မျိုမလား၊ ထွေးမလား

zoxnetMarch 24, 20111min923

ရန်ကုန်မှာ ကွမ်းစားတဲ့သူ တော်တော်များပါတယ်။ မြန်မာနိုင်ငံမှာလို့ ပြောရင်လည်း ပြောနိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးရဲ့ မြို့ပြမှာရော၊ တောရွာမှာပါ လမ်းပေါ်ကြည့်လိုက်ရင် ကွမ်းတံတွေးကွက်တွေကို နေရာအနှံ့ တွေ့မြင်နေရပါတယ်။ မြို့ပြက ကတ္တရာမည်းမည်းတွေဆိုရင်လည်း ကြက်သွေးရောင် ကွက်လေးတွေရဲ့ အလှဆင်ခြင်းကို ခံစားနေကြရပါတယ်။ ဘယ်သူတွေ အလှဆင်နေကြသလဲ ဆိုတာကတော့ ကာယကံရှင်တွေပဲ သိလောက်မယ် ထင်ပါတယ်။ ကွမ်းစားတာဟာ အဟာရပြည့်သည်ဖြစ်စေ၊ ကျန်းမာဝဖြိုးစေသည် ဖြစ်စေ ဘယ်လို အကျိုးတွေရှိနေသလဲ ဆိုတာကို သိစရာမလိုဘူးလို့ ထင်ပေမယ့် ကွမ်းထဲမှာပါတဲ့ ဆေးတွေဟာ လူကို ဘယ်လိုဆိုးကျိုးတွေ ပေးတယ်ဆိုတာကတော့ ကျန်းမာရေးပညာရှင်တွေ ကနေပြီး အမျိုးမျိုး အသိပညာပေးမှုတွေ ပြုလုပ်နေကြပါတယ်။ အိုကေ။ ဒါဆိုရင် ကွမ်းကို ဆေးတွေ မထည့်ပဲ စားမယ်ဆိုရင်ရော လူကို ဘယ်လိုအကျိုးယုတ် စေနိုင်မလဲ။ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်နိုင်မလား။ ကွမ်းထဲမှာ မပါမဖြစ်ထည့်စားရတဲ့ ကွမ်းသီးနဲ့ ပတ်သက်ပြီး ဒေါက်တာ ခင်မောင်လွင် (FAME) က သုတေသန ပြုပြီး ရှင်းပြထားပါတယ်။ အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ။

ကွမ်းသီးမှာ –

မူးယစ် စေသော ဓါတ်များ ဖြစ်တဲ့ Narcotic Alkaloid (4) မျိုးပါပါတယ်။ ၎င်းတို့မှာ (1) arecholine (2) arecholidine (3) guvacoline (4) guvacine တို့ ဖြစ်ပါတယ်။

နောက်ပြီး ကွမ်းသီးမှာ tannin ပါတဲ့ အတွက် သွားကို stain ဖြစ်စေလို့ ကွမ်းယာထဲမှာ ထည့်စားရင် ပါးစပ်၊ နှုတ်ခမ်း နှင့် မစင်တွေမှာ အနီရောင် တွေ ဖြစ်သွားပါတယ်။ နောက်ပြီး ကွမ်းသီးဟာ သန္ဒေသားဥရဲ့ သားအိမ်နံရံသို့ တွယ်ကပ်ခြင်း (implantation) ကို တားဆီးသည့်အပြင် implantation ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ပျက်ကျစေရန် အားပေးလို့ ကိုယ်ဝန်ဆောင်တွေမှာ သုံးလျှင် သားပျက်သားလျှော ဖြစ်နိုင်ပါတယ်။

ကွမ်းသီးမှာပါတဲ့ toxic(အဆိပ်) ဖြစ်စေတဲ့ အပိုင်းကို ကင်းစင်အောင် လုပ်တဲ့ နည်းစနစ်ကတော့ ဒီနေ့အထိ သေသေချာချာ လုပ်ထားတာ မရှိသေးလို့ အသေးစိတ် ဆက်လေ့လာ ဖို့လိုပါတယ်။

ကွမ်းသီးမှာ ကင်ဆာဖြစ်စေတဲ့ carcinogen ပါပါတယ်။ အဓိက ကတော့ Arecaidine ဖြစ်ပါတယ်။ ကွမ်းသီးကို ဆေးရွက်ကြီး နှင့် ရောပြီး ရေရှည်သုံးစွဲမယ်ဆိုရင် oral cavity မှာ nitrosamine formation ဖြစ်ပြီး oral cancer ခံတွင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

ကွမ်းသီးကို တိရိစာ္ဆန် (vetenary medicine)မှာ သံချဆေး (vermifuge) အနေနဲ့ အသုံးပြုပါတယ်။ သူ့မှာ antiviral, antifungal properties ရှိတဲ့အတွက် Chinese medicine မှာတော့ chronic hepatitis, edama, oliguria, diarrhoea, digestive problem တွေမှာ သုံးပါတယ်။ Indian medicine မှာတော့ Laxative အနေနဲ့ သုံးပါတယ်။ ကွမ်းသီးက အဆိပ်ကို ဖယ်ပြီး သုံးနိုင်မယ်ဆိုရင်တော့ စားသုံးသင့်ပါတယ်။ ဒါပေမယ့် လူတွေမှာ ဆေးအဖြစ်သုံးတာတွေ တွေ့ရနည်းလို့ မသုံးစေချင်ပါဘူး။

Dr. Khin Maung Lwin (Managing Director)(FAME Pharmaceuticals)
Honorary Professor
M.B.B.S:Ph.D (Alternative Medicine)
Dr. Business Administration (Management in Pharmaceutical Industry)
Member of the International Herb Association (USA)
Member of the British Herbal Medicine Association (UK)

တွေးဆ မျှော်မြင် ကျင့်သုံးနိုင်ကြပါစေ။

3 comments

  • Gong Zhu

    March 26, 2011 at 6:06 pm

    ပြီးတော့ ဉာဏ်ရည်ကို လည်းထိခိုက်စေပါတယ်တဲ့

  • paukpauk

    March 27, 2011 at 3:18 pm

    မြန်မာတွေ ကွမ်းစားပြီး တပြစ်ပြစ် ထွေးတာလောက် ရွံစရာကောင်းတာ မရှိဘူး။
    ကားပေါ်ကလဲထွေးချတယ်။
    လမ်းသွားရင်းလဲ ထွေးတယ်။
    ပတ်ဝန်းကျင်ကို အရမ်းညစ်ညမ်းစေပြီး
    ကောင်းကျိုးလဲ သိပ်မရှိလှတာမို့ မထိန်းသင့်တဲ့ရိုးရာဓလေ့လို့ထင်ပါတယ်။

  • unclegyi1974

    March 27, 2011 at 3:42 pm

    ရှေးမြန်မာများကွမ်းစားတာတနေ့မှ၂ ကြိမ် ၃ ကြိမ်
    စားတာပါ စားရင်လည်းလမ်းသွားရင်းမစားပါဖူး
    ကိုယ့်အ်ိ်မ်မှာအလုပ်မှာထွေးခံနဲ့သေချာကျကျနနစား
    တာပါ ဟိုးတုန်းကအခုခေတ်လိုပါးစပ်အနံပျောက်
    ဆေးရည်တို့ ငုံဆေးပြားတို့ ဘာမှမရှိပါဖူး
    ကွမ်းကိုပဲ ပါးစပ်အနံပျောက်ဆေးအနေနဲ့သုံးခဲ့တာ
    လို့ထင်ပါတယ်
    အခုခေတ်မှာကအရင်ခေတ်နဲ့စားသုံးမှုအတော်ကွာ
    သွားပါပြီ တနေ့တနေ့ လူတယောက်ကွမ်းစားတာ
    တနေကုန်လောက်ပါးစပ်ကဝါးနေတာပါ
    ဘာဖြစ်လို့လည်းလို့အဖြေရှာကြည့်လိုက်တော့
    ကွမ်းထဲမှာ ဗမာဆေး ကုလားဆေး အကုန်ထည့်ပြီး
    အာရုံကြောမူးရစ်ရီဝေတာကိုအရသာခံနေကြတာပါ
    စားရင်လည်းစည်းမရှိတော့ပါဖူး
    ကိုယ်ကြိုက်လို့ကိုယ်စားတာကကိစ္စမရှိပေမဲ့
    တွေ့ရာကွမ်းသွေးထွေတာကအတော်စည်းမရှိတဲ့
    ကိစ္စဖြစ်နေပါပြီ မြန်မာတွေပြုပြင်ဖို့ကောင်းနေပြီ
    ဖြစ်တဲ့ကိစ္စတွေထဲမှာတခုအပါအဝင်ဖြစ်နေ
    ပြီလို့သာပြောလိုက်ချင်ပါရဲ့

Leave a Reply