ဖြစ်-ပျက်= အဖြစ်ရဲ့ အပျက်

koyoSeptember 27, 20111min37818

 

“ဟူး… မောလိုက်တာကွာ ” 

“ဘယ်လိုဖြစ်လာတာလည်း သူငယ်ချင်း”

“ပြော မပြောချင်တော့ပါဘူး၊ ဘယ်သားသမီးမှကို ပြောလို့ဆိုလို့ မကောင်းဘူး”

“အော်”

“ဘာသာမဲ့တောင်ဖြစ်ချင်လာပြီ”

“ဘာသာမဲ့က ဖြစ်ချင်တိုင်း ဖြစ်လို့ရမယ်ထင်လို့လား”

“ဘာသာမဲ့ဖြစ်ဖို့များ ဘာခက်စရာရှိနေသေးလို့လဲ”

“မင်းတို့ကိုးကွယ်တဲ့ ဗုဒ္ဓက မင်းတို့ကို အရူးတွေလိုပဲလို့ ပြောခဲ့တယ် နော်။ ပုထုဇ္ဇနော….ဘာဆိုလား…ဆိုပြီးတော့လေ”

“ဥမ္မတကော ဝိယ တဲ့ကွ”

“အေး ..အဲလိုလူတွေ ဘာသာမဲ့ဖြစ်လို့မရဘူး”

“ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ”

“မင်းတို့က ဗုဒ္ဓပြောတဲ့အတိုင်း မင်းကိုယ်မင်း ငါဟာ အရူး လိုပါ ပဲလား လို့တော့ တကယ်ခံယူရဲ့လား”

“ဒါကတော့”

“မင်းတို့ဟာ ကိုယ်အလေးအမြတ်အထားရဆုံးပါဆိုတဲ့ ပုဂ္ဂိုလ်ရဲ့စကား ကိုတောင် တကယ်လက်ခံယုံကြည်ခြင်းမရှိကြဖူးပဲ”

“ဒါတွေက ဘုရားစကားတွေလေကွာ”

“ဘုရားက မင်းတို့ကို အရူးအဖြစ်ရှိနေစေချင်တာလား အရူးအဖြစ်က လွတ်စေချင်တာလား”

“လွတ်စေချင်တာပေါ့”

“လွတ်စေချင်တာဆိုလျှင် ဒီအတိုင်းထားလို့တော်ပါ့မလား”

“မတော်ရင် ငါဘယ်လိုရူးပါလိမ့်လို့ မဆင်ခြင်သင့်ဘူးလား”

“အရူးအဖြစ်ကနေလွတ်အောင်က ဖြစ်ပျက်ရူရမှာတဲ့ကွ“

“ဖြစ်ပျက်က ဘယ်လိုရူရမှာတဲ့လည်း”

“နှာသီးဖျားမှာ ဝင်ထွက်နေတဲ့လေ အသက်ရှုတာပေါ့ကွာ။ လေကလေး ဝင်လာရင် ဝင်လာတယ်လို့မှတ်၊ လေကလေးထွက်သွားရင်လည်း ထွက် သွားတယ်လို့သိအောင် ပထဆုံးတော့ အဲဒါကနေ စမှတ်ရတာပဲကွ

“ဝင်တဲ့လေကို ဝင်တယ်လို့သိတာ၊ ထွက်တဲ့လေကို ထွက်တယ်လို့ သိတာနဲ့ ဘာများအသုံးကျမှာမို့လဲ”

“ဖြစ်ပျက်ကို မြင်မယ်လို့ပြောတာပဲ”

“မြင်တော့ ဘာဖြစ်မှာတဲ့လည်း”

“ငြိမ်းမယ်လို့ပြောတာပဲ”

“မင်းက ဖြစ်ပျက်ကို တော်တော်ကြိုက်တယ်နဲ့တူတယ်”

“မင်း ဘာပြောတာလည်း”

“အဲဒါကြောင့် မင်း ခဏခဏ အိမ်ကနေထွက်ပြေးလာနေရတာ”

“ငါ ထွက်ပြေးလာတာမဟုတ်ဘူး၊ ငါ့အိမ်ငါ ဝင်ချင်တဲ့အချိန်ဝင် ထွက် ချင်တဲ့အချိန်ထွက်လို့ရတယ်”

“ငါပြောတဲ့ ထွက်ပြေးလာနေရတာ ဆိုတဲ့စကားက မင်းနားလည်တဲ့ ထွက်ပြေးလာနေရတာဆိုတဲ့ အဓိပ္ပာယ်ချင်းတော့ တူမှာမဟုတ်ဘူး”    

“မင်းက စကားကို ကတ်သီးကတ်ချီး(ဂတ်တီး ဂတ်ချီး) ပြောဖို့ပဲ စဉ်းစားနေတာနဲ့တူတယ်”

“အဲလိုထင်တာအတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီစကားရဲ့ အဓိပ္ပာယ်က မင့်ရဲ့အဖြစ်ကို ကိုယ်စားပြုပြီး ပြောလိုက်တာပါ”

“ငါက ဘယ်လိုဖြစ်နေလို့လဲ”

“ရောက်စက မင်းပြောတယ်မဟုတ်လား၊ ဘယ်သားသမီးမှကို ပြောလို့ ဆိုလို့ မကောင်းဘူးလို့ လေ”

“အဲဒါနဲ့ ဘာဆိုင်လို့လဲ”

“ဆိုင်ပြီလား သူငယ်ချင်း၊ မင်းတို့မိသားစုတွေ စည်းစည်းလုံးလုံး ညီညီ ညွှတ်ညွှတ် ချစ်ချစ်ခင်ခင်ရှိနေကြမယ်ဆိုလျှင် ဒီစကားမျိုး ဖြစ်လာနိုင်စရာရှိ ပါ့မလား၊ ကိုယ့်မိသားစုဟာ ကိုယ်နဲ့ တသားထဲဖြစ်ရမှာဖြစ်ပေမယ့် သားက ထိုးထိုးထောင်ထောင်း၊ သမီးကထော်လော်ကန့်လန့်၊ ဇနီးကကိုးယို့ကားယား နဲ့ဆိုတော့ ကိုယ့်အိမ်မှာ ကိုယ်ပျော်သေးတော့ရဲ့လား”

“အဲလိုတော့ ဖြစ်တာပေါ့”

“ဒီလိုတွေဖြစ်နေတော့ ကိုယ့်အိမ်မှာမပျော်နိုင်ဖြစ်ပြီး ဝင်ချင်တဲ့အချိန်ဝင် ထွက်ချင်တဲ့အချိန်ထွက် လုပ်နိုင်သေးတော့ရဲ့လား၊ ဒီတော့လည်းအိမ်ကနေ ခဏခဏ ထွက်ပြေးလာမနေရဘူးလား”

“ဒါကတော့ ”

“အရူးတွေဆိုတာ လုပ်သင့်တာနဲ့ မလုပ်သင့်ကို ခွဲခြားသိကြတာမဟုတ်ဘူး။ ဒီအဖြစ်တွေဟာ အကောင်း အဖြစ်တွေလား၊ အပျက် အဖြစ်တွေလား”

“အပျက်အဖြစ်တွေပေါ့”

“လိုလားစရာ အဖြစ်တွေလား၊ မလိုလားစရာ အဖြစ်တွေလား”

“ဘယ် လိုလားစရာကောင်းမလဲ”

“အဖြစ်တစ်ခုတိုင်းကို အဲဒီလိုသိနေမှ ကိုယ့်မိသားစုနဲ့ ကိုယ်နဲ့ တသားထဲကျ မနေစေတာတွေကို သိခွင့်ရှိလိမ့်မယ်”

“ဒါသိတော့ ဘယ်လောက်အကျိုးရှိမှာမို့လဲ”

“အဖြစ်တွေရဲ့ အပျက်တွေကို မြင်ပြီဆိုတော့ အပျက်တွေဆုံးလိမ့်မယ်၊ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်တွေဆုံးသွားတဲ့အထိ အကျိုးရှိပြီပေါ့”

“ဒါလေးက…”

“လူတွေကို လူပျက်ဖြစ်နေအောင်၊ လူမပီသစေအောင်နဲ့ လူတွေက လူတွေကို စိတ်ပျက်ငြီးငွေ့စေပြီး လူကို လူ့လောကထဲကနေ ထွက်ပြေးစေချင်  တာဟာ အဲဒီအဖြစ်တွေရဲ့ အပျက်တွေပဲ မဟုတ်ဘူးလား”

“ဟုတ်သလိုလိုပဲ”

“ဖြစ်ပျက်တွေက အမျိုးမျိုးရှိတာဆိုတော့ တကယ်ရှုကြည့်ရမှာမဟုတ်တာကို ရှုကြည့်နေလို့ ဘယ်လိုလုပ်ပြီး လောကကနေ လွတ်မြောက်မှလဲ၊ ဘာ့အ တွက် ဖြစ်ပျက်ရှုရတာတဲ့လဲ”

“လူ့အဖြစ်က လွတ်မြောက်ဖို့ပေါ့”

“မိုက်လိုက်တာ ကမ်းကုန်ပါရော့လား”

“လူ့အဖြစ်ကို ရလာတာကိုက ဆင်းရဲတုံး ဆင်းရဲခဲကြီးကိုရလာတာမို့လား”

“မင်းတို့က လူနဲ့ လောကကို မကွဲကြတာဆိုတော့လည်း အဖျားရောဂါဖြစ်နေ တဲ့လူကို လူရှိလို့ အဖျားရောဂါရှိတာဆိုပြီး လူသတ်ပြစ်ကြတာကိုး”

“လူရှိလို့ ရောဂါရှိတာတော့ မဟုတ်ဘူးလား”

“လူရှိလို့ ရောဂါရှိတာဖြစ်ပေမယ့် ရောဂါက လူမှမဟုတ်တာပဲ၊ ရောဂါကသာ လူကိုနှပ်စက်သလို လောကကသာ လူကိုနှိပ်စက်တာဆိုတော့ လူ့အဖြစ်က နေ လွတ်မြောက်ချင်ရမှာမဟုတ်ပဲ လောကအဖြစ်ကသာ လွတ်မြောက်ချင်ရ မှာပါ သူငယ်ချင်း”

“လောကနဲ့ လူရဲ့ မတူပုံကိုတော့ သိပ်ပြီးနားမလည်သေးဘူး”

“ ဘာသာမဲ့ဖြစ်ချင်ရင်တော့ ဒါကိုနားလည်မှ ဖြစ်လို့ရမှာ၊ ဘာသာမဲ့က ဖြစ်ချင်တိုင်း ဖြစ်လို့ရမယ်တော့မထင်နဲ့”

“ကြီးကျယ်လို့ကွာ”

“ကြီးကျယ်တယ်ဆိုလည်း ကြီးကျယ်တယ် မကြီးကျယ်ဘူးဆိုလည်း မကြီး ကျယ်ဘူးပေါ့ သူငယ်ချင်း”

“ပြန်အုံးမယ်ကွာ”

 

 

 

 

 

18 comments

  • True Answer

    September 28, 2011 at 10:33 am

    ခင်ဗျားတို့ မိုးပြာအဖွဲ့ကတော့ (KOYO, ORDINARY MAN, REAL MAN, KOSSICA, LIONKING, ASHINARIYA) တစ်ဦးတည်းလည်းဖြစ်နိုင်ပါသည်) ဗုဒ္ဓတရားတွေ ဆရာတော်တရားတွေကို လက်တလုံးခြား TWIST လုပ်ပြီး လူတွေကို ထင်ယောင်ထင်မှားလုပ်နေတာပဲ။

    ခင်ဗျားတို့က –
    ၁) ထေရဝါဒကို မဟုတ်ဘူး၊ မမှန်ဘူး၊ မသန့်စင်ဘူး ၊ မယုံကြည်နိုင်ဘူး လို့ဆိုရင် ထေရဝါဒ နဲ့ ကင်းကင်းနေရုံပါပဲ။ ထေရဝါဒ ဟောကြားချက်တွေကို ထုတ်နုတ်ပြီး public သို့ ပြစ်တင်ဝေဖန်မှုတွေကို မလုပ်သင့်ပေ။
    ဥပမာ၊ မူစလင်ဘာသာကို မယုံကြည်က …မဟုတ်မှန်ဟု ဆိုပါက သူတို့ပြောဟောချက်များကို public သို့ လိုက်လံပြစ်တင် ဝေဖန်မှုကို မပြုသင့်ပေ။ သူတပါး၏ ယုံကြည်မှုကိုလေးစားရပေမည်။ သို့မဟုတ်ပါက …ကိုယ်တော်ချော ဆိုဒ်လို၊ အရှင်နန္ဒ ဆိုဒ်တို့လို ဘာသာရေးဖြင့် တစ်ဦးနှင့်တစ်ဦး ဝေဖန် ပုတ်ခတ်နေသော ဆိုဒ်များနှင့် MG သည် ထူးမခြားနားဖြစ်သွားပေမည်။

    ဥပမာ၊ ခရစ်ယာန် church ကျောင်းတွင်းသို့ဝင်ရောက်ကာ ဖန်ဆင်းရှင် နှင့် ကောင်းကင်ဘုံကို မယုံကြည်မှသာ ခရစ်ယာန်စစ်စစ်ဖြစ်သည်ဟု ဟောပြောနေသူ (ဟောပြောရန်ကြိုးစားသူ) ကို ခရစ်ယန်အသိုင်းအဝန်းက လက်ခံ သင့်သည် ဟု ထင်ပါသလော။

    – လွတ်လပ်စွာ ဘာသာရေး ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့် ရေးသားခွင့် ကို လွတ်လပ်စွာစော်ကားခွင့် ပုတ်ခတ်ခွင့် အဖြစ်မပြောင်းလဲသင့်ပါချေ။

    ခင်ဗျားတို့ ဝါဒဟာ –
    တကယ်တော့ ဗုဒ္ဓဝါဒ (ဗုဒ္ဓဘာသာ -ထေရဝါဒ၊ မယာယန၊ ဇင်၊ ဝဇီရာယန -တိဘက်ဗုဒ္ဓဘာသာတွေ) နဲ့ တကယ့်ကို ဆန့်ကျင်ဘက်ပါ။
    အရိယသစ္စာကို တကယ်သိနားလည်စေတဲ့ ဝိပဿနာအကျင့်ပိုင်းကို ဝေဖန်ဆွေးနွေးဖို့ မဆိုထားနဲ့ သမုတိသစ္စာ အခြေခံ ကံကံ၏အကျိုး ၊ ပါဏာတိပါတာကံ အယူက စလို့ ရှေ့ဘဝနောက်ဘဝ လက်ခံမှု၊ စသည်ဖြင့် ဗုဒ္ဓဝါဒ (ဗုဒ္ဓဘာသာ -ထေရဝါဒ၊ မယာယန၊ ဇင်၊ ဝဇီရာယန -တိဘက်ဗုဒ္ဓဘာသာတွေ အားလုံးရဲ့) ဆန့်ကျင်ဘက်ပါ။

    ဝိပဿနာအကျင့်ပိုင်းဆိုင်ရာ ဖြစ်ပျက် နားလည်မှု ကို ခင်ဗျား ကျင့်ကြံအားထုတ်မှု တစုံတရာမပါဝင်ဘဲ နားစွန်နားဖျားကြားပြီး ဝေဖန်ပုတ်ခတ်ပေမယ့် အတတ်နိုင်ဆုံးခင်ဗျားနားလည်အောင် အတိုဆုံးရှင်းပြလိုက်တယ်။

    လောကတွေ လူတွေ ပြဿနာဖြစ်၊ ကိုယ်ကျင့်သီလဖောက်ဖျက်၊ ငြင်းခုန် ဒေါသဖြစ်၊ မနာလိုဖြစ်၊ သူတပါးဒုက္ခဖြစ်အောင်လုပ်၊ ဘယ်သူတေတေ ငတေမာပြီးရောလုပ်နေတယ်ဆိုတာ ။
    ကိုယ့်ရဲ့ စိတ်- ခံစားချက် (လောဘ-ဒေါသ-မနာလိုမှု-ကောက်ကျစ်မှု) တွေကို အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်မိလို့ ။
    ပညတ် လူအထည်ကိုယ်ကြီး၊ အိမ်၊ ကျောင်း၊ ပန်းကန်၊ ခွက်၊ လူ၊ ခွေးတွေ ကို ဖြစ်ပျက်ရှုခိုင်းနေတာမဟုတ်။ စွန့်လွှတ်ခိုင်းနေတာမဟုတ်။

    -စိတ်- ခံစားချက် (လောဘ-ဒေါသ) တွေဟာ ဖြစ်ပြီးပျက်နေတဲ့အတွက် (မမြဲတဲ့အတွက်)
    “အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်လို့မရ ဆိုတဲ့ အမှန်တရား“ ကို နားလည်တဲ့ သဘောထားပေါ်ပေါက်လာစေဖို့ပဲ။
    ကိုယ့်ရဲ့ စိတ်- ခံစားချက် (လောဘ-ဒေါသ) တွေကို အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်မိခြင်းမှ လွတ်ကင်းလာရင် လွတ်ကင်းသလောက် စိတ်ရဲ့အေးငြိမ်းမှု ချမ်းသာမှု၊ တို့ဖြစ်လာမယ်။ ကိုယ့်ရဲ့ စိတ်- ခံစားချက်တွေကိုပဲ ဦးစားပေး၊ အဟုတ်ထင် အလိုလိုက်လွန်းမှု မဖြစ်တဲ့အတွက် အများအကျိုးအတွက် ထည့်စဉ်းစားနိုင်လာမယ်။ ကိုယ်ကျိုး – ကိုယ့်ဝါဒ – ကိုယ့်ဘာသာ အတွက်သာ မက သူတပါးအကျိုး ၊ သူတပါးဝါဒ အတွက်ကိုလည်း လေးစားသမှု – ချစ်ခင်မှု – စော်ကားပုတ်ခတ်လိုမှု ကင်းလာမယ်။
    လူမျိုးဘာသာ ခွဲခြားခြင်း မရှိဘဲ လူသား တိရစ္ဆာန်ခွဲခြားခြင်းမရှိပ ဲ အားလုံးအပေါ် လွတ်လပ် တဲ့ဗြဟ္မစိုရ်တရားတွေ နဲ့ ဆက်ဆံနိုင်လာတယ်ဆိုတာ……လက်တွေ့ ကျင့်ကြံအားထုတ်ကြသူများ လွယ်ကူစွာသိရှိပြီးဆိုတာကိုတော့ သိစေချင်ပါတယ်။

    အောက်ပါလင့်လေးက ခင်ဗျားတို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေအားလုံးရဲ့ဆန့်ကျင်ဘက် ကို ဗုဒ္ဓဘာသာလုပ်ချင်နေတဲ့ စိတ် (မိုးပြာ ဝါဒစွဲ ) ကို အတန်ငယ်လျော့ချနိုင်မယ်ထင်ပါရဲ့
    http://realenlightenment.multiply.com/video/item/3/3

    • kai

      September 28, 2011 at 2:02 pm

      ခရစ်ယာန် church ထဲဝင်ရောက်ပြီး ဖန်ဆင်းရှင် မယုံကြည်ဖို့.. ဟောပြောနေသူ.. မှားနေတယ်ရှင်းပြနေသူ.. အဲဒီလိုလုပ်နေတဲ့သူတွေ တွေ့ဖူးပါတယ်..။ ချပ်ချ်ထဲဝင်လုပ်တော့.. ပါစတာ(ဖာသာ)က..အပြင်ထွက်ဖို့..သူ့ပိုင်မြေဧရိယာထဲမလုပ်ဖို့ပြောတယ်..။ ဆက်ပြောရင်..ရဲခေါ်မယ်ပြောတယ်..။

      အဲဒါနဲ့.. အပြင်မှာထွက်ပြောနေတာပါ..။ ခုံကလေးယူလာပြိး.. ခုံပေါ်တက် ပြောတာ..။ အောက်က မကြိုက်တဲ့သူက.. လက်ညိုးထိုးပြီး.. ပြန်ဆဲနေတာတောင်ရှိသေး..။

      ပြောရရင်..ယူအက်စ်မှာ.. လမ်းဘေးမှာခုံချ.. ခုံပေါ်တက်.. ဘာသာရေးအကြောင်းပြောနေသူတွေရှိသလို.. မီးပွိုင့်ကားမှတ်တိုင်တွေမှာ.. သူ့အယူအဆကို.. သူများပုပ်ခပ်ပြောနေသူတွေလည်းရှိတာပဲ..

      တလောကတင်.. စန်တာမော်နီကာဆိုတဲ့ ပင်လယ်ကမ်းခြေမြို့မှာ.. လူတွေကြား.. မွတ်ဆလင်နဲ့ အစ္စလမ်ဘာသာကို မတရားစော်ကား ပြိး..မိုက်တလုံးကို ပရိတ်သတ်ဖက်ချ.. ပြောရဲတဲ့သူယှဉ်ပြောစမ်းလုပ်နေတဲ့.. အရှေ့အလယ်ပိုင်းက.အာရတ်တယောက်လည်းတွေ့ခဲ့သေး..။ သူက..ကိုရမ်ကျမ်းကို..ကိုင်ထားတာ..။
      သူ့ဓါတ်ပုံတောင် .. ရိုက်ထားသေးတယ်..။
      မွတ်စလင်ဖက်က.. ကလေးရော.မိန်းကလေးတွေပါ..မိုက်ကိုင်ပြိး ပြန်ငြင်းခုန်တာ.. စိတ်ဝင်စားလို့.. ကြည့်နေသူတွေ..တော်တော်များတယ်.။

      ဆိုတော့..
      လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်…ဆိုတာ… အဲဒါပဲ..။
      ပြောချင်သလောက်ပြောပါစေ.။ ဘယ်သူမှစိတ်မဝင်စား..ပြန်မဆွေးနွေးကြရင်.. မောရင် ရပ်သွားလိမ့်မယ်..။
      ကျုပ်အနေနဲ့ကတော့.. အတွေးအခေါ်တွေ..ဒဿနတွေကို.. လူတွေကိုချပြ..ဆွေးနွေးပြောတာမျိုးကို.. ကြိုက်တယ်.။ ပြန်လည်း ငြင်းခုန်ဆွေးနွေးတတ်တယ်.။

      နိဂုံးချုပ်အနေနဲ့..

      (စည်းကမ်းဘောင်ထဲက) လွတ်လပ်စွာ ကိုယ့်ယုံကြည်မှုတွေတင်တာ..ပြောတာ..ရေးတာကို… ဘယ်မှာမှခွင့်မပြုရင်လည်း.. မန္တလေးဂေဇက်ကခွင့်ပြုပါကြောင်း…။ 🙂

    • lionking

      September 30, 2011 at 2:02 pm

      နဲနဲတော့လွန်လာပြီထင်တယ် True Answer ။ ငါဆိုတဲ့ lionking ကသပ်သပ် သူတို့ဘာသာသူတို့ ဘာနာမည်တပ်တပ် ငါ့ကို ဆွဲမထည့်ပါနဲ့ ။ ကုန်ကုန်ပြောမယ် ရှင်ဉာဏလို ရဟန်းကို ငါက ပုဂ္ဂိုလ်ရေးအရလည်း မကိုးကွယ်သလို ဒဿနအရလည်း သူ့ဒဿနကမှ အမှန်ပါလို့ ငါကရေးသားထားတာများရှိသလား။ ဒီလိုမျိုးနာမည်တွေတပ်ပြီး စော်ကားတာမျိုး
      နောက်မလုပ်ပါနဲ့ ။ ဒါနောက်ဆုံးဖြစ်ပါစေ။ ငါက ငါဘာသာငါ သပ်သပ်ပဲ။ မင်းတို့ကို ငါက ပုဂ္ဂိုလ်ရေးနဲ့ နာမည်တပ်ပြီး စော်ကားထားဘူးသလား။ ဆင်ခြင်ပါလေ။ မင်းပါးစပ်က ထွက်တဲ့တရားကို မင်းကိုယ်တိုင် အရင်ဆုံးကျင့်သုံးကြည့်ပါဦးလေ။ ငါဟာ ကိုယ့်ဝန်းကျင် ကိုယ့်တိုင်းပြည်မှာ ဘယ်နေရာတွေက ချို့တဲ့ ယိုးယွင်းပျက်စီးနေတယ်ဆိုတာကို သိစေချင်လို့ ဒီဂေဇက်မှာ Post ဝင်ရေးနေတာပဲ။ ငါရေးသားခဲ့တဲ့ Post တွေကို သေသေချာချာလေ့လာပြီးမှ ဝေဖန်ပါ။ ဒီလောက်ပဲ ပြောချင်တယ်။ ပြင်ဆင်ချိန် ရှိနေချိန်မှာ ပြင်ဆင်နိုင်ဘို့ပဲ။ တောင်းပန်ပါတယ် ကိုရိုး ခင်ဗျားပို့စ်ထဲမှာ အခုလိုဝင်ရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။

    • koyo

      October 1, 2011 at 2:50 pm

      အလင်းဆိုတာ အမှောင်လာရင် ပြောက်ကွယ်သွားရသလို၊ အမှောင်ဆိုတာလည်း အလင်းရောက် လာရင် ပြောက်ကွယ်ရတာဟာ ထုံးစံပါ။ ဒီထုံးစံကို ဘယ်သူမှတားဆီးလို့ရမှာမဟုတ်ပါဘူး။ ကိုရိုး
      လည်းအရင်က ဗုဒ္ဓဘာသာပါပဲ။ မြန်မာစစ်ပါ။ ဒီတော့ ကိုရိုးရဲ့သူငယ်ချင်းတွေကလည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပဲပေါ့။ မြန်မာလူမျိုးတွေကို အနည်းဆုံး သံတမန်စိတ်ဓာတ်လေး လောက်တော့ရှိနိုင်ကြပါစေဆိုတဲ့ စေတနာနဲ့ စိတ်ဓာတ်မြှင့်တင်ပေးလိုတဲ့အတွက် တွေးပြ မြင်ပြကြည့်တာပါ။ ဧဟိပဿိကကို လက်တွေ့ အကောင်အထည်ဖော်ကြည့်တာပါ၊ သန္ဒိဌိကကို လက်တွေ့အကောင်အထည်ဖော်ကြည့်တာပါ၊
      ခန္တီတရား လက်ကိုင်ထားကြသော တကယ့်ဗုဒ္ဓဘာသဝင်များ ဖြနိုင်ကြပါစေ။

    • koyo

      October 3, 2011 at 5:47 pm

      ဒီပို့စ်မှာ ဘယ်စကားလုံကို True Answer မကျေနပ်တာပါလဲ။ မည်ကဲ့သို့ ပုတ်ခတ်ထားတာများပါနေလို့ပါလဲ။ လူတစ်ယောက်ထဲက လူခြောက်ယောက်ရဲ့ ဦးနှောက်နဲ့ ညီမျှနေတယ်ဆိုတော့ ဘဝင်တောင်မြင့်ချင်လာပြီ။ လက်တွေ့ကျင့်ကြံအားထုတ်ထားသူတွေအဖို့ ဗြဟာ္မစိုးတရားတွေနဲ့ ဆက်ဆံနိုင်မယ်ထင်ပါတယ်။

  • hello everybody

    September 28, 2011 at 11:52 am

    ဟုတ်တယ် True Answer နဲ့ ကျုပ်လဲသဘောတူတယ်၊
    ကိုယ်သဘောကျတဲ့အယူဝါဒကိုကိုယ်ကြိုက်သလိုကိုးကွယ်ပေါ့ဗျာ၊
    ဟိုအယူဝါဒကဘယ်လိုဘာညာဆိုတာပြောနေပီဆိုကထဲကခင်ဗျားတို့မှာ၊
    “Morality” လူကျင့်ဝတ်(ဘာသာရေးနဲ့မဆိုင်တဲ့သာမန်)တောင်နားမလည်မှန်းသိသာတယ်၊
    ကျုပ်သူငယ်ချင်းထဲမှာဗလီဆရာလဲရှိတယ်၊ခရစ်ယာန်သင်းအုပ်ဆရာလဲရှိတယ်၊ကျုပ်ကဗုဒ္ဓဘာသာ ပါ၊
    ဒါပေမဲ့သူတို့ပါးစပ်ကကျုပ်တို့ဘာသာကိုစော်ကားပြောဆိုတာမကြားဖူးဘူး၊
    အဲဒါလူ့ကျင့်ဝတ်(Morality)ကိုနားလည်တာရော၊ကကိုယ်ကိုစားပြုထားတဲ့ဘာသာအပေါ်လေးစားတာရောကြောင့်။
    ဘယ်ဘာသာမဆိုလူကျင့်ဝတ်ကိုအခြေခံတယ်၊လေးစားထားရတယ်၊ရှင်းပါတယ်၊ဒါမှစည်းရုံးလို့ရမှာပေါ့။
    ဟိုပုတ်ခတ်၊ဒီပုတ်ခတ်နဲ့
    ခင်ဗျားတို့ရည်ရွယ်ချက်ကဘာလဲ?
    ဘာဖြစ်ချင်တာလဲ?
    MGကသူကြီးကစာပေသမားအနေနဲ့စိတ်ရှည်ပေမဲ့၊ခင်ဗျားတို့လုပ်ရပ်တွေရပ်တန်းကရပ်စေချင်တယ်ဗျာ။
    တောင်းပန်ပါတယ်၊ကိုပိုင်ဝက်ဆိုက်မှာကိုယ်လုပ်ချင်တာသွားလုပ်ပါဗျာ။
    ဒီမှာလာပြီးအာရုံမနောက်စမ်းပါနဲ့။

    • koyo

      October 1, 2011 at 3:00 pm

      အဲလိုအာဏာရှင်စိတ်ဓာတ်တွေ ကြီးစိုးနေလို့ မြန်မာပြည်ကြီး အခုလိုဖြစ်နေရတာပေါ့။ ကဒါဖီ လက်သစ်တွေဟာ ခေတ်သစ်မှာ နေရာပြောက်တော့မှာပါ။ အာဏာရှင်စိတ်ဓာတ်နဲ့ သာသနာပြု ကြဦးမယ်ဆိုရင်တော့ မကြာတော့တဲ့အချိန်မှာ ကဒါဖီနောက်ကိုလိုက်ရတော့မယ် သတိထားပြီးသာ စောင့်ကြည့်နေပေတော့။ အဏာရှင်စိတ်ဓာတ်တွေကို စွန့်လွှတ်ဖုို့ အချိန်တန်ပါပြီဗျာ။

  • windtalker

    September 28, 2011 at 11:59 am

    ကိုရို ရေ
    ဘာများလည်း မသိလို ့
    ဝင်ဖတ်မိတာပါ
    မင်းဘာသာ မင်းလုပ်ချင်သလို လုပ်
    နေချင်သလို နေ
    ကိုးကွယ်ချင်တဲ့ဟာ ကိုးကွယ်
    မင်းကို ဘယ်သူမှ
    ဗုဒ္ဓဘာသာ ကိုးကွယ်ပါလို ့
    ဂေဇက် က ရေးနေတာ မဟုတ်ဘူး
    ငါတို ့သက်ဝင်ယုံကြည်တဲ့
    ဗုဒ္ဓဘာသာ ကို
    လာမပုတ်ခတ် နဲ ့ကွာ
    မစော်ကားနဲ ့ကွာ
    မင်းဘာသာ မင်း
    မင်းအမေ ကိုယ် မင်းဘာလုပ်လုပ်
    မင်းအမ ကိုယ် မင်း ဘာလုပ်လုပ်
    မင်းညီမ ကိုယ် မင်း ဘာလုပ်လုပ်
    ငါတို ့က မင်းကို ဘာမှ မပြောဘူး
    ဟုတ်ပြီလား

    • koyo

      October 1, 2011 at 3:09 pm

      [မင်းဘာသာ မင်း
      မင်းအမေ ကိုယ် မင်းဘာလုပ်လုပ်
      မင်းအမ ကိုယ် မင်း ဘာလုပ်လုပ်
      မင်းညီမ ကိုယ် မင်း ဘာလုပ်လုပ်
      ငါတို ့က မင်းကို ဘာမှ မပြောဘူး
      ဟုတ်ပြီလား} ဒီစာသားတွေကိုကြည့်ရင် windtalker ဘယ်လောက်ပေါက်ကွဲ
      နေတယ်ဆိုတာ နားလည်လို့ရပါတယ်။ ဒီအတွက် စိတ်မကောင်းပါဘူး။ နောက်တနည်းအားဖြင့် ဒီစာသားတွေဟာ မိမိရဲ့ စိတ်နေသဘောထားတွေကိုဖော်ပြပေးနေတယ်ဆိုတာလည်း သတိရစေချင်ပါတယ်။

  • thantmonzaw

    September 28, 2011 at 12:14 pm

    koyo ရေ
    ကိုယ်ကြိုက်တာကိုယ်လုပ်၊ကိုရတာကိုယ်ခံ အဲဒါဓမ္မပဲလို.စွန်းလွန်းဆရာတော်ကြီးကပြောခဲ.ပါတယ်
    ခင်ဗျားကြိုက်တာကိုပြောခွင်.ရေးခွင်.ရှိပါတယ်၊ထို.အတူ…
    ခင်ဗျားရတာခင်ဗျားခံရတော.မယ်၊ဘာသာမဲ.တွေဟာတစ်ခြားဘာတွေကိုပုတ်ခတ်တယ်လို.မကြားမိပါဘူးဗျာ
    ခင်ဗျားရေးပုံတွေးပုံတွေကဘာသာမဲ.တော.မဟုတ်လောက်ပါဘူး၊ဘာသာအသစ်ထူထောင်ချင်နေတဲ.ပုံလို.ယူဆမိတယ်ဗျ
    လုပ်ရင်လဲသီးသန်.လုပ်ပါဗျာ၊ဗုဒ္ဒရဲ.အဆုံအမတွေကိုကိုးကားပြီးရောသမမွှေမလုပ်ပါနဲ.၊ကိုယ်ကျိုးနဲလိမ်.မယ်ဗျ။ခင်ဗျားရဲ.postတွေ
    ဖတ်ပြီးမှဒီလိုလူတွေလဲရှိသကိုးလို.တွေ.ရလို.အံဩမိသဗျာ။

    • koyo

      October 1, 2011 at 3:21 pm

      အံ့ဩရပါတယ်။ koyo ရဲ့ တင်ပြချက်တွေဟာ မဖတ်သင့်ဘူးလို့ယူဆရင် မဖတ်ဘဲနေလိုက်ရုံပဲမ ဟုတ်လား။ အာဏာများရှိရင် မန္လေးဂေဇက်ကို ပိတ်ပစ်မယ်နဲ့တူတယ်။ ကိုယ်ရတာ ကိုယ်ခံပါ့မယ်၊ မန္လေးဂေဇက်ကိုတော့ ပိတ်မပစ်လိုက်ပါနဲ့နော်။ အသိဉာဏ်ကို နွေခေါင်ခေါင်မှာ ဝမ်းလျှောတဲ့သူ ရေငတ်သလို ဆာလောင်နေသူတွေကိုရည်ညွှန်းပြီး တွေးပြ၊ မြင်ပြကြည့်နေတာပါ။

  • ပေါက်ကျော်

    September 28, 2011 at 8:25 pm

    ပြောတိုင်းယုံ..ဆွယ်တိုင်း ပါလာမယ် မထင်နဲ ့
    ဉာဏ်မမီတိုင်း..လက်တွေ ့ မကျင့်ကြံ နိုင်ဘဲနဲ ့ ဘုရားကြီးက အလကား မလုပ်ချင်နဲ ့
    ခင်ဗျားတို ့..ကျုပ်တို ့.ဘယ်ချောင်ကပ်နေမှန်း မသိတဲ့ ဘဝတွေထည်းက ဘုရားဟောခဲ့တာတွေ
    ဒီနေ ့အထိ တစ်လုံးမှ မမှားဘူး..ဆိုတာ..ဒီမှာ ဝင်ဖတ်နေတဲ့လူအများသိတယ်

    ဒါကြောင့် မိုးပြာပဲ ဖြစ်ဖြစ်.မိုးဝါပဲ ဖြစ်ဖြစ်..
    ဘုရားကိုပယ်ပြီး..ဘုရားထက်..ပိုတော်တဲ့ ခင်ဗျားတို ့ ရဲ့ ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ ဝါဒတွေ ဆက်ဖြန် ့နေလဲ..မောယုံပဲ ရှိမယ်မှတ်ပါ
    စာဖတ်သူအများဟာ ခင်ဗျားတို ့ဆွယ်တိုင်းပါလာဖူးတဲ့ လူတွေလောက် ဉာဏ် မတိမ်ကြဘူးဆိုတာလဲ
    သတိချပ်ပါဦး

    • koyo

      October 1, 2011 at 3:36 pm

      ပြောတိုင်းမယုံလျှင် မယုံပဲနေလိုက်ရုံပါပဲ။ ဉာဏ်မှီတယ်ဆိုရင်လည်း ဉာဏ်မမှီသူတွေကို လက်တွဲ ခေါ်စေချင်ပါတယ်။ စာဖတ်သူတွေဟာ ဉာဏ်မတိမ်ကြဘူးလို့ယုံကြည်နေပြီပဲ၊ ဘာကိုစိုးရိမ်နေစရာလိုသေးလဲဗျာ။ လက်တွေ့…လက်တွေ့ ဘယ်လိုလက်တွေ့မျိုးကို လက်တွေ့လို့ ပြောတာပါလည်း။ ဘာကို လက်တွေ့ကျင့်မှာလဲ ဘယ်မှာ လက်တွေ့ကျင့်မှာလဲ၊ ဘာအတွက် လက်တွေ့ကျင့်မှာလည်း ဉာဏ်မှီသူ ဉာဏ်မတိမ်သူများက စေတနာရှေ့ထားပြီး ပြောပြပေးကြပါအုံး။

  • sandawchain

    September 28, 2011 at 11:07 pm

    ပေးချင်တဲ့အရာကို ကိုယ်လိုချင်တာမဟုတ်ရင်မယူလို ့ရပါတယ်
    အသိဉာဏ်ဟာလွတ်လပ်မှ ပိုပြီးတိုးတက်မှုရှိပါတယ်
    အိမ်ရဲ့အမိုးပေါ်က
    အိမ်မြှောင်က ပြောတယ် အောက်ကလူတွေကစောက်ထိုးကြီးတဲ့
    အောက်ကလူတွေကလည်း ပြောတယ် အပေါ်ကအိမ်မြှောင်ကလည်းစောက်ထိုးကြီးတဲ့
    ထေရဝါဒနဲ ့မိုးပြာတို ့ရဲ့အဖြစ်ဟာလည်းဒီလိုပါပဲ
    ဘယ်သူကအတည့် ဘယ်သူက ပြောင်းပြန်ဆိုပြီး အပြန်ပြန်အလှန်လှန်ပြောပေမယ့် ပြီးဆုံးတဲ့ဆီကို ရောက်ပါ့မလား
    အနိုင်လိုချင်စိတ်နဲ ့ပြောနေလို ့လေ
    တစ်ချို ့သောအရာတွေဟာ စကားအရသာအနိုင်ယူလို ့တော့ရပေမယ့်
    အခိုင်အမာတည်ဆောက်ထားတဲ့ ဒဿနတွေမှာတော့
    လူကိုပဲနင်းခြေလို ့ရပေမယ့်
    ဒဿနကိုတော့ နင်းခြေလို ့မရပါဘူး ဒါကြောင့် ကိုယ့်ဘာသာကို ခိုင်မာတယ်ထင်ရင်တော့ ပျက်စီး မှာမစိုးရိမ်ပါနဲ ့
    အမှန်တရားဟာ ငြင်းခုန်ဖို ့မဟုတ်ပါဘူး
    လွတ်လွတ်လပ်လပ်ဆွေးနွေးပြီးအသိဉာဏ်တွေ တိုးတက်မြင့်မားကြပါစေ။

    • koyo

      October 1, 2011 at 3:49 pm

      sandawchain ကို ကြိုဆိုပါတယ်လို့ ပြောပြန်ရင်လည်း မိုးပြာဂိုဏ်းသား အချင်းချင်းမု့ိလို့ ထင်ကြ ပြန်အုံးတော့မယ်။ ကိုရိုးမှာ ဂိုဏ်းစွဲမရှိ၊ ဆရာစွဲမရှိ၊ ပုဂ္ဂိုလ်စွဲမရှိပါ။

  • aungnng87

    October 1, 2011 at 4:02 pm

    ဘာသာမဲ့မှာဖြစ်ပျက်မရှိဘူး။ ဗုဒ္ဒဘာသာကသာဖြစ်ပျက်အကြောင်းပြောတာ။ ဗုဒ္ဒဘာသာမဟုတ်ဘဲနဲ့ ဖြစ်ပျက်အကြောင်းပြောတယ်။ ပြောတော့လဲတလွဲကြီး။ ဘာသာမဲ့ကဘာသာရေးအကြောင်းပြောစရာမရှိဘူး။
    ပြောချင်းက အဲဒီဘာသာကိုရှုံ့ချချင်တဲ့စိတ်နဲ့လုပ်တယ်လို့ဘဲသတ်မှတ်တယ်။ အဲဒါကြောင့်လဲဘုရားကပြောတာ၊ ပုတုဇ္ဇနောဥမ္မတကောတဲ့။

    • koyo

      October 3, 2011 at 6:11 pm

      ဒီပို့စ်မှာ ဘယ်စကားလုံးကို ဗုဒ္ဓဘာသာပိုင်လို့ ပြောချင်တာပါလဲ။ ကိုရိုးရဲ့စာတွေကို မဖတ်သင့်ဘူး ထင်ရင် မဖတ်ပဲနေလို့ရတာပဲ။ ဒီလောက်လွယ်တဲ့ကိစ္စကို ဘာလို့ပုံကြီးချဲ့နေကြတာလဲ။ ကို်ယ့်အမြင်ခိုင်မာရင် ခိုင်မာကြောင်းသက်သေထူ၊ လူတွေကိုကျင့်သုံးခိုင်း၊ ခိုင်မာရင် ခင်ဗျားတို့အ တွက်ဘာမှစိုးရိမ်စရာမရှိပါဘူး။ အခုတော့ လူကို အစိမ်းလိုက်များဝါးစားချင်နေကြသလားမသိ။

  • Ko Ko Aung

    October 1, 2011 at 5:57 pm

    မိုးပြာဘက်သားများခင်ဗျား…………………
    အဲဒီမိုးပြာဝါဒဆိုတာကို
    လိုရင်းတွေပဲစုပြီး
    ပိုစ့်တပုဒ်စာလောက် တင်ပေးပါလား
    လူကြီးလူကောင်းလိုဆွေးနွေးချင်လို့ပါ။ မေးမြန်းချင်လို့ပါ။
    လက်ရှိအားဖြင့် ကျွန်တော်ကြားဘူးသလောက်အတိုင်းတော့
    ကျွန်တော့အနေနဲ့ လုံးဝ လုံးဝ လက်ခံနိုင်စရာမရှိပါ။
    သူကြီးကပြောတော့ မိုးပြာဂိုဏ်းသား သိန်းနဲ့ချီသတဲ့
    ကျွန်တော့တယောက်ပါ ထည့်ပြီးသာသနာပြုကြည့်ပါလား …………..

Leave a Reply