မပြန်မကောင်း ပြန်မကောင်း

အောင်မောင်းတစ်ယောက်ရွှေလီမှာ ဇိမ်တွေကျနေတဲ.ရက်တွေမှာ မွေးရပ်မြေ မန္တလေးမှာတော. ပူလွန်းလို.ဆိုတဲအသံတွေကြားနေရပါတယ်။
မန်းလေးမှာအပူလှိုင်း (10-50-2010)နေ.မှာဖြတ်မယ်လို.ပြောနေပေမဲ. သည်ရက်မတိုင်ခင်မှာကို မနေနိုင်လောက်အောင်ကိုပူနေပါသတဲ.။
နေ.စဉ်နေ.လယ် ထမင်းစားချိန် မွန်းတည်.ချိန်ဆိုရင် အောင်မောင်းက မန္တလေးရုံးက ကလေးများနဲ.လုပ်ငန်းအခြေအနေကို အင်တာနက်က တစ်ဆင်.အပြန်အလှန်ပြောကြပါတယ်။
အင်တာနက်နဲ.ပြောဆိုသူတို. အခေါ်မြန်မာဖုန်းတွေက ကျယ်ဂေါင်ထဲက သာပြောလို.ရပါတယ် ရွှေလီကနေဆိုလုံးဝလိုင်းမမိဘူးလေ။
သည်တော.အင်တာနက်က မကြားပေမဲ.ရှင်းရှင်းလင်းမြင်ရပါတယ်။
အောင်မောင်းကိုကလေးတွေက “လေးအောင် အေးအေးဆေးဆေးနေသည်မှာအရမ်းပူနေတယ် နေလို.တောင်မရဘူး”လို.
စေတနာအပြည်.နဲ.သတိပေးကြပါတယ်.
နေ.စဉ်အင်တာနက်က အပြန်အလှန်ပြောကြတာရော ဖုန်းသတင်းရောကြားရတဲ.သတင်းဆိုးတွေက ဟုတ်လားမှန်လား မမေးနိုင်လောက်အောင်ကို အပူထဲကအပူတွေပါ။
အပြင်မှာမပြောနဲ. အိမ်ထဲမှာတောင် လေးဆယ်.ငါး(ကြားနေကျစကားနဲ.ပြောရ ရရင် အပူချိန် 115ပေါ.)။
ရေဆူမှတ်က 100 ဆိုတော. ရေနွေးဆူတာထက်တောင်ကျော်ပြီလို.ဆိုနိုင်ပါတယ်။
ထိလိုက်သမျှပူ ထိုင်ရင်လဲပူ ထရင်လဲပူ တစ်ပူထည်းပူ သည်အပူနဲ.ကိုမလွတ်ပေါင်ရှောင်လို.မရဆိုသလိုပါဘဲတဲ.။
တစ်ချို.ရဲ.မှတ်ချက်ကလဲ လောကငရဲလို. တင်စားပါတယ်။
သည်အထဲမီးမလာရေပြတ် မတ်တတ်ကတောင်လဲသေလောက်တဲ.ဒုက္ခကို မလိုချင်ဘဲလက်ခံလိုက်ရပါသတဲ.။

တစ်ယောက်က သတင်းပေးတယ် နေ.လည် ထမင်းစားအပြီး ထမင်းဆိုင်ထဲကနေ နေပူထဲအထွက် အဲကွန်းဖွင်.ထားတဲ.ကားပေါ်အတက်
စနိုးတာဝါအေးအေးလေးနဲ.လဲ မျက်နှာကို သုတ်အပြီး အသက်ပါသွားတယ်ဆိုတာက တစ်ပုဒ်။
နောက်တစ်မျိုးက တော. ကျန်းမာရေးသိပ်မကောင်းလို. အိမ်က သာသနာ.အရိပ်မှာခဏလေးခိုနေတဲ.လူလတ်ပိုင်းတစ်ယောက်
ညမှပူတယ်ဆိုရေတွေထထချိုးတော.အပူရှပ်လို.ဖျားပါသတဲ. အဲဒါနေ.လည်ပိုင်းမှာ ဟိုဘက်ကျောင်းနဲ.သည်ဘက်ကျောင်းနေပူထဲမှာ
ဖြတ်လို.ကူးအပြီး ဦးနှောက်သွေးကြောပြတ်လို.ပျံလွန်တော်မူသွားတယ်ဆိုတာလဲတမျိုး။
နောက်ညီမနှစ်ယောက် ပူလွန်းလို.ရေတွေချိုး ရေစိုအဝတ်တွေနဲ.အိပ်လိုက်တာ ပြန်မနိုးတော.ဘဲ အသက်ပျောက်သွားတာမလည်း တစ်ခု။
ပူလွန်းလို. အဖေကိုအပူရှောင်ဘို.တောင်ကြီးကိုပို.မယ်ဆိုပြီးအဖေ.အိမ်ကနေခေါ်လာပြီးသူ.အိမ်ကို အဝတ်အစားယူဘို.ခဏအဝင်
အဲကွန်းဖွင်.ထားတဲ. အခန်းထဲမှာ ထားလို. ရေအေးလေးတစ်ခွက်အတိုက် အမြုပ်တွေထွက်လို. အသက်ပါ ပါသွားတာလဲ ရင်နာစရာသတင်း
အိမ်ထဲမှာတင် ပူလွန်းလို.ဆိုပြီး မျက်နှာကိုရေးအေးလေးနဲ.ပွတ်ပြီးပန်ကာအောက်မှာ နေလိုက်တာကနေ ပါးစပ်တွေရွဲ.စောင်းသွားတယ်ဆိုတာကလဲ တစ်မျုးိ။
နောက် အလုပ်ကပြန်အလာ ခြေထောက်ကိုရေတွေလောင်းအပြီးအပူရှပ်လို.အဖျားတွေဝင်လို. အသက်ကိုပေးလိုက်ရတဲ.လူငယ်လေးက လဲသတင်းတပုဒ်။
ရှင်လောင်းလေးတွေလဲ အပူရှပ်လို. အသက်ဆုံးတယ်ဆိုတဲ.ကြားရတာ နားဝမချမ်းသာပေမဲ.တကယ်ဖြစ်ခဲ.တာဆိုတာ မငြင်းနိုင်ပြန်ဘုူး။
ဆေးရုံကြီးမှာလဲ လူနာတွေတစ်ပုံကြီး ဆရာဝန်မလောက် နေရာမလောက် သည်အထဲက အသက်ပျောက်သွားတာကလဲအများကြီး။
ဆေးရုံမရောက်ဘဲ လောကကိုမျက်ကွယ်ပြုသူတွေကလဲတစ်ပုံတစ်ပင်။
မျက်ကွယ်ပြုသူတွေရဲ.နားခိုရာနေရာမှာလဲ အပြီးလာသူတွေက တစ်နေ.တစ်ရာကျော်။
များလွန်းလို.အလောင်းတင်ထားတဲ.ကားကလွဲလို.လာပို.တဲ.ကားတွေကို အဝင်ဝတင်ရပ်ခိုင်းရတယ်ဆိုလဲမရိုးအောင်တစ်မျိုးကြားရ။
မစည်ကားအပ်ဘူးဆိုတဲ.နေရာမှာ လိုတာထက်ကိုပိုစည်ကားနေပါတယ်ဆိုတဲ. မသတီစရာသတင်းကလဲ အမှန်ပါတဲ.။
သဘာဝကို သဘာဝအတို်င်းလေး မနေဘဲနည်းမျိုးစုံနဲ.အံတုရာက မကျန်းမမာဖြစ်ကုန်သူတွေကလဲတစ်ပုံတစ်ပင်။
အောင်မောင်းစိတ်ထဲမှာ မန်းလေးက အလုပ်ကလဲမျှော်နေပြီ သည်ကအလုပ်ကလဲပြီးသလောက်ဖြစ်နေပြီ။
ဘာဘဲပြောပြော ကိုယ်ချည်တိုင်လေးကိုလဲ လွမ်းလှပြီ သတင်းဆိုးတွေကြားနေရတော. တွေးကြည်.တာနဲ.တင်ပူလှပြီ။
မပြန်လို.ကလဲ မဖြစ်။
အောင်မောင်းစိတ်ထဲမှာတော. …………………………………………………..ပါဘဲ။

စက (15-5-2010)နေ.မှာပြန်မယ်စီစဉ်ပေမဲ. အလုပ်ကိစ္စမပြတ်လို.တစ်ရက်ဆက်နေပြီး
(16-5-2010)ပြန်ဘို.အတွက် လက်မှတ်ကတော.ဖြတ်လိုက်ပါတယ်။

အောင်မောင်းပြန်လာရာလမ်းက သာယာပါတယ် ။
စိတ်ကတော.မသာယာပါဘူး အအေးကနေ အပူကို ဆင်းလာရတာကိုးဗျ။
ဒါပေမဲ.ကိုယ်အရပ်ဆိုတာမပြန်လို.မရဘူးလေ။
အပြန်လမ်းမှာတော. အသွားတုန်းက ဝေတေဝါးတားလေးတွေကထင်ရှားလို.လာပါတယ်။
မူဆယ်ကအထွက် 105မိုင်မှာ အစစ်ဆေးခံ ကားပေါ်က ထိုင်နေတဲ.လူတွေကိုလှည်.ပါတ်ကြည်. နောက်ဖုံးထဲက ပစ္စည်းတွေကိုစစ်။
ကားမောင်းသူ အဖြေမနပ်လို.ကတော. ပြဿနာများပြီလို.သာမှတ်လိုက်တော.။
အောင်မောင်းတို.ကအေးဆေးလေး ဖြတ်ခဲ.ပါတယ်။
လှလဲလှ မြင်.လဲမြင်.ကွတ်ခိုင်တောင်ကို တအိအိတက်လို. နာမယ်ကျော်ကျောက်ဆောင်ကိုဖြတ်ခဲ.ပါတယ်၊
သည်ကနေမှ အလာတုန်းက သတိမထားမိတယ် လှပသော တောင်တွေနဲ.ဖွဲ.တည်ထားတဲ မြန်မာလိုတောင်သုံးဆယ် ရှမ်းလိုတော. လွိုင်ဆမ်ဆစ်
ကို မြင်လိုက်တိုင်းလှ ကြည်.တိုင်းလဲ မဝဆိုတာကိုလက်တွေမြင်ခဲ.ရပါတယ်။
မြင်သမျှစိမ်းမြမြ မိူင်းညို.ညို.နဲ. မတူကွဲပြားတဲ. ပုံစံလေးတွေနဲ. လှချင်တိုင်းလှနေတာကို ကြည်.မဝဆို ကားလေးကလဲ တစ်ရိပ်ရိပ်ပြေးနေတာကိုး။
ဒါနဲ.ဘဲ တောင်ပေါ်ကနေမြင်နေရတဲ.သိန္နီမြို.အလှ ရူခင်.ကလဲ ကိုယ်ကားနဲ.ကိုယ်သာသွားလို.ကတော. ဆင်းတဲ.ပြီးတမေ.တမောငေးချင်စရာတွေပါ။
သည်လမ်းမှာထူးခြားစွာတွေ.ရတာကတော.အညာဒေသမှာ မြင်ရခဲလှတဲ. ကျွဲတွေပါ။
သည်ဘက်မှာတော.လယ်ယာလုပ်ငန်းမှာသုံးပါတယ်။
တစ်ချို.နေရာလေးတွေမှာကျွဲရုပ်ပုံကလေးတွေရှိနေတဲ.နတ်ကွန်းလေးကိုတောင် တွေ.မိသယောင်ပါ။
စိတ်မကောင်းစရာကတော. လမ်းမှတွေ.ရတဲ.တောင်တော်တော်များများ က ထိပ်ပြောင်စ လူတစ်ယောက်ကိုကြည်.ရတာအကြည်.ဆိုးသလို
သစ်ပင်တွေကင်းမဲ.စမြေသားသက်သက်တောင်တွေကို တွေ.နေရတာကိုပါ။
ကားဆရာက ကွတ်ခိုင်မှာခဏနားအပြီးတောက်လျှောက်မောင်းတာကနေ နောင်မွန်မှာထမင်းစားမလားမေးတော.ပါတဲ.လေးယောက်လုံးက မဆာလို.မနားဖြစ်ဘဲဆက်လက်ချီတက်ခဲ.ပါတယ်။
လမ်းတစ်နေရာက ရွာလေးမှာ တော.လေချူသီးခေါ်လိုင်ချီးသီးဆိုင်လေးတွေကို မြင်ရပေမဲ. ကားမရပ်တော. မြင်ငတ်ကြီးလို.သာဆိုချင်ပါတယ်။
ဒါနဲ.သီပေါက ထွက်လို.မကြာခင်မှာ မိုးလေးတစ်ဖွဲဖွဲစကျလာပါတယ်။
ခဏနေတော.လေပြင်းလေးတွေပါလာပါတယ်။
ကားမှန်တွေပိတ်လို.တိတ်တိတ်ခလေးဘဲလိုက်ခဲ.ရပါတယ် ကားလေးကလဲ အရှိန်လျော.လို.မနှေးမမြန်ပေါ.။
သည်လိုနဲ.မိုးတစ်စနဲ.တစ်စတိတ်လို.ကျောက်မဲအဝင်က ဆီဆိုင်လေးတွေအရောက်မှာ မြင်ရတဲ.မြင်ကွင်းကတော. စိတ်မသက်သာစရာပါ။
ဆိုင်တော်တော်များများ အမိုးတွေလန်လို.ပါ။
သစ်ပင်တွေတော်တော်များများလဲ အမြစ်ကနေပြတ်ကျလို.ပါ။
သည်မှာလေပြင်းမုန်တိုင်းဝင်မွှေသွားတာပါ။
သည်ကနေဆက်သွားလိုက်တာ လမ်းမှာ အပင်တော်တော်များများ ကိုင်းတွေကျိုးကျလို.လမ်းပိတ်နေတာကိုရှင်းနေကြပါတယ်။
ဒါနဲ.ဘဲကျောက်မဲကိုရောက်ထမင်းစားခဏနားပြီးဆက်ထွက်ခဲ.ပါတယ်။
လမ်းကမိုးရွာထားတော. ကားစီးရတာစိတ်မဖြောင်.ပါ ဒါပေမဲ.ကားမောင်းသူက ကျွမ်းကျင်သလိုစိတ်ရှည်တော. စိတ်အေးရပါတယ်။
ဒါနဲ.ဘဲနာမယ်ကျော် ဂုတ်တွင်းကို အရောက်သည်တစ်ခေါက်တော.သေချာကြည်.ဖြစ်ပါတယ်။
သိပ်မြင်.မားတဲ.တောင်ထိပ်ကနေအောက်ခြေချောက်အထိဆင်း ပြီးတော.သူလို.ဘဲမြင်.တဲ.တောင်ပေါ်ကိုပြန်တက်
ခပ်ဝေးဝေးမှာမြင်ရတာကတော. နာမည်ကျော် ဂုတ်ထိတ်တံတား ဆိုတဲ.အပြင် နောက်တစ်မျုးိတွင်တဲ. ဘဝသံသရာတံတါးပါ။
လမ်းကတော.အပေါ်ရောက်ရင်အောက်ကတက်လာတဲ.ကားတွေက အရစ်ရစ်အခွေခွေလမ်းမှာ မြင်လိုက်ပျောက်လိုက်။
ဘာဘဲပြောပြောသည်လမ်းကို ဖောက်ခဲ.သူကိုတော. ချီးမွမ်းမဆုံး လမ်းကိုလဲအံ.ဩမဆုံးပါ။
အောင်မောင်းအလိုသာဖြင်. ဘယ်လိုဖောက်ရမယ်ဆိုတာ စဥ်းစားလို.တောင်မပေါ်ပါဘူး။
သည်လို.နဲ.လာခဲ.လိုက်တာ ပြင်ဦးလွင်မှာလဲ မိုးတွေရွာထားတာကိုတွေ.ရပါတယ်။
ပြင်ဦးလွင်ကအဆင်းမန်းလေးရောက်ခါနီးထုံးဘိုအကျော်က ယူကလစ်ပင်တန်းအရောက်သစ်ပင်တွေကျုးိပြတ်နေတာကိုတွေ.ရပါတယ်။
သည်ကလဲ လွန်ရော ဟိုးဝေးဝေးအနောက်ဘက်ပိုင်းစစ်ကိုင်းဘက်မှာရော ဟိုးမြောက်ဘက် မတ္တရာဘက် ရန်ကင်းတောင်ဘက်မှာ မိုးတွေညို.နေတာကို တွေ.ရတော.အောင်မောင်းတစ်ယောက် အတိုင်းမသိဝမ်းသာသွားပါတယ် ။
မန်းလေးထဲလဲရောက်ရောနေ.ရာအနှံ.မှာ မိုးရေတွေရွဲရွဲစိုနေတာကိုလည်းတွေ.။
42လမ်းကုန်းအဆင်းမှာငရံ့မင်းပူဇော်ထားတာကိုလည်းတွေ.ရပါတယ်။
ယုံတာမယုံတာ အပထားငရံ့မင်းပူဇော်လို.ကတော.မိုးရောက်လာတာကတော.အမှန်ပါ။
အိမ်ပြန်အရောက်အရပ်ထဲကိုအဝင် ကားပေါ်ကအဆင်း အိမ်နီးနားချင်းများဝိုင်းအော်လိုက်ကြတာကတော.
“ကိုအောင်မောင်းကြီးရွှေလီကနေ မိုးခေါ်ပြီး ပြန်လာတယ်ဟေ.”
ဆိုတဲ.အသံကိုအကြား အောင်မောင်းတစ်ယောက် ဟုတ်တာမဟုတ်တာ အပထား နားထဲမှာ ကြားရတာ အရသာရှိလိုက်တာဗျာ။

One comment

  • Shwemannmay

    May 22, 2010 at 2:42 am

    လေးလေး အောင်မောင်းပေါက်

    နာရေးသတင်းတွေမှာတောင်မြင် ့က သုဘရာဇာ ၂ ယောက် အပူရှပ်ပြီး ဆုံးသွားတာမပါသေးဘူး

    မို းကို ခေါ်လာပြီးပြန်မလွှတ်နဲ ့တော့ဗျိူ ့

Leave a Reply