တနေ့ အတွင်း တရုတ်ပြည်ထဲ တပတ်ပတ်ဖို့ မလွယ်ကူပေမဲ့ ဒီနေရာမှာတော့ တရုတ်ပြည်ထဲက အထင်ကရ နေရာတွေ အကုန်ရှိပါတယ်။ တရုတ်ထဲက နေရာတိုင်းတော့ သွားလည်ပတ်ဖို့ ခက်ခဲ ပါတယ်။ အခု အထင်ကရ နေရာတွေကို ကြည့်ပြီးတာနဲ့တင် စုံသွားပါတယ်။
အကျီငှားပြီး ဓါတ်ပုံ ရိုက်လို့ရတယ် တစုံကို ၁ဝယွမ် ပေးရပါတယ်။
တိဘက်က အဆောက်အအုံ နမူနာ ပုံစံငယ်ပါ။
တောရွာက အိမ်ပုံစံလေးတွေ ပါ။
ဘုံရဆင့် ဘုံကျောင်းပါ။
စစ်လင် ဆိုတဲ့ ကျောက်တုံးတွေ ရှိတဲ့ ဒေသ ဖြစ်ပါတယ်။
မြောင်လူမျိုးတွေ ဒေသ ပုံစံငယ်မှာ အနီးမှာ ရွာသူတွေက အဲဒီလိုဘဲ အမြဲရှိပါတယ်။
ဈေးဝယ်လို့လည်း ရပါတယ်။ လက်မှုပစ္စည်းလေးတွေ ရောင်းပါတယ်။
ယောင်မှားလို့တောင် မစီးမိစေနဲ့.. လူပင်ပန်းတာဘဲ အဖတ်တင်မယ်။
ရေထဲမှာ ၁ဝမိနစ် စီးလို့ရတယ်။ လှိမ့်သာ လှိမ့်တာ ဘယ်မှ ရွှေ့ဘူး။ ကြာတော့ မောလာလိမ့်မယ်။ သူများ ကစားတာကို ကြည့်ပြီးတော့ ရီစရာတော့ ကောင်းတယ်။
7 comments
weiwei
February 1, 2011 at 2:03 pm
မြန်မာလိုခေါ်ရင်တော့ တိုင်းရင်းသားကျေးရွာပေါ့နော် ….
ကူမင်းမှာလဲ အဲဒီလို ဥယျာဉ်ကြီးတစ်ခုရှိတယ် … မြန်မာတောင် ပါသေးတယ် …
ဆူး
February 1, 2011 at 3:54 pm
ကူမင်းက တိုင်းရင်းသား ကျေးရွာကိုတော့ ဆူး မရောက်ဘူးဘူး။
ရှန့်ကျန့်က အခု ပြတဲ့ နေရာက ဟာတွေကိုဘဲ ရောက်ဘူးတာ..
bigcat
February 3, 2011 at 2:55 am
မဟာတံတိုင်းကြီးအကြောင်း သီးသန့်တင်တာ မတွေ့သေးဘူး လုပ်ပါအုံး။ အန်တီဆူးရော ဂျီးတော်ဝေရော နှစ်ယောက်စလုံး မေ့နေတယ်ထင်တယ်။
ဆူး
February 3, 2011 at 1:12 pm
မဟာတံတိုင်းကြီး အကြောင်း တင်ပေးပါ့မယ်။ အလှည့်မရောက်သေးလို့ပါ။ ပီကင်း အကြောင်း တင်မယ်ဆို ပီကင်းမှာ ရှိတဲ့ အရာတွေ အားလုံး တခုချင်းဆီ ဆက်တိုက်တင်ချင်လို့ အခု ဟောင်ကောင် အကြောင်း တင်နေလို့ တခုဖြတ်ပြီးမှ နောက်တခု တင်မယ်လေ။
nature
March 28, 2011 at 2:10 pm
မန္တလေး နန်းတွင်းမှလည်း ရှင်ဘုရင် ဝတ်စုံငှါးပြီး တစ်ယောက် 5000ကျပ် ကောက်ရင်ဝင်ငွေဖြောင့်လိမ့်မယ်ထင်တယ်။
ဆူး
March 29, 2011 at 1:57 pm
၅၀၀ဝ ဆိုရင် အပိုင်ဝယ်ပြီးသာ ဝတ်လိုက်လို့ရတယ်။ ဒါပေမဲ့ မြန်မာတွေက ဘာအကျင့်မှန်း မသိဘူး.. လူတွေဘဲ သေးတာလား ဘာလားတော့ မသိဘူး.. ဆိုဒ် အရမ်းခိုးတယ်။ ပိန်သေးတဲ့ လူတွေ အတွက်ဘဲ အလုပ်လုပ်ကြတယ်။ လောကကြီးမှာ လူတွေ ကြည့်လိုက်ရင် ဝတုတ်ကြီးတွေ.. ဟီးဟီး
nature
March 29, 2011 at 3:31 pm
အရင်ကတော့တယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်ကြရင် ဝလို့ လှလို့ဆိုပြီးနှုတ်ဆက်ကြတာပဲ။ပိန်လို့ရှုံ့လို့ဆိုပြီးနှုတ်တက်တာမတွေ့ဖူးဘူး။