ရွာအသုဘ တစ်ခု အကြောင်းပြုပြ ီး ရောက်သွားခြင်း (၁)

etoneMarch 18, 20111min885

ကျမ တက္ကသိုလ် တက်တဲ့ နှစ်မှာ ရန်ကုန်က တက္ကသိုလ်ကြီး ဆောက်လုပ်ဆဲ ဖြစ်လို့ … လူပေါင်းသုံးရာက မအူပင် ကွန်ပျုတာ ကောလိပ်မှာ သုံးလ သွားသင်ရပါတယ် … ။ ကံကောင်းလှတဲ့ ကျမ  အဲ့ဒီ လူပေါင်း သုံးရာထဲမှာ တယောက်အပါဝင်ပေါ့… ။ တက္ကသိုလ်ဆိုတာ ရုပ်ရှင်ထဲမှာ မြင်ဖူးတာတော့ သစ်ပုတ်ပင်တို့ ဂျက်စင်တို့ ကန်ဘောင်တို့မှာ လိုက်လျားလိုက်လျား လုပ်လို့ရတာပဲ… အဝတ်စား ဖြူနီပြာဝါ ရောင်စုံ ဝတ်ပြီး မျက်နှာက ကာလာရောင်စုံခြယ်ပြီး စာသင်လို့လည်း ရတဲ့နေရာပေါ့ … ။ အတွဲလေးဘာလေး တွဲချင်လည်း တွဲလို့ ရသေးတယ်လို့ မှတ်တာ …. အခု မအူပင်ဆိုတော့ ဘယ်လိုနေရာမှန်းမသိပဲ စိတ်ထဲ မသွားချင်ပါဘူး ။ အဆောင် နေရမှာ ဖြစ်တာကြောင့် ကျမဘယ်လိုမှ မသွားချင်ပါ … ။ အိမ်ကလူတွေကတော့ ကျမကို သွားတတ်စေချင်ခဲ့တာပေါ့… ရတဲ့အမှတ်၊ ကျမယူထားတဲ့ ဘာသာတွဲမှာ အမြင့်ဆုံးက ဒါပဲမှီတာ ရှိတာရယ် … ခေတ်ကလည်း နည်းနည်း ကောင်းနေတာရယ်ကြောင့် မသွားချင်ပဲ မအူပင်ရောက်ခဲ့ရပါတယ်… ။ မအူပင်မှာ ရောက်တဲ့ ပ ထမ အပတ်ကဆို အိမ်ပြန်ချင်လို့ ငိုလိုက်ရတာ တအိအိနဲ့ …။
တက္ကသိုလ် မတတ်တော့ဘူး အဝေးသင်ပဲ တက်မယ် အိမ်ပြန်မယ်ချည်း ဖြစ်နေခဲ့တာ … ။ အ ဆိုးထဲက အကောင်းလို့ ပြောရမယ် ကျမတု့ိ ဆယ်တန်းတုန်းက အတန်းဖော်၊ ကျူရှင်တတ်ဖော် ၊ တစ်ဖွဲထဲ သူငယ်ချင်း သုံးယောက်လည်း ပါတယ် ….။ သူတို့တွေနဲ့ အမှတ်က မတိမ်းမယိမ်းမို့ ကျမတို့ လူပေါင်း ၃၀ဝကို အမှတ်နဲ့ စဉ်းစားပြီး သွားတတ်ရတဲ့ အထဲ တစ်ဖွဲ့လုံးပါသွားခဲ့ပါတယ်….. ။ မြို့လေးက နေသားကျတော့မှ ကျဉ်းပြီး သွားလာရကောင်းမှန်းသိရတော့တယ် ….. ရန်ကုန်က ဂျီတီအ ိုင်ကျောင်းသားတွေလည်း ရှိပါတယ် … သူတို့လည်း အပို့ခံထားရတာပါ … ။ နောက်တော့ ပျော်စရာကောင်းမှန်း သိရပါတော့တယ် …။ အိပ်ချင်တဲ့နေ့ ကျောင်းမတတ်လည်း ဆူမဲ့လူမရှိပါဘူး … ။ အဝတ်တွေ မလျှော်ပဲ ပုံထားလဲ ဆူမဲ့လူမရှိဘူး … အဲ့လို နေခဲ့ရတာ … ။ လေးယောက်ပေါင်းပြီး လောင်းကျော်ပေါ့ …. ။ ထမင်းကြော်လည်း အရင်က မနက်ပိုင်းဆို မစားတတ်ပါဘူး … ။ နောက်တော့ ဒါပဲ စားစရာရှိတော့ စားဖြစ်ပါတယ်… ကျမရန်ကုန်မှာ စက်ဘီမစီးတတ် ပေမဲ့… မအူပင်မှာ စက်ဘီးစီးတတ်ခဲ့တယ်… ရန်ကုန်မှာ ဖဲမရိုက်တတ်ပေမဲ့ …. မအူပင်မှာ ဖဲရိုက်တတ်ခဲ့ပါတယ် …. ။ ကျမတို့ လေးယောက်က အဆောင် မှူးကိုပြောပြီး နှစ်ယောက်တွဲအခန်း နှစ်ခန်းကို ကပ်လျှက်ယူပါတယ် ပြီးတော့ အလယ်က အပေါက် ဖောက်ပြီး တခန်းနဲ့ တခန်း ကူးတာပေ့ါ… ကျမတို့တွေက အကြောင်းသိသူငယ်ချင်းတွေမို့ နှစ်ယောက်အိပ် ကုတင် နှစ်လုံးစီထားပေးပါတယ်… တစ်ခါတစ်လေ ခုတင်တစ်လုံး လေးယောက်မျှ အိပ်တာ သတိရမိသေးတယ် …။ နှိုးစက်မြည်ရင် ပိတ်ပြီး ပြန်အိပ်တတ်လို့ ခဏခဏ ပထမဆုံး အချိန်နောက်ကျတယ်… ။ ကျမတို့တွေ သူများတွေလို ဘဲတွေနဲ့ လျှောက်မသွားပါဘူး …. လေးယောက်ပဲ အနေများပါတယ်… ။ ကျောင်းသွားချိန် ကျောင်းသွား ပြီးရင်ပြန် အခန်းအောင်းကြတာပါ …။ စာတို ၊ ကဗျာတိုလေး ပေးရဲတဲ့လူတောင် နည်းပါတယ် … ကျမတို့ အုပ်စုက ကျီးအုပ်လိုပဲတဲ့…. ကြိုက်ရင်တောင် ကို့ယို့ကားယားမလုပ်ရဲဘူးတဲ့ ..အားလုံး စွာတော့ ကောင်လေးတွေလန့်ကြပါတယ်လို့ ရန်ကုန်ပြန်ပြောင်းတဲ့ လကမှ အတန်းဖော်ကောင်လေး တစ်ယောက်က ပြောပြတာပါ ။ အခန်းအောင်းပြီး ကျမတို့ လုပ်တာ …. ဖျာလိပ်နတ်မေးရင်မေး… ဒါမှမဟုတ်ရင် ဖဲရိုက် …. ငါးအိမ်မပြည့်ရင် အဆောင်မှူးပါ ခေါ်ရိုက်တာပေါ့… 😀 ဒါမှမဟုတ်ရင် လှိမ့်ပိန့်ပြီး အိပ်တယ် … ။ ဒီလိုနဲ့ …. သုံးလအတွင်း ကျမ ဖဲရိုက်နည်း နှစ်မျိုး သုံးမျိုးလောက်တော့ တတ်လာခဲ့တယ်… ။ အဲ့ဒီတုန်းကတော့ အပျော်ကြေးရိုက်တာပါ… နိုင်တဲ့ပိုက်ဆံနဲ့ ဒိုဗီခ ၊ ထမင်းခ ပေးလို့ရပါတယ် … ။ မဖြစ်စလောက် ကားခမျှ ငွေလေး များလာတော့လည်း မုန့်စားလို့ရတာပေါ့… ။ ရုံးတဲ့တယောက်ကိုလည်း ပြန်ချေးလို့ရပါတယ်… ကျမတို့ ပိုက်ဆံ အ ချင်းချင်းကြားမှာ ပြန်လည်နေတာပေါ့ … ။ အဲ့ဒီကနေ ပါလာတဲ့ အကျင့် ဖျောက်မရပါဘူး … ။
တစ်ခါတစ်လေ ယောက်မတို့အိမ်မှာ သူတို့ညီမတွေ ဖဲရိုက်ရင် သွားဆော့တတ်ပါတယ်… ။ ကျမအလုပ်မလုပ်သေးခင်က အားနေတာကိုး …။ ယောက်မမှာ ညီမလေးယောက်ရှိတယ် သမီးတွေချည်း သူ့အမေက မွေးထားတာ သူနဲ့ဆို စုစုပေါင်း ငါးယောက်ပေါ… ။ မိန်းမတွေချည်း ပျင်းတော့ ဖဲစုရိုက်ပါရော… ။ ဒီကနေ အကျင့်ပါလာလိုက်တာ … သူတို့ရဲ့ ဖွားအေ ဆုံးပါရော… ။ ဆုံးတာက ရွာမှာပါ… တိုက်ကြီးရွာလေးမှာပါ… မြို့ထဲကနေ တစ်နာရီခွဲလောက်သွားလျှင်ရောက်ပါတယ် … လှည်းကူး သွားတဲ့ လမ်းအကျော်မှာပါ… ဒုတိယအကြိမ် ရွာကို လိုက်သွားခြင်း အဖြစ် ကျမ ရည်ရွယ်ချက်ကြီးကြီး ဖဲရိုက်ရန် လိုက်သွားခဲ့ပါတယ်… ။ ရွာမှာ အသိမရှိတာမို့ ကျမရွာဆိုရင် သွားကြည့်ချင် စူးစမ်းချင်တာပေါ… ။ ဒီရွာလေးကတော့ ပထမဆုံး ရောက်ခဲ့တဲ့ စစ်တောင် းရွာထွက် ပိုပြီး ဖွံ့ဖြိုးတယ် … ။ ကားတော့ တစီးမှ မရှိ ၊မီးလည်း မရှိပေမဲ့ ယင်လုံအိမ်သာရှိတယ်… ။ အိမ်အများစုမှာ ဘတ်ထရီနဲ့ တီဗွီကြည့်တယ် ၊ မီးထွန်းတယ်… ။ ရေတွင်းအပြင် ရေလှောင်ဖို့ အုတ်ရေကန်လေးတွေလည်းရှိတယ် … အိမ်အားလုံးက သစ်သားအိမ်တွေချည်းပါ… ခြံဝိုင်း တစ်ခုနဲ့တစ်ခုကြား ဝါးကပ်တွေနဲ့ ခြံခတ်ထားတယ်…. ။ ရွာကို နာရေးနဲ့ လိုက်သွားပေမဲ့…. စိမ်းစိမ်းစိုစိုလယ်ကွင်းတွေမြင်ရတာ ပျော်သလိုလိုပါပဲ… ။ ရွာ စပါးခင်း ကန်ဘောင်ရိုးမှာ လမ်းလျှောက်ရတာကလည်း စိတ်လက်ပေါ့ပါးစေပါတယ်…။ ရွာထဲကို ကားဝင်လို့မရတော့ ကျမတို့ ရွာထိပ်က ဘုန်းကြီးကျောင်းနားမှာ ကားတွေရပ်ပြီး လမ်းလျှောက်ရပါတယ် … ရွာထဲရောက်ဖို့ ငါးမှတ်တိုင်လောက်လမ်းလျှောက်ရတယ်…။ ရွာထဲရောက်တော့ တကယ့်ကို အုံ့အုံ့ မှိုင်းမှိုင်း သစ်ပင်ကြီးတွေနဲ့ ရွာလမ်းလေးက လှပနေပါတယ်…. ရွာလမ်းက တလမ်းထဲရှိပြီး ရှည်လျားပါတယ်…။ နာရေး အ ိမ်သို့ ရောက်ပါပြီ …။ ရေခဲတိုက်မရှိတာကြောင့် သူတို့ ဓလေ့ထုံးစံအတိုင်း ခြံဝိုင်းရှေ့ အိမ် အပြင်ဘက် ခြံစည်းရိုးနဲ့ ကပ်လျှက်မှာပဲ အလောင်းကို ရှစ်ပေလောက်အမြင့်ရှိတဲ့ စင်ပေါ်တင်ထားပါတယ်… ။ သုံးရက်ထားတယ်လို့လည်း သိရပါတယ်….။ တောပန်းလေးတွေကို ဟမ်းမိတ်လက်ဖြစ် ရွာသားတွေက စုပေါင်းပြီး အလှပုံအမျိုးမျိုးဖော်ကာ ပန်းခက် ပန်းခွေများလုပ်ပြီး အလောင်းပေါ်နှင့် အလောင်းထားရာစင်ပေါ်တွင် အလှအပများ အဖြစ် ဆင်ယင်ထားပါတယ်… ။ ထူးခြားချက်မှာ အုန်းလက်ဖြင့် ခေါက်သော ပန်းထိုးနည်းဖြစ်ကြောင်း မြင်ခဲ့ရသည် … ။ ကျမလည်း ဓါတ်ပုံရိုက်ပြီး မှတ်တမ်းပြုမည် စိတ်ကူးသော်လည်း နာရေးဖြစ်သဖြင့် လူများ ဝိုင်းရိုက်မှာကြောက်ကာ လက်လျှော့ခဲ့ရသည်… ။ အလောင်းစင် အောက်တွင်ခုံတလုံးဖြင့် အုန်းသီး၊ငှက်ပျောသီးပွဲတစ်ပွဲပေးထားတာ တွေ့ရသည် … ။ ကျမ တစ်သက် တာတွင် ပထမဆုံး အကြိမ်ရွာ အသုဘ အခင်းကျင်းကို မြင်တွေ့ခဲ့ခြင်းဖြစ်သဖြင့် အစစအရာရာ စူးစမ်း လိုစိတ်များ ပြင်းပြလျှက်ရှိသည် ။ အသုဘမှာ မီးသဂြိုလ်မည် ဟုသိရသောကြောင့် ကျမအံ့အားသင့်မိသည် ။ အအေးတိုက်တောင် မရှိသော နေရာတွင် မီးသဂြိုလ်စက်ရော ရှိပါ့မလား ဟု သိချင်စိတ် ဖြစ်မိပြန်သည် ။ ယောက်မကို မေးကြည့်တာ့မှ ရွာမှ ရှေး ရိုးရာနည်းဖြင့်သာ မီးသဂြိုလ်မှာဖြစ်တယ်လို့ ပြောပြပါတယ်… ။ မကြာခင် မီးသဂြိုလ်ရာသို ့ ပို့ရမည် ဖြစ်သဖြင့် ဆွေမျိုးများ နှင့် သားသမီးများ နောက်ဆုံး အကြိမ် ကန်တော့ကြသည် ။ ကျမကတော့ ဆွေးမျိုး နီးစပ် မတော်ဟု ခံယူထားသဖြင့် မကန်တော့ခဲ့ပါ … ။ အသက်ရွယ်အားဖြင့် ကိုးဆယ့်ရှစ်နှစ်ရှိပေပြီ … မျက်နှာမှာလည်း အလွန် သေပန်းပွင့်သည်ဟု ဆို နိုင်သည် ။ ပကတိ လူသားတယောက် လဲလျောင်းနေသလိုပင် ထင်မိသည် … ။ အလောင်းကို စင်ထက်မှ ချရန် ဘယ်လို လုပ်မလဲ တွေးနေစဉ် သစ်ပင်တွင် ချိတ်ထားသော ကြိုးကို လူတယောက်က ဖြည်လိုက်တာနဲ့ အလိုလို အလောင်း စင် မြေပေါ် နိမ့်ကျလာသည် … မြေနှင့် မထိစဉ်ပင် ရွာသားလေးငါးယောက်က ဖမ်းပြီး မထားလိုက်သည် … ။ပြီးနောက် အားလုံးမတိုင်ပင်ထားပဲ လောင်းစင်ကြီးကို ခြံပြင်သို့မသွားသည် မသွားတာကလည်း ဒယိမ်းဒယိုင်ရယ် … ခုန်တဲ့လူကလည်း ခုန်သေးသည် စင်ကြီးကို မြှောက်လိုက်ချလိုက်လည်း လုပ်သေးသည် ဘယ်ညာလည်း ယိမ်းသေးသည် ။ ကျမစိတ်ထဲ အတော် လက်သရမ်းတဲ့လူတွေလို့ ထင်မိပါတယ်… ကောင်းကောင်းမကိုင်ပဲ ရွဲ့စောင်းနေတာ ဒါလုပ်စရာလားပေါ့… ပါးစပ်ကလည်း သံချပ်လိုဟာတွေ ရွတ်ပါသေးတယ်… လိုက်မလား မလိုက်ဘူး ဆိုတာမျိုးပေါ့… ။ မတော်ပြုတ်ကျလို့ ဒုက္ခမများပေဘူးလား .. ကျမအတွက်တော့ အရာရာက အထူးဆန်းတွေချည်းပါပဲ ။ အဖွားအိုက ပိန်ပိန်ပါးပါးပါပဲ … ။ ဘေးက အဆင်ယင်တွေကလည်း ပေါ့ပေါ့ ပါးပါး ပါ ။ ဘာလို့များ လူ ခြောက်ယောက်လောက်က ဝိုင်း ထမ်းနေကြတာလဲလို့ စပ်စုစိတ် ဝင်မိပြန်တယ် ။ သူတို့ အားစိုက်ပြီး မထားတာ မြင်ယုံနဲ့ သိသာပါတယ်… ကျမစိတ်ထဲ လူတွေ တယ်လဲ ဟန်လုပ်ကောင်းပါလားပေါ့.. ပ ိန်ပိန်အဖွားအိုကို မတာ လူခြောက်ယောက်တောင် သုံးစရာလားပေါ့… ။ ပေါ့ပါးမနေပဲ လေးတွဲနေတာကိုတော့ သတိထားမိပါတယ် … ။ ပြီးတော့ သုဿာန် ဆီကို သွားတဲ့လမ်းအတိုင်း သယ်မသွားတာ မြင်လိုက်ရပါတယ် … ။ရန်ကုန်ပြန်ရောက်လို့ မေးကြည့်တော့မှ အဲ့ဒါ အလောင်းကစားတာလို့ ခေါ်ပါတယ်တဲ့…သံချပ်သီချင်းတွေလည်း ဆိုရပါတယ်တဲ့… ။ အလောင်းကို လူအများကြီး မရတာက အလောင်းကစားတဲ့အချိန်ဆိုရင် အလောင်းကသာမန် အချိန်ထက် အလေးချိန်ပိုများနေလို့ပါတဲ့….. ။ သဂြိုလ်ခါနီးလေ… ပိုလေးလေ ဖြစ်ပါတယ် လူကြီးတွေက ပြောပါတယ် ။

5 comments

  • nozomi

    March 18, 2011 at 11:32 am

    အီးတုံး အခုနေတဲ့ အိမ်လိပ်စာ ရဲစခန်း ကမေးနေပါတယ်….

    နောက် …တစ်ဝိုင်းပြည့်ဘို့ ဘယ်နှစ်ယောက် လာခဲ့ ရမလဲလို့ ထပ်မေးပါတယ်
    အမြန်အကြောင်းကြားပါ

  • char too lan

    March 18, 2011 at 1:41 pm

    ကျနော်လဲကြားဖူးတယ် အဓိပ္ပာယ်မရှိဘူးထင်တယ်ဗျ
    ကြောက်စရာလဲကောင်းတယ်

  • onlinezz

    March 19, 2011 at 3:35 am

    အသိတစ်ယောက် ပြင်ဦးလွင်က ရွာတစ်ရွာမှာ ဆုံးတုန်းက နာရေးသွားမေးတာ အဲဒီလိုပဲ အလောင်းကို ကစားတာ မြင်ဘူးတယ်။အဲဒီတုန်းက အလောင်းတင် မဟုတ်ဘူး။ အခေါင်းကြီးထဲ အလောင်းထည့်ပြီး ကစားတာ။ မြင်ရတာနဲ ့ကြက်သီးထစရာ ကောင်းတယ်။ မတော်ပြုတ်များကျရင်လို ့တွေးပူမိတာ ပြုတ်မကျဘူးရယ် …

  • weiwei

    March 19, 2011 at 4:06 am

    အီးတုံးရေးတာဖတ်ပြီး ဂျီဟောလ်ဆောင်မှာ လေးယောက်တစ်ခန်းနေပြီး သောင်းကျန်းခဲ့တာတွေကို သတိရသွားတယ် ..
    အီးတုံးလိုတော့ စီကာပတ်ကုံး မရေးတတ်ဘူး …
    မဝေတို့ကတော့ ၄ ယောက်ထဲနဲ့ တစ်ဝိုင်းဖြစ်ပါတယ် … 😛 😛

    • etone

      March 21, 2011 at 2:01 am

      မဝေရေ… ဂျီဟောဆောင်မှာ နေခဲ့တာလား…။
      ဒါကြောင့် ထင်တယ် ဂျီဟောလ်သူ ဆိုတဲ့ ဝတ္တု ထွက်ခဲ့တာကိုး 😀

Leave a Reply