လော့စ်အိန်းဂျလိစ်မြို့မှ မြန်မာကလေးသူငယ်များ ဗမာစာ တတ်တော့မည်

kaiJanuary 14, 20101min1273

ခေါင်းစဉ်ကြည့်ပြီး အူကြောင်ကြောင် ဖြစ်လောက်ပါတယ်။ ဟုတ်ပါတယ်။ အမေရိကမြေမှာမွေး၊ အမေရိကမှာကြီး ဒီလေကိုရှု၊ ဒီရေကိုသောက်တဲ့ မြန်မာတွေ ဗမာစာ မတတ်ကြပါဘူး၊ တတ်တဲ့သူအင်မတန်မှကို ရှားပါတယ်ခင်ဗျား၊ စာ ဆိုလို ့စကားရော မေးလာရင် အင်း…စကားလည်း မတတ်ကြပါဘူး၊ တတ်တဲ့သူရှားပါတယ်ခင်ဗျား၊

ရှားပြီးရင်းရှားနေတဲ့ ဒီပြသနာကို ပြေလည်အောင် အခြေကျနေပြီဖြစ်ကြတဲ့ မြန်မာတွေစီစဉ်ကြည့်တာပါ။ အင်မတန်ကောင်းတဲ့ မွန်မြတ်တဲ့အလုပ်ပါ။
တကယ်က မြန်မာဇာတိနွယ်ခေါ်ရမဲ့ မြန်မာ့သွေး ပါသူ မြန်မာပြည်ဇာတိ မိဘတွေက မွေးဖွားလာသူတွေမို ့မြန်မာစာ၊စကားတတ်သင့်ပါတယ်။
ဒီတော့ မြန်မာစကားတတ်ရင် ဘာတွေ အကျိုးရှိမှာလည်း မေးစရာရှိပါတယ်။ ဟုတ်ကဲ့ပါ..။
နောက် အနှစ် ၃ဝ (၃၀)စောင့်ကြည့်ပါခင်ဗျား။

နောက်အနှစ် ၃ဝ အတွင်းမှာ မြန်မာပြည်ကြီးဟာ ကမ္ဘာ့ရှေ့တန်း ရောက်မလာဘူးလို ့မပြောနိုင်ပါဘူး၊
နောက်အနှစ်၃ဝ အတွင်းမှာ မြန်မာ့စာပေ ကမ္ဘာတန်းရောက်မလားဘူး ဘယ်သူမှ အာမခံ မပြောနိုင်ပါဘူး၊
နောက်အနှစ်၃ဝ အတွင်း မြန်မာပြည်နဲ့ဆိုင်တဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ မကြီးမား၊ မကြီးထွားနိုင်ဘူး ဘယ်သူမှ မပြောထားပါဘူး။

အောက်တန်းကျလွန်းလှပြီဖြစ်တဲ့ အမိမြေဟာ ရှေ့လျှောက်တက်ရဖို ့သာ ရှိပါတယ်။ (ကျဖို ့နေရာလည်း မရှိတော့ပါဘူး)
တက်လာတဲ့အချိန် နောင်တမရကြစေဖို ့ကိုယ်ခလေးတွေကို လက်ဆွဲပြီး “ကျောင်းကိုပို ့လိုက်ကြပါ။”
အောက်မှာ သတင်းနဲ့ ဆက်သွယ်ရမဲ့ နံပါတ်တွေထည့်ပေးထားပါတယ်။ သတင်းက မန္တလေးဂေဇက်သတင်းစာမှာလည်း ပါပြီးဖြစ်ပါတယ်…။
==

အမေရိကနိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ အခြေစိုက်တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းမှဦးဆောင်၍အမေရိကန်နိုင်ငံတွင်ရောက်ရှိ အခြေချနေထိုင်နေကြသည့်မြန်မာဇာတိနွယ်မိသားစု
များမှပေါက်ဖွားလာသော မျိုးဆက်သစ် ကလေးနှင့်လူငယ်များအား အခြေခံမြန်မာစာ၊ စကားနှင့် အရေးအဖတ် တတ်မြောက်စေရန်ရည်ရွယ်သည့်မြန်မာစာအရေးအဖတ်အပြောသင်တန်းကို၂၀၁ဝပြည့်နှစ်ဇန်နဝါရီလ၁ရရက်တနင်္ဂနွေနေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
သင်တန်းနေရာနှင့်အချိန်
မြန်မာစာအရေးအဖတ်အပြောသင်တန်းကို လော့စ်အိန်းဂျလိစ်မြို့ မွန်ထရီပတ်မြို့နယ်ရှိ ‘အောင်ဇေ’ခန်းမအမှတ် ၆၂၉ န ွမေလနပ ဗလနယ ဩညအနမနပ ဏမေုယ ဃဗ ၉၁၇၅၅ တွင်သင်ကြားပို့ချပေးမည်ဖြစ်ပြီး အပတ်စဉ်တနင်္ဂနွေနေ့လည်၁၂နာရီမှ၂နာရီအထိစနစ်တကျသင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။
သင်ကြားပို့ချမည့်ဆရာမများ သင်တန်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့အမက(၁၀)လှိုင်မှ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းလွင်၊ ဗဟန်းအထ(၂)မှအထက် တန်းပြ ဆရာမဒေါ်ဝေဝေလှိုင်၊အမေ့ကျောင်း ပျိုးခင်းမှဆရာမဒေါ်မိုးချိုသင်းနှင့် မသွဲ့သွဲ့ခင်၊ မလေးနိုင်အိတို့ကဆရာမများအဖြစ် ခေတ်မီနည်းစနစ်တို့ဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။

ဖိတ်ကြားခြင်း
မြန်မာစာသင်ကြားရေးသင်တန်း ရေရှည်အောင်မြင်ရေးအတွက် အတွေ့အကြုံရှိသောကျောင်းဆရာ၊ဆရာမများအပြင် စိတ်ဝင်စားပြီး လုပ်အားပေးလိုသူများ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်း လှူဒါန်းလိုသူများသည် တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းနှင့် ဆက်သွယ်ကြပါရန် ဖိတ်ခေါ်ထားကြောင်းသိ ရသည်။

သင်တန်းကြေးနှင့်စာရင်းပေးသွင်းရန်
မြန်မာစာ၊ စကား၊ ပြောဆို၊ ရေးဖတ်တတ် မြောက်လိုသည့် အသက်၅နှစ်နှင့် အထက် ကျောင်းသူကျောင်းသားများမည်သူမဆိုစာရင်းပေးသွင်း တက်ရောက်နိုင်ပြီး သင်တန်းကြေးမှာအခမဲ့ဖြစ်သည်။

စာရင်းပေးသွင်းရန်

ဒေါက်တာလမင်းတရာ-၆၂၆-၄၂၂-၄၈၈၀

ဆရာမမိုးချိုသင်း    -၆၂၆-၃၇၃-၅၈၄၈

လေးနိုင်အိ        -၇၁၄-၂၆၀-၅၂၇၀

မနီလာစိန်        -၆၂၆-၅၀၆-၉၆၀၇

3 comments

  • Kyaemon

    January 14, 2010 at 10:50 pm

    Suggestion: At this point, the classes’ location is not readable. The street name and the city name have “typos.” Need to re-type them.

  • editor

    January 15, 2010 at 11:25 pm

    ဆောရီးခင်ဗျား..အခုလိုထောက်ပြတာ ကျေးဇူးတင်ပါတယ်။
    လိပ်စာက..
    629 E Garvey Ave, Monterey Park, CA 91755 U.S.A

  • narziparty2009

    May 3, 2010 at 4:30 pm

    တော်တော်ကောင်းတဲ.အစီအစဉ်ပါဗျာ။အားပေးပါတယ်ဆက်လုပ်ပါနော်။အောင်မြင်မှာသေချာပါတယ်။မြန်မာဘာသာတွေနောင်အနှစ်သုံးဆယ်တောင်နေမှာမဟုတ်ပါဘူးနေ.ချင်းညချင်းလည်းဖြစ်နိုင်ပါတယ်။တောင်းဆိုရအုံးမယ်။မြန်မာတွေ Myanglish တွေသုံးတာနဲ.ပတ်သတ်ပြီမရေးသင်.ကြောင်းဆောင်းပါးလေးတွေရေးပေးပါလားဗျာ။မြန်မာလိုရေးလို.ရတာကိုဗျာ။အင်္ဂလိပ်လိုရေးရမယ်လို.မဆိုလိုပါဘူးဗျာ။

Leave a Reply