HIV- AIDS ရောဂါရှင်များ အတွက် ရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော်

anyatayaNovember 24, 20101min370

HIV- AIDS ရောဂါရှင်များ အတွက် ရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော် ကို ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် PS-12 7200, WOODSIDE AVENUE,WOODSIDE NY 11377 ၌ စုပေါင်း ကျင်းပပြုလုပ်မည်
ဖြစ်ပါသည်။၎င်းနိဗ္ဗာန်ဈေးပွဲတော်တွင်  ကော်ရည်ခေါက်ဆွဲ၊ ပဲကပ်ကြော်၊အုန်းနို့ခေါက်ဆွဲ၊ ပုဇွန်ခွက်ကြော်၊ထမင်းချဉ်၊နန်းကြီးသုပ်၊ကြာဆံချက်၊ဝက်သားတုတ်ထိုး၊ မလေးရှားခေါက်ဆွဲ ၊သာကူကျို၊ မြန်မာလ္ဘက်ရည်နှင့်မြန်မာအစားအစာမျိုးစုံကို ရရှိ်နိုင်မှာဖြစ်ပြီး နယူးယောက်မြို့ Exit တီးဝိုင်းအဖွဲ့ လူငယ်များ၏ ကိုယ်ပိုင်သံစဉ်တေးများ၊ ယိမ်းအဖွဲ့၏ ယိမ်းအကများ၊မြန်မာဆီမီးခွက်အကနှင် ့အခြားမြန်မာ့ ရိုးရာ အကများကို ရှူစားရမည်ဟု ရတနာပုံနေပြည်တော်သတင်းစာမှ သတင်းရရှိပါသည်။ ဈေးရောင်းပွဲတော်နှင့် ပက်သက်၍ IBMO(၇၁၈-၄၂၆၃၅၉၅)၊ ဦးဉာဏိန္ဒ (၄၀၄-၇၈၉-၉၃၇၆)၊ကိုဇော်ကြီး (YGN PHOTO) ၇၃၂.၉၇၉.၄၈၄၈၊ ကိုရင်ထွေးဆွေ (၆၂၆-၃၁၅-၄၈၉၈)၊ ကိုအားပါ (၉၁၇-၆၂၀-၀၄၃၁)၊ဦးကျော်ဝင်း(၇၁၈-၆၅၁-၂၆၈၇)မသင်းသင်းမော် (၃၄၇-၃၄၀-၄၁၇၇)၊မသက်မာဝင်း၉၁၇-၃၁၉-၂၆၂၇) အပြင် Exit တေးဂီတအဖွဲ့နှင့်ပက်သက်၍ ကို်ဝင်းမင်း (၃၄၇-၅၅၂-၇၂၃၇) သို့ဆက်သွယ်နိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါသည်။