စက်ရုပ်လက်ထက်ပေးသော စုံတွဲ

chitkayMay 22, 20101min681

ဂျပန် နိုင်ငံတွင် မေလ ၁ရ ရက်နေ့က ကျင်းပခဲ့သော မင်္ဂလာပွဲတွင် သတို့သား သတို့သမီးထက် လက်ထပ်ပေးသော ဘုန်းကြီး သို့မဟုတ် ဘိသိက်ဆရာကို မင်္ဂလာပွဲလာ ပရိသတ်က ပိုစိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။ ပုံမှန် မဟုတ်သော လက်ထပ်ခြင်းအဖြစ် ယင်းမင်္ဂလာပွဲတွင် အိုင်ဖယ်ရီ ဟု အမည် ပေးထားသော စက်ရုပ်က ယင်းစုံတွဲကို လက်ထပ် ပေးခဲ့သည်။ သတို့သမီး ဆာတိုကို အင်အွီးမှာ အိုင်ဖယ်ရီကို တီထွင် ဖန်တီးခဲ့သော ကိုကိုရို ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး သတို့သား ဖြစ်သူ တိုမိုရှီရိုမှာ နာရာ သိပ္ပံနှင့် နည်းပညာ အင်စတီကျုမှ စက်ရုပ် နည်းပညာဆိုင်ရာ ပါမောက္ခတစ်ဦး ဖြစ်သည်။ အိုင်ဖယ်ရီကို မင်္ဂလာပွဲ တက်ရောက်လာသူ ဧည့်သည် ငါးဆယ်ထဲမှ တစ်ဦးက အဝေးထိန်း စနစ်ဖြင့် ထိန်းကျောင်း ပေးခဲ့ရာ သူသည် အဆစ် ၁၈ ခုရှိသော လက်ဖြင့် ကောင်းစွာ လှုပ်ရှား နိုင်သလို စကားလည်း ပြောနိုင်ခဲ့သည်။ သတို့သားက သတို့သမီးကို နမ်းလိုက်ပါ ဟု ဆိုခဲ့သလို မင်္ဂလာပွဲအပြီး ဂုဏ်ပြု စကားလည်း ပြောခဲ့သည်။ သတို့သမီး ဖြစ်သူက မိမိ ကုမ္ပဏီမှ ထုတ်လုပ်သော စက်ရုပ်ကို ယခုကဲ့သို့ မိမိမင်္ဂလာပွဲတွင် ပွဲထုတ် အသုံးချပြခြင်းဖြင့် လူတို့၏ နေ့စဉ်ဘဝတွင် စက်ရုပ်များ အသုံးပြုနိုင်မှုကို လူအများ သိမြင် စိတ်ဝင်စား လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ မိမိမင်္ဂလာပွဲ သို့မဟုတ် မိမိနှင့် ပတ်သက်သူ တစ်ဦး၏ မင်္ဂလာပွဲတွင် အိုင်ဖယ်ရီကို ဘိသိက်ဆရာ အဖြစ် ငှားရမ်းလိုပါလျှင် ဂျပန်နိုင်ငံ၊ ကိုကိုရို ကုမ္ပဏီတွင် ဒေါ်လာ ခြောက်သောင်း နှစ်ထောင်ဖြင့် ငှားရမ်းနိုင်သည် ဟု ဆိုပါသည်။

Sources by: www.coolest-gadgets.com

One comment

  • moethiha

    May 22, 2010 at 10:13 am

    တော်တော်ပိုက်ဆံကုန်မှာနော်ကျွန်တော်လက်ထပ်ရင်လဲအဲ့လိုလက်ထပ်ချင်တယ်ဗျား။အိမ်တိုင်ချွတ်ပေါင်ရပေါင်ရ

Leave a Reply