပြီ .. ပို့စ်တင်ချင်သူများ ကြိုးစားကြည့်ပါ ..

  • R Ga

    December 17, 2010 at 11:14 am

    အယ်ဂျုပ်ကြီး ခင်ဗျာ

    ကျွန်တော့်ရဲ့ ခင်ဗျားကြီးသို့ ပေးစာ ပိုစ့်က ဘာကြောင့် off comment ဖြစ်နေရပါလဲခင်ဗျ..။

    ဉာဏ်တိမ်သော ကျွန်တော်မျိုးကြီးမောင်အာဂ အား ရှင်းပြတော်မူပါခင်ဗျ.။

  • weiwei

    December 17, 2010 at 11:18 am

    ကျွန်မတော့ အခုထိ အသစ်တင်မရပါ … တော်တော် တင်းလာပြီနော် … 😛

  • ကြယ်လေး

    December 17, 2010 at 11:29 am

    အနော် လဲ တင်လို့ရဘူး

    သုံး လေး ငါး ရက်ရှိပြီ ပါမစ်ရှင် လျှော့ ခံ ရလို့ လား မသိဘူး ဆိုပြီး မျက်နှာငယ်လေးနဲ့ ဘေးထိုင်နေရတယ် 🙁

  • ဆူး

    December 17, 2010 at 3:25 pm

    ပိုစ် အသစ် မတင်သော်လည်း အချိန်တွေ တရွှေ့ရွှေ့နဲ့.. အခြေအနေ ပိုဆိုးလာပါတယ်။ လိုင်းပြတ် တောင်း ပြတ်တောင်း ဖြစ်နေတယ်။ ဆာဗာကို ဘယ်သူ လက်ဆော့နေလဲ မသိဘူး။ လျှို့ဝှက်ချက်တွေ များနေလို့ ဂေဇီလိက အချက်အလက်တွေ ခိုးယူနေလို့ မန်ဘာတွေ ပိုစ်တင်ရခက်.. စာမျက်နှာ ဖွင့်ရခက် ဖြစ်နေသလား မသိဘူး။ သဂျီး ကြည့်လုပ်အုန်း.. လိုအပ်ရင် လျှို့ဝှက် စာလုံး ပြောင်းပါဗျို့…

  • ဆူး

    December 19, 2010 at 4:59 pm

    ဗျို့.. သဂျီး..
    ပိုစ် အသစ် တင်လို့ရနေရာကနေ မရတော့ပြန်ဘူး.. နောက်ပြီး tag ဆိုတာ အရင်က အောက်ဘက်မှာ.. အခု အထက်ရောက်နေတယ်နော်.. နောက်ပြီး Add tag ဆိုတဲ့ ခလုပ်လည်း မတွေ့မိဘူး

  • လင်းဝေကျော်

    December 20, 2010 at 4:57 am

    post အသစ်တင်မရပါ။
    Add New လုပ်တာနဲ့ ဗလာပဲပေါ်နေတော့တယ်။
    လုပ်ဦး။

  • Thaw Zin Loikaw

    December 20, 2010 at 3:07 pm

    ဟုတ်တယ် ကိုလင်းဝေကျော်ရေ ပြောကြပါဦး
    လုပ်ပါဦး Adminရေ Post အသစ်တင်မလို့ Add New ကို Clickလိုက်တိုင်း ဗလာပဲပေါ်လာတယ် Postတင်မရတော့ စိတ်ညှစ်နေတယ်ဗျု့ိ

  • ဆူး

    December 20, 2010 at 3:25 pm

    ပိုစ် အသစ် တင်ချင်သူများ အတွက် သတင်းကောင်း တနေ့ တနေ့.. ပိုစ်အသစ်ကလေးများ တက်နေသော်လည်း ကိုယ်တိုင် တင်တဲ့ အခါမှ တင်မရတာ ကြုံတော့ ငါ့များ ပိတ်ထားလေ သလား တွေးမိကြမှာဘဲ.. စိတ်အား မငယ်နဲ့.. ပိုစ် အသစ် တင်ချင်သူများ.. Who’s Online Avatars ဆိုတဲ့ အောက်မှာ.. အပြာရောင် ခြေထောက် ကားကားနဲ့ ကြွက်ကလေး ပုံ တက်လာတာနဲ့ ပိုစ် အသစ် တင်ဖို့ ကြိုးစားပါ။ တက်ပါလိမ့်မယ်။ တနေ့ ကို နာရီဝက်တော့ ပိုစ်တင်လို့ ရပါတယ်။ မျက်စိမှာ ခရုခွေလို မူးနောက်နေတဲ့ မျက်လုံးမျိုး.. မြားအပြာလေးမှာ နာရွက်နှစ်ဖက် လက်နှစ်ဖက် ခြေထောက် နှစ်ဘက်ပါတော့ ကြွက်စုပ်ကလေးလို့ ပုံစံကို အတည်ပြုပြီး ရေးသားလိုက်ပါသည်။

    ပုံ
    ဆူး
    မန ္တလေး ဂေဇတ် စောင့်ကြည့်လေ့လာရေး အဖွဲ့ ဥက္ကဌ

    😛 🙂 😉

    • kai

      December 20, 2010 at 10:52 pm

      သူ့အပြောနဲ့တော့ ..ကြွက်စုပ်ကပဲ..တင်လို့မရအောင် … လုပ်နေသလိုလို..။ 🙁

  • MaMa

    December 21, 2010 at 1:11 am

    တူမလေးရေးထားတဲ့စာတစ်ပုဒ်တင်ဖို့လုပ်တာ ၃-၄ ရက်ရှိပါပြီ။ အပေါ်ကလူတွေပြောသလိုချည်းဖြစ်နေပါတယ်။ ကွန် ကောင်းအောင်ဘဲ စောင့်ရမလား။ ကြွက်စုတ်ကိုဘဲ လာဘ်ထိုးရမလား မသိတော့ပါ။

  • nyimalay

    December 21, 2010 at 3:50 am

    help me, how can i add new friend and i want to new post 🙂

  • nyimalay

    December 21, 2010 at 3:58 am

    ပိုစိ့ တင်ချင်လို့ ………………ပိုစိ့ တင်ချင်လို့ ……….ပိုစိ့ တင်ချင်လို့ 🙁

    :waa ……….. :waa

  • ဆူး

    December 22, 2010 at 3:58 am

    ပိုစ် တင်ဖို့ ကြိုးစားနေတာ ကြာပြီ ပိုစ်က တင်မရဘူး။ သူများတွေ တက်လာတာ မြင်တော့ ကြိုးစားနေတဲ့ လူက အရူးလိုဘဲ။ ကြွက်စုပ် ကို ရှာရမလို ဖြစ်နေပြီ။ 🙁 စိ်တ်နာတယ် မကျေနပ်ဘူး။

  • လင်းဝေကျော်

    December 22, 2010 at 5:06 am

    ပုံ
    ဆူး
    မန ္တလေး ဂေဇတ် စောင့်ကြည့်လေ့လာရေး အဖွဲ့ ဥက္ကဌ

    ဘယ်သူပေးတဲ့ရာထူးတုန်း။
    ပို့စ်တင်မရတဲ့ကြားထဲ။
    Holidays Trip မသွားခင်လေး တင်ချင်တာ တင်မလို့ ဘာမှတင်မရပါလား။
    ဘာဖြစ်တာလဲ နည်းနည်းတော့ ပြောဦးမှပေါ့ သဂျီး ကအီား ရေ။

    • ဆူး

      December 22, 2010 at 4:29 pm

      ဘယ်သူမှ မပေးဘူး ကိုယ့်ရာထူး ကိုယ်ရှာယူတာ အဟီး..
      အရာမရောက်ဘဲ ဝင်ပြောတယ် ဖြစ်မှာ စိုးလို့ အရာရောက်အောင် ကိုယ့်ဟာကို ရာထူးပေးပြီး ဝင်ပြောတာ နဲနဲ ရှိန်အောင်.. အဟမ်း…
      ပိုစ်တင်မရတာ တူတူဘဲ ဆိုတော့ ရာထူး ကတူတူဘဲပေါ့.. ကွန်ပလိန်းတက်ပြီး လာစစ်တော့ နုတ်ပိတ်ခ အနေနဲ့.. ဒုဥက္ကဌ ရာထူးပေးမယ်။ နေရာတော့ မဖယ်ပေးနိင်ဘူး။ ဒါဗြဲ…. 😉

  • pan pan

    December 22, 2010 at 8:57 am

    ပို့စ်တင်ဖို့ Data တော့ဖြည့်ပြီးပါပြီ။ Publish Button ကိုနှိပ်လိုက်တာ error တက်နေပါတယ်။ အဲဒါမနေ့ကတည်းကပါ။ ဘာ့ကြောင့်လဲ တိဝူးးးး။

  • nyimalay

    December 25, 2010 at 11:30 am

    Admin ကြီး

    ပိစိကွေးတင်ထားတဲ့ စိန်စီသောညထက်ကိုးဆယ်ဆ သာမည့်မင်္ဂလာပွဲ ဆိုတဲ့ပိုစ်ကဘာလို့ comment off ဖြစ်နေရတာလဲဟင်……… သူများဆိုဒ်ကနေယူပြီးတင်ထားလို့မရတာလား……. ပိစိကွေးကိုပြန်ပြောအုံးနော်… Admin ကြီးကလည်း ပိစိကွေးပြောသမျှဆိုဘာမှလည်းပြန်မပြောဘူး……. ပိစိကွေးကို ဂရုလည်းမစိုက်ဘူး……. သူများတွေကိုကြတော့ဂရုစိုက်တယ် 🙂

  • ဆူး

    December 25, 2010 at 12:09 pm

    ပိစိကွေးလေး ရေ.. ကွန်မန်း ပိတ်တာ ဖွင့်တာ ကိုယ့်ဟာကို ပြင်လို့ရတဲ့ ဟာ ဖြစ်ပါတယ်။ ပိုစ်တင်တာ မကျွှမ်းကျင်ပေးလို့ ပါ.. နောက် အဆင်ပြေသွားမှာပါ။

  • nyimalay

    December 25, 2010 at 1:04 pm

    အော်………. ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အန်တီဆူး 🙂
    အန်တီဆူးလို့ခေါ်ရင်စိတ်ဆိုးမှာလားဟင်…………… စိတ်ဆိုးနဲ့နော်အန်တီဆူး
    ပိစိကွေးလေးကလေအန်တီဆူးတို့အန်တီဝေတို့အီးတုံးတို့ကိုခင်လို့
    ဒီဆိုဒ်ကိုဝင်ဖြစ်သွားတာပါ…… ပိစိကွေးလေးကိုခင်နော် 🙂

  • ဆူး

    December 25, 2010 at 1:20 pm

    စိတ်မဆိုးပါဘူး ပိစိကွေးလေးရယ်.. လူကြီးကို လူကြီးမှန်း သိတတ်လိမ်မာပြီး အသိ တရား ရှိလှတာကိုဘဲ ကျေနပ်မိပါတယ်။ 😉

Leave a Reply