ရေလာလာမရောပါနဲ့

ငါ့အတွေးတွေထဲ ရေလာလာမရောပါနဲ့ ကမ္ဘာကျော်မဲ့ကဗျာတစ်ပုဒ်လောက် ရေးထုတ်ပါရစေဦး…။ ငါ့အချစ်တွေထဲလဲ ရေလာလာမရောနဲ့ဦး ကမ္ဘမြေကိုအကျိုးပြုမဲ့ လူသားတွေကိုချစ်ခဲ့ပါရစေဦး..။ ငါ့အရက်ခွက်ထဲလည်း ရေလာလာမရောနဲ့ဦး အရက်ကောင်ကောင်းတစ်စက်ရဲ့ အရသာလေး မြည်းစမ်းပါရစေဦး…။ ငါ့အိပ်မက်တွေထဲလဲ ရေလာလာမရောနဲ့ဦး ဖူးစသစ်ညီမလေးနဲ့ ခိုင်မြဲတဲ့အချစ်အိမ်လေးတစ်ခု တည်ဆောက်ပါရစေဦး..။ (အိပ်မက်ထဲမှာပြောတာနော်) ငါ့ရဲ့…………………… ရေလာလာမရောပါနဲ့ ရေလာလာမရောနဲ့ဦး……….။ နေဝန်းနီ Post Views: 112