ခလေးဖတ်စာ…

လူကြီးများရန်ဖြစ်နေကြသည်…ခလေများမပါကြေး
စပ်စုတတ်လျှင်ချောင်းကြည့်နိုင်ပါသည်….တက်နင်းမိလို့အိုုပုတ်ကွဲမည်သတိထားပါ
တုတ်ဆွဲဒါးဆွဲဖြစ်လျှင်ဝေးဝေးနေပါ…..ပစ်ကြခတ်ကြဖြစ်လျှင်မျက်လုံးမှန်နိုင်သည်
နဖူးကွဲမြည်သတိထားပါ…..။။။။
 

 

သူကြီးရောက်လာပြီ….နှစ်လုံးပြူးလည်းပါသည်

ကျည်ဆန်ကတော့အိမ်မှာမေ့ကျန်နေခဲ့သည်….သူကြီးမဒံလိုက်လာပေးမှာသေချာသည်
ရဲဆေးတင်တာအော်ငေါက်ထုတ်ရသည်…..အရေးမလုပ်သူထိတ်တုံးခတ်မည်
ရပ်ကြည်သူများသက်သေပါနိုင်သည်……။။။။။
 

 

သူကြီးအိမ်မှာအကုန်စုကြပြီ…..ခြံစည်းတန်းကစောင့်လို့ကြည့်ကြသည်

တိုင်တဲ့သူလည်းပါသည်ဖွတဲ့သူလည်းပါသည်….သက်သေများကိုသေချာစစ်မေးသည်
သူကြီးခေါင်းကုတ်နေတာပဲတွေ့ရသည်….အလွန်ကြီးတဲ့ပြသနာပဲဖြစ်ရမည်
ခလေးများမို့သိပ်မတွေးတတ်ပါ….
ရွာပြင်ထွက်လို့ငှက်ပစ်နေတာပဲကောင်းပါ၏…

6 comments

  • manawphyulay

    April 27, 2011 at 1:07 pm

    ငှက်ပစ်ရင် ကြီးတဲ့ငှက်ကို သေချာပစ်နော်…………………. 😛

    • bigbird

      April 28, 2011 at 2:28 pm

      ငှက်ဖာသာ ငှက်နေတာ သူညားကိုလာစနေပြန်ပြီး..ဟွန်း

  • MaMa

    April 27, 2011 at 2:39 pm

    ရွာထဲမှာ စက်ကွင်းလွတ်အောင် ခလေးဖတ်စာကိုပဲ အလွတ်ကျက်နေမှ ထင်တယ်။ ခုတစ်လော ရွာထဲမှာ အခြေအနေ မအေးဘူး။

  • naywoonni

    April 27, 2011 at 3:03 pm

    တို့မပါ ဝါကျွတ်………..

  • padonmar

    April 27, 2011 at 3:34 pm

    ogre နဲ့Ma Ma နှာစေးမနေနဲ့လေ၊ဒေါ်စုကပြောဖူးတယ်၊မတရားတာကို ငါနဲ့မဆိုင်ပါဖူးဆိုပြီး ကြည့်နေရင် ကိုယ့်ဆီထိ မတရားမှုရောက်လာတတ်တယ်တဲ့၊

  • nature

    April 27, 2011 at 3:52 pm

    ဒီမှာကဒီမိုကရေစီအပြည့်အဝရှိတယ်၊ လျှို့ဝှက် comment လွတ်လပ်စွာပေးလို့ရတယ်၊ ကိုယ်ထင်တာကိုယ်ကြိုက်တာစိတ်ကြိုက်ရေးလို့ရတယ်၊ သဘောထားမတူတဲ့သူတွေချဲကြ၊ သဘောထားတူတဲ့သူတွေတွဲကြ၊ ပျော်ဖို့ကောင်ပါတယ်။

Leave a Reply