မိုးကြိုးအသင်း၏စတုတ္ထအကြိမ်မြောက်ဈေးရောင်းပွဲတော်

anyatayaJune 8, 20111min530

ယ္ခုလာမည့် တနင်္ဂနွေ (ဂျွန်လ ၁၂ရက်)နေ့တွင် မိုးကြိုးအသင်း၏ စတုတ္ထ အကြိမ်မြောက် ဈေးပွဲတော်ကို PS-12 JAMES B COLGATE SCHOOL 42-00 42ND STREET WOODSIDE,NY 11377 တွင် ကျင်းပမည် ဖြစ်ကြောင်းကြားသိရပါသည်။ အဆိုပါဈေးပွဲတော်တွင် မြန်မာ့ရိုးရာ စားစရာပေါင်း ၄ဝကျော် ပါရှိသည့်သည့်အပြင် ဖျော်ဖြေရေးအတွက် ကာရာအိုကေ အစီအစဉ် ထည့်သွင်းထားကြောင်း သိရပါသည်။ အသေးစိတ် များကို အောက်ဖော်ပြပါ ဖလိုင်ရာတွင် ကြည့်ရှူနိုင်ပါသည်။
၎င်းဈေးပွဲတော်ကိုမွန်းတည့် ၁၂နာရီမှ ညနေ ၄နာရီအထ်ိကျင်းပသွားမည် ဖြစ်ကြောင်း ရတနာပုံနေပြည်တော် သတင်းစာမှ သတင်းရရှိပါသည်။