သမ္မတအိုဘားမား၏ နိုဘဲလ်ဆုလက်ခံမိန့်ခွန်း (ဒုတိယပိုင်း)

DaveDecember 15, 20091min870

ယနေ့ခေတ်စစ်ပွဲတွေမှာ စစ်သားတွေထက် အရပ်သားလူထုသေဆုံးကြရတယ်။နောင်အနာဂတ် အငြင်းပွားမှုမျိုးစေ့တွေကို ကြဲချစိုက်ပျိုးကြတယ်။စီးပွားတွေလည်းပျက်တယ်။မြို့  ပြလူနေမှုအဖွဲ့ အစည်းတွေ ယိမ်းယိုင် ပျက်စီးသွားတယ်။ဒုက္ခသည်တွေ ထုနဲ့ဒေး ပေါများလာတယ်။ကလေးတွေလည်း စိတ်အမာရွတ် ထင်ကျန်ရစ်ခဲ့ရတယ်။

ဒီစစ်မက်ပြဿနာတွေရဲ့ အဖြေကို ဖွင့်ဆိုပြသဖို့ရာ ဒီနေ့ကျွန်တော့်မှာ ဘာမှပါမလာပါဘူး။ကျွန်တော်သိတာကတော့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ဆယ်စုနှစ်တွေကြာသည်အထိ ရဲဝံ့စွာလုပ်ဆောင်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာ တူညီသော အမြင်နဲ့ကြိုးပမ်းလုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ဟာ တရားသောစစ်နဲ့ပတ်သက်တဲ့အတွေးအမြင်တွေ၊တရားသောငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆတွေ အကြောင်း နည်းလမ်းသစ်တွေနဲ့ တွေးခေါ်မြော်မြင်ဖို့ လိုအပ်လာပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့  ဘဝအသက်တာတွေမှာ အကြမ်းဖက်အငြင်းပွားမှုကို ချုပ်ငြိမ်းစေမှာ မဟုတ်ဘူးဆိုတဲ့ လက်ခံရခက်တဲ့ အရှိတရားကို အသိအမှတ်ပြုခြင်းနဲ့ပဲ ကျွန်တော်တို့ စကြရမှာဖြစ်ပါတယ်။နိုင်ငံတွေအနေနဲ့   တစ်နိုင်ငံချင်းစီပဲဖြစ်စေ၊အစုအဖွဲ့ လိုက်ပဲဖြစ်စေ လိုအပ်ချက်အရရော၊ကိုယ်ကျင့်တရားအရပါ တရားမျှတစွာနဲ့ အင်အားသုံးတဲ့နည်းလမ်းကိုရှာတွေ့ လာနိုင်မယ့် အချိန်ကာလတွေ ရောက်ရှိလို့လာမှာပ ါ။

ကျွန်တော်ဘာလို့ဒါကိုတွေးမိသလဲဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒီလိုအခမ်အနားမှာ မာတင်လူသာကင်းပြောခဲ့ဖူးလို့ပါ။“အကြမ်းဖက်ခြင်းဟာ တည်မြဲတဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှ ဆောင်ကြဉ်း မလာပါဘူး။ဘယ်လူမှုပြဿနာကိုမှ ဖြေရှင်းမပေးနိုင်ဘူး။ပိုပြီးရှုတ်ထွေးတဲ့အရာအသစ်တွေကိုပဲ ဖန်တီးပေးပါတယ်။´´ဒေါက်တာကင်းရဲ့ ဘဝတာလုပ်ဆောင်မှုကို ဆက်ခံသူတစ်ဦးအဖြစ် ဒီနေရာမှာရပ်ပြီးပြောရ မယ်ဆိုရင် ကျွန်တော်ဟာ အကြမ်းမဖက်ခြင်းဆိုတဲ့ အဟိ  ံသကဝါဒကို အရှင်လတ်လတ်ကြီး သက်သေခံနေသူဖြစ်ပါတယ်။ကျွန်တော်သိတယ်။ဂန္ဒီနဲ့ကင်းတို့ရဲ့ ယုံကြည်ချက်နဲ့ဘဝတွေထဲမှာ ဘာမှ ပျော့ညံ့တာ မရှိဘူး။ဘာမှ ရပ်တန့်တာမရှိဘူး။ဘာမှ အယုံလွယ်လွန်းတာမရှိဘူး။

ဒါပေမယ့် ကိုယ့်တိုင်းပြည်ကို ခုခံကာကွယ်ဖို့ ကျမ်းကျိန်သစ္စာဆိုထားတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်တော်ဟာ သူတို့ရဲ့ စံနမူနာတွေသက်သက်ကိုပဲ လိုက်နာလို့မရပါဘူး။ဒီကမ ္ဘာကြီးကို အရှိအတိုင်း ရင်ဆိုင်တယ်။ပြီးတော့ အမေရိကန်လူထုကို ခြောက်လှန့်နေတာတွေ ကြုံတွေ့  ရတဲ့အခါ ကျွန်တော်ဟာ ဒီအတိုင်းရပ်ကြည့်နေလို့မရပါဘူး။အမှားမလုပ်မိစေဖို့အတွက်ပါ။မိစ္ဆာဟာ ဒီကမ ္ဘာလောကထဲမှာ ရှိကိုရှိနေ ပါတယ်။အကြမ်းမဖက်ရေးလှုပ်ရှားမှုက ဟစ်တလာရဲ့ တပ်တွေကို ဟန့်တားခြင်းမပြုနိုင်ခဲ့ပါဘူး။အယ်လ်ကေးဒါးခေါင်းဆောင်တွေ လက်နက်ချစေဖို့ ဘယ်ဆွေးနွေးညှိနှိုင်းမှုတွေကမှ မစွမ်းဆောင်နိုင်ကြပါဘူး။  အင်အားသုံးဖို့ တစ်ခါတစ်ရံလိုအပ်တယ်လို့ပြောဖို့ဆိုတာ လိုရာဆွဲယူခြင်းတော့ မဟုတ်ပါဘူး။သမိုင်းက သက်သေခံနေပါတယ်။လူမှာ ပြီးပြည့်စုံမှုမရှိခြင်းတွေနဲ့ပါ။အကြောင်းပြချက်မှာလည်း ကန့်သတ်မှုတွေနဲ့ပါ။ အင်အားသုံးဖို့ တစ်ခါတစ်ရံလိုအပ်တယ်လို့ပြောဖို့ဆိုတာ လိုရာဆွဲယူခြင်းမဟုတ်ပါဘူး။သမိုင်းက သက်သေခံနေပါတယ်။

ဒီအချက်ကို ကျွန်တော်ဘာလို့ တင်သွင်းရသလဲဆိုရင် ဒီကနေ့နိုင်ငံများစွာမှာ စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်စနိုးစနောင့်ဖြစ်နေကြလို့ပါ။ဘယ်အကြောင်းကြောင့်လဲဆိုတာ အရေးတော့  မကြီးပါဘူး။တစ်ခါတစ်ရံမှာ အမေရိကကို ကမ ္ဘာရဲ့ တစ်ကိုယ်တော်စစ်အင်အားကြီးနိုင်ငံအဖြစ် ထင်ဟပ်ပြီး သံသယဝင်တာမျိုးနဲ့ ဆက်နွယ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် ကမ ္ဘာကြီးအနေနဲ့ မှတ်သားထားရမှာကတော့ ဒုတိယကမ ္ဘာစစ်ကြီးအပြီး ကမ ္ဘာကိုငြိမ်သက်စေခဲ့တာ နိုင်ငံတကာအဖွဲ့ အစည်းတွေသက်သက်က လုပ်ပေးခဲ့တာမဟုတ်ပါဘူး။စာချုပ်တွေ၊ကြေညာချက် တွေသက်သက်နဲ့ ပြီးခဲ့တာ မဟုတ်ပါဘူး။ကျွန်တော်တို့ ဘာအမှားတွေပဲ လုပ်ခဲ့ပါစေ၊ထင်ရှားတဲ့အချက်က ဒီလိုရှိပါတယ်။ကျွန်တော်တို့နိုင်ငံသားတွေရဲ့ သွေးတွေ၊ကျွန်တော်တို့လက်နက်တွေရဲ့  အင်အားနဲ့ပဲ အမေ ရိကန်ပြည်ထောင်စုဟာ ကမ ္ဘာလုံးဆိုင်ရာလုံခြုံရေးကို စော်င့ရှောက်ဖို့ ဆယ်စုနှစ်ခြောက်စုကျော် ကူညီခဲ့တယ်ဆိုတာကို ပါပဲ။

ကျွန်တော်တို့ရဲ့ အမျိုးသား၊အမျိုးသမီးတပ်ဖွဲ့ ဝင်တွေရဲ့ တာဝန်ထမ်းဆောင်မှု၊အနစ်နာခံမှုတွေကြောင့် ဂျာမနီကနေ ကိုရီးယားအထိ ငြိမ်းချမ်းရေးနဲ့ ဓနဥစ္စာ တိုးပွားကြွယ်ဝစေခဲ့ပါတယ်။ဘော်လ်ကန်လိုဒေသတွေမှာ ဒီမိုကရေစီ ရရှိစေခဲ့ပါတယ်။ဒီလိုကြီးလေးတဲ့ဝန်ကိုထမ်းတာဟာ ကျွန်တော်တို့ ဆန္ဒကို ဖြည့်စွမ်းဖို့ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ အသိစိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့တာပါ။ကျွန်တော်တို့ သား၊မြေးတွေရဲ့  ပိုမိုကောင်းမွန် တဲ့ အနာဂတ်ကို ရှာဖွေကြတာပါ။တခြားနိုင်ငံတွေက သား၊မြေးတွေ လွတ်လပ်စွာ၊ကြွယ်ဝစွာ နေထိုင်ခွင့်ရရင် သူတို့ဘဝတွေလည်း ပိုပြီးကောင်းမယ်ဆိုတာကို ယုံကြည်လို့ပါပဲ။

စစ်မက်ရဲ့ လက်နက်ကရိယာတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အရေးပါတယ်လို့ ဒါကြောင့်ပြောတာဖြစ်ပါတယ်။ပြီးတော့ ဒီသဘောတရားဟာ တစ်ခုအပေါ်တစ်ခုတည်မှီဖြစ်ပေါ်ရပါတယ်။ဘယ်ရွေ့ ဘယ်မျှ တရားမျှတတယ်ဆိုတာ အရေးမကြီးပါဘူး။စစ်မက်ဆိုတာကတော့ လူသားအတွက် အငိုနဲ့ဇာတ်သိမ်းစေမှာ အမှန်ပါပဲ။စစ်သားရဲ့  သတ္တိနဲ့ အနစ်နာခံမှုဟာ တိုင်းပြည်အတွက်၊လက်နက်ကိုင်ရဲဘော်ရဲဘက် တွေအတွက်၊တာဝန်အတွက် စတေးခဲ့တာဖြစ်လို့ ဂုဏ်သရေအပေါင်းခညောင်းနေပါတယ်။ဒါပေမယ့် စစ်မက်ဆိုတာကတော့ ဘယ်တော့မှ ကျက်သရေမရှိပါဘူး။ကျွန်တော်တို့ဟာ ကျက်သရေအတွက်  ဘယ်တော့မှ စစ်ခရာသံပေးမှာမဟုတ်ပါဘူး။