လိုအပ်တာတွေကိုဖြည့်စည်းနိုင်ဖို့…

ကျနော်တို့တိုင်းပြည်မှာလိုအပ်နေတဲ့အရာလေးတွေကိုဖြည့်စည်းပေးနိုင်ဖို့တွေးမိပြီးရေးလိုက်ပါတယ်…။

အကြောင်းက ဒီလိုပါ ကျနော်နေထိုင်ရာ မြို့နယ်လေးမှာဒီကနေ့ညနေ (၀၆း၂၀)နာရီ မလေးစံတော်ချိန်လောက်မှာ မိုးသက်လေပြင်းတိုက်ခိုက်သွားပါတယ်…ကျနော်ဒီမြို့နယ်မှာနေထိုင်ခဲ့တာ(၆)နှစ်ကျော်ရှိသွားပါပြီ၊တစ်ခါမှမကြုံခဲ့ပါဘူး၊လေတိုက်နှုံးဘယ်ပြင်းတယ်ဆိုတာမသိရသေးပါဘူး..

ဒီမှာမိုးရွာတာက မဆန်းပေမယ့်၊လေပြင်းကတော့ဝင်ခဲပါတယ်…(၁၅)မိနစ်လောက်ကလေး လေပြင်းတိုက်လိုက်တာ အိမ်ရှေ့ကအပင်ကြီးတွေတောင်လဲကုန်ပါတယ်…အချို့ကားတွေပေါ်လဲပိကုန်ပါတယ်…ကိုယ်ချင်းစာမိတာက နာဂစ်ဝင်သွားတုံးက ခံစားခဲ့ရတဲ့လူတွေကိုတော်တော်သနားမိပါတယ်…ေဩာ် ကိုယ်တိုင်ကြုံမှပိုပြီးစာနာထောက်ထားတတ်တာလူ့သဘာဝပါပဲ…ကိုယ်ကြုံတွေ့တာဘာမှမဟုတ်ပေမယ့် အိမ်ကတရုတ်ကဒ်မှန်တွေလွင့်စင်ထွက်လာမှာတောင်စိုးမိပါတယ်…

အဓိက အကြောင်းအရာကလေပြင်းတိုက်ပြီးလို့ တစ်နာရီလောက်အကြာမှာ လူတွေကိုယ်စီကိုယ်စီလမ်းတွေပေါ်ရောက်လာပါတယ်…နောက်မကြာခင်မှာပဲ မြို့နယ်အပိုင်ရဲတွေ၊မီးသတ်တွေ၊စည်ပင်ကလူတွေ

စုစုပေါင်းအင်အား(၅၀)လောက်ရောက်လာကြပါတယ်၊သူတွေမှာလိုအပ်တဲ့ Equipment တွေအစုံအလင်ပါရှိပါတယ်။အချိန်နာရီပိုင်းအတွင်းမှာ လမ်းတွေကိုရှင်းလင်းဖယ်ရှားလိုက်နိုင်ပါတယ်…

တစ်မြို့နယ်လုံးကို ညတွင်းခြင်းပြီးပြတ်အောင်ဆောင်ရွက်နိုင်ပါတယ်…ဘယ်သူမှတစ်အိမ်တစ်ယောက်ဓါးမကိုင်ပြီးလိုက်ခုတ်စရာမလိုပါဘူး..

ဘာကြောင့်လဲ..လိုအပ်တဲ့ Equipment တွေကိုမြို့နယ်တိုင်းမှာအစဉ်သင့်ရှိပြီးသားပါ၊မီးသတ် ဆိုတာက Civil Defence

လိုအပ်တဲ့ Equipment တွေအပြည့်အစုံရှိဖိုလိုအပ်နေပါတယ်…မင်္ဂလာတောင်ညွန့်မြို့နယ်မှာဖြစ်ပွါးခဲ့တဲ့မီးလောင်ကျွမ်းမူရဲ့ သတင်းဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေမှာ မီးသတ်ရဲဘော်နဲ့အရံရဲဘော်တွေမှာ Equipment တွေပြည့်စုံမူမရှိပါဘူး…

Chemical ပစ္စည်းတွေရှိတဲ့နေရမှာ မီးငြိမ်းသတ်နိုင်ရန်အတွက်လိုအပ်တဲ့ Equipment တွေဝတ်ဆင်ထားတွေမတွေ့ရှိပါဘူး၊နိုင်ငံတော်မှ လိုအပ်တာတွေကိုဖြည့်စည်းပေးနိုင်ဖို့တင်ပြလိုက်ရပါတယ်။

ရှင်းလင်းဖယ်ရှားနေစဉ်...
လမ်းများစတင်ရှင်းလင်းနေစဉ်။

 

ပူးပေါင်းဆောင်ရွက်ကြပုံ...

 

ဝန်ချီစက်များနှင့်လမ်းများရှင်းလင်းဖယ်ရှားနေပုံ...

စင်္ကာပူလောက်မဟုတ်တောင် မလေးရှားလောက်တော့ လိုက်လုပ်နိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်ဗျာ…

မြို့နယ်တွင်းကလူတွေ ဘယ်သူကမှ ဓါးမကိုင်ပြီး၊ကိုယ့်လမ်းကိုယ်ရှင်းစရာမလိုပါဘူးဗျာ…

စေတနာရှင်တွေကရေသန့်ဘူးတွေ၊အအေးတွေပေးတာလောက်ပဲရှိပါတယ်…ဒါတောင်သူတို့ကားတွေပိနေတဲ့ အထဲကဖယ်ပေးလို့ ပေးသွားတာတွေပါ…

အဲဒီတော့…ဟိုတစ်ချိန်တုံးကလို လိုအပ်သည်များကို မှာစားပြီးပြန်သွားမယ့်လူတွေလိုမဟုတ်ပဲ…တစကယ်လိုအပ်တာတွေကို ဖြည့်စည်းပေးနိုင်မယ့် အမတ်မင်းများပေါ်ထွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျားးးးး…

သစ်ပင်တွေလဲပြီး တစ်ချို့ ဓါတ်တိုင်တွေလဲတာတောင်မီးမပျက်ဘူးခင်ဗျ…

 

4 comments

  • Khin Latt

    January 26, 2012 at 6:52 am

    ကိုဇော်မင်း ပြောသလို ဝေးဝေး ကို သွားကြည့်နေစရာမလိုပါဘူး။
    ကိုယ့်အနားမှာတင် အတုယူကြည့်လို့ ရပါတယ်။
    လုပ်ချင်တဲ့စိတ်စေတနာ ဖြစ်လာရင်တော့ လုပ်ရတာ ခက်မှာမဟုတ်ပါဘူး။
    ဦးဆောင်မှုကောင်းရင် နောက်ကလိုက်လုပ်မဲ့သူတွေက အများစုပါ။
    ကျွန်မ လဲ ကိုဇော်မင်းလို ဆုတောင်းပါတယ်။

  • Diamond Key

    January 26, 2012 at 10:43 am

    ဟုတ်ပါ့ဗျာ၊ ကိုဇော်မင်းရေးတာလေးဖတ်ပြီး တစ်နေ့က တွေ့လိုက်ရတဲ့ ကာတွန်းလေးကို သတိရမိတယ်။
    လမ်းဘေးက အလှစိုက် ပန်းပင်တန်လေးတွေကို မိုးရွာကြီးထဲမှာ ရေသယ်ကားကြီးနဲ့ ရေလိုက်ဖြန်းနေတဲ့ ပုံလေးကို ဆွဲပြထားတော့ တွေးစရာတွေအများကြီးရလိုက်တယ်။ ဒီတော့ ဦးဆောင်သူတွေ၊ ကြီးကြပ်နေသူတွေနဲ့ အောက်ခြေမှာ လုပ်ကိုင်နေသူတွေရဲ့ အခန်းကဏ္ဍတိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ၊ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ လုပ်ဆောင်မှုတွေ၊ ပြင်ရဆင်ရ ပြောင်းလဲရမှာတွေက ကိုဇော်မင်းဆုတောင်းသလိုသလို လိုအပ်သည်များကို မှာစားပြီးပြန်သွားမယ့်လူတွေလိုမဟုတ်ပဲ စိတ်ဝင်တစားနဲ့ တစ်ကယ်လုပ်နိုင်မဲ့ သူများ များများ ပေါ်ထွက်လာပါစေလို့ပဲ ဆုတောင်းနေပါတယ်။

  • awra-cho

    January 26, 2012 at 2:05 pm

    ခရိုင် တစ်ခု မှာ လူတစ်ရာ ပါတဲ့ အဖွဲ့တစ်ဖွဲ့၊ ဖွဲ့ထားတယ် ပြောတာပဲ။ ပစ္စည်းတွေရောပေါ့။ သိသလောက်
    တော့ ကြိုး၊ ဓါတ်မီး၊ ပေါက်ချွန်း၊ ဒီလောက်ပဲရှိတယ်၊ မီးသတ် နဲ့ ကြက်ခြေနီ ပေါင်းဖွဲ့ ထားတာပါ၊ မရှိတာ
    ထက် စာရင်တော့ တော်သေးတာပေါ့လေ။

  • zarlay

    January 26, 2012 at 2:47 pm

    ဒီလိုနဲ့ပဲ ဧပြီ ၁ ရက်ဆို နောက်တစ်ကြိမ် ရွေးကောက်ပွဲ ရောက်ပြန်ပြီ ဘာတွေဖြစ်ဦးမလဲ မသိဘူးနော်

Leave a Reply