မေတ္တာပို့နည်းအကြောင်း

nyanayMarch 29, 20111min107

ချောကလက်မြို့တော်က grace khine ရဲ့ blog ကို ပြန်လည်မျှဝေပေးချင်တာပါ တန်ဖိုးရှိတဲ့ ပို့စ်လေးတစ်ခုဖြစ်တာကြောင့်မသိသေးသူတွေအတွက် လည်း ပိုပြီးတန်ဖိုးရှိစေမှာပါ တကယ်လို့များ ဒီပို့စ်လေးကိုတင်ထားပြီးသားဖြစ်နေ့ခဲ့ ရင် နားလည် ပေးပါလို့ကျွန်တော် ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ် ဖတ်ကြည့်လိုက်ကြပါဦး…..

အမြင့်မြတ်ဆုံး ဘဝနေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘဝနေနည်း လေးမျိုးဆိုတာ—

(၁) မေတ္တာဖြင့် နေခြင်း

(၂) ကရုဏာဖြင့် နေခြင်း

(၃) မုဒိတာဖြင့် နေခြင်း

(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊

“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊

‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊ စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးကိုလည်း ငုံမိစေတဲ့ တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ “မေတ္တာ”ဟူသည် “အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊

သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ ဘာသာစကားခြင်းမတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ ပို့လို့ရပါသလားဟုမေးလျင်–ရသည်ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊

မေတ္တသုတ်တွင် မေတ္တာပို့မည့်သူ၌ ထားရှိရမည့် စိတ်ဓာတ်ကို ဤသို့ဖော်ပြထားပါသည်–“ရင်သွေး တစ်ဦးတည်းသာရှိသောမိခင်သည် ထိုရင်