အဖေ………………

nyanayMarch 18, 20111min1216

တချို့က အကြောင်းအမျိူးအမျိုးကြောင့်အိမ်နဲ့ခွဲခွာခဲ့ရတယ် မိဘ မောင်နှမတွေနဲ့ ဝေးကွာခဲ့ကြတယ် ။ ယုံကြည်ချက်တွေနဲ့ထွက်ခွာခဲ့ကြပြီးတဲ့အခါ အောင်မြင်မှုတွေ ရှုံးနိမ့် မှုတွေတလှည့်စီနဲ့ သောကတွေ ပျော်ရွင်မှုတွေ ကြားမှာ အိမ်ကိုတော့သတိရတတ်ကြတယ် မိဘကိုလွမ်းကြတယ် မိသားစုနွေးထွေးမှုကိုပြန်မက်မောတတ်ကြတယ် တချို့က မြို့နယ်တွေခြားလို့တချို့တွေကတော့ နိုင်ငံတွေခြားတဲ့ အထိ မိသားစုဆိုတဲ့နွေးထွေးတဲ့ အရာတစ်ခုအောက်ကနေ အကြောင်းပြချက်အမျိုးမျိုး အကြောင်းအရာအမျိုးနဲ့ ထွက်ခွာလာခဲ့ရပေမဲ့ ဘယ်သူမဆို အိမ် ပြီးတော့ အဖေ အမေ ညီကိုမောင်နှမတွေကို တစ်ချိန်ချိန်တာ့ တမ်းတမိကြမယ်ဆိုတာ မလွဲပါဘူး ကျွန်တော်လို ပဲ အဝေးရောက်နေသူတွေရဲ့ စိတ်ခံစားချက်တွေက ကျွန်တော်ရေးလိုက်တဲ့ ဒီကဗျာလေးနဲ့ထပ်တူကျခဲ့ရင် ခွန်အားပေးခဲ့ပါ အးပေးခဲ့ကြပါ …………………..

အဖေ……………………………………….

ချို ့တဲ့စွာဖြတ်သန်းလို့ကြမ်းတမ်းတဲ့လမ်းကိုလျောက်

သားဖောက်ခဲ့တဲ့လမ်းက မှန်သလား မှားသလား

မသိတော့ဘူးအဖေ……..

သူစိမ်းတွေကြားမှာလှုပ်ရှား မျှော်လင့်ချက်ထားခဲ့တဲ့အောင်မြင်ခြင်း

တရားကိုဦးတည်လို့ သားယုံကြည်တဲ့ အတိုင်း

လျောက်ခဲ့တာ တကယ်တော့စမ်းတဝါးဝါးပါ အဖေ…

စည်းစိမ်တွေဂုဏ်မောက် အလှပနဲ့ အတ္တမာနတွေ

မီးတောက်နေကြတဲ့ လူတွေကြားမှာ အဆင့်တန်းဆိုတာနဲ့

ဖြတ်တောက်လို့ စည်းခြား အဲသည် သဘောတရားတွေနဲ့

လူတွေရဲ့ အကြောင်းသားကောင်းကောင်းမသိသေးပါဘူးအဖေ….

ရှည်လျားတဲ့လောကတောနက်ထဲမှာ လမ်းမှားနေတဲ့

ငှက်တစ်ကောင်လို့ပဲသားကိုယ်သားသတ်မှတ်ခဲ့တယ်

ဘဝဆိုတာ တိုက်ပွဲဆိုရင် သေချာတယ် သား

ပြိုင်ပွဲဝင်နေပါတယ်အဖေ…

အောင်မြင်မှုနဲ့ ရှုူံးနိမ့်ခြင်းနဲ့ ကြွေစေ့တစ်ခုရဲ့

ခေါင်းနဲ့ပန်းဆိုရင် သားနည်းနည်းစမ်းကြည့်ဖို့

အပေါ်ကိုပစ်တင်လိုက်ပြီ အဖေ…အဖြေတစ်ခုတော့ သားပြောပြနိုင်မှာပါ

လူတိုင်းဆပ်ရမဲ့အကြွေးကိုမဆပ်ခင်

သားလက်ခမောင်းခတ်ခဲ့ချင်တယ် အဖေ…….။ ။

ဝန်ခံချက်။ ။ဒီကဗျာလေးကိုကျွန်တော် ဆိုက်တစ်ခုမှာ ဘာမထီဆိုတဲ့ နာမည်နဲ့တင်ခဲ့ဖူးပါတယ်။

6 comments

  • နီလေး

    March 18, 2011 at 4:28 am

    အရမ်းကောင်းတယ် ကိုနေနေရေ တကယ်ကျေးဇူးတင်တယ်နော်

  • white

    March 18, 2011 at 5:08 am

    တစ်ကယ်ကောင်းပါသည် စောင့်ဖတ်နေပါမည်

  • Shwe Tike Soe

    March 18, 2011 at 5:12 am

    အဖေ ရှိနေသေးတဲ့ သူတွေ ဂရုစိုက်ပေးကြပါ။ မရှိမှနောင်တ မရစေချင်ဘူးဗျာ
    အဖေ အမေ တွေရဲ. ကျေးဇူးတွေ ဆပ်နိုင်ကြပါစေ။

  • manawphyulay

    March 18, 2011 at 12:29 pm

    အိမ်နဲ့ဝေးတဲ့သူတွေ အဖေပဲ သတိရကြတာလား အမေကော သတိမရဘူးလား ကိုနေနေ…………..

  • char too lan

    March 18, 2011 at 1:53 pm

    ဟေးးးး အပေါ်က လေးနှစ်လေး နေနေဟုတ်ဘူးဟ
    ညနေ တူညားနာမည်ကို ရမ်းတုတ်နေကြတယ် 😀

  • manawphyulay

    March 18, 2011 at 2:00 pm

    ရမ်းတုတ်တာမဟုတ်ဘူး အမြင်ဝါးသွားလို့ အမှတ်တမဲ့ကြည့်ရင် အဲတိုင်းပဲနော်………. မနောက အဝေးမှုန် အနီးမမြင်ဘူးလေ…… 🙁

Leave a Reply