To/From Mandalay Gazette – Write. Get Published. Get Paid.

kaiJanuary 31, 20112min9804600
မင်္ဂလာနှစ်သစ် ၁၃၇၃

Reasons to join Mandalay Gazette …

  • Join a supportive community of writers
  • Publish your work immediately
  • Earn on your articles
  • Compete for increased earnings in Marketplace

Rules for Writers << Must Read!

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

New Member များဖတ်ကြည့်ကြရန်

အယ်ဒီတာ့မှတ်စုတို

  • မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
  • ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

600 comments

  • bigcat

    February 1, 2011 at 6:56 am

    အဦးဆုံးကြောင်ကြီး
    မန်းလိုက်တယ်
    ရွာသားအပေါင်း
    ကိုယ်စိတ်နှစ်ပါး
    ချမ်းသာပါစေ၊
    ဂေဇက်ရွာလည်း
    အရှည်တည်ပါစေ၊
    သဂျီးမင်းလည်း
    သတ္တဝါအပေါ်
    မေတ္တာပိုစေ၊
    ကကကွန်မှ
    ငအူများလည်း
    အမြင်မှန်ကြစေ၊
    စုမုန်းတီးရေး
    သာကူးများလည်း
    အကျွတ်တရားရစေ၊
    လွှတ်တော်ကြီးလည်း
    ဖွတ်အော်ကွဲစေ၊
    တိုင်းပြည်ကြီလည်း
    လွတ်မြောက်ပါစေ၊
    တောင်းဆုခြွေရင်း
    အမေ့သားကောင်း
    အောင်ဆုတောင်းသည်
    ဒေါ်အောင်ဆန်းစုကြည်
    လိုအင်ဆန္ဒပြည့်ပါစေ။

  • photwenty

    February 1, 2011 at 7:56 am

    ဒူဝေ ဝေ ဝေဝေဝေေဝေဝေဝေေါ်ဧဧဧဧဧဧဧဧအေ…( မမဝေ မဟုတ်ပါ)

  • photwenty

    February 1, 2011 at 8:04 am

    ဦးခိုင် ဗမာလိုပါရေးပေးပါလား
    တကယ်နားမလည်လို.ပါ

  • intro

    February 1, 2011 at 10:57 am

    မြန်မာလိုပဲ ရေးထားတာလေဗျာ… ဘယ်ဟာကို နားမလည်လို့လဲ?

  • weiwei

    February 1, 2011 at 1:45 pm

    ပွိုင့်တွေကိုများ တိုးပေးတာလားလို့ … 😛

  • kopauk mandalay

    February 1, 2011 at 3:58 pm

    သူကြီးရေ
    စာလုံးရေ 1500ကို 80ဆိုတော့
    စာလုံးရေပြည့်တာနဲ့ အမှတ်80ရပြီဆိုရပ်လိုက်ရင်
    ရေးထားတာမပြီးဘဲရပ်တယ်ဆို ဖတ်တဲ့သူကဆဲမယ်။
    ကျွန်တော်လို အရှည်ကြီးရေးတဲ့သူအတွက်လည်း တစ်မျိုးစဉ်းစားပေးအုံးနော်။
    တိုလဲ80 ရှည်လဲ 80 ဆို ကျွန်တော်ကတော့ငိုချင်ပါတယ်သူဂျီးရယ်…………..

    • kai

      February 2, 2011 at 9:24 am

      အရှည်ကြီးရေးလည်း ၈ဝ ပဲဆိုပေမဲ့.. ကြိုက်တာတွေ့ရင် .. ၂ဝပေးပြီးဝယ်မှာပါ ဆရာပေါက်ရေ..။
      ဂဏန်းနောက်က အမြီးတန်းတော့ မတူဘူးပေါ့နော..။

  • ဆူး

    February 1, 2011 at 4:04 pm

    အခု လုပ်တဲ့ စည်းကမ်း နဲ့ ပတ်သတ်လို့ သိပ်တော့ မရှင်းသေးဘူး။
    ကိုယ်ပိုင် မူနဲ့ ရေးနေတာ တော့ ကြာပေါ့။
    ပုံတွေကတော့ ကိုယ်တိုင် ရိုက်တာ မဟုတ်တာတွေ လည်းပါတယ်။
    ဂူဂဲထဲကနေ ရှာကြံပြီး ကိုယ်တိုင် မြင်ခဲ့တာနဲ့ ဖလှယ်ပြီး တင်ပြထားတာတွေ များတယ်။
    ပုံတိုင်းတော့ ဂူဂဲက မဟုတ်ဘူးနော်။ ကိုယ်ပိုင် ပုံ တွေလည်းပါတယ်။

    • kai

      February 2, 2011 at 9:26 am

      ပူံယူသုံးရင်.. ဘယ်ကပုံလည်း .. ခရက်ဒစ်လေးပေးပါနော…။
      စာတွေလည်း ဒီအတိုင်းပါပဲ..။ ယူသုံးတာလေးတွေ ..ခရက်ဒစ်ပေးစေချင်ပါကြောင်း..။

      • ဆူး

        February 2, 2011 at 1:04 pm

        ဘယ်က ယူသုံးလဲ ဆိုတာ ခရက်ဒစ် ပေးဖို့ ဘယ်က ဟာမှန်း ကို မသိတာ.. အဟီး.. မှန်သော စကားပြောတာ လိမ်ပါဘူး။
        တင်ချင်တဲ့ အကြောင်းအရာ ကို ဂူဂဲက နေ ရှာပြီး ပုံတွေ ဖော်ကြည့်ပြီး လင့်နဲ့ တင်တာ.. သူများ ဆီက စာတွကို အတိအကျ မကူးချတာတာတော့ အမှန်ဘဲ။
        ခရီးသွားပိုစ်တွေက အရင်က ရောက်ဘူးတာ ကိုယ်ပုံဘဲ ကိုယ်ရိုက်တာ ဒီမှာ စာရေးမှ ပိုစ်တင်ချင်တဲ့ စိတ်တွေ ဖြစ်လာတော့.. သွားဘူးတဲ့ နေရာကို ဂူဂဲကနေ စာရိုက်ရှာပြီး ပုံကူးပြပြီး အတွေ့အကြုံနဲ့ မြင်ခဲ့တာ ရှင်းလင်းပေးတာ။
        ဥပမာ ဟိုတခါက ငါးဆရာဝန် ပိုစ်ဆိုရင် ကိုယ်တိုင် ရိုက်တာ အလင်းအမှောင်ကြောင့် ငါးကန်က အလင်းပြန်ပြီး ရိုက်လို့ကို မရဘူး။ ဂူဂဲက ဘဲ ရှာယူလိုက်ရတယ်။ အဲလိုမျိုး ပိုစ်တွေပေါ့။ အန်ကောဝပ်က ပုံတွေကတော့ ကိုယ်ပိုင်ပုံတွေ။

  • etone

    February 2, 2011 at 2:33 am

    သူကြီး အီးတုံးရဲ့ ပို့စ်တစ်ခုမှာ လာမန်းထားတာ အခုငါးဆယ်ကျော်တယ်နော် ။
    လာထား ပွိုင့် ငါးရာ 😀 ဟိဟိ

    • kai

      February 2, 2011 at 9:28 am

      ၅၀ဝ ထည့်ပေးလိုက်ပါပြီ.. ။ အဲဒီလိုဆွေးနွေးတာမျိုးကို ကြိုက်ပါတယ်…။

    • char too lan

      February 8, 2011 at 7:13 am

      ဟောဗျာ …..တောင်းလိုက်တာနဲ့ ချက်ချင်းရတယ်
      အီးတုံးတို့များ ဒဒေါင်းချားမှော်အောင်ထားရားတိဝူး 😀 😛

  • photwenty

    February 2, 2011 at 3:06 am

    intro

    ကွန်မကောင်းလို.ဘာမှ မမြင်ရလို.ဂျ

  • bigcat

    February 2, 2011 at 3:36 am

    ပို့တင်လိုက်ပေမဲ့ စာလုံးရေပြတဲမီတာက ချက်ခြင်းပေါ်ချင်မှပေါ်တာ သဂျီးရဲ့။ ပြည်ပကတင်တဲ့သူတွေရဲ့ ပို့စ်ကိုပွိုင့်များများပိုပေးပါလား၊ ပိုက်ဆံထုတ်မရတဲ့အတူတူ တော့တန်းမှာ နာမည်ချိတ်ထားချင်လို့ပါ။

    • kai

      February 2, 2011 at 9:30 am

      စာလုံးရေက ခန့်မှန်းပဲပြောတာပါ..။ ၄-၅ကြောင်းလောက်နဲ့ မတင်ဖြစ်ကြအောင်လို့ပါ..။
      ပြည်ပက သူတွေ.. ၅ဒေါ်လာ စံနစ် လုပ်ပေးထားပါတယ်..။
      အလှူဒါယကာကြီးတွေကို … သီးသန့်ကို စာရင်းထုတ်ပေးထားမှာပါ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 2, 2011 at 5:07 am

    အင်းအင်းအင်း
    ရွာသူရွာသားတွေကို
    မစ တဲ့အနေနဲ ့ အစွမ်းထက်တဲ့
    ဂမ္ဘီရ ရှားရှားပါးပါး ဂါထာမ န္တန်တွေ ပေးသနားတော်မူမလို ့
    ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ကိုယ်တော်မှ နှလုံးသွင်းနေတုန်း
    ဒီလို ပွိုင့်အရေအတွက်တွေ လာကြော်ငြာပြနေတော့
    ပေးတော့ဝူးဝေး

  • zoe

    February 2, 2011 at 6:53 am

    @ Editor, I am not competing for points, but how about points for translating news post? Are the points valid or will it be deducted? Just asking. 🙂 🙂

    • kai

      February 2, 2011 at 9:35 am

      ဘာသာပြန်မူရင်းလင့်ခ်ရော..စာရော ထည့်ပြီး ခရက်ဒစ်ပေးစေချင်ပါတယ်..။ အဲဒါနဲ့ အင်္ဂလိပ်လိုဖြစ်ဖြစ်.. တခြားဘာသာကိုဖြစ်ဖြစ်.. လူတွေ လေ့လာသင်ယူလို့ရသွားတာပေါ့..။
      ပွိုင့်ကတော့ တူတူပါပဲ..။ ၈ဝ ပေါင်းပေးမှာပါ..။ လူတွေအရမ်းစိတ်ဝင်စားပြီး အဲဒီသတင်းပေါ်မှာဆွေးနွေးကြတယ်ဆို … ပွိုင့်ကို တိုးပေးပါမယ်..။

      သူများပြန်ထားတာကိုတော့ ..ကူးမတင်စေလိုပါ..။

      • zoe

        February 2, 2011 at 4:19 pm

        @ Ko Kai, Thank you for the explanation.
        ကိုယ်တိုင်ရေး တွေ ပါ ဘဲ ။ သူ များ ပို့စ ကို မ ကူး ပါ ။ လင့်ခ ကို လဲ ဖော် ပြ ထား တယ်ဆို တော့ ဘောင် ဝင်နေတယ် ပေါ့ နော် ။ အ ခုလို ရှင်း ပြ ဒါ ကို ကျေးဇူးတင်ပါတယ် ။

  • R Ga

    February 2, 2011 at 7:29 am

    ကျွန်တော်ကတော့ ကိုယ်တိုင်ရေးတာတွေရော ကိုယ်တိုင်မရေးတာတွေရော ရှိပါတယ်။ ပြန်နုတ်မယ်ဆိုတာက အခုနုတ်မှာလား ၁သိန်းပြည့်မှ ပြန်စီစစ်ပြီးနုတ်မှာလားဆိုတာ သိချင်ပါတယ်။ အယ်ဒီတာမင်းများခင်ဗျာ.။

    • kai

      February 2, 2011 at 9:38 am

      အဲဒီ စည်းကမ်းအသစ်ထုတ်တဲ့ နေ့ကစမယ်ဆိုပါစို့..။အဲဒီ နောက်က စာတွေပြန်မကောက်တော့ပါဘူး..။
      ဒါပေမဲ့.. Trash ထဲကစာတွေအတွက်တော့ ပွိုင့်နှုတ်လိုက်ပါမယ်..။

  • intro

    February 2, 2011 at 9:32 am

    ပွိုင့် ၁သိန်းကို မျှော်မနေတော့ပါဘူး၊ Top 10 ထဲမှာ ချိတ်နေတာကိုပဲ ကျေနပ်နေပါပြီ သူကြီးရေ…

    • kai

      February 2, 2011 at 9:44 am

      စာရေးသူတွေကို .. ပွိုင့်မျှော်ပြီး မရေးစေချင်ပါဘူး..။
      ဒါက ..ဆွဲဆောင်မှုတခုသာပဲဖြစ်ပါတယ်..။
      ကောင်းတဲ့စာတွေ၊ သတင်းတွေကို .. မန္တလေးဂေဇက်မှမဟုတ်.. တခြားပုံနှိပ်ဖြစ်ဖြစ်..ဝက်ဘ်ဆိုက်တွေကဖြစ်ဖြစ်.. ဝယ်သုံးရမယ်ဆိုတဲ့ အလေ့အကျင့်လေးဖြစ်စေချင်တာပါ..။ ငွေရရင်..အဲဒီငွေရတဲ့အလုပ်က ..ပရောဖက်ရှင်နယ်လမ်းကြောင်းပေါ်ရောက်တယ်ခေါ်ပါတယ်..။ ဒီလိုနဲ့ .. ပရောဖက်ရှင်နယ် လမ်းပေါ်ဆွဲတင်ပေးလိုတဲ့စေတနာနဲ့ပါ..။

      ဆိုတော့.. အခုပဲကြည့်လေ..။ စာမူခေါ်ထားပါတယ်..။
      အဲဒါမျိုးနောက်ပိုင်း ခပ်စိတ်စိတ်လေး လုပ်လာချင်တာပါပဲ..။

      သဘောက.. ကျပ်၁သိန်းက .. ဆောင်းပါးကောင်းကောင်းလုပ်တတ်ရင် … ၄-၅ပုဒ်နဲ့ ရနိုင်တာပါပဲ..။

  • nyimalay

    February 2, 2011 at 11:02 am

    ဒီဆိုဒ်ကိုဖန်တီးပေးထားတဲ့ ဦးခိုင်(သဂျီး)ကိုပိစိကွေးလေးကအရမ်းကိုကျေးဇူးတင်ပါတယ်…….
    အရင်ကတည်းကကျေးဇူးတင်ကြောင်းကို ပြောချင်နေတာပါ………..အခြေအနေအရ အကြောင်းကြောင်းကြောင့်မပြောဖြစ်ခဲ့တာပါ…. 🙂

  • ဆူး

    February 2, 2011 at 1:06 pm

    အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီး ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။

    အဲဒီမှာ ဖတ်ရှူသူ အရေအတွက် ဘယ်လောက် ကို သတ်မှတ်ပါသလဲ။
    စာဖတ်သူ အရေအတွက်ပေါ်မူတည်တယ် ဆိုရင်တော ပိုစ် အဟောင်းတွေ ရှာထုတ်ပြောမှနဲ့ တူတယ်။

  • weiwei

    February 2, 2011 at 2:33 pm

    ကျွန်မပို့စ်အားလုံး ဓါတ်ပုံအားလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေချည်းပဲ … အပျော်ရေး အပျော်ရိုက်တွေဆိုတော့ ကြည့်တဲ့သူရှိတာကိုပဲ ကျေးဇူးတင်လှပြီ … ကွန်မန့်များတိုင်းသာ ပွိုင့် ၅၀ဝ တိုးရင် ကျွန်မကို အများကြီးတိုးပေးရလိမ့်မယ်ထင်တယ်နော် … 😛

  • naywoonni

    February 2, 2011 at 2:39 pm

    စာရေးသူတွေကို .. ပွိုင့်မျှော်ပြီး မရေးစေချင်ပါဘူး..။)ဟုတ်ကဲ့ ကိုခိုင်ရေ မမျှော်လင့်ပါဘူး စိတ်ကြိုက်မတွေ့သေးလို့ ဘာမှ မရေးဖြစ်တာတောင်ကြာပါပကောလား ။ရေးလက်စကတွေက မေးလ်ထဲမှာ စာစီနေတုန်း ဟိုဟာရေးချင်ဒါရေးချင်နဲ့ ဗျာများနေတုန်း ဂျီတော့ဖွင့်ထားရင် ချက်တင်က နှောက်ယှက်နေတုန်း တစ်ခါတစ်လေ မေးလ်ထဲက အကောင့်တွေ ပေါ်ပေါ်လာပြီး နှိပ်စက်နေတုန်း

  • manawphyulay

    February 4, 2011 at 11:41 am

    အများကြီးရတဲ့သူတွေ မနောကို မုန့်ဝယ်ကျွေးရမယ်နော်………….. မနောကတော့ ကိုယ်တိုင်ရေးပြီး စိတ်ကူးပေါက်တဲ့အခါမှ တင်လို့ သိပ်တော့ မမျှော်လင့်ထားပါဘူး။ ပွိုင့်မျှော်ပြီးရေးရအောင်လည်း ဦးခိုင်းရေ အင်တာနက်သုံးခ ၄၀ဝ အကုန်ခံပြီး ၈ဝ လာယူတယ်ဆိုရင် ပွိုင့်မျှော်တယ်လို့ ဆိုလိုလို့ရမလားရှင့်။

  • nigimi77

    February 7, 2011 at 12:00 pm

    ဆရာ ခိုင် ကျုပ် မနက်ထဲက post ကို တင်တာ Published ဆိုတာပေါ်ပေးမဲ့ လုံးဝ မတက်လာဘူး။

    • kai

      February 7, 2011 at 6:51 pm

      ပိုစ့် ၉ခုတက်နေလို့..၈ခုဖျက်လိုက်ပါတယ်…။နောက်ဆို “အားနဲ့မလုပ်လိုက်ပါနဲ့” ..နော..။ 🙂

  • weiwei

    February 8, 2011 at 2:30 am

    အင်တာနက်ကို ရန်ကုန်ကနေသုံးတော့ တစ်လကို ၄ သောင်းလောက်ကျတယ် .. အဲဒါကြောင့် ပွိုင့်ကို ဘယ်လောက်ပဲ ရရ ရသလောက် လိုချင်ပါတယ် …
    အခုတောင် ပွိုင့်လိုချင်ကြောင်းပြောရင်း ၁ဝ ယူသွားပါတယ် … 🙂

  • nigimi77

    February 8, 2011 at 8:58 am

    ဝေဝေက တော်သေးတာပေါ့။ ကျုပ် ဒီမှာ တလကို ပုံမှန် FEC 130 ပေးရတယ်။ Connection ရရ မရရပေါ့။
    ပြီးခဲ့တဲ့နှစ်က တလလုံးနီးပါးကို လုံးဝ သုံးမရခဲ့ပါဘူး။ ဒါလဲပဲ ပုံမှန် 130 ပေးနေရတာပဲ။ ဒီတော့ Complaint တက်ကြည့်တော့ သူတို ့နဲ ့မဆိုင်ဘူး။ ရုံးချုပ်ကို တက်ပေါ့။ ကျုပ်လဲ Complaint တက်ရန်ဆိုပြီး ပေးထားတဲ့ နံပါတ်ကို ဆက်တာပါပဲ။ ဒီတော့ ဘာထူးမှာလဲ။ သူတို ့ဆီကို Phone ဆက်တိုင်း ပြောနေကြ ဖြေရှင်းနည်းက
    Power ပိတ်ထားပြီး ၁ဝ မိနစ်လောက်နေရင် ပြန်ဖွင့်ပါဆိုတာပဲ။ ကောင်းလိုက်တဲ့ Service ။
    ဒီတော့ ကျုပ်လဲ အကြံကုန် ဂဠုန် ဆားချက်တော့တာပေါ့။ Connection မရတိုင်း phone ဆက်ပြီး ဆဲ။
    ကြာတော့ ဆဲရတာ စကားလုံးကုန်သွားပြီ။ အခုတောင် ရတချက် မရတချက်က ၂ ရက်ရှိပြီ။ Red Link ဗျို ့
    Red Link. ပုလဲကွန်ဒိုက။

  • zaw min

    February 8, 2011 at 10:38 am

    ပိုစ့်တင်တဲ့အခါမှာ အကျိုးပြုစာပေတွေနဲ့၊သတင်း (Information)လေးတွေ၊ဗဟုသုတပိုင်းလေးတွေကို အလေးပေးပြီးတင်စေချင်ပါတယ်။ကွန်မန်ပေးရင်လည်း လေးလေးနက်နက် သဘောထားပြီး မိမိတို့ရဲ့သဘောထားလေးတွေကို ဆွေးနွေးကြရင် ပိုပြီးတော့ ကောင်းလိမ့်မယ်လို့မြင်မိပါတယ်။
    ကျေးဇူးတင်ပါတယ်…ပဲရေးပြီးတင်ရင်လည်း ကွန်မန်အတွက် ၁ဝပွိုင့် ရမှာပါပဲ။
    အတွေးအခေါ်ပိုင်းဆိုင်ရာမှာပိုပြီးလေးနက်စေချင်တဲ့ဆန္ဒပါ။

  • nigimi77

    February 8, 2011 at 10:49 am

    ဟုတ်ကဲ့ ခင်ည။ မှတ်သားထားကြောင်းပါ။ သို ့သော်လည်း ပွိုင့်ရသည် မရသည် လုံးလုံး စိတ်မဝင်စားပါကြောင်း။

  • MaMa

    February 8, 2011 at 11:24 am

    မြန်မာနဲ့ဆိုင်တဲ့ website ထည့်ချင်ပါတယ် ဘယ်လိုထည့်ရမှန်းမသိလို့ ဒီမှာဘဲရေးပေးလိုက်ပါတယ်။ http://www.myanmaritmen.com (တခြားလူတွေထည့်ပြီးမပြီးလည်းမသိပါ။ ITဆိုင်ရာသိသင့်တာလေးတွေမျှဝေလို့ သဘောကျလို့ တင်ပေးချင်တာဖြစ်ပါသည်။)

  • နိုင်နိုင်

    February 9, 2011 at 7:46 am

    D မှာ တစ်ခုလောက်မေးချင်တယ်ဗျ ရပြီးသားပွိုင့်ကို တစ်ခြားလူ ပြန်ခွဲပေးလို့ရမလား ကျွန်တော်ကပေးချင်လို့တော့မဟုတ်ပါဘူး 😀 Top Ten ဝင်ထားတဲ့သူတွေဆီက နည်းနည်းဆီ မျှခိုင်းမလို့ပါ…နောက်တာပါဗျာ တကယ်ရရင်ကောင်းတာပေါ့ ဟုတ်ပါဘူး ကိုယ်နဲ့ထိုက်တာ ကိုယ်ရတာပဲ ကောင်းပါတယ်နှော..

  • အာဖျံ ကွီး

    February 9, 2011 at 8:11 am

    တခြားသူကိုခွဲလို.တော့မရဘူး .. သဂျီးကိုခွဲပေးလို.ရတရ် … အဲ … သဂျီးက ၃ ဆပြန်ပေးမှာ မောင်နိင်နိင်ရဲ. … အဟီးးး။
    (ဖြစ်လာသမျှပြဿနာ သဂျီးရှင်းရန်)

  • ဆူး

    February 9, 2011 at 3:46 pm

    Who’s Online

    32 visitors online now
    28 guests, 4 members

    အဲဒီမှာ ဘယ်နိုင်ငံက ဘယ်လောက် တက်နေတယ် ဆိုပြီး မြေပုံလေးနဲ့ ပြတာလေး ပါရင် ပိုကောင်းမလားလို့ အကြံပေးတာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 9, 2011 at 6:12 pm

    ဝေးးးးးးးးးးးးးးးးးးးးးး
    သဂျီးဝေးးးးးး
    ကိုယ်ရေးထားတဲ့ မှတ်သားစရာပို ့စ့်တွေကို
    ကိုယ့်ဟာကိုယ်ဘယ်လိုဖြတ်ပြစ်ရမလဲဝေး
    သူများတော့ ဘယ်လိုနေတယ် မသိဘူး
    ကိုယ့်ဟာကို မျက်စိနောက်တယ်ဝေး
    ကိုယ့်ဟာကိုယ်ဖြတ်တာမပြတ်ဘူးဝေး
    ဘယ်လို ဒီလိတ်လုပ်ပြစ်ရမလဲဝေး
    နည်းနည်းပါးပါးနည်းပေးပါဝေး
    ကိုယ်ရှုပ်ထားတဲ့အမှိုက် ကိုယ်ပြန်ရှင်းမယ်ဝေး

  • nigimi77

    February 10, 2011 at 9:04 am

    ဆရာခိုင်။ ကျုပ် နည်းပညာနဲ ့ အလှမ်းဝေးတဲ့ လူပြိန်းမို ့လို ့ လူပြိန်းမေးခွန်း မေးကြည့်ရအောင်။ ရွာကနေ သုံးတာ ရှိသမျှ Site တော်တော်များများ ဘန်းခံထားရတာ။ ဒီ MG site က ရော သူတို ့ မဘန်းကြတာလား ဘန်းလို ့မရတာလား။ သုံးလို ့မရတော့မှာ စိုးရိမ်လို ့။

    • R Ga

      February 10, 2011 at 9:16 am

      ဟုတ်တယ် ကျုပ်လည်း ဒါကိုစဉ်းစားနေတာကြာပြီ..။ ကိုခိုင်တို့များ နအဖ တွေကို လာဘ်ထိုးထားသလားတောင်စဉ်းစားမိသေးတယ်။ (နောက်တာနော်)
      ဘယ်လို ပညာအစွမ်းတွေနဲ့ ဆိုက်ကို မဘန်းအောင် လုပ်ထားသလဲတော့မသိဘူး။ နည်းလမ်းများရှိရင်လည်း မစ စေလိုပါတယ်။

    • kai

      February 10, 2011 at 9:24 am

      အောင်မလေး.. အသံကျယ်ကျယ်မပြောနဲ့.. ကြားသွားလို့..။

      ဒီလိုဗျ…။
      ကျုပ်က မြန်မာပြည်မှာလည်း ..စာနယ်ဇင်းလောက လုပ်ဖူးတော့ … စာပေစိစစ်ရေး သဘောတွေနားလယ်တယ်ဆိုပါစို့..။
      အဲဒါ.. ကိုယ်သဘောနဲ့ကိုယ်… ရွာထဲ… ကင်ပေတိုင်ရုံးအပေါက်စောင့်ပုံစံလုပ်ပေးမယ် တွေးပါတယ်.။
      ဒီတော့ ..
      ဆိုင်ရာအာဏာပိုင်တွေကို .. ဘလိုင်းကြီး ဆဲဆိုပြောတာတွေ မတင်ဖူးလို့ ဆုံးဖြတ်ထားတာပဲ..။
      အဲဒါ.. ရွာသားတွေကလည်း အလိုက်သိကြတာမို ့.. အလိုလို အိုကေစိုပြေနေတယ် ဆိုပါတော့ ..။

      ဘာပဲပြောပြော… ဆိုင်ရာဆိုင်ရာ နတ်ဒေဝါများကိုလည်း ကျေးဇူးတင်ပါတယ်..။
      တခုခုဖြစ်တယ်.. လွန်တယ်ထင်တယ်ဆိုလည်း .. သတိပေးစာလေးကြိုပို ့ပေးကြပါနော..။
      နတ်ဒေဝေါများ သဘောအတိုင်း ..လုပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်..။ 🙂

  • R Ga

    February 10, 2011 at 9:34 am

    ကျွန်တော်မျိုးကြီးကတော့ ဒီအတိုင်း လွတ်လပ်စွားရေးသားပိုင်ခွင့်လေး ရှိနေတာ လေးကို အရမ်းမြတ်နိုးနေပါတယ် အာစရိရေ…။ ဆက်သာလုပ်..။

  • nigimi77

    February 10, 2011 at 10:15 am

    လူက အပြင်ထွက်လို ့မရတော့ အတွေးအခေါ်ကိုပဲ စာသား အနေနဲ ့ ထွက်ပေါက်ရနေတော့ တနေ ့တနေ ့ အလုပ်က တစ်ဖက်နဲ ့ကို တောင် အနည်းဆုံး မအိပ်ခင် ရွာထဲဝင်ပြီး ဖတ်ကြည့်ရမှ စိတ်ဖြောင့်တဲ့ အခြေအနေဖြစ်နေပြီဗျား။
    တကယ်လို ့ ဘန်းလိုက်တယ်ဆိုရင်တောင်မှ ဘယ်လိုကြည့်လို ့ရမလဲဆိုတာကို
    Mail နဲ ့ပြောပြပေးပါ။ ကျော်ကြည့်တဲ့ ဟာတွေကလဲ အသုံးမဝင်ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 10, 2011 at 11:51 am

    ရွေးကောက်ပွဲတုန်းက
    ဒီမိုကရေစီပါတီတွေကို ဝင်ရောက်ယှဉ်ပြိုင်တာ
    မှန်ပါတယ်ဘာညာ ပြောပြီးထောက်ခံတယ်
    ခုရွေးကောက်ပွဲတွေပြီးသွားတော့
    ဟိုတစ်ယောက်က နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို ့ပြောတာကို
    ကြိုဆိုပြလိုက်တော့ ကျန်တဲ့ရွေးကောက်ပွဲဆန် ့ကျင်သူတွေက
    ငပေါဆိုတဲ့ ဗိုလ်ချုပ်ကြီးတို ့အကြိုက် လေသံလေး နည်းနည်းလွေးပြတယ်
    နောက်ထပ် ဆန်ရှင်တွေအကြောင်းပါ ထောက်ခံပေးလိုက်တော့
    အဘန်းခံရဘို ့ဆိုတာ မပြောနဲ ့
    တက်လာမဲ့အစိုးရလက်ထက်ကြရင်
    ရွှေတံဆိပ်ရဘို ့တောင် ရှိသေးတယ်
    🙁 🙁 🙁

  • ဆူး

    February 10, 2011 at 2:22 pm

    အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။ <<< Insurance အာမခံ ထားဖို့ အာမခံ ထားရင် တခုခုဆို လျှော်ကြေး ကြီးကြီး များ ရမလားလို့…
    ပွိုင့်တွေ များများ လာတော့ ဒီစာလေး ဖတ်ပြီး တွေးမိတယ်။ 😉
    ဒီဆိုက်ကို ဘန်းမဘန်း သိရအောင် ဆူး ဘိုးဘိုး ကို မေးပေးမယ်နော်။ ဘိုးဘိုး က အသက်ကြီးတော့ အကြားအမြင် ဗဟုသုတာ များတယ်လေ။ သူသိမှာပါ။

  • nyimalay

    February 11, 2011 at 4:58 am

    ပိစိကွေးလည်း Top Ten မှာပါချင်သေးတယ်နော်……….. အိပ်ယာဝင်တိုင်းဆုတောင်းပါတယ် အဘန်းမခံရပါစေနဲ့လို့…….. ဦးခိုင်လည်းကျန်းမာပါစေ…. ချမ်းသာပါစေ….. ထီပေါက်ပါစေ……. လို့လည်းဆုတောင်းပေးတယ်နော်……. ဒါမှ ဒီဆိုဒ်လေးက အရှည်တည်တံ့နိုင်မှာမလား…………. 🙂

  • kai

    February 11, 2011 at 8:07 am

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

    တိုင်စာတွေရနေပြန်ပါပြီ..။ ပြည်တွင်းကသူတွေဖတ်စေချင်လို့တင်ပေးနေတာ နားလည်ပါတယ်.။ တော်ကြာ အရင်ကလို ဝက်ဘ်ဆိုက်ပေါ်တင်ပြီး သူခိုးမီဒီယာဆိုပြီး ကြေငြာ အပြောခံနေရဦးမယ်..။ ခွင့်ပြုချက်တောင်းပြီးမှ .. ခွင့်ပြုချက်ရပြီး ဆိုတာလေးပါ ထည့်ရေးပေးကြစေလိုပါတယ်..။

    သတိထားကြစေလိုပါကြောင်း..။

  • ဆူး

    February 11, 2011 at 2:05 pm

    တိုင်ခံရပြီ ဆိုရင် တိုင်ခံ ရတဲ့ ပိုစ်ကို တိုင်ခံထားရပါကြောင်း အသိပေးတာမျိုး လုပ်ရင် နောင်ကျင်ပြီး ထပ်မလုပ်အောင် လုပ်သင့်ပါသည်။

  • bigcat

    February 12, 2011 at 3:27 am

    စွန်းလွန်းဆရာတော်ဘုရားကြီး၏ မပုပ်မပိုးသောရုပ်ကလပ်တော်ကို ပူဇော်နို်င်ပါသည်။
    http://yinthinneimagazine.blogspot.com/

    • ဆူး

      February 13, 2011 at 1:41 pm

      အဲဒီ ဆိုက်က ဒီက နေ ဖွင့်လို့ မရဘူး။

  • kopauk mandalay

    February 12, 2011 at 12:33 pm

    ကျွန်တော်ကတော့ ရေးစရာရနေတဲ့ ဒီနေရာလေး
    ဖတ်ပြီး ကော်မင်းတွေအမြဲပေးကြတဲ့ ဒီနေရာလေး
    မိတ်ဆွေတွေစုနေတဲ့ ဒီနေရာလေး ပျောက်သွားမှာကိုတော့
    တကယ့် ကိုစိုးရိမ်ပါတယ်

  • အာဖျံ ကွီး

    February 12, 2011 at 1:02 pm

    ပုံတင်လို. လုံးဝမီရဘူး … ဝ အားကီး ချိတ်ညစ်လယ် …
    ပုံကောင်းကောင်းတီပုံ ရထားတဲ့ ဟာကို … တေဂျင်တရ် .. တေဂျင်တရ် … ဝ တေဂျင်တရ် …

Leave a Reply