ချစ်စမ်းမောင် ယူအက်စ်ရောက်ရှိနေ

kaiSeptember 14, 20091min2735

IC မှ အစွမ်းဆုံး ဂစ်တာသမားဖြစ်သူ ချစ်စမ်းမောင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြောင်း သိရှိရသည်။
ဇနီးဖြစ်သူနှင့်အတူ ဘုရားရှင်အတွက်မစ်ရှင် ကိစ္စများလုပ်ကိုင်ဆောင်ရွက်ရန် ရောက်ရှိနေသော ချစ်စမ်းမောင်သည် ယခင်က IC (Iron Cross)တီးဝိုင်းနှင့်အတူ ၂ခေါက်လာရောက်ခဲ့ဖူးသည်။
ယခုရောက်ရှိနေစဉ်အတွင်း စက်တင်ဘာ ၅-၆ ရက်နေ့များတွင် အဟန်းဘရာမြို ့နယ်-California ရှိ မြန်မာတို့၏ ခရစ်ယန်ချပ်ချ်သို ့သွားရောက်ကာဘာသာရေးကိစ္စများ ပြောကြားခြင်း ယခင်က IC ၏အဆိုတော်တဦးဖြစ်သူ ထွဏ်းထွဏ်းနှင့် တွဲဖက်ပြီး သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဖေါ်ပြပါပုံမှာ စက်တင်ဘာ ၆ ရက်နေ့က အဆိုပါချပ်ချ်တွင် ရိုက်ကူးထားသော ပုံဖြစ်သည်။
ဓါတ်ပုံကို ကိုတင့်လွင်ဥိးမှ ပေးပို့ပါသည်။

5 comments

  • susunosuki

    April 14, 2010 at 4:16 pm

    တစ်ခုတော့ပြောချင်ပါတယ်
    ကိုချစ်စမ်းမောင်ကို ကျွန်တော်တို့လည်းကြိုက်ပါတယ်
    ဒါပေမယ့် အစွမ်းဆုံး ဆိုတဲ့ ဝိသေသတပ်ဖို့ဆိုရင်တော့ နည်းနည်း ရဲတင်းရာကျပါလိမ့်မယ်။
    သူကိုယ်တိုင်ဝန်မခံထားသလို Band ဆိုတာတစ်ယောက်တည်းအားနဲ့တီးလို့ရတာမှ မဟုတ်တာပဲဗျာ။

  • hallelujah

    April 22, 2010 at 2:17 pm

    ဆရာချစ်ရဲ့ ဂီတာ solo တွေကို mgmaung798 ဆိုတဲ့ mail ထဲကိုပို ့ပေးလို ့ရမလား……။အများကပြောပြောနေတဲ့ပဲပင်ပေါက် note အခြေခံလောက်သင်ချင်ပါတယ်……။ကျွန်တော်
    ဂီတာ ဆိုလိုတွေကို အမြန်ဆုံတီးနိုင်ပါတယ် .။ဒါပေမယ့် note တော့မကြည့်တက်ပါဘူး…။
    အရမ်းဝါသနာပါတဲ့ ဂီတာနုတ်တွေကိုသင်ချင်ပါတယ်….။
    အမေကအမြဲပြောတယ် အဖေနဲ ့ဆရာချစ်က သူငယ်ချင်းတွေတဲ့….။ဟုတ်လားကသိဘူး…။
    လက်ရှိမှာဆရာချစ်က ကျွန်တော့ဆရာပါပဲ….။ဆရာချစ်တီးတာတွေကြည့်ပြီး တီးကွက်တွေအ
    များကြီးတက်ခဲ့တာပါ…။သူငယ်ချင်းတွေကပြောတယ်….ကျွန်တော့ကို ဆရာချစ်တီးသလောက်
    တီးနိ်ုင်တယ်တဲ့….။ဒါပေမယ့် note မကြည့်တက်တဲ့အတွက်အားငယ်မိပါတယ်…..။အခွင့်အရေးရှိရင်
    လေ့လာခွင့်ပြုပါဆရာချစ်……
    လေးစားလျက် ဟာလေလုယာ

  • snow white

    July 5, 2012 at 1:39 pm

    သွားနိုင်လို့ သွားတာ ကြိုးစားရိုးသား ပဲခူးသခွား။

Leave a Reply