သပြေတန်းခံတပ်ရဲ့အနောက်ဘက်ခြမ်း


ဒါကတော့ သပြေတန်းခံတပ်ကို အနောက်ဘက်က နေမြင်ရတဲ့မြင်ကွင်းလေးပါဘဲ။
ဟိုရှေးရှေးတုန်းကသုံးတဲ့ အမြောက်လေးကိုတောင် တွေ့နိုင်ပါသေးတယ်။

5 comments

  • bigcat

    April 2, 2011 at 1:54 am

    မြန်မာတွေဆောက်ပြီး မတိုက်လိုက်ရတဲ့ ခံတပ်လေ။ မသိရင် ပုရဝဏ်ရှိတဲ့ ဂူဘုရားနဲ့ မှားနိုင်တယ်နော်။

  • kai

    April 2, 2011 at 8:46 am

    ပြောရရင်. ပုဂံ မွန်ဂိုတွေဝင်လာတော့.. ပုဂံဘုရားပုထိုးက..ဌာပနာတွေနဲ့ အုပ်တွေယူပြီး ခံတပ်ဆောက် စစ်စရိတ်လုပ်ခဲ့တယ် မှတ်ဖူးတယ်..။ ကြုံလို့ပြောတာပါ..။

    အခု..ခံတပ်က.. အုပ်ကို ဘိလပ်မြေအချောကိုင်ထားသလိုပဲ..။ မင်းတုန်းမင်းလက်ထက်ကဆောက်တဲ့ အဲဒီခံတပ်မှာ.. အဲဒီခေတ်က ..ဘိလပ်မြေအချောကိုင်တတ်နေပြီလား..မသိ..။

    ထားပါတေ့ာ..။
    ပြောချင်တာက… ခံတပ်တွေရော.. တော်လှန်သူတွေရော.. စာတစောင်နဲ့ ရပ်ကုန်တာပဲ..။ဘာတဲ့..
    သီပေါမင်းထုတ်ပေးလိုက်တဲ့..
    အင်္ဂလိပ်ကိုမတော်လှန်ရ.. တော်လှန်သူ သူပုန် ဆိုလားပဲ..။

    မှတ်ထားကြနော..။
    အာဏာရှင်ရော..။ ဘုရင်ရော.။ အစိုးရရော.. တကယ်တန်းပြုတ်တော့..
    စာတစောင်ထဲပဲ..။

  • လင်းဝေကျော်

    April 4, 2011 at 3:33 am

    မြန်မာပြည်က တိုးလုပ်ငန်းတွေ ခံတပ်ကိုပြမစားတတ်။ အင်းဝကို ပြမစားတတ်ကြဘူး။
    ဘုရားပဲခေါ်ပြတတ်တယ်။

  • ဆူး

    April 4, 2011 at 7:52 am

    တော်လိုက်တာ.. တိုးနဲ့ ခရီးသွားရင် ဘာမှ မဟုတ်တာ အဟုတ်လုပ်ပြီး သွားသွား ပိုက်ဆံ ပေးကြည့်နေရတယ်။
    မြန်မာတွေကလည်း ခရီးသွားဆို ဘုရားဖူး ဆိုတာ နုတ်တော်တော် ကျိုးနေပြီ။
    ခရီးသွားမလို့ ဆိုရင် ဘုရားဖူးလားတဲ့.. ဘုရားဖူး မဟုတ်ရင် မသွားချင်ဘူးတဲ့.. တချို့ကျတော့လည်း အဲဒီမှာ ဘုရားရှိလို့လားတဲ့.. ပြစားသင့်နေပြီ.. ပိုက်ဆံ ကဲ့ယူစရာ နေရာတွေ အများကြီး… သမိုင်းစာအုပ်ပေး ပြပြပြီ.. ဘာညာကွိကွ ပြောပေးရင် တော်တော်ဟုတ်နေပြီ။

  • kopauk mandalay

    April 4, 2011 at 11:52 am

    ကိုလင်းရေ
    ဟုတ်ပါတယ်ဗျာ။
    ကျွန်တော်က ဟိုနေရာရောက် ဒီနေရာရောက် ခြေဗွေပေါက်တဲ့လူပါ။
    တိုးဂိုက်တွေက ဘုရားတွေကိုသာခရီးစဉ်ပါသလိုဘဲ။
    ဒီစစ်ကိုင်းနား အင်းဝနားဖြတ်သာသွားတယ် ဒီခံတပ်ကို ဘယ်သူမှ ဝင်ပြရကောင်းမှန်းမသိဘူး။
    အခုအချိန်မှာစစ်ကိုင်းတံတားအသစ်ကဘဲသွားကြတာများတယ်။
    အဟောင်းနားကို လူအဖြတ်အတော်နည်းသွားတယ်။
    ဒီတော့ ကလေးတွေ သိအောင် သိတဲ့မိဘက ကလေးတွေကိုပြရအောင် တင်ပေးတာပါ။

Leave a Reply