ညီမလေး ခိုင်

trustMay 8, 20101min1165

အသဲကွဲစေသလား
အဲနေ့က မိုးတွေရွာနေတယ်
လူတွေ မမြင်ရော့သလား
ငါ့မျက်ရည်တွေ မြေကျလေရဲ့
x x x x x x x x x x x x x x x

ငါ အိမ်ပြန်ခဲ့တယ်
လမ်းမှာလေလဲ မတိုက်ဘူး
သစ်ရွက်လဲ မကြွေဘူး
x x x x x x x x x x x x x x

ရှေ့ကိုလဲ မမြင်ရဘူး
နောက်ကိုလဲ ပြန်မလှည့်ချင်ဘူး
ငါ့ဘဝ အနာဂတ်တွေ ပျောက်နေတယ်
ဒါတွေက အချစ်ကြောင့်ဆိုလဲ
ငါမမုန်းရက်ခဲ့ဘူး ကောင်မလေးရယ်
အရှုံးဆိုတာကို ငါကြေနပ်ယုယ
အမှတ်တရ သိမ်းထားဆဲပါ
အခုထိ သိမ်းထားဆဲပါ

5 comments

  • kopauk mandalay

    May 9, 2010 at 9:06 am

    သိပ်လန်းတဲ.ကဗျာလေးပါ။
    ချစ်မိတဲ.ကောင်ကခံရစမြဲပါ။

  • bluerose

    May 30, 2012 at 3:28 pm

    အဲလိုကြီးတော့အဟုတ်ပါဘူး
    ချစ်မိတဲ့မိန်းကလေးတွေခံရတာလည်းရှိပါတယ်နော်
    ဦးပေါက်ကလည်း
    ဇွတ်

  • kotun winlatt

    May 30, 2012 at 3:37 pm

    အရှုံးတွေကို အမှတ်တရသိမ်းမထားပါနဲ့တော့ဗျာ…
    ဝမ်းဂိုးတူးကမ်း(ကိုကမ်းကြီးမဟုတ်ပါ)ပေါ့…
    အော်..ပြောရဦးမယ်…
    စိုင်ချောချောလိုချင်ရင် ရွာထဲက ဂီဂီခေါ် ချိစ်ဗတ်နဲ့ ဆက်သွယ်လိုက်ပါ..
    ဒါမှမဟုတ်..ဦးးးးဗိုက်ဗိုက်လည်း စိုင်ပစ်တော်တယ်ကြားတာပဲဗျ…
    ဒက်ဂလောက်..ဒက်ဂလောက်….

  • etone

    May 30, 2012 at 3:38 pm

    bluerose ရေ … ပြန်ဆိုတေးတွေ ခေတ်စားတာ အားကျလို့ထင်တယ် … ပို့အဟောင်းတွေကို ခဏခဏ ပြန်ပြန်မန်းနေတာတွေ့ရတယ်နော် …. ။ အဟီး .. နောက်တာပါ … 😀

    ညီမလေးခိုင်ဆိုလို့ ခေါင်းစဉ်ကြည့်ပြီး … မခိုင်ရဲ့ ပို့စ်များလားလို့ .. စိတ်ဝင်တစားလာဖတ်တာ …. သူပြောတဲ့ ခိုင်က တယောက်ကိုး .. ဟီး 😀

  • ဆူး

    May 30, 2012 at 3:58 pm

    ဒီရွာက သဂျီးကို စောင်းလား မြောင်းလား လုပ်ပြီး လာရေးတာလား။

Leave a Reply