Bill Gate ကို ဖွင့်ကြည့်ခြင်း

zoxnetMarch 20, 20111min1092

ကျွန်တော် Facebook ထဲမှာ ကျင်လည်နေတုန်း အင်္ဂလန်က ကျွန်တော့်မိတ်ဆွေ တစ်ယောက်ရဲ့ Wall ထဲကို ခြေချမိပါတယ်။ အဲဒီမှာ အမှတ်မထင် သူကိုယ်တိုင် ဖန်တီး ရှာဖွေ မှတ်တမ်းတင်ထားတဲ့ Microsoft ဖခင်ကြီး Bill Gate ရဲ့ အတွင်းရေးလေးတွေကို ဖတ်မိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် နှစ်သက်မိသလို ရောင်းရင်းတို့တွေလည်း အမှတ်ထားမိစေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်ပို့စ်အဖြစ် တင်လိုက်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ရေး မဟုတ်သလို စာသားအစအဆုံးကို သူ့ဆီကပဲ ကော်ပီ၊ ပေ့စ် လုပ်ပြီး တင်လိုက်ခြင်း ဖြစ်ပါတယ်။

Bill Gate ဆိုသူသည်……………………

၁။ စက္ကန့်တိုင်းလျှင် အမေရိကန်ဒေါ်လာ ၂၅ဝ ဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂ဝ ဝင်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။

၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှ ပြန်ကောက်လိမ့်မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့် တွင်ပင် သူသည် ဒေါ်လာတစ်ထောင် ပြန်လည်ရရှိခဲ့ပြီး ဖြစ်သောကြောင့်တည်း။

၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါအကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁ဝ နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားပေလိမ့်မည်။

၄။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော် ၎င်းအိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။

၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော မိုက်ကယ်ဂျော်ဒန် ၂၂ရ နှစ်ခန့် မစားမသောက်ပဲစုမှ ရရှိမည့် ဝင်ငွေသည် ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကို မှီနိုင်မည်။

၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမာ္ဘပေါ်တွင် ၃ရ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လိမ့်မည်။

၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက ကမာ္ဘမှ လကမာ္ဘအထိ စီတန်းနိုင်ပြီး အသွားအပြန် ၁၄ကြိမ် စီတန်းနိုင်မည်။ ထိုသို့ ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀ဝ ကြာမြင့်မည် ဖြစ်ပြီး ဘိုးအင်း ၇၄ရ လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည် ဖြစ်သည်။

၈။ အသက် ၉ဝ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသော အသက်အရွယ်မှ မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင် ၆.၇၈ သန်း သုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိုင်ပေမည်။

၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲနေကြသော Windows သမားများသည် Microsoft Windows Error တက်စဉ်တိုင်း (သို့) Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန် တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကို တောင်းခံရမည် ဆိုပါက သူသည် ၃ ရက်အတွင်း ဒေဝါလီ ခံသွားရနိုင်ပေသည်။

ဟုတ်ကဲ့ပါ။ ဖတ်ပြီး၊ တွေးပြီး နည်းနည်းလေးတော့ ပြုံးမိမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။

2 comments

  • Shwe Tike Soe

    March 21, 2011 at 3:04 am

    အတွေအခေါ်ကတော့ စံပဲဗျာ
    ဟဟဟ မိုက်တယ်

  • dream

    March 21, 2011 at 8:52 am

    တွေးလဲ တွေးတတ်ပါ့
    Bill Gate ခမျာ အမြင့်ကနေ လွှတ်ချခံလိုက်ရလို့ ခါးနာသွားတယ်တဲ့ 🙂

Leave a Reply