နိုင်ငံတော်သမ္မတကြီး ကြည့်မိစေလိုပါသည်

ဘဲဥJanuary 16, 20121min62514

နိုင်ငံတော်သမ္မတကြီး ကြည့်မိစေလိုပါသည်

 <object style=”height: 390px; width: 640px”><param name=”movie” value=”http://www.youtube.com/v/?version=3&feature=player_embedded”><param name=”allowFullScreen” value=”true”><param name=”allowScriptAccess” value=”always”><embed src=”http://www.youtube.com/v/?version=3&feature=player_embedded” type=”application/x-shockwave-flash” allowfullscreen=”true” allowScriptAccess=”always” width=”640″ height=”360″></object>

အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်တစ်လွှားမှာ ဒီလို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီး ၂ဝ ကျော်နဲ့ တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၇ဝ ကျော် ထုတ်လုပ်ကာ လူနေအဆောက်အဦးနဲ့ စက်ရုံအလုပ်ရုံပေါင်း ၄ သန်းကျော်ကို လျှပ်စစ် ဓါတ်အားထုတ်ပေးနေတဲ့ First Energy ကုမ္ပဏီကြီးရဲ့ ကျောက်မီးသွေးသုံးစက်ရုံအလုပ်လုပ်ပုံနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ထိန်းသိမ်းထားနိုင်ပုံကို သရုပ်ဖေါ်ထားတဲ့ 3D animated coal plant tour လေးပါခင်ဗျား…။

ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကထွက်လာတဲ့ စွန့်ပစ်ထွက်ကုန်တွေနဲ့ အဆင့်မြင့်ကွန်ကရစ်တွေဖေါ်စပ်ပြီး နိုင်ငံရဲ့ လမ်းဖေါက်လုပ်ရေး လုပ်ငန်းတွေ ၊ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျား ။

၂၀၁၁ခု စာရင်းဇယားများအရ တစ်ကမ္ဘာလုံးလျှပ်စစ်ထုတ်လုပ်မှုရဲ့ ၄၁ % ၊ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ ၄၅% ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၉% ၊ အိနိ္ဒယနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့၆၉%ဟာ ကျောက်မီးသွေးက ထုတ်လုပ်ပါသည်ခင်ဗျား ။ ကမ္ဘာကလက်ခံသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသည့် နည်းစဉ်များ ရှိနေပြီးဖြစ်ပါသည်ခင်ဗျား ။

တစ်ဘက်တွင် သဘာဝပတ်ဝန်းကျင်အတန်အသင့်ထိခိုက်သော်လည်း အခြားတစ်ဘက်တွင် လျှပ်စစ်ရရှိမှုကြောင့် သန်းနှင့်ချီသောပြည်သူလူထုနေ့စဉ်စားဝတ်နေရေး အတွက် လောင်စာအဖြစ် သုံးနေရသော ထင်းမီးသွေးများ သုံးစရာမလိုတော့သဖြင့် သစ်တောပေါင်းများစွာကို အကာအကွယ်ပေးနိုင်မည့်အပြင် ထိုမီးဖိုများမှနေ့စဉ်ထုတ်လွှတ်သော ကာဘွန် တန်ပေါင်းများစွာ ကိုလည်းလျှော့ချနိုင်မည် ဖြစ်ပါသောကြောင့် တစ်ဘက်ကဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင်ကို အခြားတစ်ဘက်တွင်  ပြန်လည် ထိန်းသိမ်းနိုင်မည်သာ ဖြစ်ပါသည် ။

ကမ္ဘာ့စံနှုံးများအရ ၁၀၀ဝ မီဂါဝပ်ရှိသော ကျောက်မီးသွေးသုံးစက်ရုံတစ်ရုံမှ တစ်နှစ်ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏသည် ကီလိုဝပ်နာရီပေါင်း ( ရ ) ဘီလီယံ ခန့်ထွက်ရှိမည်ဖြစ်ရာ ၁၀ဝ ဝပ်မီးချောင်း ၈ သန်းခန့်ကို ၂၄ နာရီ တစ်နှစ်ပတ်လုံး မီးလင်းစေနိုင်သော ပမာဏဖြစ်ပါသည် ။ ထိုပမာဏသည်ပင်လျှင် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း သုံးနေသော ပမာဏထက်ပိုပါသည် ။ ၄၀၀ဝ မီဂါဝပ်ကို ရပ်ဆိုင်းမိပါလျှင် ထိုထက် ၄ ဆ ဆုံးရှုံးသွားနိုင်ပါသည် ။

ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်းသည် ဆည်တမံများတည်ဆောက်ခြင်းကဲ့သို့ ဆယ်စုနှစ်ချီ၍ ကြာသော စီမံကိန်းများ မဟုတ်သဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို ရေတိုကာလအတွင်း ပြည်သူများခံစားနိုင်မည်ဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ သမ္မတကြီးအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်းအား ရပ်ဆိုင်းလိုက်ခြင်းအပေါ် ပြန်လည်သုံးသပ်ပေးစေလိုပါသည်ခင်ဗျား ။ ၄၀၀ဝ မီဂါဝပ်စက်ရုံစီမံကိန်းသည် တစ်နေရာတည်းတွင် ကြီးမားသောပမာဏဖြစ်ပါက  မိမိနိုင်ငံသုံးအတွက် သင့်တင့်သောပမာဏ ကိုခွင့်ပြုပေးစေလိုပါသည်ခင်ဗျား ။

မီဒီယာများအနေဖြင့် တစ်ဘက်နိုင်ငံကပြည်သူများ လက်မခံသောစက်ရုံကြီး မိမိနိုင်ငံဘက်မှာ လာဆောက်ခြင်းအပေါ် မချင့်မရဲဖြစ်ပြီး မျိုးချစ်စိတ်အရင်းခံ ကာ စေတနာဖြင့် ထောက်ပြခြင်းဖြစ်နိုင် ပါသည် ။ အကယ်၍သာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပြီး တိုင်းပြည်အတွက် အကျိုးရှိပါမူ သို့တည်းမဟုတ် မိမိတိုင်းပြည်၏ သဘာဝပတ်ဝန်းကျင် အတန်အသင့်ထိခိုက်ခြင်းသည် သန်း၆ဝ သော ပြည်သူ့အတွက်သက်သက်သာ ဖြစ်ပါမူ  မီဒီယာသမားများသည်လည်း မြန်မာနိုင်ငံသား များ တိုင်းပြည်ချစ်သူများသာ ဖြစ်ကြပါကြောင်း တင် ပြအပ်ပါသည် ။

14 comments

  • titanmandalay

    January 16, 2012 at 11:27 am

    voice of myanmar မှ ကူးယူဖော်ပြပါသည်။

  • က်ိုကိုအိုဗာ

    January 16, 2012 at 11:56 am

    အားရင်ကြည့်လိုက်ပါ့မယ်ကွယ်

  • aungnng87

    January 16, 2012 at 12:54 pm

    ဒီကျောက်မီးသွေးဓါတ်အားပေးစက်ရုံလုပ်ရင်သဘာဝပါတ်ဝန်းကျင်ကတော့ထိခိုက်မှာအမှန်ဘဲ။ ဒါပေမဲ့ဒါကခဏထားပါဦး။အဲဒီ၄၀၀ဝမဂ္ဂါဝပ်ကြီးထွက်လာရင် မြန်မာနိုင်ငံအတွက်ဘယ်လောက်သုံးမှာလဲ။ ဂျာနယ်တခုကပြောတာကတော့အဲဒါတွေအကုန်လုံးထိုင်းကိုရောင်းပြီးပြီလို့ပြောတယ်။ အဲဒီတော့အဲဒီမှာနေတဲ့
    ဒေသခံတွေက သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုကိုခံရတာကလွဲလို့ သူတို့အတွက်မီးလေးရရုံတောင်မခံစားရဘူး။ ကိုယ်တွေဖြစ်စေချင်တာက ဘာဘဲလုပ်လုပ်၊ဘယ်နေရာမှာဘဲလုပ်လုပ် အနည်းဆုံးတော့ အနီးစပ်ဆုံးဒေသခံတွေအကျိုးခံစားရသင့်တယ်လို့ထင်တယ်။

  • နိုင်ငံတော် သမ္မတကြီးလဲ သိရှာမှာပေါ့။ဒါပေမယ့် ကျောက်မီးသွေးဆိုတာလဲ တွင်းထွက်ပေမို ့
    သဘာဝပတ်ဝန်းကျင်အတွက် မကောင်းပြန်ဘူးလို ့လားါဗျာ။

  • ရွှေဘိုသား

    January 16, 2012 at 1:41 pm

    ငါတိပါတယ်ကွာ ငါ့မှာလည်း အပြောင်းအလဲတွေ လုပ်နေရလို့ မအားသေးလို့ပါဟ
    ဖြည်းဖြည်းပေါ့ လို့လည်းဖြေရော

    ပြန်မေးလိုက်တယ် ဘာတွေအရင်ဆုံးပြောင်းလဲလိုက်လို့လည်း

    သမ္မတက ပြန်ဖြေတယ် မင်းမသိဘူးလား ငါ စစ်ဝတ်ကနေ အရပ်ဝတ် အရင်ဆုံးပြောင်းလိုက်တာလေ

    • ကိုရွှေဘိုသားရေ အကိုကို သိန်းစိန်နဲ ့တော့ မနှိုင်းဝံ့ပါဘူး။ဒီသူတောင်းစားတွေကြောင့် တိုင်းပြည်မွဲသွားတာ
      ဆိုရင်လဲ မမှားပေဘူးဗျ။

  • zarlay

    January 16, 2012 at 3:23 pm

    မကြောက်ပဲ ပြောရဲလိုက်တာနော် ချီးကျူးပါတယ်

  • kai

    January 16, 2012 at 4:10 pm

    တကယ်တော့.. တိုးတက်နေတဲ့..အနောက်နိုင်ငံတွေ.. ကမ္ဘာ့လေထုညစ်နွမ်းအောင်.. နှစ်ရာချီလုပ်ခဲ့ပြီးပါပြီ..။
    လုပ်နေဆဲပါ…။
    အဓိက..ယူအက်စ်ပဲကြည့်ပါနော…

    ပြောချင်တာက…
    တိုင်းပြည်တိုးတက်ချင်ရင်.. စွမ်းအင်လိုပါတယ်..။
    အဓိကအင်မတန်ကျတာ.. လျှပ်စစ်စွမ်းအင်ပေါ့.. ။အဲဒီကမှလောင်စာစွမ်းအင်…။
    ဒါတွေနဲ့.. စက်ရုံတွေမောင်းနှင်လည်ပါတ်ပြီး..အလုပ်အကိုင်သစ်တွေထွက်လို့.. လူတွေအလုပ်လုပ်ကြရင်း..လူနေမှုဘဝ..ဘဝတွေ… တက်လာတာပါ…။ ယူအက်စ်က..ကိုရိုရာဒိုမြစ်ကို ပိတ်ပြီး(သတ်ပြီး) လျှပ်စစ်ထုတ်.. လပ်စ်ဗေးဂတ်စ်ကို ပေးတယ်..။
    တရုပ်က.. မြစ်ဝါကိုပိတ်လို့..လျှပ်စစ်ထုတ်ပြီး.. ကမ္ဘာအနှံ့ မိတ်အင်ချိုင်းနားပစ္စည်းတွေထုတ်တယ်..။
    တရုတ်ပြည်ဒီလိုနဲ့.. ချမ်းသာလာတယ်..။

    ခုနှစ်ပိုင်းကမ္ဘာနွေးလာတော့.. အဲဒီနိုင်ငံကြိးတွေက.. သူတို့ကလည်းမလျှော့နိုင်..သူများနိုင်ငံတွေကလည်း.. အပြိုင်အဆိုင်တိုးတက်လာတော့ကာ.. မင်းလျျှော့..ငါလျှော့နဲ့..လက်ညိုးတွေလှည့်ပါတ်ထိုးကြရော…ဆိုပါစို့..။
    တိုတိုပြောရရင်…
    အဲဒီမှာတင်.. နိုင်ငံကြီးတွေကလူလည်လုပ်ပြီး.. မြန်မာပြည်လို.. ကာဗွန်ထုတ်တာနည်းတဲ့နိုင်ငံတွေကို..မလုပ်ရဲအောင်… ဖိခြောက်..ဖြဲခြောက်ကြရောဆိုပါစို့..။
    အရင်..ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေတက်တဲ့.. ကလိုင်းမိတ်ကွန်ဖရင့်တွေမှာ.. ကာဗွန်စုတ်ယူနိုင်တဲ့.. တောတွေရှိတဲ့ နိုင်ငံတွေကို.. ကာဗွန်ကြေးပဲပေးမလိုလို… သတင်းတွေထွက်ပြီး.. ကမ္ဘာကိုဆက်နှိပ်စက်နေတာ သူတို့တွေပါ..။
    တကယ်တန်းတော့.. ငွေလည်းပေးတာမဟုတ်..။

    တည့်တည့်ပြောရရင်.. မြန်မာပြည်လို ဖွံ့ဖြိုးမှုအနည်းဆုံးပြည်က.. စွမ်းအင်မထုတ်ပဲ.. သူတို့ထုတ်တဲ့.ကာဗွန်တွေထိုင်စုတ်မဲ့.. တောတွေများများထား.. သိပ်ကြိုက်ပေါ့…
    အဲဒါနဲ့.. မြှောက်ပေးတာတွေ..ဖြစ်လာပါတယ်..။

    ဆိုတော့…
    ကျုပ်ကတော့..
    ၄၀၀ဝ မီဂါဝပ်ကျောက်မီးသွေးမက… ၅ထောင်..၆ထောင်ပါတိုးထုတ်ကြ..။
    ခွင့်ပြုစေချင်တာပါ..။ ဆိုင်ရာနိုင်ငံတွေမှာ..ကိုတာရှိရင်တောင်.. မြန်မာပြည်က.. ကာဗွန်လွှင့်ထုတ်နိုင်တဲ့.. ကိုတာအများကြီးကျန်သေးပါတယ်..။
    တိုင်းပြည်တိုးတက်ဖို့.. ရင်းသင့်တာ.. ရင်းရမှာဖြစ်ပါတယ်..။

    … မြန်မာလူထုလည်း …နိုင်ငံကြီးတွေ.. ချွန်တွန်းလုပ်တဲ့အတိုင်း လိုက်မက,ပဲ.. မပါပဲ.. သတိရှိကြစေလိုကြောင်း..။

  • unclegyi1974

    January 16, 2012 at 10:41 pm

    ဘာပြောပြောကိုယ့်နိုင်ငံလိုအပ်ချက်ကိုဖြည့်ရုံလုပ်ရင်သိပ်ပြီးပတ်ဝန်းကျင်
    ပြသနာဖြစ်စရာမရှိဖူးလို့မြင်ပါတယ်
    သူတို့နိုင်ငံအတွက်ဒီမှာလာထုတ်တာကိုတော့ခွင့်မပြုစေချင်ပါဘူး
    ဒီလိုနည်းနဲ့တော့ငွေမရှာစေချင်တာအမှန်ပါ

    • kai

      January 16, 2012 at 11:49 pm

      သစ်ပင်တွေ.. ကျောက်မျက်တွေ.. သတ္တုတွေ စတဲ့.. သယံဇာတတွေ.. တိုက်ရိုက်ထုတ်ရောင်းတာထက်တော့.. ဆယ်ဆ..ရာဆမက.. မွန်မြတ်ကောင်းမွန်တယ်ထင်မိပါတယ်.. အန်ကယ်ကြီးရယ်..။ 😆

      အဲ.. သူတို့စက်ရုံကနေ… သူတို့ဖက်မှာစွမ်းအင်ထုတ်.. မြန်မာပြည်ကလူတွေ ခေါ်ခိုင်းတာမလုပ်လို့ ကျေးဇူးတောင်တင်ရမှာပါ..။
      ဝံသာနုစွဲနဲ့..ဆွေးနွေးတာပါနော..။

  • Kyithur Tun

    January 17, 2012 at 12:44 am

    သမတ္တကြီလည်းသိပါတယ် ပြည်သူတွေကလည်းမီးမလာတာပဲသိတယ်လေ ကျောက်မီးသွေနဲ ့လုပ်ပြီ တခါရောင်းစားမှာလားမှမသိပဲ

  • kyeemite

    January 17, 2012 at 11:02 am

    အတိသဉ္ဇာ နာဂရ ချစ်သူ says:
    ကိုရွှေဘိုသားရေ အကိုကို သိန်းစိန်နဲ ့တော့ မနှိုင်းဝံ့ပါဘူး။ဒီသူတောင်းစားတွေကြောင့် တိုင်းပြည်မွဲသွားတာ
    ဆိုရင်လဲ မမှားပေဘူးဗျ။

    ကိုနာဂရေ..အဲလိုကြီးတော့ ရက်ရက်စက်စက် မပြောပါနဲ့ဗျာ..ပြုပြင်ပြောင်းလဲရေးတွေစနေပီလေဗျာ..
    ဆက်လက်စောင့်ကြည့်ပါအုံး..

  • kokothandar

    January 17, 2012 at 11:34 am

    ဘယ်လိုကျောက်မီးသွေးစက်ရုံဘဲ ဖြစ်ဖြစ် ပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးစေတာပါ အမေရိကန် လိုမျိုး
    ကျောက်မီးသွေးစက်ရုံဆိုရင် သူ့နိူင်ငံထဲမှာတင်ဆောက်ပြီး သူ့ဘာသာသူသုံးပေမပေါ့ ခုတော့သူ့နိုင်ငံသား
    ကလက်မခံတဲ့စက်ကို မင်းတို့အဆင့်နိမ့်ပြည်သူတွေ လက်ခံသဘောမျိုးဖြစ်နေတော့ ပြတ်တာဘဲကောင်း
    ပါတယ် လက်ခံရင် သမီး ည ကလပ်သွားစီးပွါးရှာရင်တောင် မိသားစုကလိုက်ပို့တဲ့ စိတ်ဓါတ်ရှိတဲ့နိူင်ငံ ထက်
    ပိုပြီးစိတ်ဓါတ်ညံ့တဲ့အစိုးရ ဖြစ်သွားမှပေါ့

  • kokothandar

    January 17, 2012 at 11:40 am

    မေ့သွားလို့ပါ အဲဒါကိုပြည်တွင်းဂျာနယ်တစ်ခုခု မှာရေးတင်ကြည့်စေချင်ပါတယ်

Leave a Reply