ယ္ခု သီတင်းပတ်အတွက် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ်သတင်းများ (၂၂.၄.၂၀၁၁-၂၈.၄.၂၀၁၁), interesting news (22.4.2011-28.4.2011)

erosApril 22, 20111min197

နိုင်ငံခြား သင်္ဘောကြီးများ တန်ချိန် ၁၅၀၀ဝမှ တန်ချိန် ၃၅၀၀ဝ ထိတိုးမြှင့်ဝင်ရောက်နိုင်ရန် ရန်ကုန် မြစ်ကြောင်းအား ပြုပြင်သွားမည် ဖြစ်ကြောင်း

အဆိုပါသတင်းတွင် နိုင်ငံခြား သင်္ဘောကြီးများ တန်ချိန် ၁၅၀၀ဝမှ တန်ချိန် ၃၅၀၀ဝ ထိတိုးမြှင့်ဝင်ရောက်နိုင်ရန် ရန်ကုန် မြစ်ကြောင်းအား ပြုပြင်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရှိရကြောင်း ပြုပြင်ခြင်းကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဦးဆောင်မှုဖြင့် ပုဂ္ဂလိက ကုမ္ပဏီဖြင့်

7 comments

  • eros

    April 22, 2011 at 7:46 am

    ဒီတပတ်ကတော့ဗျာ eleven media group က သတင်းတက်တာပဲရှိတော့ အဲဒီဆိုက်ထဲက ချည်းပဲဖြစ်လို့ အားနာတယ်ဗျာ။

  • kai

    April 22, 2011 at 8:34 am

    Apk Cartoonist
    ယနေ့ အယောက် ၄ဝ လွတ်ပြီဟု ကြား။ ဘယ်သူတွေ ပါမှန်း မသိသေး။ ၂၄ ရက်နေ့မှာ ၆၉၄၂ ယောက် လွတ်မယ်လို့ ပြောသံကြား။

  • winkyawaung

    April 22, 2011 at 8:38 am

    ကျွန်တော်တို့ SHADE ဂျာနယ်ကလည်း သတင်းတက်ချင်ပါတယ်။ ဒီဆိုဒ်ကိုတက်ရတာလား။ eros ဆီပို့ပေးရတာလား။ အဲဒါဆို ဘယ်လိုတက်ပေးရမည်လဲ ဆရာရေ..။

    • bigcat

      April 23, 2011 at 3:32 am

      ဒီအပတ် ၂၀-၂၆ ဧပြီလထုတ် ခင်ဗျားတို့ ရှိဒ်မဂ္ဂဇင်းမှာပါတဲ့ ကိုပေါက်(မန ္တလေး) ဆိုတာ ကျုပ်ဦးလေးပေါ့ဗျ……

  • eros

    April 22, 2011 at 9:00 am

    SHADE ဂျာနယ် က web address ပေးပါလား။ ကိုယ့်ဘာသာကိုယ် သတင်းအကျဉ်း တင်ရင်လည်းရပါတယ်။ ကျွန်တော် အခုလုပ်နေတာတွေက တခြား သတင်းမီဒီယာ ဆိုက်က သတင်းအပုဒ်လိုက်တွေ ကူးတင်နေတာတွေ လျော့ပါး ပပျောက်သွားအောင်ပါ။ အင်တာနက်ပေါ်မှာ သတင်းဖတ်လေ့ရှိသူတွေဟာ အခြားသတင်းဆိုက်တွေလည်း ဖတ်လေ့ရှိပါတယ်။ ဒီတော့ တချို့ ဟာတွေ တော်တော်များများက ဖတ်ပြီးသားတွေဆိုတော့ စာမျက်နှာပုတ်တာပဲ အဖတ်တင်တယ်။ နောက်ပြီး ကိုယ်ပိုင် အတွေးနဲ့ တကယ်စာရေးထားတယ့် စာကောင်းတွေက နောက်စာမျက်နှာတွေရောက်ပြီး မဖတ်ဖြစ်ကျတော့ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 22, 2011 at 9:13 am

    ကျုပ်ကတော့ ဒီလို တစ်ယောက်တစ်ပုဒ်တင်တာထက်စာရင် တစ်ယောက်ယောက်က အစတင်လိုက်တာနဲ ့
    အောက်ကနေ ကွန်မန် ့လည်းဖြစ် သတင်းလည်းဖြစ်တဲ့ ပုံစံမျိုးကို လုပ်ကြရင်ကောင်းမယ်လို ့ထင်ပါတယ်
    အထင်ကိုပြောတာနော် ဥပမာ ဒီသတင်းတွေအောင်ကနေ ကျုပ်က သူများမတင်ထားတဲ့သတင်းတွေကို
    ဒီလိုမျိုးလေး ဝင်ဖောလ်းပေးပါမယ်
    အမေရိကန် သမ္မတ အိုဘားမား တို ့ ဇနီး မောင်နှံ ဟာ ၂၀၁ဝ ခုနှစ် မှာ ဝင်ငွေ ဒေါ်လာ ၁.၈ သန်း
    သာ ရှိပြီး ၂၀၀၉ ခုနှစ်က ဝင်ငွေ ၅.၅ သန်း နဲ ့ ၂၀၀၈ ခုနှစ် က ဝင်ငွေ ၂.၆ သန်း အောက် ကို လျှော့
    ကျ သွား ခြင်း ဖြစ်ပါတယ်။အမေရိကန် သမ္မတ အဖြစ် အိုဘာမား ရရှိ တဲ့ လစာငွေ ဟာ တစ်နှစ်ကို
    ၃၉၅.၀၀ဝ ဖြစ်ပါတယ်။
    http://freedomnewsgroup.com/2011/04/19/obama-income-tax/
    တရုတ်သည် ယခင်က ၎င်း၏ ယွမ်ငွေကို တစ်ဒေါ်လာလျှင် ၆.၈၃
    ယွမ် အဖြစ် နှုန်းသေ သတ်မှတ်ခဲ့ရာ မှ ၂၀၁ဝ ခုနှစ် ဇူလိုင်လ တွင်
    နိုင်ငံ တကာ၏ ဖိအား ပေးမှု အရ ကန် ့သတ် နှုန်း ရှင် အဖြစ် ပြောင်း လဲ
    ခဲ့သည်။ ယခု နှစ် ဆန်း ပိုင်းမှ စတင် သည့် ငွေကြေး ဖောင် ပွမှု များ
    အထွတ် အထိပ် ရောက်လာ ချိန်တွင် တရုတ် ဗဟို ဘဏ် ဥက္ကဌ က
    လုံးဝ နှုန်းရှင် အဖြစ် ပြောင်းလဲ တော့ မည် ဟု ကြေငြာခဲ့သည်။အမေရိကန် ဒေါ်လာ နှင့် ချိတ်ဆက် ထားမှု ကို ကန် ့သတ် နှုန်းရှင် အဖြစ် ထားရှိရာမှ အလွတ် နှုန်း
    ရှင် အဖြစ် ပြောင်း လဲ လျှင် ယွမ်ငွေ တန်ဖိုး တက်လာ ပါက တရုတ်-မြန်မာ ကုန်သွယ်ရေး သတိထား
    ရန်လို ကြောင်း လို ကြောင်း မူဆယ် မြို ့မှ ကုန် သည် တစ်ဦး က FNG သို ့ပြောသည်။
    ယနေ ့ ငွေကြေး ဈေး ကွက် တွင် အမေရိကန် ၁ ဒေါ်လာ လျှင် ၆.၆ ယွမ်ပေါက်သည်။ တရုတ် ငွေ
    ကြေး ဖောင်းပွမှု နှုန်းမှာ ဆက်လက် မြင့် တက်ဆဲ့ ဖြစ်သည်။
    http://freedomnewsgroup.com/2011/04/18/nearly-freely-yuan/
    ရန်ကုန်မြို့က ရွှေတိဂုံဘုရားအပေါ်မှာ မိုင်းသတိရှိပါ ဆိုတဲ့ စာတွေကို နေရာအတော်များများမှာ ကပ်ထားပြီး အာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေက ဘုရားဖူးလာသူတွေကို မိုင်းရှာတဲ့သူတွေရဲ့ ဝင်ပေါက်တွေကနေ ဝင်ခိုင်းနေသလို စစ်ဆေးမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် လုပ်နေတာကြောင့် ဘုရားဖူးတွေ စိတ် အနှောက်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။
    http://www.voanews.com/burmese/news/Shwe-Dagone-security-04-21-11-120361019.html
    ဘန်ကောက်မြို့ ဒင်ဒန်း မြို့နယ်ထဲက အိမ်တွင်းစက်ချုပ်ရုံမှာ ပိတ်လှောင်ပြီး အလုပ်ခိုင်းစေ ခံထားရတဲ့ မြန်မာအလုပ်သမား ၃၉ ယောက်ကို ဧပြီလ ၁၉ ရက်မှာ ထိုင်းလူကုန်ကူးမူ နှိမ်နှင်းရေးအထူးတပ်ဖွဲ့က ကယ်ထုတ်ပေးခဲ့ပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမား တွေထဲက ၁၅ ဦးဟာ အလုပ်ရှင်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
    http://www.voanews.com/burmese/news/Burmese-workers-Thailand-04-20-11-120323839.html
    ဒီတော့ ခင်ဗျားတို ့လည်းဝင်ဖောလ်းကြည့်ဂျဘာအုံး 🙂 🙂 🙂

    • eros

      April 22, 2011 at 9:59 am

      အဘပု လန်းတယ်ဗျို့။ ဟုတ်တယ်ဗျိုး အဘပု ပြောသလိုလေး လုပ်ရင်ကောင်းတာပေါ့။

      မိမိကိုသာ ဝေဖန်ပြစ်တင်ပါလို့ ဆိုလိုက်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်။

      http://news.yatanarpon.com.mm/news/news-14189

Comments are closed.