သူ.ခေတ်နဲ.တော.သူတွင်ကျယ်တယ်

မနေ.က ကိုအောင်မောင်းနဲ. မန်းလေးကန်တော်ကြီးပတ်လမ်း ကအရိပ်ကောင်းတဲ.သစ်ပင်အောက်မှာထိုင်လို.စကားပြောဖြစ်ကြပါတယ်။
ကိုအောင်မောင်းက ” ကိုပေါက်ရေ အပြင်လောက ကလူတွေတော.မသိဘူး ကျနော်အလုပ်ကလေးတွေတော.သင်္ကြန်အရှိန်မသေ သေးလို.မနဲပြောနေရတယ်”လို.ပြောပါတယ်။
နောက်မှသူဆက်ပြောတာ
” နှစ်ဆန်းနှစ်ရက် အလုပ်တွေပြန်ဖွင်.ကြတော. တစ်ချို.ကလဲ ဆိုးထားတဲ.ဆံပင်ဆေးရောင်စုံတွေကို အနက်ပြန်မဆိုးရသေးဘူး၊
အောင်ဇေယျာကျော်သိန်း ဆိုတဲ.ချာတိတ်က လည်း ဝတ်ထားလိုက်တာ နားကပ်ကြီးက ပြူးနေတာဘဲ။
အောင်ဇေ ယျာ ကိုနားကပ်ကြီးချွတ်ဘို.ခေါ်ပြောရတော.တာပေါ.။
အောင်မာ သူက ဘာပြောတယ်မှတ်လဲ လေးလေးအောင်ကလဲ တဲ.
မင်းတုန်းမင်းလဲ နားကပ်ဝတ်တယ်
ကျနော် အဖေရဲ.အဖေရဲ.အဖေလ ဲ နားပေါက်ကြီးနဲ.ဆိုတော. နားကပ်ဝတ်ခဲ.တယ်နေမှာ
ခုခေတ်ရုပ်ရှင်မင်းသား လူမင်းတို. လိုနာမယ်ကြီး တဲ.သူတွေရောအဆိုတော်တွေရောနားကပ်နဲ.ပါလို.ပြောတော.ကိုယ်တောင်အစကဘာပြန်ပြောရမှန်းမသိအောင်ကြောင်သွားသေးတာ နောက်မှ အေးဒါဆိုရင် နားကပ်ဝတ်ချင်ရင် မင်းတုန်းမင်းလို တောင်ရှည်ပုဆိုးနဲ.ရှေးတုန်းကအတိုင်းဝတ်လာခဲ. ဒါမှမဟုတ်လူမင်းလို. ဈေးကြီးတဲ.စိန်အစစ်ကို
ဝယ်ပန်ခဲ.လို.ပြန်ပြောလိုက်တော.
လေးလေးအောင်ရယ် တဲ. လူမင်းလို စိန်အစစ်ကဈေးကြီးတော. မဝယ်နိုင်တော. မင်းတုန်းမင်းလိုတောင်ရှည်ပုဆိုးဘဲ
ဝတ်ဘို.စဉ်းစားလိုက်အုံးမယ် လို.ဆိုပြီးနောက်တီးနောက်တောက်ပြောပြီး အပြင်ထွက်ရင်းငွေစာရင်းက မအေးကို ” မမအေးရေ ကျနော်.ကိုပိုက်ဆံထုတ်ပေးပါ လေးလေးအောင်ကနားကပ်ပန်ချင်ရင် တောင်ရှည်ပုဆိုးဝတ်ဆိုလို. ရွှေကံ့ကော်မှာ အော်ဒါသွားမှာမလို. ဆိုပြီးပြောရင်းထွက်သွားရောဗျာ”
ဒါပေမဲ.နောက်နေ.တော.နားကပ်ချွတ်လို.လာပါသတဲ.။
ကျနော်က “ကိုအောင်မောင်းရာ နားကပ်ဝတ်တော.ရောဘာဖြစ်လဲ သူခေတ်နဲ.သူဘဲဟာ “လို.ပြောတော.
” ‘ဒါတော.ဒါပေါ.ကိုပေါက်ရာ ကျနော်ကလည်းလူငယ်အကြိုက်ဝတ်ကြတာကိုလက်ခံပါတယ် ဒါပေမဲ.ကျနော်တို.ကနေ.စဉ်နဲ.အမျှကုန်သည်ပေါင်းစုံနဲ.တွေ.ပြီး ရောင်းကြဝယ်ကြလုပ်နေတာဆိုတော.
သူတို.စိတ်ထဲမှာ ကျနော်တို.ကို အမြင်မမှားစေချင်လို.ပါ ကျနော်တို. ကုန်သည် ဖြစ်ဖြစ်ဈေးသည်ဘဲဖြစ်ဖြစ် ကိုယ်နဲ.ဆက်ဆံနေသူ ကိုယ်ဖောက်သည်နဲ.ကိုယ်.ကြားမှာ အပြန်အလှန်လေးစားယုံကြည်မူ.ကိုတည်ဆောက်ထားမှ အလုပ်လုပ်လို.ကောင်းတာကိုး ၊
ဒါကြောင်.မို.အများက လက်မခံသေးတဲ.ဝတ်စားဆင်ယင်တာတွေ.မလုပ်ဘို.ပြောနေရတာပါ အလုပ်ချိန်ပြင်ပမှာတော. သူတို.ကြိုက်သလိုနေ မပြောပါဘူး “လို.တော်တော်အရှည်ကြီးကိုပြောပါတယ်။

ကျနော်အိမ်ပြန်ရောက်တော.နေ.လယ်က ကိုအောင်မောင်းပြောခဲ.တဲ.
“အများလက်မခံတဲ.ဝတ်စားဆင်ယင်မူ.”ဆိုတာကိုဘဲ ခေါင်းထဲရောက်လာပါတယ်။
ဟုတ်ပါတယ် လူအသစ်လေးတွေကို ထပ်ထပ်ကာမွေးနေသမျှကာလပါတ်လုံး အဝတ်အစား ပုံစံတွေ ဆံပင်ပုံစံတွေ
အသစ်အသစ်တွေကို ထွင်နေ ဝတ်နေကြအုံးမှာပါ။
လူကြီးဖြစ်လာသူတွေကလည်း ကိုယ်ကိုယ်တိုင်လူငယ်ဘဝက လာခဲ.တာကိုမေ.နေပြီး
” ခုခေတ်ကလေးတွေများဗျာ ဝတ်ကြစားကြတာမျက်စေ.ကိုနောက်လို. ကျုပ်တို.တုံးကနဲ.များကွာပါ.”
ဆိုပြီးပြောနေကြ ကလေးတွေကလည်း
” ဘိုးတော် ဘွားတော်တွေ သူတို.တုန်းကတော. ဝတ်ချင်တာ ဝတ်ပြီးငါတို.ကျမှလာကောနေတယ်” လို.ကွယ်ရာမှာပြောပြီး
ဝတ်ချင်သလိုဝတ်နေအုံးမှာပါဘဲ။
သူများအကြောင်းတွေးနေရင်း ကိုယ်လဲ ငယ်ငယ်တုန်းက နေ.ခဲ.ထိုင်ခဲ. တဲ.ပုံစံတွေကိုပြန်မြင်လာပါတယ်။
ဒါကတော.ယောကျာ်းလေးတွေရဲ.ဝတ်စားဆင်ယင်မူ.လေးတွေပါ။
ကျနော်တို.ငယ်ငယ် ဆို ဝတ်တာစားတာကိုခံစားတတ်စအရွယ်ပေါ. 1970ခုနှစ်ပါတ်ဝန်းကျင်လောက်ကပေါ.။
အခု စတီယိုတေးအဆိုတော်ဟောင်းကြီးတေ(ွ အခုတော.ဂန္ထဝင်အလတ်စားတွေပေါ.)
အဲဒီအချိန်တုန်းကတော.လမ်းသူရဲပေါ.။
အဲဒီအဆိုတော်တွေဝတ်တာစားတာကို လိုက်တုလို.ဝတ်ရပါတယ်။
သူတို.ဝတ်တာကို လိုချင်ရင် မဂ္ဂဇင်းတွေက ပုံတွေအတိုင်းစက်ချုပ်ဆိုင်ကိုချုပ်ခိုင်းပြီးဝတ်ရတာပေါ.။
သူတို. ဆိုတာ ကိုစိုးပိုင်တို.ပလေးဘွိုင်သန်းနိုင်တို. ကိုသိန်းတန်(မြန်မာပြည်)တို.အောင်မြင်နေတဲ.ခေတ်ပေါ.။
သူတို.အရင်ကတော. မြန်မာပြည်ရဲ.လမ်းပြ ခေတ်ရှေ.ကိုတစ်ခေတ်လောက်စောနေတဲ. ကိုမင်းမင်းလတ်ပေါ.။
အဲဒီတုံးကခေတ်စားတာကတော.ရှပ်အကျီင်္ကိုကျပ်နိုင်သလောက်ကျပ်ကျပ်ဝတ် ပြီးရင် ရင်ကိုဟထား
ခေါင်းလောင်းဘောင်းဘီအောက်ခြေကိုလည်းပွနိုင်သလောက်ပွပွဝတ်
ဆံပင်က ရှည်နိုင်သလောက်ရှည် ခေါင်းလေးများဆတ်ကနဲခါလိုက်ရင်ကျောထိရောက်နေတဲ.ဆံပင်လေးတွေက လေထဲမှာဖွာကနည်းဖြစ်သွားရင်သိပ်မိုက် သိပ်ခိုက်ပေါ.။
ခုနေပြန်စဉ်းစားမိရင် ရီစရာတောင်ကောင်းနေပါသေးတယ်။
အဲဒီတုံးကတော.အဲလိုမဝတ်ရရင်ကိုလူဖြစ်ရှံးတယ်ထင်နေတာကိုး။
နောက်လည်ပင်းမှာလဲ ပိစ်လို.ခေါ်တဲ.ငြိမ်းချမ်းရေးအထိန်းအမှတ်သံပြားဝိုင်းဆွဲကြိုးကြီးကို အလေးခံပြီးဆွဲထားလိုက်သေးတယ်။
ကျနော်တို.သည်လိုဝတ်တာကို ကန်.ကွက်သူတွေအမြင်မကြည်တဲ.သူတွေကတော.
မင်းသားခင်မောင်ရင်တို.လိုခေါင်းကိုကော.စမက်တစ်ပြောင်နေအောင်လိမ်းပြီး
လယ်ပင်း မှာမာဖလာပတ်လို.ဘန်ကောက်ပုဆိုးကိုဝတ် ပမ်းမရူးဆိုတဲ.သားရေဘွတ်ဘိနပ်ကိုစီးပြီး အိုက်တင်တွေပေးခဲ.တဲ.သူတွေတို.
တစ်ချို.ကတော.ဘိုဆန်ဆန် ကာကီဘောင်းဘီတို ဝတ်တဲ.သူကဝတ် တစ်ချို.ကတော.လည်း ဘလေဇာကုတ်နဲ.ဘောင်းဘီနဲ.စတိုင်ထုတ်တတ်ကြတဲ.သူတွေရဲ.သား
မင်းသားကိုကျော်ဆွေတို. လို ခေါင်းမှာ ကောင်းဘွိုင်သက္ကလပ်ဦးထုပ်ကို ခပ်စောင်းစောင်းလေးဆောင်းတဲ.သူကဆောင်းပြီး ပဲတွေများတတ်သလို
ကိုဝင်းဦးလို စပို.ရှပ်လက်တိုကျပ်ကျပ်ဘောင်းဘီရှည်ကျပ်ကျပ်နဲ. စတိုင်ပေးတဲ.သူကပေး
တစ်ချို.ကလဲပစ္စည်းမဲ.လူတန်းစားလိုလို နိုင်ငံရေးသမားလိုလို စာရေးဆရာလိုလိုနဲ.ပင်နီတိုက်ပုံ လုံချည်တိုတို ခုံဘိနပ်တဂွပ်ဂွပ်စီးတဲ.သူလဲရှိတဲ.အပြင်
တစ်ချို.ကြပြန်တော.လည်း မင်းသားကိုမြတ်လေးတို.လို တိုက်ပုံအကျီင်္ကိုလက်ပေါ်တင်ထားလို.ဂိုက်ပေးခဲ.ကြတဲ.ကျနော်တို.ဖေဖေတွေနဲ.ခေတ်ပြိုင်တွေကပေါ.။
ကျနော်တို.လက်ထက် လူပျိုပေါက်မှာခေတ်စားခဲ.ပြန်တာကတော. မင်းသား ဇော်ဝမ်းလို စစ်ဆွယ်တာနဲ.တွေဝတ်ကြသလို
ကျော်ဟိန်းလို စစ်အကျီင်္ စစ်ဦးထုပ်ကိုဆောင်းလို.လဲ ကျေနပ်ခဲ.ရပါတယ်။
နောက်တော. ဂျင်းဘောင်းဘီ ဂျင်းရှပ်တို.ခေတ်စားလာပြန်သလို ကန်းထရီးရှပ်လို.ခေါ်တဲ.ရှပ်အကျီအကွက် ပုခုံးနားကဖြတ်ဆက်တာတွေခေတ်စားပြန်ရော။
သူ.နေုာက်မှ အဆိုတော်ခိုင်ထူးတို.ဂျေမောင်မောင်တို.လက်ထက်ရောက်ပြန်တော. ရှပ်အကျီအကွက်လက်တိုလေးတွေခေတ်စားပြန်ရော ဒါပေမဲ. ဆံကေသာကတော. ရှည်မြဲပါဘဲ။
သူနောက်မှပိုင်းမှာ ရန်အောင်တို. ရဲအောင်တို.ခေတ်ရောက်လာတော. ဆံပင်ကိုမတိုမရှည်နဲ. ဂျင်တဲလ်မန်းခေတ်ကိုရောက်လာပြန်ရော ဒီတော.လဲ မတိုမရှည်နားထင်ဒေါက်ပျောက်တို. နောက်ဝိုင်းတို.ဖြစ်လို.မှ မဝသေးခင် ပြောလို.မှမဆုံးသေးခင်
ဒွေးကေဆိုပြီး တိုတိုပြောင်ပြောင် ဆံပင်ထောင်ထောင်ခေတ်ကိုရောက်လာပြန်တော. အားလုံးက တိုပြီးထောင်လိုက်ကြပြန်ရော။
ထောင်လို.မှ မဝသေးခင် ရှေ.နဖူးပေါ်ကိုဆံပင်ရှည်ရှည်လေးချထားတတ်တဲ.ရာဇာနေဝင်းကေဆိုတာ ပေါ်လာပြန်တော.လို ရှေ.အရှည်လေးတွေခေတ်စားလိုက်ပြန်ရော။
ရာဇာခေတ်မှာတစ်ပါတ်လည်လာတာကတော. ခေါင်းလောင်းဘောင်းဘီပါဘဲ။
ခုခေတ်ကျနော်တို.အဖေဖြစ်တဲ.ခေတ်မှာတော.ဟစ်ဟော.ဆိုတဲ.ယဉ်ကျေးမူ.နဲ.အတူ တူု ကိုယ်.ထက် လေးငါးဆလောက်ကြီးတဲ.တီရှပ်တွေဝတ် ဘောင်းဘီပွပွကြီးတွေဝတ်လို. တရို.ရို.အော်တဲ.ခေတ်ရောက်လာပြန်ပါတယ်။
နောက်တော.လဲ ဆံပင်တိုတဲ.လူကတို ထောင်တဲ.ကောင်ကလဲ မိုးထိအောင်ထောင် ။
တစ်ခြမ်းကို အတို တစ်ခြမ်းရှည်လို. အီမိုစတိုင်ဆိုပြီးတော.က တစ်မျိုး ကောက်ပြီးဖွတာက စတိုင်တစ်ခု
ဆံပင်ကို နီညိုရောင် ဖျော.ဖျော.လေးကတစ်ပုံစံ ရောင်စုံနည်းနည်းချင်းဆိုးတာက တစ်မျိုးနဲ.မိုက်သထက်မိုက်လန်းသထက်လန်းလာကြပါတယ်။
နောက်နားရော နှာခေါင်းကိုရော အပေါက်တွေဖောက်လို.ဖောက် နားသံသီးတွေတပ်လိုတပ်
ခန္ဒာကိုယ်အနှံ.ကို ဆေးမင်ကြောင်တွေနဲ.အလှဆင်လိုဆင်
ဒီတော.ကျနော်တို.လိုဖေဖေတွေက သည်ကလေးတွေကိုမျက်စေ.နောက်လာပြီး
” ငါတို.ခေတ်တုံးကနဲ.များ ကွာပါ.”ဆိုပြီးကလေးတွေကို အမိန်.တွေပေးလို. ကန်.သတ်ချက်တွေကို ထုတ်ကြပြန်ရော။
ကျနော်စဉ်းစားမိတာကတော. ကျနော်တို.အဘေးတွေခေတ်မှာတုံးက သူရှေ.ကလူတွေက သူတို.ဝတ်တာစားတာကို
ကြည်.မရပြန်ဘူး ။
ဗမာမဆန်ဘူး အနောက်ကိုအတုယူတယ်လို.ဆိုပြီးဆူပါသတဲ.။
ကျနော်.အဖေတို.ကိုကြ သူ.အဖေတွေက ကြည်.မရပြန်ပါဘူး။
ကျနော်တု.ိကြပြန်တော.လည်း ကျနော်တို.အဖေတွေက မကြိုက်ပြန်ဘူး။
ဟော ကျနော်တို.ကလည်း ကျနော်တို.ကလေးတွေကို အမြင်မတော်ဘူးလို.ထင်ပြန်တော.
ဝိုင်းကြီးပါတ်ပါတ်ဖြစ်နေသလိုပါဘဲ။
ကျနေုုာ်စဉ်းစားမိတကတော.တစ်ခေတ်နဲ.တစ်ခေတ်အမြင်ခြင်းမတူတာကို ညျိမကြည်.ကြလို. ညိကုန်တယ်လို.ဘဲဖြစ်မယ်ထင်ပါတယ်။
ကဲဆရာမြို.မငြိမ်းသီချင်းလေးယူသုံးလိုက်ပါအုံးမယ်
” သူ.ခေတ်နဲ.တော.သူတွင်ကျယ်တယ် သူတို.ကိုလဲပြိုင်ဘို.မလိုဘူးထင်တယ်” ပါတဲ.ဗျာ။

One comment

  • kopauk mandalay

    February 14, 2011 at 3:01 pm

    (3-5-2010)နေ့တွင် မန်းလေးဂေဇက်မှာ ကိုယ်တိုင်ရေးတင်ခဲ့ပါတယ်။
    (14-2-2011) ဗယ်လင်တိုင်းဆိုတဲ့ မှတ်မှတ်ရရ နေ့လေးမှာ
    About the Author: mickylay
    က ဒီမန်းလေးဂေဇက်ဆိုက်မှာဘဲ ကော်ပီကူးပြီး ပြန်တင်ပေးလိုက်ပါတယ်။
    တကယ့်ကို အမှတ်တရနေ့လေးပါခင်ဗျာ။

Leave a Reply