သစ္စာမဲ့ပိတောက်လို့ မဆိုရက်ပါ

bigbirdApril 23, 20111min822

ဒီနေ့မှ ဘန်ကောက်မှာ ပိတောက်တွေပွင့်တာ တွေ့ရတယ်။ အရင်တုန်းက သင်္ကြန်မကျခင် ရက်အနည်းငယ်ကြိုပြီးပွင့်နေကျပါ ။ အခုတော့ သစ္စာမရှိတော့တာလား ပိတောက်ရယ်…သင်္ကြန်ရက်တွေတုန်းက မင်းကိုမတွေ့ခဲ့ရလို့ လွမ်းဆွတ်ဆွတ်ဖြစ်နေခဲ့တာ အခုမှ အလွမ်းပြေမင်းရောက်လာတာလားကွာ…ဘာပဲဖြစ်ဖြစ် သစ္စာမဲ့ပိတောက်လို့တော့ မပြောရက်ပါဘူးကွယ်…အချိန်မမှန်ပေမယ့် တစ်နှစ်မှာ တစ်ခါတော့ရောက်အောင်လာပေးတဲ့မင်းကို ကျေးဇူးတင်ရမှာပါ…
ဒါပေမယ့် နောက်နှစ်တွေကျရင် သင်္ကြန်မကျခင် ကြိုလာပေးပါလို့ တောင်းပန်ပါရစေ ပိတောက်ရယ်..ကိုငှက်ကြီး ဆက်ဆက်မျှော်နေပါ့မယ်။

2 comments

  • antimoe

    April 24, 2011 at 3:44 pm

    ရန်ကုန်မှာလည်း မိုးကိုမျှော်နေဆဲပါ….
    ပိတောက်ဖူးလေးတွေ…
    ပင်ပန်းရှာလှပြီ….

  • မမလေး

    April 25, 2011 at 10:32 am

    ပိတောက်ပန်းပွင့်လို့ အိမ်မှာတောင်ရောက်နေပြီ သင်္ကြန်ပြီး ၅ ရက်လောက်က …
    သင်္ကြန်မတိုင်ခင် မိုးရွာတယ်လေ အဲ့ဒီတုန်းကအများကြီးပွင့်သွားတယ်ဆိုပဲ … သိတောင်မသိလိုက်ဘုူး …

Leave a Reply