နိုင်ငံခြားမှာ အလုပ်သွားလုပ်သူများနှင့် ဒေါ်လာဈေး

Lu Ka LayAugust 26, 20111min18814

အော် လူတွေများ ခက်ပါ့နော်။ ဒေါ်လာဈေး ၁၀၀ဝ ၊ ၁၂၀ဝ တုန်းကတော့ ဒေါ်လာဈေးတွေ တွေအဆမတန်ဈေးကြီးတယ် အော်ကြတယ်။ အရင်တုန်းက ဟိုတစ်ချိန်တုန်းက ဒေါ်လာဈေး လေးတွေ လွှမ်းလှပါပြီ ဘာတွေ အော်ကြတယ်။ အစိုးရဈေးက ၆ ကျပ် အပြင်ဈေးက ၁၂၀ဝ အဆ ဘယ်လောက်ကွာတယ် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ အော် ပြောသံဆိုသံ နဲ့ ကြားရပါတယ်။

အဲ့ဒီတုန်းက လူကလေးတို့က ကလေးဘဲ ရှိသေးတော့ ဘာမှတော့ မသိသေးဘူးပေါ့ဗျာ။ အခုတော့ အစိုးရအသစ်တက်လာတော့ နိုင်ငံအတွင်းမှာ ရှိတဲ့ ပိုက်ဆံတွေကို သိမ်းယူသွားပြီး ငွေတန်ဖိုး မြှင့်လိုက်တော့လည်း အော် ဖြစ်ရပြန်ပြီ။ နိုင်ငံခြားကလူတွေ ဘယ်လိုလုပ်မလဲ။ ပို့ကုန်လုပ်ငန်းတွေ ဘာဖြစ်မလဲ နဲ့။

လူတွေ လူတွေ သူတို့ဖြစ်မှ သူတို့သိတယ်။ ဒေါ်လာ ၁၀၀ဝ ဝန်းကျင်မှာတုန်းက သူတို့တွေ ဘာအသံထွက်ခဲ့လဲ။ သဘောင်္ာသားဆိုရင်အေးဆေး တစ်လ တစ်လ အိမ်ကိုပြန်ပို့တာ သိန်း ဆယ်ဂဏန်းရှိတယ်။ ပို့ကုန်တွေလည်း သူတို့အများဆုံး ဒေါ်လာရကြတာဘဲ မလား။ အခု သူတို့ကို လာထိပြီဆိုတော့ အော်ကြပြီပေါ့။ ဒါပေမယ့် စဉ်းစားကြည့်လိုက်ပါ။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေကြတဲ့လူဘယ်လောက် ရှိလဲလို့။

မြန်မာနိုင်ငံလူဦးရေ ရဲ့ ရာခိုင်နှုန်းဘယ်လောက် ရှိမလဲ။ ၁၀% ရှိတယ်ထားအုန်း။သန်း ၆ဝ ဆိုတော့ သိန်း ၆ဝ နိုင်ငံခြားရောက်နေတ် ထားပါ။ အဲ့ဒီ ၁ဝ သန်းရဲ့ သဘောထားကို ကြည့်မလား။ အထဲမှာ ရောက်နေတဲ့ သန်း ၅ဝ ရဲ့ သဘောထားကို ကြည့်မလား။ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ အစိုးရ စကားလုံးကို သုံးရမယ်ဆိုရင် လူအများရဲ့ သဘောထားကို လူအနည်းစုက သဘောတူရတာပါ။

 

ကဲ နောက်နေ့ ပြည်တွင်းမှာ ရှိတဲ့လူတွေနဲ့ ပတ်သတ်ပြီး ဒေါ်လာဈေး တင်ပေးပါ့မယ်။

တစ်ဦးနှင့်တစ်ဦး အမြင်ဘယ်လိုမှ မတူနိုင်ပါ။ ကိုယ်ထင်ရာ ကိုယ်မြင်ရာ ရေးခြင်းသာဖြစ်ပါသည်။ မည်သူ့ကိုမှ နစ်နာလိုခြင်းမရှိပါ။

ကျေးဇူး ။… လူကလေး

 

 

14 comments

  • စုံ စုံ

    August 26, 2011 at 1:09 pm

    ဘာ့ကြောင့်ဒေါ်လာဈေးကျမှအော်ကြရတယ်ဆိုတာကဒီလိုရှိပါတယ်
    ကျမတယောက်ထဲသီးသန့်ခံစားချက်နဲ့ပြောမယ်ဆိုပါတော့
    ဟိုးအရင်သင်တန်းတွေတက်တယ် နိုင်ငံခြားစာမေးပွဲတွေကိုဒေါ်လာသွင်းပြီး
    ဖြေရတယ် အဲ့ဒိအချိန်ကိုယ့်မှာဝင်ငွေကမရှိ မိဘဆီကသင်တန်းကြေးလက်ဖြန့်တောင်းနေရတုန်းက
    သွင်းရတဲ့ဒေါ်လာဈေးက 1350 ကကိုမကျဘူး
    ဩော အခုကိုယ်ပိုက်ဆံပြန်ဝင်တဲ့အချိန် အမျိုးသားကနိုင်ငံခြားမှာ ဒီကကျမကိုငွေပြန်လွှဲတဲ့အချိန်
    ကျမှ ဒီဒေါ်လာဈေးက ဒီလိုပိုးစိုးပက်စက်ကျနေတယ်
    အဲ့ဒိခါကျတော့ အော်သံတွေကြားရပြီပေါ့
    နောက်ပြီးကျမလို နိုင်ငံခြားကအိမ်သားပို့မယ့်ငွေကိုစောင့်မျှော်နေတဲ့ အိမ်ရှင်မတွေလဲဒုနဲ့ဒေးပါ
    လူနည်းစုတွေလူများစုတွေဒီမိုကရေစီတွေကိုတော့သိပ်မပြောတတ်လို့မပြောတော့ဘူး

    • Lu Ka Lay

      August 26, 2011 at 1:12 pm

      ကျွန်တော် ၃ နှစ်ဆက်တိုက် စာမေးပွဲ ဖြေနေရပါတယ်။
      ပထမ နှစ်မှ ဒေါ်လာဈေး ၁၁၀ဝ ပတ်ချာလည်ပါ
      ဒုတိယနှစ် ဒေါ်လာဈေး ၁၂၀ဝ အမြင့်ဆုံး ထင်ပါ့
      အခုနောက်ဆုံး ၉၀ဝ လောက်ဈေးရောက်နေတာကို လက်ထဲမှာ ၁၂၀ဝ နဲ့ဝယ်ထားတာ ရှိတာမို့ ၁၂၀ဝ တန်ကိုဘဲ ရင်နာနာနဲ့ သွင်းခဲ့ရပါတယ်။

  • nayminn

    August 26, 2011 at 1:35 pm

    မြန်မာငွေမာတာကောင်းပါတယ်…မြန်မာပြည်တွင်းမှာ လူနေမှု့စရိတ်လည်းကျသွားတယ်ဆိုရင်ပေါ့။

  • pan pan

    August 26, 2011 at 2:04 pm

    နိုင်ငံခြားရောက်နေတာ ၁ဝသန်းမကဘူးထင်ပ
    ယိုးဒယားမှာပဲ ၄သန်းရှိသတဲ့
    သေချာစစ်တမ်းမကောက်ထားတော့လည်း သေချာမသိဘူးပေ့ါ

  • မီးမီး သော်

    August 26, 2011 at 3:02 pm

    စာရွက်သာသာလောက်ဘဲတန်တဲ့ ငွေပါ။ရေရှည်မတည်မြဲပါဘူး။ကောက်ရိုးမီး သဘောမျိုးပေါ့

  • koyinmaung

    August 26, 2011 at 3:23 pm

    အစိုးရကတရားဝင်ငွေဈေ းမသတ်မှတ်ရသေးပါဘူး
    စည်းမဲ့ကမ်းမဲ့ငွေစက္ကူတွေရိုက်ထုတ်ထားတာ
    တဒေါ်လာကို၆၀ဝလေါက်များရောက်မယ်ထင်နေလို့လား
    တဒေါ်လာကို၆၀ဝနဲ့လိုသလောက်လဲပေးနိုင်ပါမလား
    အပြင်မှာခေတ်ပျက်တုန်းစီပွားရှာနေကြတာပါ…….
    လိုသလောက်လဲမပေးနိုင်ယင်
    မှောင်ခိုဈေ းကွက်ကရှိနေအုံးမှာပါ….

    • Lu Ka Lay

      August 26, 2011 at 8:00 pm

      အစိုးရ ပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်ထဲမှာ ရှိတဲ့ ငွေတွေအားလုံး သူအကုန်သိမ်းနေတယ်လေ။ အစိုးရပိုင် အဆောက်အအုံတွေကို ရောင်းစားထားတယ်။ ကျောက်မျက်ပြပွဲတွေလုပ်ထားတယ်။ ဒီအတွက် သူဌေးတွေလက်ထဲက ပိုက်ဆံတွေအကုန် အစိုးရစီ ပြန်ရောက်နေပါတယ်။ ဒါကြောင့် ၁ ဒေါ်လာ ၆၀ဝ နှုန်း နဲ့ ပြန်ပေးမယ်ဆိုရင် ပေးနိုင်လောက်ပါတယ်။

  • မီးမီး သော်

    August 26, 2011 at 8:09 pm

    မပေးနိုင်ပါဘူး။ဘာလို ့လဲဆိုတော့ အစိုးရဆိုတဲ့ သူမျိုးတွေက သူတို ့နစ်နာပြီး ပြည်သူတွေကောင်းစားဖို ့ဘယ်တုန်းကမှ မတွေးပေးခဲ့လို ့ပါ(မြန်မာတနိုင်ငံဘဲရှိမယ်)။

    • Lu Ka Lay

      August 26, 2011 at 11:53 pm

      ကျွန်တော် ဒါမျိုးတွေပြောနေလို့ အစိုးရဘက်တော်သားများ ထင်နေကြလား မသိဘူးး။ ကျွန်တော် မည်သည့်ဘက်တော်သားမှ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကို တစ်ဦးတည်းအမြင်နဲ့ ပြောဆိုနေတာဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ပြောသွားတဲ့ စကားလေးပါ။ လက်ရှိအစိုးရကို အကောင်းမြင်ပါလို့ မပြောပါဘူး။သို့ပေမယ့် အဆိုးမြင်တွေကို ဖျောက်ပြီး တစ်ချက်လောက် ကြည့်ပေးပါ။ ဒီစကားက အတိအကျ မဟုတ်ပေမယ့် ကျွန်တော် နားလည်မိလိုက်တာပါ။ မှားချင်ရင် ကျွန်တော့်အမှားပါ။ အဆိုးမြင်တွေ ဖျောက်ပြီးကြည့်မှ ဆိုးတယ်ဆို ဆိုးတယ် ကောင်းတယ်ဆို ကောင်းတယ်ပေါ့ဗျာ

  • mgmglusoe

    August 26, 2011 at 8:20 pm

    အဆိုးမြင်ဝါဒီ များလား ? ? ?
    နဲနဲတော့စောင့်ကြည့်ရမယ်လေ… ဆန္ဒစောနေသလား လို့…
    မပီးခင် ဗမာ မမြင် စေနဲ့ တဲ့…. ။

  • KoNyeinChan

    August 26, 2011 at 10:27 pm

    မောင်မင်း လူကလေး… 😀 😀 😀
    ခင်ဗျားရဲ ့အတွေးကိုလည်း လက်ခံပါတယ်
    ကျုပ်တို ့တိုင်းတပါးမှာ အလုပ်လုပ်နေသူတွေက ရတဲ့လစာလေးတွေထဲက ခြစ်ခြုတ်ပြီးပို ့နေရတာဆိုတော့ ငွေဈေးမြင့်တာကို တောင့်တရတာပေါ့.. အခြေခံ လူတန်းစား ပြည်သူတွေအတွက် မြန်မာပြည်ရဲ ့ကုန်ဈေးနှုန်းကလည်း ကြီး.. ကိုယ်တွေလစဉ်ပို ့တဲ့ငွေဆိုတာလည်း မိသားစုတွေအတွက် ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်နေတော့ကာ နိုင်ငံခြားငွေဈေးမြင့်တာကို လိုချင်တာမဆန်းပါဘူးနော..
    ဘယ်နေ ့များ မြန်မာပြည်ရဲ ့ငွေကို နိုင်ငံခြားတိုင်းပြည်တွေမှာ တရားဝင်လဲလှယ်နိုင်မလဲလို ့မျှော် ရင်း မျှော်…

  • minthakhin

    August 27, 2011 at 12:20 am

    ဒေါ်လာဈေး ကျတာကောင်းတယ်လို ့တော့ ကျွန်တော်မြင်တယ်ဗျ (ကျွန်တော့်အမြင်ပေါ့နော်)။ အဲဒီအကျ အတိုင်းဘဲ ဆက်သွားနေမယ်ဆိုရင် မြန်မာပြည်တွင်း ရဲ ့ လူနေမှုစရိတ်လည်း အထိုက်အလျှောက်ကျလာမယ်လို ့ ထင်ပါတယ်။ အဲဒါဆိုရင် ဟိုကပို ့တဲ့ ဒေါ်လာကိုအကျဈေးနဲ ့လဲပြီး အကျဈေးတွေနဲ ့လူနေမှုစရိတ်ကို လည်ပတ်လိုက်ရင် သိပ်မရှုံးနိုင်လောက်တော့ပါဘူး။
    ဒါပေမယ့် အကွန် ့တပ်ပြီး ကုန်ဈေးနှုန်းမကျရင်ရောဆိုရင်တော့ ။ ဟုတ်ကဲ့ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်ရှိနေတဲ့ ကုန်စည်မျိုး ဆိုရင်တော့ ကျမှာသေချာသလောက်ပါဘဲ။ ဥပမာ စားအုံးဆီလိုဟာမျိုးပေါ့။ အခုဆိုရင် တစ်ချို ့တွေ အမြတ်နည်းနည်းနဲ ့ဘဲရောင်းနေရပြီလေ။ အရင်လိုဆိုရင်တော့ မိုနိုပိုလီ လုပ်ပြီး ဒေါ်လာဈေးဘယ်လောက်ကျကျ သူဈေးချမှ ကျရတာလေ။
    ပြီးတော့ ငွေလဲနှုန်းနဲ ့သွားတဲ့ ကုန်စည်တွေကတော့ ကျမှာသေချာပါတယ်။ ဥပမာ ထိုင်းဘက်ကလာတဲ့ ကုန်စည်တွေ ။ ကျွဲရိုင်း၊ အသင့်စား စည်သွပ်ဘူး၊ ခေါက်ခွဲခြောက်ထုပ်တွေ၊ ဆိုင်ကယ်တွေ ၊အထည်တွေ အစရှိသည်ဖြင့်ပေါ့နော် ။ သိသိသာသာကိုကျသွားတာပါ။ ကျွဲရိုင်း ဆိုရင် ၂၄ဘူးပါတစ်ပါကင်ကို အမြင့်ဆုံးဈေး ၁၅၀၀ဝ ကနေ အခု ၈၅၀ဝ ထိကျသွားပါတယ်။ ဟိုနေ ့က တပ်မတော်ပြခန်းထဲမှာ ကွန်ပျူတာသွားဝယ်တာ ၇၁၅ ကျပ်နဲ ့တွက်ပေးတာဆိုတော့ တော်တော်ကို ဈေးတန်သွားတယ်လေ။
    ဟဲ ဟဲ ဘယ်ရမလဲ ၊ နောက်ဆုံးနေ ့ချောင်းပြီး ဝယ်ပလိုက်တာပေါ့။ဒါကတော့ ကျွန်တော်တို ့လိုလူလတ်တန်းစားတွေ အတွက်ပါ။ heavy သမားတွေကတော့ ထိတာပေါ့။ ဒါပေမယ့် လို ့သူတို ့စားတုံးကလဲစားထားပြီးပြီလေ ၊ ၁ဒေါ်လာ ၁၃၀ဝကျပ် ဝန်းကျင်တုန်းကပေါ့။ အခုသူတို ့ထိတော့ အခြေခံလူတန်းစား ကို လခ နှိမ်ချင်တာတွေ ၊ အလုပ်ဖြုတ်ချင်တာတွေ လုပ်နေတယ်။ အဲလိုဆိုပြန်တော့ အခြေခံလူတန်းစားထိပြန်ရော။ အမှန်ကတော့ ဒီလိုလူတွေ မတရားတာ သူတို ့စားထားတုန်းကရော အလုပ်သမားတွေကိုပိုပေးလို ့လား။ ပေးတဲ့လူရှိရင်တော့ လက်ချိုးရေလို ့ရမယ်။
    အဲဒါကြောင့် မဟားတရား ထိုးကျနေတာမျိုး မဖြစ်ဘဲ၊ အခုကျတာလောက်နဲ ့ ရေရှည်သွားရင်တော့
    ( ဘယ်ဟာမဆိုတော့၊အကောင်း အဆိုးဒွန်တွဲနေပါတယ်) အကောင်းဘက်ပိုများမယ်လို ့ထင်မိကြောင်း။

  • koyinmaung

    August 27, 2011 at 11:44 pm

    အမှန်က ငွေတန်ဘိုးတက်လာတယ်ဆိုတာ ကုန်ဈေ းနှုန်းကျမှသဘာဝကျတာပါ
    ငွေလဲနှုန်းမှာဘဲမြန်မာငွေတန်ဘိုးတက်ပြီး ကုန်ဈေ းနှုန်းကအညီအမျှမကျ
    ရွှေဈေ းနှုန်းကလဲမကျ ဆိုယင်
    ပြည်သူတွေဘဲနစ်နာရတာပါ…
    လူကလေး ပြောသလိုအစိုးရကလုပ်ပေးနိုင်ယင်အင်မတန်ကောင်းပါတယ်
    ဘယ်တုန်းကမှပြည်သူတွေအပေါ်မကောင်းခဲ့တဲ့အစိုးရကိုအကောင်းမြင်ဘို့ကတော့…
    လူကလေးလဲ သာမန်ပြည်သူထဲကပြည်သူတယောက်ဆိုယင်
    အထူးပြောပြနေစရာလိုမယ်မထင်ပါဘူး..
    တခြားနိုင်ငံတွေမှာကိုယ်ပိုင်ငွေကို ဘဏ်တွေမှာဘဲထားကြတာ
    လိုအပ်ယင်ဘယ်နေရာရောက်ရောက်အလွယ်တကူထုတ်လို့ရကြတယ်
    တို့နိုင်ငံမှာစိတ်ချရတဲ့ဘဏ် အလွယ်တကူထုတ်လို့ရဘို့အယင်လုပ်ပေးရမှာ
    လပ် ပေ လပ်ယူ လဲကင်းမှ
    ဒီလိုမှအစိုးရကစီစဉ်မပေးသ၍ကတော့
    အပြင်ရောက်နေတဲ့ငွေ ဘဏ်တွေကိုယုံယုံကြည်ကြည်ဘယ်အပ်မလဲ
    လူကလေးရေ
    တဒေါ်လာကို၆၀ဝနဲ့လိုသလောက်လဲပေးလိုက်ပါလား…
    သာမန်ပြည်သူတွေမလဲနိုင်ပေမဲ့
    လူလတ်တန်းစားတွေကတဒေါ်လာ၆၀ဝနဲ့ပြည်ပထွက်ငွေဖြုံးကြမှာ..
    မြင်ရောင်နေသေး…….

Leave a Reply