ချစ်ခြင်းရဲ့အခြားတစ်ဖက်

moethihaJune 2, 20101min510

ချစ်ခြင်းရဲ့အခြားတစ်ဖက်

မြင်နိုင်တဲ့ ငါ့ရဲ့မျက်ဝန်းတွေကို

ခဏလောက်တော့ ဖောက်ထုတ်ပစ်ချင်တယ်

မင်းရဲ့မျက်နှာကို မြင်နေရလို့

နာကျင်နေတဲ့အသဲတစ်စုံကို

လွှင့်ပစ်ချင်လောက်အောင်

မင်းကစွမ်းဆောင်ထားတော့

ငါ့ရဲ့ရင်မှာ မင်းကိုချစ်နေတဲ့

ဖြူစင်တဲ့စိတ်ထားဟာ

မင်းရဲ့ရက်စက်တဲ့တုံ့ပြန်မှုနဲ့

ပြောင်းလဲတတ်လာတော့

အခုချိန်မှာ မင်းကိုတွေ့ရင်တောင်

ပြုံးပြဖို့တော့

အတော်ကိုကြိုးစားရဦးမှာပဲ။