ပညာရေးနှင့် အတွေ့အကြုံ

thit minFebruary 4, 20121min53177

ပညာရေးနှင့် အတွေ့အကြုံ ဘယ်သို့ဘယ်ပုံသုံးရမယ်။

 လူမူဖွံ့ဖြိုးမှုကိုရည်ရွယ်ပြီး တိုင်းပြည်တိုင်းက ပညာရေးကို အလေးပေးလုပ်ဆောင်လာကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့သတင်းမှာ—————

 “လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို

၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​

ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​

တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ

ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။ အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​

၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP ရဲ့​

 ၄.၁၃ ရာခိုင်နှုန်း​ ရရှိတဲ့​ ပညာ​ရေး​ကဏ္ဍအတွက် ၈.၂၆ ရာခိုင်နှုန်း​ကျော်​လောက် အထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီလို ရာခိုင်နှုန်း​အား​ဖြင့်​ တိုး​ပြီး​ရရှိလာမယ့်​ ​ငွေပမာဏ ကိန်း​ဂဏန်း​တွေကို​တော့​ အတိအကျ မသိရ​သေး​ပါဘူး​။”

———————–

ဒါက သတင်းအရပေါ့နော်။ (2011) အေဒီဘီရဲ့ ဒေတာတွေနဲ့ ငွေဖောင်းပွနှုန်းနဲ့ညှိပြီး တွက်ချက်ကြည့်လိုက်တော့

 မြန်မာ့ ဂျီဒီပီက ၂၆ ဘီလီယံဒေါ်လာ(၂၆၁၂၈ မီလီယံပါ)ကျော်ရှိတော့ ပညာရေးအတွက် ၈.၂၆ ရာနှုန်းဆိုရင်

၂ ဘီလီယံဒေါ်လာ (၂၁၆၂ မီလီယံပေါ့နော်) လောက်သုံးမယ်လို့ ယူဆရပါတယ်။

 ( ငွေလဲနှုန်းကို ကျပ် ၈၀၀= ၁ ဒေါ်လာနဲ့တွက်ပါတယ်)

ကျနော်ကတော့ ပညာရေးနဲ့ပါတ်သက်ပြီး ကျောင်းပညာရေးတခုထဲ သုံးတာထက် ပိုစေချင်တယ်။

ပညာရေးလို့ဆိုလိုက်ရင် ကျောင်းပညာရေး (အတန်းပညာရေး) တခုထဲတော့မဟုတ်ပါဘူး။

၁။ အခြေခံပညာရေး ( မူကြို၊သူငယ်တန်းမှ ဆယ်တန်းထိ)

၂။ အဆင့်မြင့်ပညာရေး (တက္ကသိုလ်ဘွဲ့ရ၊ဘွဲ့လွန်အတန်းများ)

၃။ အသက်မွေးဝမ်းကြောင်း ကျောင်းများ၊

၄။ ကာလတို၊ကာလရှည် လေ့ကျင့်ရေးသင်တန်းများ၊

၅။ သက်ကြီးပညာရေးကျောင်း/သင်တန်းများ၊

၆။ဘာသာရေး ဆိုင်ရာပညာရေးကျောင်းများ၊

ကျောင်းသင်တန်းလို သတ်သတ်မှတ်မှတ်မရှိပေမဲ့ ပညာ ကတော့ ပညာဘဲဖြစ်တဲ့ အရာတခုကို

ဆက်ပြီးထဲ့ရရင်တော့

၇။ မိမိဘာသာလေ့လာသင်ကြားခြင်း (သို့)လုပ်ငန်းအတွေ့အကြုံ။ ဆိုပြီးခွဲခြားနိုင်ပါတယ်။

တစ်နဲ့နှစ်ကတော့

ပုံမှန်သင်နေတဲ့ သင်ရိုးညွန်းတမ်းပြုပြင်ရေးတွေလိုအပ်ပါလိမ့်မယ်။ သင်ကြား၊စာမေးပွဲစစ်၊စနစ်မှာ ပါဝင်ဆွေးနွေး

ကျောင်းသားကိုယ်တိုင်ရှေ့ထွက် ပြောဆိုတဲ့ ဦးဆောင် အဆင့်အထိ လုပ်ပေးရင်ကောင်းပါတယ်။ မေးခွန်းကို

ဆရာနဲ့ ကျောင်းသားအပြန်အလှန်မေးပြီး ဆွေးနွေးသင်ကြားနိုင်တဲ့ အဆင့်ကိုအလယ်တန်း

လောက်ကစပြီးလုပ်နိုင်ရင် ကောင်းပါတယ်။ တိုးမြင့်လာတဲ့ ဘတ်ဂျက်ကို သင်ထောက်ပစ္စည်းတွေဝယ်ဖို့နဲ့၊

လက်ရှိ ဆရာ/မ တွေကိုမွမ်းမံသင်တန်း ပေးဖို့လိုပါတယ်။ အကောင်းဆုံးမွန်းမံသင်တန်းကတော့

ပြည်တွင်းသဘာရင့်ဆရာ/မ များနဲ့ နိုင်ငံခြားတိုင်းပြည်က ဆရာ/မတွေကိုခေါ်ပြီးစုပေါင်းထားတဲ့ သင်တန်းမျိုးလို့

ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တီးချားထရိန်နင် ဆိုပြီး ဂျပန်ကိုလာသင်ကြတဲ့ ဆရာ/မ များစွာတွေ့ဘူးပါတယ်။

အားရစရာမကောင်းပါဘူး။ ခေတ်စနစ်အရ ပြည်တွင်းမှာဘဲ ခေါ်ယူသင် သင့်တယ်လို့မြင်ပါတယ်။ ဘာလို့လဲ

ဆိုတော့ လက်တွေ့မြန်မာကျောင်းသားများကို သင်ပြ သင်တန်းပေးနိုင်လို့ပါဘဲ။

အမှတ်စဉ်သုံးမှာဆိုရင်

ပရိုက်ဗိတ်ကျောင်းတွေ ပိုမိုရှိသင့်တာမို့ ပညာရေးလုပ်ငန်းရင်းနှီးမြုပ်နှံလိုသူများ လာရင် အစိုးရဘက်

ဂျက်တောင် မလိုလှဘူးလို့မြင်ပါတယ်။ ရှိလဲရှိနေပြီမို့ လုပ်ပိုင်ခွင့်တွေပိုမိုပေးသင့်ပါတယ်။ အလားတူပါဘဲ။

အမှတ်စဉ်လေး ကလဲ

စက်ချုပ်သင်တန်း(လက်ရှိရှိနေတဲ့)မျိုးအပါအဝင် အခြားလက်တွေ့ လုပ်နိုင်တဲ့

ပညာရပ်တွေကိုသင်ရမှာပါ။ ယေဘုယျသဘောဆန်တဲ့ စာရင်းကိုင်သင်တန်း။အတွင်းရေးမှူးသင် တန်း၊

ကွန်ပြူတာသင်တန်းတွေအပြင် “အခြေခံရေးတတ်ဖတ်တတ်သူများ”အတွက် လက်တွေ့ လုပ်ငန်းလုပ်နိုင် မဲ့

ကျောင်းမျိုးတွေလိုပါတယ်။ စားသောက်ရေးဆိုင်ရာ၊စက်မှုဆိုင်ရာတွေများစွာရှိပါတယ်။ အစိုးရက

“မ တည်ပေးနိုင်ရင်” မြန်သွားမှာပါ။ အစပထမမှာတော့ အမြတ်အစွန်းထက် လူများများကိုသင်နိုင်ဖို့ဘဲ

လုပ်ရပါလိမ့်မယ်။ “အရေအတွက်” ကိုဘဲ စရမှာပါ။ နောက်မှ အရည်အချင်းကိုလိုက်ရပါလိမ့်မယ်။ အဲဒီအတွက်

အစပိုင်းမှာ အစိုးရက စွဲဆောင်မှု=အင်ဇဲန်းတစ်(ဗ)ပေးရပါမယ်။

 အမှတ်စဉ်ငါးကတော့

အရွယ်ရောက်တဲ့အထိ စာမတတ်သူ၊(သို့)အတန်းပညာမရှိသူများအတွက် ဖြည့်စွက်ပညာရေးပါ။

လုပ်သားကောလိပ်လိုအဆင့်မြင့်တွေလဲလိုသလို၊ အလုပ်ပိတ်ရက်နဲ့ ညပိုင်းသင်တန်းတွေလိုပါတယ်။

ဂျပန်မှာ အိုဗာစတေးနေမှုနဲ့ လက်ထိပ်ခတ်အဖမ်းခံခဲ့ရတဲ့ လူတယောက်ဟာ အဖမ်းခံရတဲ့နေ့မှာဘဲ

အမေရိ ကန်ဗီဇာ ပေါက်ပါတယ်။ လက်ထိတ်နဲ့ လေယာဉ်ပေါ်တက်ရပါတယ်။အပေါ်ရောက်တော့မှ

လက်ထိပ်ဖြုတ်ပေး ပါတယ်။ သူ အမေရိကန်ကိုရောက်ပြီး ကားဘော်ဒီရုံမှာအလုပ်လုပ်ပါတယ်တဲ့။

နောက်တော့ အဲဒီလုပ်ငန်းနဲ့ပါတ် သက်တဲ့ သင်တန်းတွေကို အားရက်တွေမှာတက်တယ်။

အဲဒီလိုနဲ့ ပိုကောင်းတဲ့အလုပ်နေရာကိုလဲရလာတယ်။ နောက်တော့ ကားဘော်ဒီပညာကို

တော်တော်လဲတတ်သွား၊ ငွေချေးခွင့်လဲရချိန်မှာကိုယ်ပိုင်ဘော်ဒီရုံထောင်တာ ခု သူဌေးဖြစ်နေပါပြီတဲ့။

လွန်ခဲ့တဲ့ ၁၅ နှစ်က သူထွက်သွားတာပါ။ အဲဒီမှာ သူသင်တန်းတက်နိုင်လိုက်တာက အရေးပါ

တယ်လို့ပြောပါတယ်။ အရင်းအနှီးရရှိမှုကတော့ ဒုတိယအရေးပါတယ်ပေါ့ဗျာတဲ့။ ဟုတ်ပါပြီ။

အရင်းအနှီးမရလို့ သူဌေး မဖြစ်ရင်တောင် ပညာရပ်တခု ကို သေသေချာချာတတ်လို့ စားဝတ်နေ

ရေးတော့ပြေလည်ရုံဘယ်ကတော့မလဲနော်။

အမှတ်စဉ် ၆ ကိုပြောမယ်ဆိုရင်

Madrasah (မာဒရာရှာ)ဆိုတာဘင်းဂလားဒေ့ရှ်နိုင်ငံရဲ့ ဘာသာရေးကလွှမ်းမိုးထားတဲ့ ပညာရေးစနစ်ပါ။

မြန်မာပြည်မှာ ဟိုး အရင်က ဘုရင့်သားတွေတောင်တက်ခဲ့ရတဲ့ (မောင်လွင်=မင်းတုန်းမင်း)ပညာရေးမျိုးပါ။

ဘာသာရေး ပညာရေးဆိုပေမဲ့ Madrasah ဟာ တက္ကသိုလ်လယ်ဗယ်အထိကို ယူထားတာပါ။

ပေါ့သေးသေးမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာသာရေးနွယ်တဲ့ ပညာရေးဆိုတော့ ခေတ်နဲ့ တော့ ကိုက်ညီမှု

မရှိတာတွေပါတတ်တာတော့ ရှိပါတယ်။ သူ့ရဲ့အားသာချက်ကဆင်းရဲသားများကိုအခမဲ့သင်ကြားပေးခြင်းဖြစ်

လေတော့ (Non-educated Society) ဇီးရိုး လူ့အဖွဲ့အစည်းကိုတော့ပ ပျောက်စေတာမို့ပစ်ပယ်သင့်တယ်လို့

မမြင်မိပါဘူး။

သီးခြားဖော်ပြထားတဲ့ အမှတ်စဉ် (၇)ကတော့

ကျနော် အားအရဆုံး ပညာရေးပါ။ သူက Informal=အင်ဖော်မယ်(ပုံစံကိုက်မဟုတ်) ပညာရေးမျိုးလို့ဆိုရမှာပါ။

အလုပ်ကသင်သွားတာပေါ့ဆိုတာမျိုးပါဘဲ။ ဘာအတန်းမှမတတ်ဘဲ ယုတ်စွအဆုံး စာတောင်မရေးတတ်ဘဲ

ပိုက်ဆံအရှာကောင်းသော လူများ ပါဝင်ပါတယ်။ ကျနော့အမြင်အရတော့ သူတို့က တကဲ့လူတော်တွေပါ။

ဆပ်ပြာလုပ်ငန်းနဲ့ ချမ်းသာနေတဲ့ သူတယောက်ကို ဆာဗေးလုပ်ဖူးပါတယ်။မြောက်ဥက္ကလာကပါ။သူ့ဘဝမှာ

ပီမိုးနင်းရဲ့ ဆပ်ပြာချက်နည်းတအုပ်ကိုဘဲ ဖတ်ဖူးတာပါတဲ့။ဒါနဲ့ ဆပ်ပြာချက်တယ်။အိမ်ကဒန်အိုးနဲ့ပါတဲ့။

နောက်တော့ ကောင်းကောင်းကျွမ်းကျင်သွားလို့ တခါချက် အတောင့် ၂ဝ လောက်ကိုအရပ်ထဲလည်ရောင်းရင်း

ပိုကောင်းတဲ့ ဆပ်ပြာကိုချက်တတ်လာပြီး ချမ်းသာသွားပါတယ်။

အတန်းပညာသင်ခြင်းဆိုတာကြီးကို အစွဲအလန်းကြီးမှုကိုလည်း ချိန်ဆစေချင်ပါတယ်။

ဘွဲ့ တခုရရင် လူရိုသေ ရှင်ရိုသေဖြစ်တယ်လို့ပြောလေ့ရှိပါတယ်။ ဟုတ်ကဲ့ အလုပ်လက်မဲ့လဲ

ဖြစ်စရာ အကြောင်းများစွာရှိနိုင်ပါတယ်။ ဘွဲ့လေးတခုရလိုက်တော့ ဝပ်လျှော့မှာပညာသင်အလုပ်

သမားအနေနဲ့ ဝင်ဖို့ခက်နေတတ်ပါတယ်။ “နတ်အိုးကွဲ” ဆိုတဲ့ စကားလေးကြားဘူးမှာပါ။

နတ်ကိုယုံကြည်လို့ ပူဇော်ထားတဲ့ နတ်အိုး(ပန်းထိုးတဲ့အိုး)များကွဲရင် ထားရသိပ်ခက်ပါတယ်တဲ့။

အမှိုက်ပုံထဲပစ်ရင်လဲ ကိုယ်တော်တွေ၊အမေတွေ စိတ်ဆိုးပြီး နတ်ကိုင်မှာစိုးရသေးတယ်။

ကောင်းကောင်းမွန်မွန် တနေရာမှာ ထားရအောင်လဲ အကွဲကြီး။

အဲဒီ တော့ ခြံစည်းရိုးချိတ်ထားတတ်တာ မြင်ဘူးကြလားမသိဘူး။ ထားစရာနေရာမရှိတာလေ။

တကယ် ပညာတတ်တယ်ဆိုရင်ထိုက်တန်တဲ့ နေရာကို ရမှာပါ။ မရသေးတာ ဝမ်းစာမပြည့်သေးလို့

ပါဘဲ။ ဆိုတော့ကာ

 ပညာသင်ရခြင်းရဲ့ ရည်ရွယ်ချက်၊ဦးတည်ချက်ကို နဲနဲပြောပြချင်ပါတယ်။

၁။ အသက်မွေးဝမ်းကြောင်း နိုင်ဖို့ပါ။

ပညာတတ်ရင်လုပ်ကိုင်စားသောက်နိုင်မယ်ဆိုတဲ့ အသိနဲ့သင်ကြပါတယ်တဲ့။ဒါဆိုရင် လုပ်ကိုင်စားသောက်

နိုင်တယ်လို့ “သေခြာ” တဲ့ ပညာမျိုး မသင်သင့်ဘူးလားဗျာ။

 

၂။ အမှန်အမှားခွဲခြား ဆုံးဖြတ်နိုင်ဖို့ပညာကိုသင်ရပါတယ်တဲ့။

အကောင်းပြောလို့ပြောမှန်းမသိ၊ဆင်ခြင်တုံတရားမရှိသူ ဘယ်နှစ်ဘွဲ့ဘဲရရပါ၊ ပညာတတ်မမည်ပါဘူး။

အမှန်ကိုသိနိုင် တွေးနိုင် ဆုံးဖြတ်နိုင်မှုနဲ့သာတိုင်းတာပါတယ်။

 

၃။ ယဉ်ကျေးမှုကူးလူးဆက်နွယ်မှုနှင့် တဦးယဉ်ကျေးမှု တဦးလေးစားရေးအတွက်သင်ကြားခြင်းပါ။

လူသားအမျိုးမျိုးရဲ့ ယဉ်ကျေးမှုတွေဟာမတူညီကြပါဘူး။တမျိုးသားနဲ့တမျိုးသားလေးစားဖို့လိုပါတယ်။

လူသားစည်းလုံးညီညွတ်ရေးကမှ ငြိမ်းချမ်းရေးကို ဦးတည်ပြီး လူ့ဘောင်ကို ကောင်းစွာထိန်းသိမ်းနိုင်မှာပါ။

 

၄။အကျင့်စာရိတ္တ၊ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် ပညာကိုသင်ပါတယ်။

ပညာတတ်တဲ့သူဟာ ကိုယ်ကိုယ့်ကိုတန်ဖိုးထားရပါမယ်။ လူ့တန်ဖိုးဟာ ရွှေငွေ မဟုတ်ပါဘူး၊အကျင့်သီလပါ။

ကိုယ်ကျင့်တရားပါ။ ဘယ်လိုကိုယ်ကျင့်တရားထိန်းသိမ်းသင့်တယ်ဆိုတဲ့

“အသိတရား”အတွက်ပညာကိုသင်ပါတယ်။

 

၅။ ကိုယ်ပိုင်လွတ်လပ်စွာတွေးတောနိုင်ခြင်းအတွက်ပညာကိုသင်ပါတယ်။

“ကာလာမသုတ်” ကို ကိုးကားနိုင်ပါတယ်။ စာအုပ်ထဲရေးထားလို့ယုံစရာမလိုပါဘူး။

 သူများပြောတိုင်းမယုံဘဲကိုယ့်အတွေးအခေါ်နဲ့ စဉ်းစားနိုင်ဖို့ ပညာကိုသင်ပါတယ်။

(ရွာထဲက ရွှေဆရာ ကိုစာမိ ကိုရွှေအတုရောင်းလို့ဘယ်ရတော့မလဲဗျာ။

သူ့မှာ ရွှေနဲ့ပါတ်သက်ရင် ကိုယ်ပိုင် အတွေးအခေါ်ရှိနေလို့ သူ့ကို စကားနဲ့”ချုပ်”ပြီး နှပ်လို့မရတော့ပါဘူး။)

 

၆။ ကိုယ့်အကျိုးစီးပွါးကိုလုပ်ကိုင်ရင်းအများအကျိုးစီးပွါးကိုဆောင်ရွက်နိုင်ဖို့ပညာကိုသင်ပါတယ်။

ဒါက အက်ဒမ်စမစ်ဆိုတဲ့ ၁၇၇၆ ခုနှစ်က ဆရာကြီးရဲ့ “ကိုယ်ပျောက်လက်” အယူအဆပါ။

ကားဝပ်လျှော့ကအလုပ်သမားဟာ သူ့စီးပွါးရေးအတွက်ဘဲ အလုပ်လုပ်တာပါ။အဲဒီအတွက်ဘဲ

ကား ပညာကိုသင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့စားဝတ်နေရေးအတွက် ကားပြင်စားရင်း တခြားသူတွေရဲ့

သွားရေးလာရေး၊ကုန်စည်စီးဆင်းရေး၊စားဝတ်နေရေးတွေကိုပါ တိုက်ရိုက်(သို့)သွယ်ဝိုက်ပြီးတော့

အကျိုးပြုနေပါတယ်တဲ့။ အဲဒီအတွက်ပညာသင်ပါတယ်။

 
 အဲဒီ အချက် ၆ ချက်ကို ကြည့်လိုက်တော့ ပညာသင်ခြင်းဟာ မိမိရဲ့ လူမှုဖွံ့ဖြိုးမှုနဲ့ လောကလူသားအားလုံးရဲ့

လူမှုဖွံ့ဖြိုးမှုအထိ ဆက်နွယ်နေတာတွေ့ရပါတယ်။

ထပ်ပြီးသတိပေးချင်ပါသေးတယ်။ အတွေ့အကြုံလဲပညာလို့ ခေါ်ပါတယ်။ မုဆိုးပညာနဲ့မှ ကျားကိုဖမ်းလို့ရမှာပါ။

———————–

ယနေ့ပညာရေးဆိုတာနဲ့ ကျောင်းပြေးတတ်ဖို့စဉ်းစားကြလို့ ပြောပြချင်တာပါ။ တကယ်က ဘယ်လိုနည်းနဲ့ဘဲ

လူ့အရင်းအမြစ်ကိုမြှင့်တင် မြှင့်တင် မြင့်ဘို့က လိုရင်းပါ။ မြန်မာနိုင်ငံမှာ ငုတ်လျှိုးလုပ်အားတွေအများကြီးရှိနေလို့

ဆင်းရဲရတာပါ။ အိမ်မှာကုန်စုံဆိုင်ရှိတယ်။ ကလေး ၂ ယောက်ကြီးပြင်းလာတော့ မိဘရဲ့ကုန်စုံဆိုင်ဘဲ

ဆက်ရောင်းတယ်။ ကျန်းကျန်းမာမာရှိနေတဲ့ မိဘတွေကလဲ အိမ်မှာအေးအေးဆေးဆေးနားပါတော့တယ်။

သားသမီး၂ယောက်က လဲ ၂ ယောက်လုံးကုန်စုံဘဲရောင်းတယ်ဆိုရင် အဲဒါ အနဲဆုံးတော့ လူ ၁(သို့)၂

ယောက်လောက် ငုတ်လျှိုး လုပ်သား ဖြစ်နေပါပြီ။ ဘွဲ့ရပြီး ယောင်ခြောက်ဆယ်တွေဆိုတာလဲ အဲဒီအထဲ

ထဲ့ရမှာပါဘဲ။ လုပ်ခွင့်မှမသာတာ၊ လုပ်စရာမရှိတဲ့အခြေအနေတွေကလဲ တကြောင်းပေါ့နော်။ ကိုယ်ကိုယ်တိုင်လဲ

အားထုတ်ရှာဖွေရမယ်ဆိုတဲ့ အသိလဲ လိုပါလိမ့်မယ်။

———————–

ဒါဆို လိုအပ်ချက်အရ

အစိုးရပိုင်းကအနေအထား (System and Budget)အပြင်  ကိုယ်တိုင်ဘယ်လိုပညာမျိုးကိုသင်သင့်တယ်ဆိုတဲ့

ရွေးချယ်မှုတွေလဲ လိုလာပါပြီ။ အတန်းမဟုတ်သော ပညာရပ်များကိုသင်ကြားရယူနိုင်ခြင်းမျိုးကလဲ

မိမိဘဝကိုရောတိုင်းပြည်လုပ်အား၊တနည်းအားဖြင့်တိုင်းပြည်ဝင်ငွေတိုးစေပါတယ်။ ကိုယ့်ကိုကိုယ် (ပညာ)

ဝမ်းစာဖြည့်နိုင်ခွင့်ရှိနိုင်မဲ့ စားဝတ်နေရေးအလုပ်မျိုးကို ရွေးချယ်လုပ်နိုင်ရင် အရမ်းကောင်းပါ တယ်။

ကြိုးစားရှာဖွေပြီး အတွေ့အကြုံပညာနဲ့ ဘဝကိုမြှင့်တင်နိုင်ပါစေ။

~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါသည်။

မောင်သစ်မင်း (^^)

————————————–

တချိန်ကမြန်မာ့ဂုဏ်ဆောင် တန်းဝင် သုတေသန စာစောင်ကြီး။

77 comments

  • Thanlwinoo

    February 4, 2012 at 11:07 pm

    ကိုသစ်ရေ…
    ကျွန်တော်တော့ စက်မှုဇုံကြီးတွေလို နိုင်ငံတကာ (ပြည်တွင်း/ပြည်ပ)က ကျောင်းတွေ၊ တက္ကသိုလ်တွေ လာဖွင့်နိုင်မယ့် ပညာရေးဇုံကြီးတွေ ပေါ်ထွန်းစေချင်ပါတယ်..။

    • thit min

      February 5, 2012 at 7:08 am

      ကိုသန်းလွင်ဦးရေ
      ဆွေးနွေးမှုအတွက်ကျေးဇူးပါ။
      ပြည်ပကလာရောက် ဖွင့်လှစ်တာကောင်းပါတယ်။
      ဒါပေမဲ့ အရင် အမ်ဘီအေသင်တန်းလို
      ပိုက်ဆံရှိသူတွေဘဲ တက်နိုင်မဲ့ ကျောင်းမျိုးတွေဖြစ်နေမှာ စိုးရိမ်ပါတယ်။
      ပြည်တွင်းကလုပ်ငန်းရှင်ဆိုရင်လဲ
      အမြတ်အစွန်းကိုသိပ်အဓိကထားလွန်းရင် ကျောင်းကဈေးကြီးနေမှာပါဘဲ။ အစိုးရရဲ့
      ဆပ်စီဒီး(စ)ထောက်ပံ့ မှုတွေလိုအပ်ပါလိမ့်မယ်။

  • TTNU

    February 4, 2012 at 11:52 pm

    ကိုသစ်ရေ…
    အနှစ်ရှိသောဒီ ပို့စ်လေးအတွက် ပထမဦးဆုံး ချီးကျူးစကားဆိုပါရစေ။
    ဒုတိယပါဝင်ဆွေးနွေးချင်တာကတော့ မိမိဘာသာလေ့လာသင်ကြားခြင်း
    (သို့)လုပ်ငန်းအတွေ့အကြုံ နဲ့ပတ်သက်လို့ပါ။

    ကျနော် အားအရဆုံး ပညာရေးပါ လို့ ကိုသစ်ပြောသလိုပါပဲ။
    Informal Education ဖြစ်တဲ့အတွက် လူတန်းစားဘယ်အလွှာ
    ကမဆို အရယူနိုင်တဲ့ အနေအထားပေါ့။

    အလုပ်ကသင်သွားတာပေါ့ဆိုတာမျိုး၊
    ဘာအတန်းမှမတတ်ဘဲ ယုတ်စွအဆုံး စာတောင်မရေးတတ်ဘဲ
    သူဌေးဖြစ်စေတာမျိုး မို့လို့ လွယ်သယောင်ထင်ရပေမဲ့
    ဇွဲ လုံ့လမှာတော့ ထိပ်တန်းဖြစ်မှ အရယူနိုင်မဲ့ ပညာလို့ ဆိုရမလားပါပဲ။

    တီချာတို့အိမ်နားမှာ ကားဆေးသုတ်လုပ်ငန်းငယ်လေးတွေရှိတယ်။
    တစ်နေ့တစ်နေ့ ကားဂျီးချွတ်နေပွတ်နေလိုက်ကြတာ။ ဘာမှ သင်ယူမှု
    မရှိသလိုပဲ။ သုံးလေးနှစ်လဲကြာရော ဒီကလေးတွေ ကားဆေးရောင်စပ်တတ်ပြီ၊
    ကားအကြောင်းတိုလီမုစ္စသိကြပြီ။ ငါးနှစ်ခြောက်နှစ်လဲရှိရော ကား ဆေးသုတ်ဆရာ
    ခေါ်လို့ရပြီ။ငွေဝင်ပြီ။

    သူတို့ဘဝမှာ (မြန်မာပြည်တွင် ဂုဏ်ရှိသည်ဟုသတ်မှတ်သော) ဘွဲ့ရ၊ ခေတ်ပညာတတ်
    မဟုတ်တာကလွဲလို့ လူတောသူတောဝင်ပြီ။ အကင်ပါးရင်ပါးသလို စာဖတ်အားရှိရင်
    ရှိသလို လူဝင်ဆန့်အောင် ဗဟုသုတလေးတွေပါတဲ့ စကားလေးတွေ ပြောတတ် ဆိုတတ်
    ကြပြီ။

    ဒီနေရာမှာ ကိုယ်တိုင် လေ့လာသင်ယူမှု စအလုပ်လုပ်တော့တာပါပဲ။ Vocation အတွက်
    မဟုတ်တော့ဘူး။Self-knowledge နဲ့ Society မှာနေတတ်ထိုင်တတ်ဖို့
    လေ့လာရမှာဖြစ်သွားပြီ။ ဒီ ဂိတ်ကိုကျော်နိုင်ရင် အောင်ပြီပေါ့ ကိုသစ်ရယ်။

    • thit min

      February 5, 2012 at 7:15 am

      ဟုတ်ပါတယ် တီချယ်ရေ
      ဆွေးနွေးမှုအတွက်ကျေးဇူးပါ။
      ကျနော်က လစ်ဟာနေတဲ့နေရာလေးကို ထောက်ပြချင်တာပါ။
      အဲဒီလို ပရိုက်ဗိတ်လိုက်ပြီးလေ့လာနေရတာမျိုးကို အုံနဲ့ကျင်းနဲ့ အဖွဲ့အစည်းလိုက်ပုံစံနဲ့
      လေ့လာသင်ယူနိုင်ခွင့်လေးများဖြစ်လာရင် လူ့အရင်းအမြစ်တွေ
      အားကောင်းလာမယ်လို့ယူဆမိလို့ပါ။
      လက်ဘက်ရည်ဆိုင်စားပွဲထိုးကို တရက်နားရက်ပေးပြီး ဝပ်လျှော့ပညာ၊လက်သမားပညာ၊
      သူသင်ချင်ရာလေးကို သင်ဖို့ကူညီပေးစေချင်တာပါ။ သူ့မူရင်းအလုပ်ရှင်တွေကိုတာဝန်ယူ
      စေချင်ပါတယ်။ တသက်လုံးငါ့စီးပွါးရေးဘဲလုပ်ဆိုပြီးတော့ ချည်နှောင်မထားသင့်သလို
      လူသားချင်း စာနာစိတ်နဲ့ သူ့ဘဝလေးတိုးတက်ရေးကိုကြည့်ပေးမယ်ဆိုရင်
      လောကလဲလှပမယ်၊ လူတွေလဲ ဝင်ငွေကောင်းလာမယ်၊တိုင်းပြည်လဲ ကြီးပွါးလာမယ်ပေါ့ခင်ဗျာ။

  • fatty

    February 5, 2012 at 12:11 am

    ဆရာသစ်မင်းရဲ့ပညာရေးနဲ့အတွေ့အကြုံ ဆိုပြီး ခေါင်းစဉ်လေးတွေ့လိုက်ရတော့ ကျနော်ဝန်ထမ်းဘဝက
    ရာထူးကြီးတွေကြီးပြီး အတွေးအခေါ်ကလူရီစရာကြီးဖြစ်နေသူတွေတွေ့ဘူးခဲ့တာကိုလဲပြန်လည်အမှတ်ရမိပါရဲ့ ။ နောက်တခုက
    နိုင်ငံကျော်စာရေးဆရာ D.H Lawrence ရေးခဲ့တဲ့ The Rainbaw ဆိုတဲ့စာအုပ်ထဲမှာ … လောကမှာလူတယောက်ရဲ့အဆင့်အတန်းကိုသတ်မှတ်ပေးတာငွေကြေးလဲမဟုတ် ရာထူးလဲမဟုတ်
    အဲဒီလူရဲ့ဘဝအတွေ့အကြုံနဲ့ ပညာအရေအချင်း ကသာသတ်မှတ်ပေးတာဖြစ်တယ် … ဆိုပြီး သူ့ကလေးတွေကိုပညာကောင်းကောင်းပေးဖို့ စဉ်းစားခဲ့ပုံ ဖေါ်ပြထားတာကိုလည်းအမှတ်ရမိပါတယ် ။
    ….. နောက်တခုခေါင်းထဲဝင်လာတာကတော့ စကာင်္ပူ ပါဘဲ …..
    ၁၉၆၅ဩဂုတ်လ ၉ ရက်နေ့မှာ မလေးရှားကနေခွဲထွက်လာခဲရတာပါ။ အမှန်တော့နှင်ထုတ်ခံရတာပါ။
    မလေးရှားပါလီမန်မှာ ကန့်ကွက်မဲမရှိ ထောက်ခံမဲ၁၂၆ မဲနဲ့ ပထုတ်လိုက်တာပါ။
    … လီကွမ်ယုဟာ မျက်ရည်လည်ရွှဲနဲ့တိုင်းပြည်ကိုကြေငြာခဲ့ရတာပါ ။
    ဘာမှမထွက်တဲ့တိုင်းပြည် လူတွေကလည်းစာမတတ်ကြတဲ့အပြင် ဘိန်းတောင်စွဲနေကြတာပါ။
    အဲဒီအနေအထားကနေ ဆွဲတင်ဖို့ရာ ပညာရေးဘဲရှိတယ် ပညာတတ်တွေဖြစ်မှဘဲ
    ပညာနဲ့ဘဲလုပ်ကိုင်စားသောက်မှ အရင်းအနှီးပြုမှဘဲဆိုပြီး ပညာရေးကဏ္ဍကိုတအားတိုးမြှင့်ခဲ့တာပါ။
    ……….. ဝမ်းနည်းဖို့ကောင်းတာက အဲဒီအချိန်မှာကျုပ်တို့နိုင်ငံမှာက သင်ခန်းစာတွေတချို့ကို
    ဖြုတ်ချနေပါပြီ ………… ။
    …… အဲဒီအချိန်တုန်းက ဆရာဆရာမကြီးတွေကတားပါသေးတယ် မလုပ်ကြပါနဲ့ .. ကျုပ်တို့ကလေးတွေ
    နောင်တချိန် နိုင်ငံတကာမှာ မျက်နှာငယ်ကြရပါလိမ့်မယ် တဲ့ .. ဒါပေမဲ့မရပါဘူး .. ။
    … အဲတော့ဒီတခါတော့ဖြင့် လုပ်သင့်လုပ်ထိုက်တာမြင်ကြပြီလို့ပြောရမှာပါ ..
    အခုလိုအချိန်မျိုးမှာ ကိုသစ်မင်းတို့လိုလူတွေကထောက်ပြကြ တင်ပြကြ နားလည်သူတွေကလည်း
    ဝိုင်းဝန်းဆွေးနွေး ကြရင်ဖြင့် တဒေါင့်တနေရာက ပါဝင်ကြတဲ့သဘောမို့ အဟောသိကံမဖြစ်ပါဘူးလို့
    … ကျနော်က စာရိုက်တာ မသွားတော့ဒီလောက်ဘဲဗျာ … ။

    • thit min

      February 5, 2012 at 7:35 am

      ကို(ဦး)ဖက်တီးရေ
      ထူးထူးခြားခြား စာအများကြီး ရိုက်က်ထားတာနဲ့ကို တော်တော်အံ့ဩဝမ်းသာမိပါတယ်။
      ဦးဖက်ရဲ့ စံချိန်သစ်လို့တောင်ထင်မိလို့ လက်ခုပ်တီးမိပါတယ်။ 🙂
      ဆွေးနွေးမှုအတွက်ကျေးဇူးပါ။

      ဟုတ်ပါတယ်ဗျာ။ပညာတတ်ဆိုမုန်းတဲ့ အဲဒီဆရာကြီးရဲ့ လုပ်ရပ်တွေကတော့ ပြောမဆုံးပေါင်
      တောသုံးတောင် ငပေါဂတုံးပြောင်လို့ပြောချင်ပါတယ်။
      မြန်မာနိုင်ငံပညာရေးသုတေသနအသင်းကြီးဆိုတာ နိုင်ငံတကာအသိအမှတ်ပြု ရီဆာ့ချ်စဲန်တာ
      ကြီးပါ။ “လိုလို့လားကွာ” ဆိုတဲ့ ဦးနေဝင်း စကားတခွန်းနဲ့ ဖျက်သိမ်းလိုက်ပါတယ်။
      ထိုင်းမှာ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ထူထောင်မှု၊ပြီးတော့ သူ့စကော်လားရှစ်တွေအများဆုံးပေးတဲ့
      အေအိုင်တီတက္ကသိုလ်ဆိုတာရှိပါတယ်။ ကန်ဘာ့အဆင့်မီကျောင်းတခုပါ။
      မြန်မာနိုင်ငံကိုအလားတူ အခွင့်အရေးပေးခဲ့ပါတယ်။ သူ ကငြင်းခဲ့ပြန်ပါတယ်တဲ့။
      နောက်ဆုံးဘယ်အထိဆိုးလဲဆိုရင် ပြည်ပစကော်လာ လျှောက်လွှာများကိုအံဆွဲထဲ ထဲ့ထားပြီး
      နိုင်ငံခြားပညာတော်သင်များ ခေါ်တိုင်းမလွှတ်ခဲ့တာ သူ့ အစီစဉ်ပါတဲ့။
      ထားပါတော့လေ။ အတိတ်ကပြင်လို့မှမရတော့တာ။
      အခုလက်ရှိမှာတော့ လွှတ်တော်ထဲရောက်နေတဲ့ ဆရာတွေ/ဆရာမ တချို့ကိုတော့ ကျနော်
      အားရမိပါတယ်။ သူတို့ သူတို့တတွေ ထိုးဖောက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပါဘဲဗျာ။
      အဲဒီအပိုင်းကတခုပေါ့နော်။
      နောက်တခုကတော့ အတန်းပညာမရှိလို့ အားငယ်နေသူများအတွက် ပညာရေးအကြောင်း
      လေးကိုမီးမောင်း ထိုးပြချင်လို့ပါ။ ကြိုးစားသင်ယူလို့ရတာ ကျောင်းတခုထဲမဟုတ်ကြောင်းလေးပါ။
      ဘဝအတွက် တိုးတက်ဖို့ကြိုးစားသင်ယူဘို့လဲ လိုတယ်ပေါ့ဗျာ။
      တဦးချင်းက အရည်အချင်းရှိလာရင် ဒီတိုင်းပြည်ကြီး အရည်အသွေးတက်လာရမှာပေါ့။
      အနဲဆုံးတော့ ကိုယ့်အတွက်တော့ ကိုယ် လူတိုင်းတာဝန်ကိုယ်စီရှိကြတယ်ဆိုတာ ပါဘဲ။

      • kai

        February 9, 2012 at 5:04 pm

        ဆရာသစ်ရေ..

        မြန်မာနိုင်ငံပညာရေးသုတေသနအသင်းကြီးဆိုတာ နိုင်ငံတကာအသိအမှတ်ပြု ရီဆာ့ချ်စဲန်တာ
        ကြီးပါ။ “လိုလို့လားကွာ” ဆိုတဲ့ ဦးနေဝင်း စကားတခွန်းနဲ့ ဖျက်သိမ်းလိုက်ပါတယ်။

        အဲဒါနည်းနည်းသေချာချင်လို့ပါ..။ အခုလာမဲ့လ အယ်ဒီချာ့သင်ပုန်းထဲထည့်မလို့.. အဲဒါ.. ဘယ်နှစ်လောက်ဖြစ်မလည်း..။
        ..အဲဒီအကြောင်း ဘိုဘိုလန်းစင်ရေးဖူးသလားလို့…။

        နောက်တခုက.. ဆောင်းပါးတပုဒ်ဒီရက်ပိုင်းတင်ဖတ်လိုက်ရပြီး ရှာမရဖြစ်နေတာ.. ဖတ်များမိသလားလို့.. ယူအက်စ်က ဘုန်းကြီးတပါးရေးတယ်မှတ်မိတယ်..။ မဟနကို ဝေဖန်ထားတာ…။ အဲဒီထဲ..
        မြန်မာပြည်မှာ ရဟန်းတွေက.. လူတွေရဲ့တက္ကသိုလ်တက်လို့မရဖူးဆိုတာလေးပါတယ်..။
        အဲဒါ.. မှန်မမှန်ကွန်ဖန်းလုပ်ချင်လို့ပါ..။
        သိသလောက်လေး ရှင်းပြပါဦးနော…။ 😆

        • thit min

          February 9, 2012 at 10:59 pm

          အဲဒီစကားလုံးအတိုင်းကတော့ ကျောင်းကဆရာတယောက်ပြောခဲ့ဘူးတာပါ။
          နောက်တော့ Bertil Lintner ရေးတဲ့
          Outrage Burma’s Struggle for Democracy
          စာအုပ်မှာ အခန်းသုံးမှာ ဦးနေဝင်းက Burma Research Society
          (မြန်မာနိုင်ငံသုတေသနအသင်းကြီး) ၏စာများကို ကို
          လိုနီတီထွင်မှုများဟုပြောဆိုကာ ဖျက်သိမ်းခဲ့သည်လို့ဘဲ
          ပါပြီး ခုနှစ်မဖော်ပြခဲ့တာကို တွေ့ရလို့
          သူ့လက်ချက်ဆိုတာလက်ခံလိုက်ပါတယ်။
          နောက်တခါ
          ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးဦးတင်မောင်( ကြေးမုံဦးသောင်း )
          ရဲ့ ဘီလူးတို့ရွာ အခန်း(၅၀)မှာရေးထားတာကတော့
          “တခါတွင် သုတေသနနှီးနှောဖလှယ်ပွဲအပြီး သုတေသီများအားဂုဏ်ပြုဧည့်ခံပွဲ
          ကိုအိမ်တော်တွင်ကျင်းပသည်။ဧည့်ခံပွဲသို့ရန်ကုန်၊မန်းတလေးမှ ဆရာ/ဆရာမ
          များတက်ရောက်ရာတွင် တစုံတဦးက ဦးနေဝင်း၏ဇနီးဒေါ်ခင်မေသန်းကို
          တို့ထိ သည်ဟုဆိုကာ အိမ်တော်ကိုတံခါးပိတ်ပြီးမသင်ကာသူကိုကိုယ်တိုင်
          ရိုက်နှက်ထိုးကြိတ်ပါသည်။ဤသို့ထိုးကြိတ်ခံရသူများမှာ နောင်တွင်မဟုတ်မှန်း
          သိ၍ ကြိတ်ပြီးတောင်းပန်လိုက်ရပါသည်”လို့ ပါတယ်။
          ဆက်စပ်မှုရှိမယ်လို့ထင်ရပေမဲ့ ခုနှစ်မပါခဲ့ပါဘူး။

          ၁၉၇၅ ခုနှစ်ထုတ် ဂျာနယ်တစောင် လိုင်ဘရီမှာတွေ့ဘူးလို့ဖတ်ဘူးတာ
          သတိရနေမိတယ်။
          နောက်တော့ ဝီကိမှာတွေ့ရတာက

          The Burma Research Society was founded on 29 March 1910 at a meeting held at the Bernard Free Library in Rangoon by J S Furnivall, J A Stewart, Gordon H Luce and Pe Maung Tin.
          It published original research which appeared in the Journal of the Burma Research Society. Its aims were “the investigation and encouragement of Art, Science and Literature in relation to Burma and the neighbouring countries “.The Journal of the Burma Research Society (1911-1977) consists of 59 volumes, being 136 Journals comprising more than 1300 articles.

          ဆိုတော့ ၁၉၇ရ ထိသက်တမ်းရှိခဲ့တယ်လို့ဆိုတယ်။

          ဒါကအဲဒီ ကထုတ်ခဲ့တဲ့ စာအုပ်တွေရှိတဲ့ လင့်(ခ)လေးပါ။
          တအုပ်ကို $၂၅ အနဲဆုံးနဲ့ $၅ဝ အများဆုံးတွေ့ရပါတယ်။
          စာအုပ်ပုံကို ပို့စ်ထဲမှာနဲနဲပြထားပေးပါတယ်။
          http://www.tambooks.com/?page=shop/flypage&product_id=9607&keyword=Burma+Research+Society&searchby=author&offset=0&fs=1&CLSN_963=1328803109963a4d026ab4f29dc9f698

        • thit min

          February 9, 2012 at 11:28 pm

          မဟန ကေ့(စ)ကတော့ သာသနတက္ကသိုလ် ကေ့(စ)ကိုတော့ ဒီမိုဝေယံမှာဖတ်ဖူးတယ်။
          သုံး စောင်တွဲပေါ့။

          မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၃) ဆောင်းပါးရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)..
          http://www.demowaiyan.co.cc/2012/01/blog-post_7111.html

          မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၂) ဆောင်းပါးရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)..
          http://www.demowaiyan.co.cc/2012/01/blog-post_7310.html

          မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၁) ဆောင်းပါးရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)..
          http://www.demowaiyan.co.cc/2012/01/blog-post_01.html

          ကိုယ်ပိုင်အတွေးအနေနဲ့ပြောကြည့်ရရင်
          ရိုးရိုးလူတက်တဲ့ တက္ကသိုလ်နဲ့ပါတ်သက်ရင်တော့
          မဟန ဆရာတော်တွေဟာ ရွှေကျင်
          (ဒွါရ- ကာယဒွါရ၊ဝစီဒွါရ၊မနောဒွါရလို့ ဆိုတဲ့)
          ဂိုဏ်းက များတယ်လို့ (ထင်တာ) ယူဆတယ်။

          ရွှေကျင်က သုဓမ္မာ (ကာယကံ၊ဝစီကံ၊မနောကံလို့ဆိုတဲ့ဂိုဏ်း)
          ထက် ဝိနည်းတင်းကြပ်တယ်ဆိုတော့ အဲဒီအတွက်များလားလို့
          ယေဘုယျ တွေးမိတာပါဘဲ။

      • kai

        February 10, 2012 at 6:24 am

        ကျေးကျေးနော…
        ကိုသစ်က.. အဘိဓာန်ကျနေတာပဲ…။ တော်တော်စုံတယ်..။ 😆

  • Foreign Resident

    February 5, 2012 at 4:56 am

    ဆရာသစ်မင်း ရေ

    နဲနဲ မရှင်းတာ တစ်ခုရှိလို့ပါ ။

    ” ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ
    အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။
    အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​
    ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ ”

    အမှန်က ” အစိုးရ ဘတ်ဂျက် ရဲ့ ၁.၃ ရာခိုင်နှုန်း ရရှိသော ကျန်း​မာ​ရေး​ ကဏ္ဍ ” ဖြစ်ရမှာ မဟုတ်လား ။

    အစိုးရ ဘတ်ဂျက် နှင့် GDP မတူဘူးထင်တယ် ။

  • thit min

    February 5, 2012 at 7:02 am

    ကိုဖောရေ

    ဆွေးနွေးမှုအတွက်ကျေးဇူးပါ။

    သူ့မူရင်း သတင်းကိုကျနော် ကုဒ် ပြီး သားပါ။ ဂျီဒီပီ ရဲ့ ရာခိုင်နှုန်းလို့ရေးထားပါတယ်။
    အဲဒါကြောင့် ဂျီဒီပီရဲ့ ရာနှုန်းနဲ့ တွက်ပြထားတာပါ။
    ပုံမှန်အားဖြင့်တော့
    ပြောလေ့ရှိတာက ဘတ်ဂျက်ရဲ့ ဘယ်နှစ်ဆ လို့ဘဲ ပြောတတ်ပါတယ်။
    ဂျီဒီပီရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလို့ပြောတတ်ပါတယ်။

    ဘတ်ဂျက်ရဲ့ ဘယ်လောက်ရာခိုင်နှုန်းဆိုတာကြီးကိုတော့ ကျနော်တော်တော်နားစိမ်းပါတယ်။

    ဘတ်ဂျက်ဆိုတဲ့ ကိုယ်သုံးမဲ့ငွေပုံကြီးကို အရင်ပုံချထားပြီး အဲဒီရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလို့ဖြစ်နေပါတယ်။

    တိုင်းပြည်ရဲ့ပိုင်ဆိုင်ရရှိတဲ့ငွေကြေးလို့ပြောနိုင်တဲ့ ဂျီဒီပီရဲ့ ရာနှုန်းနဲ့ တွက်တာကိုဘဲ တွေ့နေကျပါ။

    (အကန့်ခွဲပြီးသားဘတ်ဂျက်–ဥပမာ ။ ။ပညာရေးဘတ်ဂျက်မှ ဘယ်နှစ်ရာခိုင်နှုန်းကိုကျောင်းဆောက်လုပ်ရန်
    ဆိုရင်တော့ ရတယ်)

    ထားပါတော့။ ပိုရှင်းအောင်မူရင်းသတင်းကို
    ကူးပေးလိုက်ပါတယ်။ (မသိသေးသူများအတွက် ရှင်းပြရရင် ဂျီဒီပီကပြည်တွင်းတမျိုးသားလုံးထုတ်ကုန်တန်ဖိုး
    ဖြစ်ပြီး ဘတ်ဂျက်ကတော့ ရသုံးခန့်မှန်းခြေငွေစာရင်း ပါ။ ခုသတင်းမှာ ဂျီဒီပီရဲ့ ရာခိုင်နှုန်းကိုဖော်ပြထားပါတယ်)

    ပညာ​ရေး​နှင့်​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်များ​ တိုး​မြှင့်​
    Published on January 31, 2012 by အံ့ဘုန်းမြတ်

    လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို ၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။

    ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။

    အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP ရဲ့​ ၄.၁၃ ရာခိုင်နှုန်း​ ရရှိတဲ့​ ပညာ​ရေး​ကဏ္ဍအတွက် ၈.၂၆ ရာခိုင်နှုန်း​ကျော်​လောက် အထိ ရရှိလာမှာ ဖြစ်ပါတယ်။

    ဒီလို ရာခိုင်နှုန်း​အား​ဖြင့်​ တိုး​ပြီး​ရရှိလာမယ့်​ ​ငွေပမာဏ ကိန်း​ဂဏန်း​တွေကို​တော့​ အတိအကျ မသိရ​သေး​ပါဘူး​။

    ဒီလိုတိုး​မြှင့်​ သတ်မှတ်​ပေး​လိုက်တာနဲ့​ ပတ်သက်ပြီး​ ပြည်​ထောင်စု လွှတ်​တော်မှာ ထပ်မံ​ဆွေး​နွေး​ အတည်ပြုဖို့​ ရှိ​နေ​သေး​တယ်လို့​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဘုန်း​မြင့်​အောင်က ​ပြောပြပါတယ်။

    “၂၀၁၂ နဲ့​ ၂၀၁၃ မှာ ကျ​နော်တို့​ ပညာ​ရေး​ အသုံး​စရိတ်ကို​တော့​ လာမယ့်​နှစ် ဘတ်ဂျက်ကို ပြီး​ခဲ့​တဲ့​နှစ် ဘတ်ဂျက်ထက် ၂ ဆ တိုး​သုံး​ပါမယ်တဲ့​။ ကျန်း​မာ​ရေး​ကိုလည်း​ ပြီး​ခဲ့​တဲ့​နှစ် ဘတ်ဂျက်ထက် ၄ ဆ တိုး​သုံး​ပါမယ်။ အခုက စီမံကိန်း​နဲ့​ ဘတ်ဂျက်​တော့​ ချပြပြီဆို​တော့​ ​နောက်ထပ် ဝန်ကြီး​ဌာန​တွေ တိုင်း​နဲ့​ပြည်နယ်ဝန်ကြီး​ချုပ်​တွေ ​ပြောလို့​ရှိရင် ​ဆွေး​နွေး​ချင်တဲ့​အ​ကြောင်း​နဲ့​ ​ဆွေး​နွေး​ချင်တဲ့​ ဝန်ကြီး​ဌာနနဲ့​ တိုင်း​နဲ့​ပြည်နယ် အစိုး​ရ​တွေက ​ခေါင်း​ချင်း​တိုက်ပြီး​တော့​ ​မေး​တာ​ပေါ့​။ ​ဆွေး​နွေး​ချင်တဲ့​ အစိုး​ရ ဝန်ကြီး​ဌာနနဲ့​ ကိုယ်​ဆွေး​နွေး​ချင်တဲ့​ အ​ကြောင်း​အရာကို​တော့​ ​ရှေ့​အပတ်ထဲမှာ စာရင်း​တွေ ​သေချာ ​ပေး​ထား​ပေါ့​ဗျာ။”

    ဒီလို တိုး​မြှင့်​သတ်မှတ်ဖို့​ လျာထား​လိုက်တဲ့​အထဲမှာ​တော့​ အရင်က GDP ရဲ့​ ၂၃.၆ ရာခိုင်နှုန်း​ သုံး​စွဲ​နေတဲ့​ ကာကွယ်​ရေး​ ကဏ္ဍအတွက်ကိုလည်း​ ၁.၅ ရာခိုင်နှုန်း​ ထက်မံတိုး​မြှင့်​လိုက်တဲ့​အတွက် ၂၅.၁ ရခိုင်နှုန်း​လောက်အထိ ရရှိလာမှာ ဖြစ်ပါတယ်။

    ဒီလိုတိုး​မြှင့်​သတ်မှတ်ရတဲ့​ အ​ပေါ်ကိုလည်း​ ဘဏ္ဍာ​ရေး​ဝန်ကြီး​က အိမ်နီး​နိုင်ငံ​တွေနဲ့​ နိုင်း​ယှဉ်ရင် ကာကွယ်​ရေး​အသုံး​စရိတ်ဟာ နည်း​ပါး​နေ​ကြောင်း​ လွှတ်​တော်အတွင်း​မှာ ​ပြောကြား​ခဲ့​တယ်လို့​ ဦး​ဘုန်း​မြင့်​အောင်က ဆိုပါတယ်။

    “ကျ​နော်တို့​ နိုင်ငံရဲ့​ ကာကွယ်​ရေး​ အသုံး​စရိတ်က အ​မေရိကန် ​ဒေါ်လာနဲ့​ တွက်ကြည့်​လို့​ရှိရင် ဘီလီယံ နှစ်​ထောင်​ကျော်​လောက် ကျပါတယ်။ သူက​တော့​ ဘာကို ယှဉ်ပြလဲဆို​တော့​ စင်ကာပူမှာဆိုရင် ဘီလီယံ ရှစ်​ထောင်​ကျော် ရှိတယ်။ ထိုင်း​က ဘီလီလျံ ငါး​ထောင်​ကျော် ရှိတယ်။ ကျန်တဲ့​ အင်ဒို၊​ မ​လေး​၊​ ဗီယက်နမ်​ပေါ့​ အာဆီယံနိုင်ငံ​တွေမှာ ကျ​နော်တို့​ နိုင်ငံထက် ကာကွယ်​ရေး​ အသုံး​စရိတ်များ​တဲ့​ နိုင်ငံ​တွေကို ​ထောက်ပြတာ​ပေါ့​။ အမှန်က​တော့​ အခွန်ဝန်ကြီး​က​တော့​ ဒီ ကာကွယ်​ရေး​စရိတ်ကို အာဆီယံနိုင်ငံ​တွေမှာ မများ​ဘူး​ဆိုတဲ့​ သ​ဘောမျိုး​ ရှု​ထောင့်​က​နေ သူကပြတာဗျာ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ ကိုယ်စား​လှယ်​တွေ ​ပြောတာက ထိုင်း​ထက် တဝက်သာသာ နည်း​တယ်ဆို​ပေမယ့်​ ကျ​နော်တို့​နိုင်ငံရဲ့​ ဝင်​ငွေထက် ထိုင်း​နိုင်ငံရဲ့​ ဝင်​ငွေက ဘယ်နှဆ​လောက် ရှိတယ်ဆိုတာ သူက ယှဉ်မပြနိုင်​သေး​ဘူး​။”

    ဒါ့​အပြင် မြန်မာနိုင်ငံမှာ တင်​နေတဲ့​ နိုင်ငံတကာရဲ့​ ​ချေး​ငွေ​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ၁၉၈၈ ခုနှစ်မတိုင်က ​ချေး​ငွေဟာ အ​မေရိကန် ​ဒေါ်လာ ၈.၄ ဘီလီယံရှိပြီး​ ၁၉၈၈ က​နေ ပြီး​ခဲ့​တဲ့​ အစိုး​ရ လက်ထက်အထိ ၂.၆ ဘီလီယံ​ကျော် ရှိခဲ့​တာ​ကြောင့်​ စုစု​ပေါင်း​ အ​ကြွေး​ဟာ အ​မေရိကန် ​ဒေါ်လာ ၁၁ ဘီလီယံ နီး​ပါး​လောက် ရှိ​နေတယ်လို့​လည်း​ ဘဏ္ဍာအခွန်ဝန်ကြီး​က ​ပြောကြား​ခဲ့​ပါတယ်။

    တိုင်း​ပြည်ရဲ့​ အရန်​ငွေက​တော့​ အ​မေရိကန်​ဒေါ်လာ ရ ဘီလျံ​လောက် ရှိ​နေတယ်လို့​လည်း​ ဝန်ကြီး​က ​ပြောကြား​ခဲ့​ပါတယ်။

    ဒီက​နေ့​ လွှတ်​တော် အစည်း​အ​ဝေး​မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​ကျော်စွာခိုင် ရာထူး​မှ အနား​ယူတာကို သမ္မတက ခွင့်​ပြု​ကြောင်း​နဲ့​ တနင်္လာရီတိုင်း​ဒေသကြီး​ အစိုး​ရ ဝန်ကြီး​ချုပ် ဦး​ခင်​ဇော်အစား​ ဦး​မြတ်ကို ကို ​ပြောင်း​လဲ တာဝန်​ပေး​တာ​တွေကို ပြုလုပ်ခဲ့​ပါတယ်။
    http://burmese.dvb.no/archives/20619

    • thit min

      February 5, 2012 at 7:50 am

      အစ်မအေးကေရေ..
      ပညာနဲ့ပါတ်သက်ပြီး ဘုရားဟော ဒေသနာလေးတွေ လုပ်ပါအုန်းအစ်မရေ။
      ကျနော်တော့ အစ်မကို နူးညံ့စွာနေထိုင်ပြောဆိုနေတတ်သူတယောက်လို့မြင်မိပါတယ်။
      လူကြီးမိဘတွေနဲ့ အစ်မရဲ့ ဘကြီးရဲ့ ဆုံးမမှူအောက်မှာ စကားနာခံတတ်သူ တယောက်လို့
      ယူဆပါတယ်။ အစ်မရဲ့ အယူအဆလေးတွေမှာ အကုသိုလ်ကင်းအောင်တော်တော်သတိထား
      နေထိုင်မှုတွေ တွေ့နေရပါတယ်။အစ်မစာတိုင်းကိုကော်မန့်မရေးဖြစ်ပေမဲ့ ဖတ်တော့ဖတ်မိ
      ပါတယ်ခင်ဗျာ။ကျနော်ကိုယ်တိုင်ကလဲ ဘာသာရေးဆိုတာကိုပေါ့ပေါ့တန်တန်မဟုတ်ပေမဲ့
      အရမ်းပုံစံကိုက်ကြီးတော့မဟုတ်လို့ဘာမှ မရေးမိတာမျိုးပါ။ ကျေးဇူးပါအစ်မရေ။

  • Moe Z

    February 5, 2012 at 9:33 am

    ကိုသစ်ရေ ပညာရေးကို ဘက်ပေါင်းစုံကနေကြည့်ပြီး ရေးပြထားတာပဲ
    ဘယ်နေရာကနေဝင်ပြောရမလဲ စဉ်းစားရင်း ရွာလည်နေပြီ
    အတန်းပညာနဲ့ ပတ်သတ်ပြီးပြောရရင်တော့ ဆရာ/မတွေကို အရည်အချင်းပြည့်မီဖို့ သေသေချာချာ ထရိန်နင်ပေးသင့်နေပြီ၊ ဆရာ/မတစ်ယောက် သင်ရမယ့် ဘာသာရပ်ကို ပုံသေသတ်မှတ်သင့်ပါတယ် ဘာလို့ဆို မိုးစက်တို့ကျောင်းသားဘဝမှာ ဆရာမတစ်ယောက်က ဒီနှစ် မြန်မာစာသင်၊ နောက်နှစ် သချင်္ာသင်ဖြစ်ခဲ့ဖူးတယ်၊ တကယ်ဆိုသင်ရမယ့်ဘာသာတစ်ခုကို ပုံသေထားရင် ဆရာကိုယ်တိုင် အဲဒီဘာသာရပ်ကို ကျွမ်းကျင်နှံ့စပ်ပြီး ကလေးတွေနားလည်အောင် စိတ်ဝင်စားအောင်ဘက်ပေါင်းစုံကနေကြိုးစားသင့်တယ်၊
    အဓိကကတော့ ဝါသနာအရင်းခံရှိမှ အောင်မြင်မှာပါ၊ သင်ထောက်ကူတွေမတတ်နိုင်လို့ ကလေးတွေကို စာတွေ့ပဲသင်ရတယ်လို့ပြောမယ့်အစား လွယ်ကူရိုးရှင်းတဲ့ ပတ်ဝန်းကျင်မှာအလွယ်တကူရတဲ့ သင်ထောက်ကူပစ္စည်းတွေကိုတော့ ဖန်တီးနိုင်စွမ်းမရှိကြဘူး၊ (ဥပမာ-မူလတန်းတွေအတွက် သိပ္ပံဘာသာရပ်သင်ရင် အပင်ပေါက်ပုံကိုရှင်းပြဖို့ ရေသန့်ဗူးနဲ့ ကြက်သွန်နီတစ်လုံးလောက်ပဲရရင်ဖြစ်တာပဲ)
    တချို့ဆရာ/မတွေ အရည်အချင်းမရှိရတဲ့အကြောင်းကလည်း ဝါသနာနဲ့ အလုပ်တထပ်ထဲမကျတာလည်းပါမယ်ထင်ပါရဲ့ စားဝတ်နေရေးကျပ်တည်းတဲ့အချိန်မှ ရတဲ့အလုပ်ဝင်လုပ်ပြီး လူရိုသေရှင်ရိုသေ ဆရာမအခေါ်ခံရလည်းနည်းလားဆိုပြီး လုပ်နေကြတဲ့သူတွေကို တွေ့ဖူးပါရဲ့၊ ဆရာမ မဟုတ်ပေမယ့် လက်လှမ်းမီသလောက်တော့ ကြိုးစားချင်ပါတယ်ကိုသစ်ရေ
    ကိုယ်တိုင်က self-study ကိုအားကိုးခဲ့ရတာများတော့ နောက်ကလေးတွေကို အဲဒီလိုမဖြစ်စေချင်ဘူး၊၊

    • thit min

      February 5, 2012 at 10:35 am

      ဟုတ်ကဲ့ အဲဒီ တီးချားထရိန်နင် ကိတ်စကိုကျနော်လဲပို့စ်မှာ ပြောထားပါတယ်။
      သူတို့အတွက် မွမ်းမံသင်တန်းတွေလိုကို လိုပါတယ်။ လက်တွေ့စာသင်ခန်းထဲမှာကို
      လေ့ကျင့်သင်ကြားစေချင်တာပါ။ တကဲ့ကျောင်းသားငယ်တွေရှိတဲ့နေရာမျိုးမှာပေါ့နော်။

      ဒုတိယအချက်အနေနဲ့က စားဝတ်နေရေးအတွက် ဆရာ/ဆရာမ လုပ်သည်ဘဲထားအုန်း
      တော့ ကိုယ့်တာဝန်ယူထားတဲ့နေရာကို တာဝန်ကျေဖို့ ကြီးကြပ်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။

      တတိယအချက်အနေနဲ့ကတော့ အခြေအနေပေးရင်—(စာအုပ်စာတမ်းလက်လှမ်းမီတာမျိုးပါ)
      self-study ကို အကုန်တော့မဟုတ်ပေမဲ့ နဲနဲပါးပါး ပါရင် ကျနော် ပိုသဘောကျပါတယ်။
      (ကိုယ်ပိုင်အယူအဆပါ။)
      ဘာဘဲပြောပြောမမိုးဇက် self-study လုပ်လို့ ပိုပြီးအရည်အသွေးမြင့်မားလာတာကို
      ကိုယ်တွေ့လေးနဲ့သတိထားကြည့်ပါ။
      ဆရာ/ဆရာမလစ်ဟင်းလို့လုပ်ရတဲ့ self-study မဟုတ်ဘဲ ၊
      တမင်လေ့ကျင့်ပေးတဲ့ self-study ကိုဆိုလိုပါတယ်ခင်ဗျ။

      ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ် မမိုးဇက်ခင်ဗျား။

      • Moe Z

        February 5, 2012 at 11:09 am

        ဟုတ်ပါတယ် ကိုသစ်ရေ မိုးစက်ပြောတာက ဆရာ/မလစ်ဟင်းလို့ သင်ရိုးညွှန်းတမ်းမှာလိုအပ်ချက်တွေရှိလို့ လုပ်ခဲ့ရတဲ့ self-study ပါ၊ သင်ပေးသမျှစာတွေကို ကြေညက်ပေမယ့် နိုင်ငံတကာကျောင်းသားတွေနဲ့ ယှဉ်တော့ အဆမတန်လိုအပ်ချက်တွေများနေခဲ့တာကိုး၊
        ဒါပေမယ့် တမင်လေ့ကျင့်ယူရမယ့် self-study ကတော့ မရှိမဖြစ်လိုအပ်ပါတယ်
        ကျေးဇူးပါ ကိုသစ်ရေ။

  • pooch

    February 5, 2012 at 11:26 am

    ကိုသစ်မင်းရေ တိုက်တိုက်ဆိုင်ဆိုင် ကျမလည်း စိတ်ကူးပေါက်ပြီး ပညာပေးဆိုတဲ့ စာလေး ရေးမိတယ်။
    အခုရေးထားတဲ့ အကြောင်းအရာက အတော်လေးကို ပြည့်စုံပါတယ်။ ကျမတို့ လက်ရှိဖြစ်နေ ကြုံနေကြတဲ့ အနေအထားလေးတွေကို မီးမောင်းထိုးထားတာပါ။

    ကျမကိုယ်တိုင်လည်း အစစအရာရာကြိုးစားဆဲ လူတယောက်ဖြစ်တာမို့ ဒီစာလေးက ကျမကိုလည်း အတွေးလေးတွေ အသိကောင်းလေးတွေ ပေးပါတယ်။ ကျေးဇူးတင်ပါတယ် ကိုသစ်မင်း။

    စကားမစပ်ပြောလိုက်အုန်းမယ် ဟိုတခါ ကျမပြောဖူးတဲ့ သူငယ်ချင်းက ကိုသစ်မင်းစာတွေကို ဖတ်ပြီး မှတ်ချက်တခု ပေးသွားပါတယ် ။ တော်တဲ့သူ စိတ်ကောင်းရှိဖို့ မလွယ်ဖူး။ အတ္တကြီးတတ်တာ များတယ် ။ ကိုသစ်မင်းကတော့ လူတော်သလောက် စိတ်ကောင်းစေတနာကောင်းရှိတဲ့သူတယောက်လို့ မှတ်ချက်ပေးသွားပါတယ်။ ရှားပါးစာရင်းဝင်ပါတဲ့။

    သူငယ်ချင်းက တပတ်ကို နာရီ ၈ဝ လောက်အလုပ်လုပ်ရတဲ့ အလုပ်များကာလကို ဖြတ်သန်းနေရတာမို့ အချိန်ဆင်းရဲပါတယ်။ ဒီကြားထဲ စာမေးပွဲတခုလည်း ဖြေဖို့ အသဲအသန်လုပ်နေရလို့ပါ။ ကျမ ရှယ်ပေးတာလောက်ပဲ သူဖတ်နိုင်ပါတယ်။

    • thit min

      February 5, 2012 at 11:45 am

      ဗုဒ္ဓေါ။
      ရိုးရိုးလုပ်ပါခင်ဗျာ။ပူထူသွားတာဘဲ။ နဲနဲများတယ် မပူးချ်ရေ။ 🙂
      ကျနော် သိ၊မှတ်၊တွေ့၊ကြုံ၊သင်ယူ၊ကြားနာ ပြီး ရထားတာလေးကို ရှယ်တဲ့အဆင့်ပါဗျာ။
      ပုထုစဉ်ဆိုတော့လဲ စိတ်ထားဆိုတာအမြဲမကောင်းနိုင်ပါဘူး။
      သာမန်ထက် ထူးခြားပြီးမမြင်ပေးပါနဲ့နော်။
      အများနည်းတူ၊အများလိုဘဲ ကြိုးစားပြီးတော့ ဘဝတိုးတက်အောင်မြင်ရေးကိုရော
      စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေးကိုပါထိန်းသိမ်းလုပ်ကိုင်နေတဲ့ လမ်းကြောင်းပေါ်မှာရှိ
      နေတဲ့ သဘောလောက်ပါ။ ဖြည့်နေဆဲပါဘဲနော်။
      မပူးချ်ရဲ့ ပို့စ်လေးလဲ တော်တော်ကောင်းပါတယ်။တင်ပြပုံအစွန်းလွတ်အောင်ရေးထားတာ
      လေးက နှစ်လိုဘွယ်ရာပါ။
      ဟုတ်ကဲ့ပါ။
      မပူးချ်ရော၊မပူးချ်ရဲ့ ဘော်ဘော်ကိုပါ ကျနော့စာဖတ်ပရိတ်သတ်အနေနဲ့ လွန်စွာကျေးဇူး
      တင် လေးစားပါသည်ခင်ဗျား။

  • စိန်ပေါက်ပေါက်

    February 5, 2012 at 12:06 pm

    အူးသစ်အနေနဲ ့ အေးဆေးနှပ်နေနိုင်သော်လဲ
    ကျနော်တို ့လို မနှပ်နေနိုင်သေးတဲ့လူတွေအတွက်.နောက်လာမဲ့ မျိုးဆက်တွေက်အတွက်
    ခုလို စေတနာအပြည့်နဲ ့ ..အားတက်သရော လိုအပ်တဲ့အရာတွေကို ထောက်ပြပေးနေတာ မယုံနိုင်အောင် အံ့ဩရပါတယ်ဗျား..
    (အန်တီပုချ် သူငယ်ချင်းပြောသလိုပါပဲ)
    ပညာရေးနဲ ့ ပတ်သတ်ပြီး နိုင်ငံတော်အထောက်အပံ့တွေ လိုအပ်သလို သင်ပြပေးတဲ့ဆရာ၊ဆရာမတွေရဲ့ တတ်ကျွမ်းမှုနဲ ့စေတနာ
    အပြည့်ထားနိုင်ဖို ့လဲ လိုတယ်.အူးသစ်ရေ..ဒါမှ လူတော်လေးတွေ အရင်ထက် ပို ထွက်လာမှာဖြစ်ပါတယ်
    အတန်းပညာအတွက် ငွေကြေးမတတ်နိုင်၊အထောက်အပံ့မရှိဘူးဆိုရင် အတတ်ပညာ တစ်ခုခုကို သင်ထားသင့်ပါတယ်..
    ဝပ်ရှောခ်၊ဘောလုံး စသဖြင့်ပေါ့ဗျာ..

    ကျန်တာတော့ သိတော့ဘူးဂျာ
    ဒါဘဲ
    မူးတွားဘီ
    😀

  • lusoegyikoko

    February 5, 2012 at 2:14 pm

    မသိတာတွေသိ ရ လို့ ရေးတဲ့သူကိုရော မန်းတဲ့ သူ အား လုံး ကိုရောကျေးဇူးတင်ပါတယ်။
    ကျွှန်တော်တို့ မြန်မာ တွေ ဟာ တခြားလူမျိူးတွေ နဲ့ယှဉ်ရင် တော်တဲ့ အပိုင်းမှာတော့ မညံ့ကျပါဘူး။
    ကောင်းတဲ့ အပ်ိုင်းမှာသာ လိုအပ်နေတာပါ။

  • thit min

    February 5, 2012 at 5:19 pm

    စိန်ပေါက်ပေါက်ရေ
    ဘောလုံးကန်တာကို ရေရှည်ဘဝ အသက်မွေးဝမ်းကြောင်းဖြစ်မဖြစ် ဆွေးနွေးကြည့်ပါလား။
    ရုပ်ရှင်မင်းသား၊ အဆိုတော်၊ မော်ဒယ်၊စာရေးဆရာ၊ပန်းချီဆရာ၊ အားကစားသမားတွေအစ
    ရှိသဖြင့် ဟိုးအရင်က မသေခြာသော အသက်မွေးကြောင်းဆိုတဲ့ နေရာမှာရှိခဲ့တယ်နော်။
    အခုကော ဘယ်လိုလဲ။
    ညီလေးပေါက်ဖော်ကဘယ်လို လုပ်ရင် အသက်မွေးဝမ်းကြောင်းဖြစ်နိုင်မလဲပေါ့နော်။
    (ဟေ့ ဘောလုံးပွဲလောင်းတာမပါဘူးနော်)
    ဝင်ရောက်ဆွေးနွေးပေးတဲ့ညီလေးကို ကျေးဇူးပါကွာ။
    ——————————————————
    lusoegyikoko ရေ
    တော်တယ်၊ ဒါပေမဲ့ ကောင်းဘို့လိုတယ်ဆိုရင် ဘယ်လိုလေးများကောင်းအောင်လုပ်နိုင်
    ပါ့မလဲ ဆိုတာလေး ၊ အမြင်အတွေးလေးကို သိခွင့်ရပါရစေဗျာ။
    ဆွေးနွေးပေးလို့ ကျေးဇူးပါ။
    မောင်သစ်မင်း (^^)

  • ကိုရင်စည်သူ

    February 5, 2012 at 9:14 pm

    ကိုသစ်မင်းရေ… ပညာရေးကို ဘက်ပေါင်းစုံက ရေးပြပေးလို့ ကျနော်
    အသိဉာဏ်တိုးရပါတယ်ဗျာ.. မြန်မာနိုင်ငံမှာတော့ ကျနော့်အမြင်မှာ ပုဂ္ဂလိကတွေက
    ပညာရေးကို ဗန်းပြပြီး အမြတ်ထုတ်နေတယ်လို့ မြင်တယ်ဗျာ..။ တကယ်ဆို အစိုးရက ပညာရေးကို
    ပုဂ္ဂလိကဘက်ကို လွှဲပြီး မြန်မာပြည်ပညာရေး တိုးတက်အောင် တကယ်အစစ်အမှန်
    စာတတ်အောင် ထိန်းချုပ်ကိုင်တွယ်သင့်တယ်ထင်ပါတယ်ဗျာ… ကျနော် သိသလောက်လေး
    မြန်မာပြည်ပညာရေး တိုးတက်စေချင်လို့ ဝင်ပြောမိတာပါ။ အမှားရှိရင်လည်း ခွင့်လွှတ်ပါနော်..။
    ကိုသစ်မင်းလို အသိပညာရှင်တစ်ယောက်ရွာထဲမှာ ရှိနေတာ ရွာသူားတွေ အသိတွေတိုးရလို့
    ကံကောင်းတယ်လို့ မြင်ပါတယ်ဗျာ…

    ခင်မင်စွာဖြင့်
    ကိုရင်စည်သူ

  • ဂျက်ကီချီးပေ

    February 5, 2012 at 9:57 pm

    ဒီအကြောင်းတွေကို
    ရွှေညောင်ပင်ညီလာခံကြီးမှာ ကမ္ဘာ့အကြာဆုံးစံချိန်ချိုး ရေးဆွဲကြ ပြီး
    ဘုတ်အုပ်ကြီးနဲ့တောင်ထုပ်ဝေလိုက်သေးသလားသိဘူးနော
    နောက်တော့ တဖြည်းဖြည်းဖြစ်လာမှာပါ
    တိုင်းနှင့်ပြည်နယ် အသီးသီးက မူးကြီးမတ်ကြီးတွေများ စုံနေတာဘဲ
    တစ်ချို့ဆို လွှတ်တော်ထဲမှာ အိပ်တောင်ငိုက်လိုက်သေးတယ် 😀
    ဒါဘဲနော် ကျုပ်ဘာမှပြောတာမဟုတ်ဘူး
    ပြေးဘီဗျို့
    ဘိုင်းဘိုင်

  • Khin Latt

    February 6, 2012 at 5:37 am

    ကိုသစ်ရေ-

    ကိုသစ်ရဲ့ ဒီ Post လေးဟာလဲ အရင် Post တွေလိုဘဲ စေတနာအပြည့် အတော်လေးကို အချိန်ယူပြီး ရေးထားတဲ့ စာစုလေးလို့ ကျွန်မ မြင်ပါတယ်။ အဲဒီစာတွေထဲမှာ ကိုယ့်ပြည်ရဲ့ ပညာရေး ကို ဘယ်လောက်တောင် တိုးတက် စေချင်တဲ့ ဆန္ဒတွေရှိ နေလဲ ဆိုတာကိုလဲ ကျွန်မ ခံစားနိုင်ပါတယ်။ ထုံးစံ အတိုင်းပါဘဲ ကိုသစ် Post မှာ ယိုပေါက် မရှိပြန် တော့ မရှိ ရှိတဲ့ အစ ကို ဆွဲ ပြီး တော့ကာ အားဖြည့်ချင်ပါတယ်။

    ကိုရင်စည်သူ လိုဘဲ ကျွန်မလဲ ပုဂ္ဂလိက ပညာရေး အကြောင်း ကို နဲနဲ ဝင်ဆွေးနွေးပါရစေ။
    မြန်မာပြည်မှာလဲ အခု ပုဂ္ဂလိက ကျောင်းတွေ တော်တော်လေး များလာပါပြီ။ ပိုက်ဆံရှိသူအများ ကတော့ ခလေးတွေကို အစိုးရကျောင်းတွေမှာ မထားတော့ဘဲ အဲဒီလို မျိုး ကျောင်းတွေမှာ ပြောင်းထားကြပါတယ်။ ကျွန်မ နားလည်သလောက်ကတော့ လက်ရှိ မြန်မာပြည် မှာ ပုဂ္ဂလိကကျောင်းတွေမှာ ပုံစံ ၂မျိုးတွေ့နေမိတယ်။

    အမျိုးအစား (၁)
    အဓိကရည်မှန်းချက်က မူလတန်းကနေ အထက်တန်းကို နိုင်ငံခြားက ကျောင်းတစ်ခုခု ရဲ့ သင်ရိုး အတိုင်း သင်ပြီး အထက်တန်းပြီးရင် အဆက်အစပ် လုပ်ထားတဲ့ နိုင်ငံခြား တက္ကသိုလ် တွေမှာ စာဆက်သင် နိုင်ဖို့ပါဘဲ။

    သူတို့ အတွက်ကတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပါ။ မြန်မာပြည် မှာလဲ ပိုက်ဆံရ၊ နိုင်ငံခြားတက္ကသိုလ် တွေ အတွက်လဲ လူရှာပေးပြီးပေါ့။ သူတို့ဆက်ထားတဲ့ တက္ကသိုလ် တွေက ဘယ်လောက်နာမည်ရှိ တယ်/ မရှိဘူးတို့၊ သူတို့ သင်တဲ့ ခလေးတွေ ဟာ Academic ပိုင်းမှာတော့ ဘယ်လောက် ထူးချွန်/မချွန် တို့ကိုတော့ ကျွန်မ မသိ ပါဘူး။ ဒါပေမဲ့ ကျွန်မ အသေအချာ သိတာတစ်ခု ကတော့ အဲဒီကျောင်းမှာ တက်တဲ့ ခလေးတွေ ဟာ ကျောင်းမှာ မြန်မာလို မပြောရဘဲ အင်္ဂလိပ် လိုဘဲ ပြောကြ ရပါတယ်။ မြန်မာလို ပြောရင် ဒါဏ်ရိုက်ပါတယ်။

    နိုင်ငံခြားမှာ စာသွားသင်မဲ့ ခလေးမို့ အင်္ဂလိပ်စာ ထူးချွန်သင့်ပါတယ်။ ဒါပေမဲ့ မြန်မာ့မြေ ပေါ်မှာ ဘဲ နေနေဆဲ ခလေး တွေဟာ တဖြေးဖြေး နဲ့ အိမ်မှာတောင် မြန်မာလို မပြောကြ တော့ ပါဘူး။ မြန်မာစာ ကိုလဲ မဖတ်တတ်ကြတော့ပါဘူး။ သူတို့ ဟာ နိုင်ငံခြားမှာသွား ပြီး ပညာသင်ပြီးရင် လဲ မြန်မာပြည် ကို ပြန်မလာတော့ဘူး ဆိုတဲ့ ရည်ရွယ်ချက် နဲ့ မို့ ငါတို့ မြန်မာလို မသိလဲ အရေးမကြီးဘူး ဆိုတဲ့ သဘောလား တော့ မပြောတတ်ပါ။ ဒီတော့ တစ်ချို့ ကိုယ့်သားသမီး ကို မြန်မာစာပါတတ်စေလို သူတွေ တစ်ချို့ကတော့ ခလေး ကို အစိုးရကျောင်း ပြောင်းထား၊ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ကိုတော့ အပြင် ဆရာခေါ်သင်စေရ ပါတယ်။
    လက်ရှိကာလ မှာတော့ဖြင့် အဲဒီကျောင်းတွေဆိုတာဟာ ငွေကိုရေ လို သုံးနိုင်တဲ့ တကဲ့ လူနည်းစု မှ နဲနဲလေး အတွက်သက်သက်ပါ။

    အမျိုးအစား (၂)
    ပြည်တွင်းမှ အစိုးရ ကျောင်း တွေရဲ့ သင်ရိုး အတိုင်း သင်ပါတယ်။ တစ်ချို့ ဆို ကျောင်းအိပ် ကျောင်းစား တောင် လက်ခံပါတယ်။ အဲဒီ ကျောင်း ရဲ့ ခလေးတွေ အတွက် ရည်ရွယ်ချက် က ၁ဝတန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်း အောင်ပြီး လိုင်းကောင်းကောင်း ရဖို့ အဓိ က ထင်ပါရဲ့။ တစ်ချို့ ကျ တော့ လဲ မိဘ က တတ်နိုင်သမို့ ကောင်းရာကောင်းကျောင်း ပို့ တာ လဲ ပါမှာပါ။ ဒီမှာတော့ လူတန်းစား မျိုးစုံပါနိုင်ပါတယ်။

    တကယ်တော့ အဲဒီ ၂မျိုး စလုံး အပြင် ကျွန်မ လက်လှမ်းမှီရာ အင်္ဂလန်နိုင်ငံ က ပုဂ္ဂလိက ကျောင်း ပုံစံ အကြောင်း ကိုလဲ ပြောပြချင်ပါတယ်။
    တစ်ခြားနိုင်ငံ တွေ မှာတော့ ပုဂ္ဂလိက ကျောင်း ဆိုတာ ဘယ်လို ပုံစံ ရှိလဲကိုတော့ ကျွန်မ မသိပါဘူး။
    တကယ်တော့ အင်္ဂလန်က ပညာရေးစနစ် ဟာလဲ ပျမ်းမျှကိုကြည့်ရင် “ဟာ ကနဲ” နေ အောင် မကောင်းတာ သေချာပါတယ်။
    အများသူငါ တိုင်းပြည် များလိုပါဘဲ။ ဆင်းရဲတဲ့ နေရာမှာ ရှိတဲ့ ကျောင်းတွေက ခလေးတွေ ဟာ ရုပ်ပျက် ဆင်းပျက်ကို ညံ့ကြပါတယ်။ ဆေးချတာ၊ ဆေးလိပ်သောက်တာ၊ ငယ်ငယ် ရွယ်ရွယ် နဲ့ ရီးစားထားတာ၊ လူလူချင်း ရိုသေခြင်းကင်းတာ၊ စာနာထောက်ထား စိတ် မရှိ တာ စရိုက်ကြမ်း တွေအစုံ တွေ့နိုင်ပါတယ်။

    ဒီမှာ ဆင်းရဲတယ် ဆိုတာက ကြိုးစားဖို့ စိတ် မရှိလို့ ကို ဆင်းရဲတယ်လို့ သတ်မှတ်သူ တွေပါ။ ဒါပေမဲ့ သူတို့ ဟာ အစိုးရထောက်ပံ့ မှု တွေ နဲ့ နေပြီး နေစရာကောင်းကောင်း ရှိပါတယ်။ စားဖို့ မပူရပါဘူး။ ခလေး တွေကိုလဲ ကျောင်း အလကား သင်ရပါတယ်။
    အင်္ဂလန်နိုင်ငံ မှာ တက္ကသိုလ်မှာသာ ကျောင်းလခ ပေးရပါတယ်။ ကျန် အစိုးရပိုင် ကျောင်း တွေ ကတော့ ကျောင်းသားတိုင်း ကျောင်းလခငြိမ်းပါ။ အစိုးရထောက်ပံ့ကြေး နဲ့ နေတဲ့မိဘများရဲ့ ခလေးတွေ ဆိုရင် ကျောင်း က နေ့လည်စာပါ အလကားစားရပါတယ်။ ဒီတော့ အပျင်းဓာတ်ခံ ရှိသူများ ကောင်းကောင်း အလုပ်မလုပ် လဲ ပူစရာဘာမှမရှိပါ။
    ဒီတော့ တစ်ခြား အစိုးရကျောင်း အတော်များများမှာလဲ စာကြိုးစားသူ၊ စာကို စိတ်မဝင် စားသူ အနည်းအများတော့ ရော နေတတ်ပါတယ်။

    ဒါပေမဲ့ တစ်ချို့ မြို့တွေမှာတော့ အစိုးရပိုင် (ကျောင်းလခ လွတ်) Academy School/ Grammar School တွေ နဲ့ ပုဂ္ဂလိက ပိုင် (ကျောင်းလခ ပေး) Independent School / Grammar School တွေ ဆိုပြီး ခွဲရှိပါသေးတယ်။
    အဲဒီ အမျိုးအစား ကျောင်း တွေ ကတော့ တကဲ့ ကို တော်တဲ့ ခလေးတွေ ကိုသာ ရွေးပြီး လက်ခံတာမို့ အဲဒီကျောင်းတွေ ဝင်မယ် ဆိုရင် ဝင်ခွင့် စာမေးပွဲ ဖြေရပါတယ်။ ဝင်ခွင့် ဆိုရာမှာလဲ အင်္ဂလိပ်စာ၊ သချာင်္ အပြင် IQ Test နှစ်မျိုး ပါပါတယ်။ ဘုန်းဘောလအော လက်ခံတာမဟုတ်ဘဲ ကျောင်းသား အရေအတွက် ကန့်သတ် ထားတာမို့ အောင်ရင် တောင် ထိပ်ပိုင်း မှာရှိ မှ ဝင်ခွင့် ရပါတယ်။ အဲဒီကျောင်း တွေ ရဲ့ ရည်ရွယ်ချက် ကတော့ Oxford ၊ Cambridge စတဲ့ ပြည်တွင်း နာမည်ကြီး တက္ကသိုလ် ကြီး တွေ အပြင် အမေရီးကား က Harvard တက္ကသိုလ်အထိပါ ဝင်ခွင့် ရအောင် လုပ်ဖို့ပါ။ ဒီတော့ မိဘ ပိုက်ဆံချမ်းသာလို့ ပိုက်ဆံပေးတိုင်း အဲဒီကျောင်း တွေ ကို ဝင်ခွင့် မရပါဘူး။ ကျောင်းသား ကိုယ်တိုင်ကလဲ အသေကြိုးစား ရပါတယ်။
    ဒီမှာတင် ပိုက်ဆံ ပေးတက်ရတဲ့ ကျောင်းတွေမှာ ပြဿနာ မရှိပေမဲ့၊ အစိုးရကျောင်း ထဲ မှာဘဲ သာမာန်အစိုးရ ကျောင်း နဲ့ အစိုးရ ကျောင်း တွေကြား ပြဿနာ ရှိရှိလာပါတယ်။

    မယုံမရှိမဖြစ်ပါနဲ့။
    အဲဒီ ပုဂ္ဂလိက ကျောင်း တွေမှာ ပိုက်ဆံရှိလို့ ကျောင်းတက် နေတဲ့ ခလေး တွေ ဟာ အရမ်းကို အပိုး ကြိုးပါတယ်။ ဟော့ဟော့ ရမ်းရမ်း မရှိသလောက်ပါဘဲ။ သူတို့ မှာ လူလူချင်း စာနာစိတ် ဘယ်လိုရှိရတယ် ဆိုတာ သိပါတယ်။ လူမှုရေး လုပ်ငန်း တွေ ကို Project သဘော နဲ့ကို လုပ်ကြပါတယ်။ မရှိဆင်းရဲတဲ့ နိုင်ငံတွေ (အဓိက အာဖရိက နိုင်ငံ နဲ့ အာရှနိုင်ငံတစ်ချို့) ကို ကူညီချင်စိတ်၊ စာနာတတ်စိတ် ပွါးအောင် အသိပေးပါတယ်။ ဒေါင့်မကြိုးလို့ ဖြစ်စေ၊ စာမကြိုးစားလို့ ဖြစ်စေ၊ ဗိုလ်ကျလို့ဖြစ်စေ ကျောင်းက အထုတ်ခံရ မှာပါ။
    အဲဒီကျောင်း တွေ ဟာ သူတို့ ကို ပိုက်ဆံကြောင့် လက်ခံ ထားတာမဟုတ်ဘူး။ သူတို့အရည်အချင်းကို တောက်ပသည်ထက်တောက်ပအောင်၊ အနာဂါတ်မှာ လူအများ အကျိုး ကို အဆင့်မြင့်မြင့် ဆောင်ရွက်နိုင်အောင် လေ့ကျင့်ဖို့ လက်ခံ ထားတာဖြစ်တယ် ဆိုတာ ကို သူတို့ အပြည့်အဝ လက်ခံရပါတယ်။
    အဲဒီကျောင်း က ထွက် တဲ့သူဟာ တစ်ခြားသူများ အတွက် စံပြ နမူနာ ယူစရာ လူ အဖြစ် ရပ်တည်ဖို့ သင်ပေးပါတယ်။ သဘောကတော ့ဒီလိုကျောင်းတွေဟာ IQ ရော၊ EQ ပါ မြင့်သူတွေ များလာ အောင် ရည်ရွယ်တာလဲ ဖြစ်နိုင်ပါတယ်။

    ကျွန်မ ဒီအကြောင်း ကို ဝင် ဆွေးနွေး ရတဲ့ ရည်ရွယ်ချက် က မြန်မာပြည် က လူချမ်းသာ များ သာ တက်နိုင် တဲ့ ပုဂ္ဂလိက ကျောင်း က ကျောင်းသားများ ရော၊ သူတို့ ရဲ့ မိဘ များ ပါ အနောက်တိုင်း (UK) ပုဂ္ဂလိက ကျောင်း တွေ ဆိုတာ ဘယ်လိုမျိုးလဲ သိဖို့ပါ။
    ဒါကြောင့် မြန်မာပြည် က ထွက်လာပြီး အနောက်တိုင်း က အဆင့်အတန်း မြင့်မြင့် တက္ကသိုလ် တွေမှာ ပညာ ဆက်ဆည်းပူး မဲ့ ခလေးများ အဖို့ အဲဒီ လူလူချင်းစာနာ တတ်တဲ့ စိတ် ကလေး များ အရင် စမွေးထားဖို့ကိုပါဘဲ။ ဒီမှာက အဆင့်အတန်းမြင့်သူ ဆိုတာ စိတ်ဓာတ်ကို ပါ မြင့်အောင်ကြိုးစားနေကြ သူတွေပါ။

    ဒီတော့ သူများနိုင်ငံ ရဲ့ စနစ် တိုင်းကို ယူစရာမလိုပေမဲ့ တစ်ချို့ ကောင်းတာ၊ လုပ်သင့်တာ တွေ ကတော့ အတုယူသင့် ရင် ယူရမှာပါဘဲ။

    ကိုသစ်ရေ – အစ်မ ရဲ့ ထုံးစံအတိုင်း ခေါင်းစဉ် နဲ့ ဆွေးနွေးတာ လွဲလွဲ သွားပါတယ်။ ဒါပေမဲ့လဲ ငွေရှိရင် ဘာမဆိုလုပ်နိုင်တယ် ထင်နေတဲ့ မြန်မာပြည်က လူတစ်ချို့ အတွက် ပြည်ပနိုင်ငံ က ငွေမရှိတဲ့ လူတန်းစား ရဲ့ စရိုက် နဲ့ ငွေရှိပြီး ပညာတတ်လာတဲ့ လူတွေရဲ့ စရိုက် ကို သိစေချင်လို့ပါ။

    ပုဂ္ဂလိကကျောင်းတွေ ဖွင့်ထားသူတွေ၊ ထပ်ဖွင့်ဖို့ စဉ်းစား သူတွေ ကို လဲ စဉ်းစား စရာရစေ ချင်လို့ ပါ။ မြန်မာပြည်ရဲ့ အပြင်မှာ လူလူချင်း စာနာထောက်ထားမှု၊ ဒုက္ခရောက် နေသူတွေကို ကူညီစိတ်မွေး တတ်မှု တွေဟာ စာသင်ခန်း ထဲအထိ ရောက် နေပြီ ဆိုတာလေး message ပေးချင်လို့ပါ။

    မြန်မာပြည်ပညာရေး ” ပြန်လည်” ကောင်းဖို့ အတွက် (ကိုနိုဇိုမိ ပြောသလို) ပစ် လိုက်တဲ့ ကိုသစ် ရဲ့ ခဲတစ်လုံး ဟာ သက်ဆိုင်သူတွေ ဆီမှာ အရှိန်ပြင်းပြင်း နဲ့ အသိဝင်သွားနိုင်ပါစေလို့ ဆုတောင်း ပါ တယ်။
    ဒီလိုမျိုး ခဲ တွေ အများကြီး လိုနေပါသေးတယ် မောင်လေး ရေ။
    မရပ်ပါနဲ့။
    အတူတူ ဆက်ပစ် ကြရအောင်ပါ။

    PS – ကျွန်မ ဝန်းကျင် သိသလောက် အတွေ့အကြုံ ကို တော့ အသေအချာ စုံစမ်း၍ ရေးပါသည်။ သို့သော်လည်း လွဲနေ၊ အမှားနေပါက ဝင်၍ပြင် ပေးနိုင်ပါသည်ရှင့်။

    ခင်မင်လေးစားစွာဖြင့်
    အစ်မလတ်

    • weiwei

      February 6, 2012 at 9:43 am

      အရီးလတ်ဆွေးနွေးထားတဲ့ အမျိုးအစား (၁) မှာ မြန်မာစာကိုလဲ ထည့်သင်နေပါပြီ … ဒါပေမယ့် ကျောင်းသားတွေက မြန်မာစာကို အထင်သေးတဲ့စိတ်ဓါတ်ကြောင့် ရေးတတ်ဖတ်တတ်ရုံထက် ပိုပြီး မတတ်ကြတာကိုတော့ စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါတယ် ….

      ကျွန်မမှာ တူ တူမတွေရှိပြီး တစ်ဝက်က အမျိုးအစား (၁) နဲ့ ကျန်တစ်ဝက်က ပုံမှန်အတိုင်း အစိုးရကျောင်းမှာပဲ ထားတယ် … အတန်းပိုင်ဆရာမဆီမှာတောင် ကျူရှင်မထားဘူး … သူတို့တွေကြီးလာရင် ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာ အခုထိတော့ စောင့်ကြည့်နေရတုန်းပဲ …

      ကျွန်မအတွေ့အကြုံအရ (ဆွေမျိုးတွေ၊ သူငယ်ချင်းတွေရဲ့ သားသမီးတွေ) အမျိုးအစား (၁) တွေပိုများပါတယ် … အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ပညာရေးစနစ်အကြောင်း ကျွန်မလဲ ဆွေးနွေးချင်ပါသေးတယ် … ဒါပေမယ့် ကျွန်မရဲ့ စကားလုံးရွေးချယ်မှု အမှားအယွင်းရှိနိုင်တာမို့ စိတ်အေးလက်အေးအချိန်ပေးနိုင်မှပဲ ဆွေးနွေးပါတော့မယ် …

    • antimoe

      February 6, 2012 at 4:54 pm

      မလတ်ရေ
      မနေ့က ပညာသင်ကလေးတွေ တသုတ်ပြန်လာကြတယ်။
      မြန်မာကို ကိုယ်စားပြုပြီးသွားကြတာဖြစ်ပေမယ့်
      အထဲက ကလေးတစ်ယောက်ကတော့…
      သူ့နာမယ်ကို ဗမာလိုမရေးတတ်လို့ အမေက ရေးပို့ပေးရတယ်လို့…ကြားရပါတယ်။
      သူ့host familyကတော့ ပင်ပန်းလွန်းတဲ့အတွက် ဒီကလေးက ပထမနဲ့ နောက်ဆုံးပါပဲတဲ့။
      မိဘများက မြန်မာလူမျိုး ဆရာဝန်တွေပါ။

      ပညာတတ်မိဘများကိုယ်တိုင် မိမိတိုင်းပြည်ရဲ့ပညာရေးကို အားမပေး၊ လစ်လျူရှုတာတွေအတွက် တခုခု အဖြေရှာသင့်တယ်။
      ပြောသာပြောတာ…….ကျမလည်း သင်္ကြန်အမြောက်ပါ TT;

    • thit min

      February 6, 2012 at 5:14 pm

      အစ်မလတ်ရေ
      လွန်စွာကောင်းမွန်သော ကော်မန့်လေးကို (ခန့်မှန်းခြေ နှစ်နာရီလောက်)
      ကြာအောင်ရေးပေးခဲ့လို့ကျေးဇူးပါခင်ဗျာ။
      ကျနော်လဲ ပို့စ်တခုကိုရေးရင် လေးနာရီလောက်အသာလေးပါ။ ခေါင်းထဲက
      ရှိတာတွေထုတ်ရေးတာကိုဘဲ အဲဒီလောက်ကြာပါတယ်။ အခုလို သတင်းတွေပါရင်
      တော့ ကျနော်နဂိုထဲက စုထားတဲ့ သတင်းဖိုင်ထဲ
      ကကော်ပီယူပါတယ်။ အများအားဖြင့်တော့ ကျနော်ရေးပြီးသားစာတမ်းတချို့ကို
      ဘဲပြန်ကိုးကားတာမို့ရေးချိန်ကဘဲ အဓိကကြာပါတယ်အစ်မရေ။
      ခုဒီ ပို့စ်လေးကလဲ ဂေဇက်ဆီမီနာ ပါဘဲ။
      ကျနော်က ဆီမီနာဆိုတဲ့ စကားလုံးသုံးပြီးတင်လိုက်ရင် တချို့လက်ရှောင်သွားကြလို့
      ၊အားလုံးပါဝင်ပြီး(အနဲဆုံးတော့ မူရင်းပို့စ်နဲ့ကော်မန့်ရှိသမျှ) ဖတ်သွား၊စိတ်ပါရင်
      ဝင်ပြောစေချင်တာမို့ခေါင်းစဉ်နဲ့ လွဲနေတယ်ရယ်လို့ မရှိပါဘူးခင်ဗျာ။
      ပရိုက်ဗိတ်ယူနီဗာစီတီ ဆိုတဲ့အသံက ကျနော့ကိုတွန့်ကနဲ ဖြစ်သွားစေတာတော့
      ဝန်ခံပါရစေ။
      ကျနော်ဒီကိုစရောက်တော့ နေရှင်နယ်(အစိုးရ)တက္ကသိုလ်မှာတက်ပါတယ်။
      နောက်တော့ပရိုက်ဗိတ်တက္ကသိုလ်မှာတက်၊နောက်အလုပ်လုပ်တော့လဲ
      ပရိုက်ဗိတ်တက္ကသိုလ်မှာပေါ့ခင်ဗျာ။
      အခုလောလောဆယ် အဲဒီနှိုင်းယှဉ်ချက်ကို ကျနော်မပြောသေးဘဲနဲ့ အစ်မရဲ့
      ဘော်လံတီယာစပရစ်(အများအကျိုးဆောင်စိတ်ဓာတ်)
      ပုံဖော်ပေးရာ နေရာအဖြစ် ပရိုက်ဗိတ်ကျောင်းတွေဘက်က ကျနော်
      ထောက်ခံပါတယ်။ အများအကျိုးဆောင်ရွက်မှု ဘယ်လောက်ရှိမရှိ
      အရေးထားသလဲဆိုရင် အလုပ်လျှောက်လွှာမှာတောင် အဲဒီအတွက်
      ဖြည့်စွက်ရန် နေရာတော်တော်ကျယ်ကျယ်ကို ပါတာပါ။
      တကယ်တမ်းလက်တွေ့လုပ်ဆောင်နိုင်မှုအပိုင်းတွေကတော့ ကျောင်းတွေ
      အလိုက်အနဲအများရှိတယ်ဆိုပေမဲ့ ဖက်ရှင်တခုလိုကို လုပ်နေကြတာတွေ့
      ရတော့ ကောင်းပါတယ်လို့မှတ်ချက်ပေးရပါတယ်။

      ဒါပေမဲ့အစ်မရေ သတိရလိုက်တာက ဟိုးတုန်းက အသုံးလုံးသင်တန်းလေးတွေကိုပါ။
      ကျနော်တို့ဆို နယ်မှာနေတော့ မြို့အနီးအနားကရွာတွေကိုလိုက်ပြီး ကောက်စိုက်ချိန်မှာ
      လယ်ထဲလိုက်ပြီးကောက်စိုက်ဖူးပါတယ်။ တမန်းနှိုးဘူးပါတယ်။ ပြည့်သူ့ဘဝလေ့လာရေး
      ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းအုပ်ကြီးကခိုင်းခဲ့တာပါ။
      ဖုံပေရင်တောင် မနေတတ်တဲ့ ကျနော်တယောက် ရွှံ့ထဲမှာ ပျော်ခဲ့ရတဲ့နေ့တွေပေါ့ဗျာ။
      ဆိုလိုတာက အစိုးရကျောင်းတွေမှာလုပ်ပေးလို့ရတယ် ဆိုတဲ့ အနေအထားလေးပါ။
      ရန်ကုန်မှာဆို အမှိုက်နဲ့ပါတ်သက်တာ၊ စက်ရုံတွေနဲ့ပါတ်သက်တာတွေလုပ်အားပေးခိုင်းလို့
      ရတာမျိုးပါ။
      ရပ်ကွက်တခု၊ဆေးရုံတခုရဲ့ သန့်ရှင်းရေးလိုဟာမျိုးတွေကို လဲ လုပ်နိုင်ပါတယ်။
      အဲဒီလို ဘော်လံတီယာ စပရစ် တကယ်ရှိသွားတဲ့သူမျိုးတွေ သူဋ္ဌေးဖြစ်မှ ကျပ်ပြည့်တာမလို့
      အစ်မပြောသလို ငွေရှိရင်ဘာမဆိုလုပ်နိုင်တယ်လို့ ထင်နေတဲ့ သူတွေ ပပျောက်သွားမှာပါ။
      ဂျပန်မှာတော့ သန်းနဲ့ချီပြီးချမ်းသာတဲ့သူဌေးလည်း လွန်စွာအပိုးကျိုးပါတယ် အစ်မရေ။ပြည့်တာကိုး။

      • inz@ghi

        February 6, 2012 at 7:22 pm

        တိန် …သမပီဟ ……
        လက်မရှောင်ပါဘူးဗျာ …ကျနော် ဝင်ဆွေးနွေးဖို့
        ဉာဏ်မမီတဲ့အပိုင်းတွေ လည်း ပါရဲ့…. .နောက်
        ပြည့်လည်းပြည့်စုံလွန်းနေလို့ ….ဝင်ဖတ်သွား ပြန်ထွက်သွား
        လုပ်နေမိတာပါ…..

        ကိုသစ်ပြောတဲ့ သုတ္တန် အကြောင်းတွေ ညီ လျောက်ဖတ်ကြည့်နေကြောင်းပါ….။
        ခု နိုက်ကီ ခု အဲဒီးဒတ်စ် လုပ်တတ်တဲ့ လူတွေကြားမှာ …..
        ဘယ်လိုမှ အချိန် မကဲ့ နိုင်လို့ ….
        ပေါ့ပေါ့ပါးပါးလေးတွေပဲ မန့်ရင်း …..
        အစ်ကိုတို့ ကို လက်ရှောင်နေသလို ဖြစ်ရပါကြောင်း ….

        ခင်တဲ့ …
        ဂီ…

        p.S
        ပညာရှာဖို့ နိုင်ငံခြားထွက်ရင်း ကြွက်ပြေးလမ်းထဲ
        တဝဲလည်လည် ဖြစ်ရတဲ့ လူငယ်တွေအကြောင်း လက်လှမ်းမီသ၍
        ကျနော် ရေးမယ် ကတိပေးတယ် အစ်ကိုရေ ….။ အစ်ကိုပြောသလို သုတ္တန်ပေါ့….။

        • thit min

          February 8, 2012 at 9:33 pm

          မင်းကော်မန့်က အထဲညပ်နေလို့ခုမှတွေ့တယ်ဝေ့။
          အေးပါညီရာ။ တကယ် စပြီး အဲဒီလိုရေးပြီဆိုရင်တော့
          အခန်းသီးသန့်ခွဲရေးနိုင်းရင် ကောင်းမယ်ထင်တာဘဲညီလေးရ။
          ဆရာချစ်စံဝင်း ရေးသွားသလိုလေးကွာ။ ဂျပန်လူငယ်
          တယောက်အကြောင်းတို့ဘာတို့လို နောင်တချိန် စုပြီး
          ငါ့ညီစာအုပ်ကလေး တအုပ်ဖြစ်သွားနိုင်မယ်ပေါ့ကွာ။
          အကြံပေးကြည့်တာပါ။ ငါ့ညီရေးအားနဲ့ ဗဟုသုတနဲ့
          ရေးထားသမျှတွေကိုအလဟဿ၊ ပေါက်လွှတ်ပဲစား၊
          အလေနတော၊ အရေမရအဖတ်မရ မဖြစ်ဘဲ
          မှတ်တိုင်လေးတွေ ကျန်ခဲ့စေချင်လို့ပါ။
          ကျေးဇူးနော်ညီရေ့။
          လိတ်ရီပလိုင်းဖြစ်သွားတာခွေးလွှတ်နော်။

  • blackchaw

    February 6, 2012 at 10:30 am

    ကိုသစ်ရေ။
    ကွန်းမန့်ရေးတာတော်တော်လေး နောက်ကျနေပါတယ်။
    ကျွန်တော် ခရီးယာယီလေး သွားနေရလို့ဗျ။
    ဒီပို့စ်နဲ့ ပတ်သက်တာကတော့ အပေါ်က ကျွန်တော်တို့
    ရွာသူရွာသားတွေနဲ့ ကိုသစ်တို့ ဆွေးနွေးပြီး ဖြစ်လို့ ဝင်မပွားတော့ဘူးဗျာ။
    ဒီပို့်စ်က ၈၉ ခုမြောက်ပို့စ်ဆိုတော့
    ကိုးဆယ်မြောက်က နောက်ဆုံးပို့်စ်လိုဖြစ်နေပြီဗျာ။
    တစ်ခုလောက် အကြံပေးပါရစေ။
    အားရင် ဝင်ရေးမယ်။ နည်းနည်းပဲ အားရင် ဖတ်ပြီးကွန်းမန့်လေးတွေ ရေးမယ်။
    ဒီထက်ပို အချိန်နည်းရင်လည်း ဖတ်တော့ ဖတ်လို့ရသေးတယ်ဗျာ။
    လုံးဝ ရပ်တန့်သွားတာမျိုးကတော့……။

    • thit min

      February 6, 2012 at 5:23 pm

      (အဲ—) ချစ်ခင်လေးစားအပ်ပါသော ရွှေပွဲလာပရိတ်သတ်ကြီး(ကိုဘလက်ချော)ခင်ဗျား
      လောကမှာ အနုပညာကိုချစ်သောသူ
      အနုပညာကို စစ်ကြောသူ၊
      အနုပညာကို နစ်မြောသူ၊ ရယ်လို့ လူအမျိုးမျိုးရှိကြပါတယ်။(အဲ—-)
      မှတ်ချက်။ ။တွံတေးသိန်းတန် အသံဖြင့် ဖတ်ပါရန်။
      ========================
      ကိုဘလက်ရေ
      ဟုတ်ဟုတ်ကဲ့ကဲ့ပါခင်ဗျာ။
      ကျနော်အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ့မယ်။
      ကိုနိုဇိုးမိက ၉၀ဝ လို့ပြောပြီး၊အစ်မပဒုမ္မာမ “နိုး” ပါတဲ့။
      အစ်မလတ်ကတော့ မရပ်ပါနဲ့မောင်လေးရယ်တဲ့။
      အားလုံးကို ကျေးဇူးတင်လေးစားရပါသည်ခင်ဗျား။
      (^^)မောင်သစ်မင်း

  • ကြောင်ကြီး

    February 6, 2012 at 10:58 am

    မြန်မာပြည်က စက်မှုအထက်တန်းကျောင်း တီအိပ်ချ်အက်စ်၊ ဂျီတီအိုင် စက်မှုသိပ္ပံကျောင်း၊ နှစ်နှစ် ဒေသကောလိပ်စနစ် ရှိခဲ့တယ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ကျောင်းတွေကထုတ်ပေးတဲ့ ဘွဲ့ရဦးရေအချိုး မမျှလို့ မအောင်မြင်ဘူး။ အထက်တန်းအောင် သမားလုပ်ရမဲ့ အောက်တန်းစာရေးပို့စ်ကို နှစ်နှစ်ဒေသကောလိပ်ဘွဲ့ မပြောနဲ့ လေးနှစ်တက္ကသိုလ်သမားတွေတောင် အကပ်မရှိရင် ဝင်မတိုးနိုင်ဘူး။ အခုလည်း ဘွဲ့ရတွေ တောင်လိုပုံနေတယ်။ ဂျီတိုင်အိုင်ကို အဆင်မြင့်တာလား အာရ်အိုင်တီကို အဆင့်နိမ့်တာလား မသဲကွဲတဲ့ နည်းပညာတက္ကသိုလ်များ ပေါ်လာတာလည်း အဲဒီသဘောပဲထင်တယ်။ ချဉ်းကပ်ပုံတော့မှန်တယ် သို့သော် လက်တွေ့ ဖြည့်ဆည်းပေးရမှာတွေ မလိုက်နိုင်ရင် ပိုထူးမယ်မထင်ဘူး။ စင်္ကာပူမှာ တက္ကသိုလ်အများကြီးမထားလို့ အထက်တန်းအောင်တိုင်း မတက်နိုင်ဘူး။ အများစု ပေါ်လီတက္ကနစ်ကျာင်းတက် ဒါမှမဟုတ် အလုပ်ခွင် အတွေ့အကြုံယူ အပေါ်တက်တယ်။ ကိုရီးယားနိုင်ငံမျိုးကြတော့ လူတိုင်းဘွဲ့ရအောင် လုပ်ပေးတယ်ပြောသံကြားတယ်။ ဘယ်လိုလုပ်လုပ် ပညာသင်ပြီးရင် အလုပ်အကိုင် အခွင့်အလမ်းတော့ ရှိဖို့လိုတယ်။ စင်ကာပူလိုမျိုးကြတော့လည်း သာမန်လူအများ တက္ကသိုလ် ပညာရေးမသင်ရလို့ အတွေးအခေါ်နုံ့ အမြင်ကျဉ်းသွားနိုင်သလို ကိုရီးယားကြတော့လည်း ဘုံးဗလအော ဖြစ်သွားမလား ယူဆစရာ ရှိတယ်။ နှစ်နိုင်ငံစလုံးမှာ အခြေခံစီးပွားရေး အဆောက်အအုံများ ခိုင်မာထားတာမို့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပဲ။
    မြန်မာပြည်မှာလည်း အသေးစား အလတ်စား စက်မှုလုပ်ငန်း စီးပွားရေးများကို ထူထောင်ပေးနိုင်မှ အတန်းပညာရေး မဟုတ်တဲ့ အတွေ့အကြုံအခြေခံ သင်ကြားမှုစနစ် ထွန်းကားလာမယ်ထင်တယ်။
    ပုဂ္ဂလိကကျောင်းအရေးနဲ့ ပတ်သက်လို့တော့ အနာဂတ်မှာ တားလို့ရမယ် မထင်ဘူး။ ငွေကြေးတတ်နိုင်တဲ့ လူတန်းစားတရပ်ကလည်း ရှိနေပြီမို့ သူတို့အိပ်ကပ်ထဲကငွေကို သူများနိုင်ငံကကျောင်းတွေ ယူသွားတာခံမလား၊ ကိုယ်ကဦးအာင် နှိုက်မလား စဉ်းစားရမယ်ထင်တယ်။ အဲဒီလိုကျောင်းတွေကို ပြည်ပမှာသွားသင်ရင်ကုန်မဲ့ ဈေးနဲ့ချိန်ပြီး တဝက်လောက်ဖြစ်အောင် စပါယ်ရှယ် ပညာရေးရံပုံငွေအခွန်ကောက်၊ သူတို့ကျောင်းဝင်ခွင့် ရာခိုင်နှုန်းတခုကို စကော်လာရှစ်၊ စတိုင်ပင်များ အပြင်ကိုထုတ်ပေးခိုင်းရင် မကောင်းဘူးလား။
    အစိုးမရက ဘတ်ဂျက်အသုံးစားရိတ် ကြေညာသွားပြီ။ အများတောင်းဆိုတဲ့ ပညာရေး ကျန်းမာရေး ဘတ်ဂျက်များ တက်လာတယ်ဆိုပေမဲ့ စစ်အသုံးစရိတ်ကိုလည်း တက်ပေးတယ်။ ဟိုကဏ္ဍနှစ်ခုက နဂိုထဲကနည်းနေလို့ ရာခိုင်နှုန်းအများကြီးတက်လာတယ် ထင်ရတာ။ တကယ်တော့ တက်သွားတဲ့ ပမာဏခြင်းက အတူတူပဲထင်တယ်။ နားလှည့်ပါးရိုက်တာပေါ့ဗျာ။ ခံဂျပေါ့..နည်းတောင်နည်းသေး..။ ဘာအရှက်ပြေ ပြောဂျအုံးမလဲ သိတော့သိချင်သား…။ ဆြာသစ်လည်း ဘတ်ဂျတ်နဲ့ဆိုင်လို့ တပုဒ်လောက် ပညာပေးရေးပါအုံး။။

    • thit min

      February 6, 2012 at 5:58 pm

      ကျနော် ဘာကိုချိန်နေတယ်ဆိုတာ ကိုကြောင်ကတော့ တန်းပေါက်တာဘဲနော်။
      ဟုတ်တယ် ကိုကြောင်ရေ စွန့်ဦးလုပ်ငန်းရှင်အငယ် အလတ် အကြီး အားလုံးလိုတယ်။
      အဲဒီကောင်တွေက ကျောင်းတွေက မလာတတ်ဘူး။ တကဲ့လုပ်ငန်းခွင်ကဘဲ လာတတ်တာ
      မဟုတ်လားဗျာ။ အင်ဖော်မယ်ဆက်တာကဘဲ လာလာ၊ အင်ဖော်မယ်အဲဂျူကေးရှင်းအနေနဲ့
      စွန့်ဦးလုပ်ကိုင်သမားတွေ နေရာပေးရမဲ့ ခေတ်ကိုရောက်လာရင် ဂျီဒီပီတိုးပြီဗျာ၊ကွယ်ဝှက်လုပ်
      သားတွေ (မိဘလုပ်စာထိုင်စားနေတဲ့လူတွေ)အတင်း လုပ်ငန်းခွင်ထဲဆွဲထဲ့ပလိုက်မယ်ဗျာ။
      ပိုက်ဆံနဲ့မျှားရမှာပြောတာနော်။
      အဲဒီတော့ သူတို့ကို တတ်နိုင်တာလေး သင်စေချင်တယ်။ ဟာ.. ထမင်းစားဖို့တောင်အ
      နိုင်နိုင်ရယ်ဘာသင်ရအုန်းမှာလဲတော့ မလုပ်နဲ့ဗျာ။
      ထမင်းစားတဲ့အလုပ်ကိုဘဲသင်စရာပါတဲ့အလုပ်မျိုးရွေး
      ရမယ်လို့ဆိုတာပေါ့ဗျာ။
      ဘာဘဲဖြစ်ဖြစ် စွန့်ဦးတွေ ထွက်လာဖို့တွန်းချင်တာပါဘဲ။ ဘယ်လိုချမလဲဆိုတော့
      စက်မှုကျောင်းထက် လုပ်ငန်းခွင်လက်တွေ့သင်တန်းကျောင်း၊တကယ်လဲလုပ်ငန်း
      ဆိုတာမျိုးဗျာ။ကျောင်းလဲကျောင်း အလုပ်လဲအလုပ်ဗျာ။ တော်ရင်ကျွမ်းကျင်သွားရင်
      လုပ်ခတောင် ပြန်ပေးမယ်ဗျာ။
      ကဲ …ဂျီဒီပီကို ပလပ်စ်ဖြစ်ပြီဗျာ။

      ဟိုနားကမကောင်းဘူး၊ ဒီနားကမကောင်းဘူးတွေ ပြောလို့မဝတဲ့ သူတွေပြောနေပေမဲ့
      ကျနော်ကတော့လုပ်နိုင်တဲ့ နေရာလေးတွေ လိုက်ဖောက်စဉ်းစား ကြည့်နေတာဘဲဗျာ။

      ဪ …အထင်တော့မသေးနဲ့ဗျ။အဲဒါ စစ်ပြီး ကိုရီးယားနည်းရဲ့ တစိတ်တခြမ်းဗျ။
      (Asian Wild Geese) အာရှ ငန်းတွေ အကြောင်းရေးမလို့ဘဲဗျာ။
      ကျနော် စိတ်ဝင်စားတဲ့ ဟာပေါ့နော်။ အချိန်လုပ်လိုက်အုန်းမယ်ဗျာ။

      သူကြီးက အကြွေးတဲ့။ အမေရိကန်ရဲ့ ၁၃ ထရီလီယမ် အကြွေးဇာတ်လမ်း၊
      ဥရောပရဲ့ဆရာကြီးတွေaအားလုံးပေါင်းအကြွေး ၂၅~၃ဝ ထရီလီယန်ကြား
      အကြွေးဇာတ်လမ်း၊
      စက္ကူတွေလမ်းခင်းခဲ့တဲ့ ခရက်ဒစ်ကဒ်တွေ ငွေပိုထုတ်ဒက်ဘစ်ကဒ်တွေ …..
      ရှုပ်ရှက်ခတ်တဲ့ စတော့ ဖိုလိယိုအရှုပ်တော်ပုံတွေ ကျနော်စာတပုဒ်နဲ့
      ဘယ်လိုဝေါဟာရတွေ ရှင်းပြီးရေးရင်ကောင်းမလဲဗလောင်းဗလဲ စဉ်းစားနေတုန်း

      ——–ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ် အစုံညီနဲ့ ဂျင်ဂျစ်ကြောင်ဘုရင်ကြီးက
      ထပ်တချက်ပေး ဘက်ဂျက်ကိုရေးပါဆိုတော့ —–အမယ်မင်း။
      (ဟဲ ဟဲ ဘာမှမဟုတ်ဘူး၊ ရွာ့ဇာတ်ဆရာ စီအီးအိုဆရာလင်းဝေ ကိုအားကျလို့
      ရေးကြည့်တာပါ။)

      ကျနော် အချိန်လုပြီး ရေးကြည့်ပါအုန်းမယ်။
      အဲဒီ C.S.O စီအက်အိုက ထုတ်တဲ့ စာအုပ်ကိုကြည့်ရမှာပျင်းလို့ဗျ။
      တကယ်က ကျနော် အရင်က စာတမ်းအဟောင်းတောင်ရှိတယ်။
      ဆရာဦးမြတ်သိန်းရေးထားတဲ့စာအုပ်(စာတမ်း)လဲ ရှိတယ်။
      မြန်မာပြည်ရဲ့ ဆယ်နှစ်တာခရီးတဲ့။
      ((ဆရာဆီရောက်အောင်သွားရအုန်းမယ်ကိုဘလက်နဲ့ကိုလင်းဝေရေ။))

  • antimoe

    February 6, 2012 at 2:06 pm

    ကိုသစ်ရေ
    ပညာရေးကတော့ အမြဲတမ်း နိုင်ငံတခုအတွက် ဆန်းစစ်ဖို့လိုတဲ့ ခေါင်းစဉ်တစ်ခုပါ။
    မြန်မာနိုင်ငံရဲ့ ကျောင်းများရဲ့ဆောင်ပုဒ်က…..
    စိတ်ဓါတ်…စည်းကမ်း….ပညာ…..ဆိုတာ အများသိကြပြီးဖြစ်ပါတယ်။။

    ဒါကို စာတစ်ကြောင်းတည်းနဲ့ ဖော်ပြနိုင်ဖို့အတွက်…တော်တော်ခက်ခဲပါတယ်။
    (စာတစ်ကြောင်းတည်းနဲ့ ဖော်ပြနိုင်ဖို့လိုချင်မှလည်း လိုအပ်မှာပါ။ )
    ဒီနေရာမှာ ဂျပန်နိုင်ငံရဲ့ ဆောင်ပုဒ် Ikiru chikara (အသက်ရှင်ရပ်တည်ဖို့အတွက် ခွန်အား) ကတော့
    ထိထိမိမိ လိုရင်းရောက်တယ်လို့ ထင်ပါတယ်။

    ပြောင်းလဲမှု မြန်ဆန်လှတဲ့ IT ageမှာ ကလေးတစ်ဦးချင်းဟာ

    ှုအသိပညာI+အတတ်ပညာTတွေကို လေ့လာသင်ယူပြီး
    စဉ်းစားတွေးခေါ်နိုင်တဲ့ခွန်အား (စဉ်းစားတွေးခေါ်နိုင်စွမ်း) + (အမှားအမှန်ဝေဖန်ပိုင်းခြား)ဆုံးဖြတ်နိုင်တဲ့ခွန်အား+
    (မိမိကိုယ်ကို၊ ကိုယ်တွေးတာကို သူတပါးလက်ခံလာအောင်) တင်ပြနိုင်တဲ့ခွန်အားတွေနဲ့ပြည့်ဝစေရန်
    မွေးမြူပေးဖို့ရာ ဆရာ+မိဘ+လူမှုအဖွဲ့အစည်း အားလုံးမှာတာဝန်ရှိပါကြောင်း လို့ပါရှိပါတယ်။
    http://www.mext.go.jp/a_menu/shotou/new-cs/index.htm

    ကိုသစ်ပြောသလို Researchတွေရဲ့ အခန်းကဏ္ဍကို စောင်းပေးကြဖို့ လိုပါတယ်။
    ရွာ့အပြင်မတော့ ပညာရေးနဲ့ပတ်သက်တဲ့ Researchတွေအမျိုးမျိုး လုပ်ခဲ့ကြသလို
    လက်ရှိ အမြင့်ဆုံးအာဏာရှိသူများကလည်း ဒီresultတွေအပေါ်
    kaizenတွေ လုပ်ဖို့ ရေတိုရေရှည် စီမံကိန်းတွေချမှတ် ဆောင်ရွက်ကြပါတယ်။
    သခ်ျာ၊ သိပ္ပံတွေ ကိုအဓိကထားသလို
    မိခင်စာနဲ့ပတ်သက်လို့……စာဖတ်စွမ်းရည်ကိုလည်း စစ်ဆေးကြပါတယ်။
    ဥပမာ
    http://nces.ed.gov/timss/
    http://www.iea.nl/

    ဒီနေရာမှာ စာသင်ခန်းတွေထဲက Teaching gap (http://www.lessonlab.com/teaching-gap/)
    learning gap တွေကို လေံလာဖော်ထုတ်တဲ့ သုတေသန တွေထဲမှာ
    ဂျပန်ကျောင်းတွေရဲ့ စာသင်ကြားပုံတွေကနေ လေ့လာကြတဲ့ Jugyou kenkyuu (lesson study) တွေ က
    ပညာရေးပြုပြင်ပြောင်းလဲရေးတွေမှာ တော်တော့ကို ခေတ်စားခဲ့ပါတယ်။

    ဒီလို ပညာရေးစနစ်မှာ နာမယ်မသေးတဲ့ ဂျပန်တွေလည်း တရုတ်လူပါဂြိုလ်တု (၂၀၀၂ ခုနှစ်)လွှတ်တင်နိုင်ခဲ့စဉ်က တော်တော်လေးကို ခံစားသွားလိုက်ရတယ်။
    (တိုက်ဆိုင်စွာပဲ နောက်နေ့….. ဟော့ကိုင်းဒိုးမှာ ကျင်းပခဲ့တဲ့ Mathematics education conference) မှာ အန်တီမိုးနဲ့ Nagasaki Sensei (National Institute for Educational Policy Research) ရဲ့ နိုင်ငံတကာသင်္ချာသင်ရိုးနှိုင်းယှဉ်ချက် ဆွေးနွေးပွဲဟာ ပညာရေးပြုပြင်ပြောင်းလဲသူတွေအားလုံးရဲ့
    ရင်ဖွင့်ရာ၊ စုဆုံရာဖြစ်ခဲ့ရတယ်။ )

    သူများတွေ…….ဘာတွေကို(သင်ရိုး) ဘယ်လို(သင်နည်း)သင်သလဲ????????????????
    ဒါ…..သိသင့်ပါတယ်။ ပညာရေးကို တိုးတက်အောင်မြင်အောင်စွမ်းဆောင်ပေးနေတဲ့ တိုင်းပြည်ရဲ့
    လုပ်ထုံးလုပ်နည်းတွေကို လေ့လာသင့်ပါတယ်။ ကိုယ့်ထက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး မြင့်မားတဲ့သူထံက အထင်ကြီးတဲ့ အချက် လုံးဝရှာမရဖြစ်နေရင် အဲဒီလူမှာ နဲနဲပြဿနာရှိနေနိုင်တယ်။ အနည်းဆုံးတော့ ဘဝင်ရူးပေါ့။

    လူတွေဟာ ပုံစံကျသွားပြီဆိုရင် နောင်ဘဝအထိ ပါသွားနိုင်တာမျိုးလားလို့တောင် တွေးမိပါတယ်။
    (အန်တီမိုးဟာ အတွေးများတဲ့အတွက် နဲနဲကြောင်လေ့ရှိပါတယ်။)
    အိမ်က တူလေးကို ဂျပန်မှာ ကိုယ်ဝန်ရှိခဲ့ပါတယ်။
    သူသိတတ်ကတည်းက သဘက်တထည်နဲ့ ရှိရှိသမျှ ဖုန်တွေကို သုတ်လေ့ရှိပါတယ်။
    သုတ်ပြီးသဘက်ကို ပခုံးပေါ်တင်ပြီး လက်နှစ်ဖက် နောက်ပစ်လို့ လမ်းလျှောက်လေ့ရှိပါတယ်။
    အမှိုက်တောင်းလဲနေတာတွေ…. ပွနေတာတွေ တွေ့ရင် အာ…ဟာ….လို့ပြောပြီး ချက်ချင်း ပြန်သိမ်းပါတယ်။
    မျှတမှုရှိပြီး သူတပါးကိုအလေးထားပါတယ်။
    (အပြင်ကို အဖွားမပါပဲ ထွက်ရင် ချက်ချင်းပြန်လာမှာနော်အဖွား၊ စိတ်မပူနဲ့။
    ကြောင်ကြီးဆိုရင် အစာပိုကျွေးရမယ်။ ဆိုတာမျိုးတွေပါ)
    ကာရာအိုကေကြိုက်ပြီး ဟိုတနေ့က ကျမ သီချင်းဆိုတာမှားလို့…အထောက်ခံရပါတယ်။
    အခုမှ ၃နှစ်ပြည့်မှာပါ။
    တဖြည်းဖြည်း ရွာစရိုက်တွေစွဲမှာတော့ အသေအခြာ…သို့သော်လည်း……
    အခုချိန်မှာ တော့တော့ကို ……….စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးပါ။

    စိတ်ဓါတ်…စည်းကမ်း….ကို အရိုးစွဲအောင် လုပ်ထားရင် ပညာသည်လေးတွေ ဖြစ်လာမှာပါ။
    မြန်မာတွေ ဆိုဆုံးမ….လွယ်ကူတာ (သဂျီး ပြောပြောနေတဲ့ )ဘာသာရေး ခွန်အားတွေ အများကြီးပါပါတယ်။

  • thit min

    February 6, 2012 at 6:58 pm

    အစ်မ(အန်တီမိုး)ရေ
    ကျေးဇူးပါခင်ဗျာ။
    အစ်မရဲ့ စာကိုဖတ်ရတာ။ ဆရာမကြီး ပတ္တမြားခင်ရဲ့ စာကိုဖတ်ရသလိုပါဘဲ။
    (သူကြီးဘာဝင်ပြောအုန်းမလဲမသိဘူးဗျ၊ သော်တာဆွေငယ်ငယ်က လိုက်ကြောင်သေးတယ်ဆိုဘဲ။
    ဒါပေမဲ့ ဟိုက ကိုဦးရေ ဆိုပြီး သန္စ္စာ္တစမ်းကအလွမ်းစာဆိုလား ရေးတယ်လေ။
    အဲဒီအထဲ မြန်မာလူမျိုးက မွေးပြီး ဘုရားကို ငရုပ်သီးမှုန့်ဆွမ်းတော်ကပ်တဲ့အကြောင်းပါတယ်လေ။)
    ———–
    အစ်မ(အန်တီမိုး)ရေ
    ကျနော် ပညာရေးဆိုတဲ့အင်မတန်ကျယ်ပြန့်တဲ့ ခေါင်းစဉ်ကြီးကို ရွေးလိုက်တာတော့မဟုတ်ပါဘူး။
    ပညာမသင်နိုင်ဘူးဆိုတာ ကျောင်းမတက်နိုင်တာလို့ ထင်နေသူတွေကို အားပေးဆွဲခေါ်ချင်တာပါ။
    ကိုယ့်ဘဝအတွက် ဘယ်နေရာကမဆို ဘယ်လိုနေရာမှာမဆို ပညာရစရာရှိရင် ယူပါ။ကြိုးစားပါလို့
    ဆိုလိုရင်းပါ။ လူတဦးချင်း တယောက်ချင်းစီရဲ့ အရည်အသွေးကို ကျောင်းပညာတခုထဲနဲ့ ဆုံးဖြတ်
    သတ်မှတ်မနေကြတော့တဲ့ လောကကြီးကို ကြည့်ဘို့လေးပါဘဲ။
    လူ့သမိုင်းကိုအလင်းရောင်ပေးသူတွေ၊ အဆင့်မြှင့်ခဲ့သူ တော်တော်များများ ဒေါက်ထရိတ်တွေမဟုတ်
    ကြပါဘူး ဆိုတာလေးပါ။ ကိုယ့်အတွေ့အကြုံကို ပညာရပ်လိုမှတ် ဘဝကိုမတ်မတ်ရပ်ရင်း ကိုယ်ပျောက်
    လက်အစွမ်းနဲ့ တိုင်ပြည်ဝန်ကိုထမ်းပြီးသားဖြစ်မယ်ဆိုတာမျိုးပါ။
    အဲဒါက ကျနော့မူရင်း ပို့စ်ရဲ အော့ချက်တစ်(ဗ)ပါဘဲ။
    ~~~~~~~~~~~~~~ဒါပေမဲ့
    အစ်မရဲ့ ဖြည့်စွက်ဆွေးနွေးမှုက အရမ်းကိုကောင်းလွန်းလှပါတယ်။ ကျနော်ရဲ့ တင်ပြချက်
    ထဲက ထုတ်နှုပ်ပြီးအကောင်းဆုံး သုံးသပ်ချက်တွေ ပြောပြသွားတာ တကြောင်းဖတ်လိုက်
    စဉ်းစားလိုက်ကို ဖြစ်ခဲ့ရပါတယ်။
    အတွေးအခေါ်ကို ကြည့်လိုက်တာနဲ့ စိတ်နှလုံးကိုမြင်ကြည့်လေ့ရှိတဲ့ ကျနော့အတွက်တော့
    အစ်မရဲ့စာတွေရဲ့ နောက်ဆက်တွဲတွေကိုပါ နားလည်ရပါတယ်။
    ကျနော်တို့ ရဲ့ ဆွေးနွေးပွဲ(ဂေဇက်ဆီမီနာ ၁-၂-၃)မှာ မတွေ့ခဲ့ရတာ “နာ” တယ်ဗျာ။
    စပစ်ကျူရယ် ဗဲလျှူးတွေ ကို ကျနော်လဲ အရမ်းစိတ်ဝင်စားပါတယ်။
    တချို့က သိသိကြီးနဲ့ မပြင်ကြတာလဲ တွေ့ဘူးတယ်ဗျ။
    ကျနော့ အကိုလိုနေတဲ့ ပရော်ဖက်ဆာတယောက်ဆိုလဲ အခုအစ်မပြောတဲ့ ဂိတ် ကိုရောက်နေပြီ။
    ကလေးတွေက စည်းကမ်းလဲ အိုကေ၊အင်းဂလိတ်စာနဲ့ ကောင်း၊ ဂျပန်လိုလဲရ။ မြန်မာလို တလုံးမှ
    မတတ်ဘူးတဲ့ ဗျား။
    ပြီးတော့ နောက်သီးခြား မိသားစုက မြန်မာပါဘဲ ကလေးတယောက်က သူ့အဖေကိုမေးတယ်
    မြန်မာလူမျိုးကဘာလို့ လူကြီးမိဘ စကားနားထောင်ရတာလဲတဲ့ ၊ ဘာလို့ငြင်းခွင့်မရှိရတာလဲတဲ့။
    ဦးနှောက်ခြောက်လို့ ကြည့်နေလိုက်တော့တယ်။(ဟဲဟဲ)။
    ————-
    အစ်မရဲ့ ချစ်စရာကောင်းတဲ့ သားလေး ဂျပန်တွေရဲ့ “ကောင်းသောစိတ်” တွေ ရှိနေတာ ဝမ်းသာပါ
    တယ်ခင်ဗျာ။ ပိုက်ဆံချမ်းသာသလောက် ကျပ်ပြည့်တာကတော့ ဂျပန်ကိုဘယ်သူမှမှီမှာမဟုတ်ဘူး။
    (ဖြုန်းတဲ့ နေရာမှာတော့ဖြုန်းပေမဲ့ –ဒွန်ဘယ်ရီ-သောင်း ၁၂ဝ ဝယ်သောက်တာမျိုးပေါ့ဗျာ)
    နဲနဲ ကြည့်လို့ကောင်းသေးတယ်လို့ထင်မိတယ်။
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • koaung

    February 6, 2012 at 6:58 pm

    ဆရာသစ်ခင်ဗျား
    အခုတလောကျနော်လဲအလုဎ်ကများနေတတ်တာမို့ စိတ်သွားတိုင်းကိုယ်မပါဆိုသလိုဖြစ်နေရပါတယ်ဗျာ ဒါပေမဲ့လဲဆန်ဒလေးကတော့
    ဆရာသစ်အပေါ် ဝေဖန်မှူတွေကိုတွေ့နေရပါတယ် ဒါကြောင်လဲ နှုတ်မစိတ်နိုင်ခဲ့ပဲပြောချင်တာလေးပြောပရစေတော့ဗျာ
    ဦးစွာ ဆရာသစ်ကို ကဗျာဆရာမောင်ပန်းမွှေးရဲ့ကဗျာလေးတပုဒ် လက်ဆောင်ပေးချင်ပါတယ်ဗျာ

    လေတိုက်တိုင်းသာ ရွက်ကြွေပါလျှင် ဘယ်မှာသစ်ရွက် ကျန်တော့မှာလဲ

    ရည်ရွယ်ချက်က ကျော်ကြားချင်လို့ မော်ကြွားချင်လို့ စော်ကားချင်လို့မန်းလေးဂဇက်ကိုလာကြတာမှမဟုတ်တာ ရေးနေတဲ့အကြောင်းအရာတွေကလဲကိုယ်ရည်သွေးတာလဲမပါ တတ်နိုင်တာလေးတွေကိုယ်စီကိုယ်ငှ ပေးဆပ်ကြတာချည်းပါပဲဗျာဒါကလဲရွာသူရွာသားတွေရဲ့ချစ်စရာအကောင်းဆုံးဓလေ့လေးတခုပါအရှက်တရားမဲ့တဲ့ ဆင်ခြင်တုံတရားကင်းတဲ့ ဝေဖန်မှုမျိုးကနေရာတိုင်းမှာရှိတတ်ပါတယ် ဒါကလဲသဘာဝပါပဲဗျာ လူတရာမှာ တရာအပြည့် ဆရာသစ်လိုလူမျိုးဖြစ်ခဲ့ရင် မြန်မာပြည်ဟာအချမ်းသာဆုံးနိုင်ငံဖြစ်မှာမလွဲပါ ဒီထဲမှာ
    အရည်အချင်းအားနည်းတဲ့ (ကျပ်မပြည့်တဲ့)လူတွေရှိတတ်တာလဲ ဘယ်နေရာမှာမဆိုပါဗျာ လူတိုင်းပညာတတ်ဖြစ်ဖို့မလွယ်ပါဘူး တတ်တိုင်းလဲ ပြောချင်တာပြောလို့မရပါဘူး (ဆင်ခြင်တုံတရားကဖိစီးသွားတတ်လို့ပါ) ရည်ရွယ်ချက်ကအဓိကပါဗျာ ကိုယ်ကောင်းရင်
    ဂေါင်းမရွေတတ်ပါဘူးဗျာ ကျနော်ကတော့ဆရာသစ်နဲ့ သူကြီး ကို ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်မှန်ပြောနေတဲ့ အကောင်းဆုံးမိတ်ဆွေများအဖြစ် လေးစားခင်မင်မိပါကြောင်း မောင်အောင်

  • thit min

    February 6, 2012 at 7:35 pm

    ဆရာအောင်ခင်ဗျား
    ကျနော်လိုပိစိကွေးပါးမွှားလေးကို ဆရာ(ကို)အောင်ကခုလို လေးစားတယ်လို့ပြောလို့
    အရမ်းဝမ်းသာမိပါတယ်ခင်ဗျာ။
    ကျနော်ဟာ တကယ်ကို သာမင်ညောင်ညတယောက်ပါ။
    ဆရာအောင်တို့ကျင်လည် ခဲ့တဲ့ အသိုင်းအဝိုင်း ဘယ်လို ဆိုတာပြောတဲ့လေသံ
    ကို နားထောင်တာနဲ့ သိ ပါတယ်ခင်ဗျာ။
    ငါဘယ်သူဘဲကွ လို့ ပြောနေစရာမလိုတဲ့ လောကကြီးပါ။
    ဆရာအောင် ရေ ကျနော် မတုန်လှုပ်ပါဘူးဆိုတာ အမှန်ပါဘဲ။
    ကျနော့မှာ ကြီးလေးတဲ့ တားဂက်ကြီး တခု ရှိနေပါတယ်။အချိန်အတိုင်းအတာအရ ဒီနှစ်
    ကို ကျနော် ရွေးချယ်ထားလို့ပါ။ အဲဒီအတွက် အချိန်ကို ပိုင်းခြားဖို့လုံးဝကိုလိုအပ်နေလို့
    ပါခင်ဗျာ။
    ကျနော့ အပေါ် စော်ကားပြောဆိုသူများ ရဲ့ စိတ်ထဲမှာလဲ ကျနော့ စကား “တာသွားတယ်”လို့
    ထင်လို့ ကျနော့ စကားအောင် သွားမှာစိုးလို့ လိုက်ပြောနေမှန်း သိသာတယ်မဟုတ်လား
    ခင်ဗျာ။ သွယ်ဝိုက်သော အားဖြင့် ကျနော့ကို အလေးထားကြသူတွေပေါ့ခင်ဗျာ။
    အဲဒီ ပို့စ်လေးရဲ့ ရည်ရွယ်ချက်ကိုဒီနေရာမှာ ကျနော် ပြောပြလိုက်ပါတော့မယ်။

    ရွာထဲရေးသူ လူတိုင်းကို တကယ်လဲ လူများများ အဆင့်မရွေးဖတ်သင့်တဲ့စာမျိုး
    ရေးပြီး စတစ်ကီလေးတွေဖြစ်စေချင်တာပါ။ မှန်မှန်ကန်ကန်ပြုပြင်သင့်တဲ့အကြောင်းလေး
    လောက်ကိုတော့ ရှာဖွေရေး နိုင်ကြမယ်လို့ လဲ ယုံကြည်လို့ပါ။
    အဲဒီလို ဆိုရင် ဝိုင်းစဉ်းစားဖို့လိုတယ်လို့ထင်တဲ့ စာတွေ သူကြီးက တင် ပေးရင်၊
    အခုထက် လူတော် တော်များများရဲ့စာ အပေါ်မှာတွေ့ရမယ်ဆိုတဲ့ စေတနာပါ။
    တိုင်စာတောစာ တွေလာမှာစိုးလို့ ထိန်းဖို့တော့လိုတယ်လို့အကြံပေးရတာပါ။
    လုပ်ခိုင်းတာလုံးဝမဟုတ်ပါဘူး။အများနည်းတူ စိတ်ကူးမိတာကိုအကြံပြုရုံသက်သက်ပါ။

    အားလုံးအတွက် စေတနာ စာ တစောင်ဖြစ်တာမို့ ကျနော့ကို ဘာဘဲပြောပြောပါ။
    ကလေးနဲ့လူကြီးလိုဘဲ သဘောထားပါတယ်။ ကျနော် နားလည်ပေးနိုင်ပါတယ်ခင်ဗျာ။

    ဝါရင့်အယ်ဒီတာကြီးဖြစ်တဲ့ သူကြီးက ကျနော့သဘောကို နားလည်မှာပါ။
    ကျနော့ အပေါ် နားလည်ခင်မင်တဲ့ ဆရာ(ကို)အောင်ကိုလဲ လေးစားခင်မင်စွာ
    ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားပါရစေခင်ဗျာ။

    မောင်သစ်မင်း(^^)

  • MaMa

    February 6, 2012 at 7:37 pm

    ကိုသစ်ရေ- သူများလိုလည်း ဝင်မပွားတတ်၊ မပွားပဲလည်း မနေနိုင်တော့
    ကိုယ့်ပတ်ဝန်းကျင်က အခြေအနေတွေကြည့်ပြီး ပြောရမယ်ဆိုရင်
    နောက်ဆုံးက သီးခြားဖော်ပြထားတဲ့ အမှတ်စဉ် (၇)ကိုပဲ ပြောချင်ပါတယ်။
    တီချာနုပြောသလို ဇွဲလုံ့လ ပြင်းထန်တဲ့လူမျိုး တွေဖြစ်ပြီး
    အလုပ်ရဲ့ သဘာဝနဲ့ ကိုယ့်စရိုက် ကိုက်ညီရင် အတန်းပညာ မတတ်သော်လည်
    အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်တဲ့ အဆင့်မြင့်လုပ်သားတွေ ဖြစ်လာနိုင်ပါတယ်။
    အဲဒီနေရာမှ လူတစ်ဦးချင်းရဲ့ စိတ်ပါဝင်စားတဲ့၊ ထူးချွန်တဲ့၊ အားသန်တဲ့ ပုံစံခြင်း မတူညီကြပါဘူး။
    ကိုယ့်ဝါသနာဗီဇနဲ့ ကိုက်ညီတဲ့ အလုပ်မျိုးဆိုရင် သူများထက် ပိုပြီးလွယ်လွယ်ကူကူ ထူးချွန်သွားတတ်ပါတယ်။
    (တွေ့ဖူးတဲ့ ကလေးတစ်ယောက်ဆိုရင် ၅နှစ်ပဲ ရှိသေးတယ်။
    တူ တွေ၊ ဂွ တွေ ကိုင်ချင်တယ်။
    လူကြီးတွေ စက်ပစ္စည်း ကရိယာတွေ ကိုင်တာ ပြင်တာတွေ့ရင် အနားက မခွာတော့ဘူး။)
    ဆရာတစ်ယောက် ပြောခဲ့ဖူးတာတစ်ခု မှတ်သားထားမိတာက –
    (လူတစ်ဦးစီမှာ အခြားသူတွေနဲ့ မတူတဲ့ အစွမ်းအစ တစ်မျိုးစီ ရှိတတ်ကြတယ်။
    အဲဒါကို သိပြီး ကိုက်ညီအောင် အသုံးချနိုင်ခွင့်ရှိဖို့ပဲ လိုတယ်။)
    အဲ- အချို့ အချို့သော ဘာအလုပ်မှ လုပ်ချင်စိတ်မရှိပဲ လည်ရာပြန်စားရေး အလုပ်ကိုသာ တပ်မက်တွယ်တာ နေသူများကိုလည်း မြင်ဖူးပါကြောင်း။ 🙁

  • thit min

    February 6, 2012 at 7:52 pm

    ငါ့အစ်မကလဲ ခုမှဘဲ လာတော့တယ်။
    ဟုတ်ကဲ့ပါ မမရေ
    အဲဒါ ကျနော့ စာရဲ့ အော့ဂျက်တစ်(ဗ)ပါဘဲလို့ခုဘဲ ရေးလိုက်ပါသေးတယ်။
    မမန့် မမန့်နဲ့ မန့်တော့လဲ တကဲ့ အသဲနှလုံးကို မိ အောင် ပြောနိုင်တာကတော့
    သဘာ က စကားပြောတာပါဘဲ။ မမ ရဲ့ အတွေးအခေါ်တွေက လုံးဝ စံကိုက်ပြီးသား
    ပါ။ ချိန်ဆနေတာတွေများနေပုံတော့ရတယ်။
    (မချိန်နဲ့တော့အစ်မရယ် လက်မှန်းနဲ့သာရောင်းပါတော့ 🙂 )
    ဟုတ်ပါတယ်။ အဘဆရာခ ကတော့ လူတွေဟာရောင်ခြည်ခုနှစ်တန်းနဲ့ မွေးပါတယ်တဲ့။
    သူ့ရောင်ခြည်တန်းမှာမဟုတ်ရင် မအောင်မြင်နိုင်ပါဘူးတဲ့။
    ရောင်ခြည်စမ်းရင်း လမ်းပျောက်မှာစိုးလို့ ရှိတဲ့နေရာမှာဘဲ ပေကပ်ရပ်နေတဲ့ ကျနော်လိုလူမျိုး
    တွေလဲ ရှိမှာပါ။ဟဲ ဟဲ။
    အဲဒီ ငုပ်လျိုးလုပ်သား(မိဘလုပ်စာထိုင်စား၊လယ်ယာပြန်စားရေး၊ ဆာလာအိပ်) တွေကို နေရာ
    တခု ဖန်တီးနိုင်ဖို့ စွန့်ဦးတီထွင်သမားတွေလုပ်ငန်းလုပ်ခွင့်လိုတယ် မမရေ့။
    မမ ဟိုတခါကယ်လိုက်တဲ့ ကြယ်ငါးအစုတ်ပလုပ်လေးလိုလဲ ဖြစ်မှာစိုးရပေမဲ့ လုပ်တော့လုပ်ရ
    မှာဘဲနော်။
    ကျေးဇူးပါခင်ဗျာ။
    (စိတ်ကူးမိတာ လွတ်လွတ်လပ်လပ် ထပ်ပြောပေးပါအုန်းနော်)

  • မိုက်ကယ်ဂျော်နီငပွ

    February 6, 2012 at 11:04 pm

    သိပ်ကောင်းတယ်ဗျာ
    အစ်ကိုကြီး ကိုသစ်မင်းကတော့ မန်းဂေဇက်တွင် မရှိမဖြစ် သစ်မင်း ဆိုသလိုဖြစ်နေပြီဗျာ
    ဒါပေသိ အစ်ကိုကြီးခင်ဗျ
    ပညာရေးနှင့် အတွေ့အကြုံ ဆဆိုတဲ့နေရာမှာ
    ပညာရေးနှင့် အတွေ့အ ( ကြုံ ) ဆိုပြီးပြင်ဘလိုက်က်စေလိုပါတယ်ခင်ဗျ
    မဟုတ်လို့ကတော့
    ပေါက်လွှတ်ပဲစား ချီးပေ တို့အကြောင်းကို သိတယ်မဟုတ်လား “?????
    ဒါပေသိ
    အစ်ကိုကြီးခင်ဗျ
    အဲ့သည်ကောင်တွေအဆင့်ဟာ
    အစ်ကိုကြီးအိမ်က ခြံစောင့် အဆင့်လောက်ဘဲ ရှိပါတယ်ခင်ဗျ

    • thit min

      February 8, 2012 at 6:54 am

      ကိုအောင်ပုရေ……
      ခင်ဗျားရဲ့ တကဲ့ အတွေးအခေါ်တွေကြားချင်တာအမှန်ပါဘဲဗျာ။
      ကျနော် ဆိုလိုတာက ပညာရေးဆိုတဲ့ ဘစ်တော့ပစ်ကြီးကို မဟုတ်ပါဘူး။
      လတ်လျှားလတ်လျှားရှောက်သွားနေတဲ့ မြန်မာပြည်ကတချို့လူငယ်တွေကို
      လုပ်ငန်းခွင် သင်တွေ့ကြုံနဲ့ ဘဝကို တိုးမြှင့်စေချင်တာပါ။
      ပြောရရင် အနုမြူတီထွင်တဲ့သူလဲ တချိန်က ကျောင်းထုတ်ခံခဲ့ရတာပါဘဲ။
      ဘယ်လောက်ကြီးဘဲ ပညာရေးကိုကောင်းအောင် ပြင်အုန်းတော့ 100%တော့
      ဘယ်တော့မှဖြစ်လာမယ် မထင်ဘူးဗျ။
      ဂျပန်ပညာရေးလဲ ဖွတ် တွေအများကြီးပါဘဲ။ မယုံမရှိမနဲ့ မာစတာလယ်ဗယ်ကဂျပန်
      ကျောင်းသား ၄ အလီ လောက်ဆို ကယ်ကူလေတာနှိပ်တယ်။လဘာဂျာတွေ။
      ကျနော် တဲ့တဲ့ပြောရရင် ကျောင်းပညာရေးဆိုတာမတ်တပ်ရပ်နည်းဘဲ သင်ပေးလို့ရတာ
      ခုန်ပြန်ကျော်လွှား အစွမ်းအစ ရှိချင်ရင်တော့ ကိုယ့်အတွေ့အကြုံကသာ အဖိုးတန်အမျိုးမှန်
      ဆိုတာပြောချင်တာ။ အတွေ့အကြုံသည်ပညာပေါ့ဗျာ။
      မုန်တိုင်းကျနေတဲ့ ပင်လယ်ပြင်မှာ ပါမောက်ခ ရေမကူးတတ်ရင် “သေ” မှာပေါ့နော်။
      “အသုံးချပညာ” ဖြစ်အောင်မလုပ်နိုင်သရွေ့ ဘယ်ကျောင်းပညာရေးမှ အသုံးမကျ ဘူး။
      လက်တွေ့ အတွေ့အကြုံကတော့ နဂိုကတည်းက လက်တွေ့ကလာပါတယ်ဆိုမှတော့
      ဘာပြောစရာရှိမလဲဗျာ။ ကိုအောင်ပု အိုင်ဒီယာကို ကြားပါရစေ။
      ခင်မင်စွာ
      မောင်သစ်မင်း

  • ဦးဦးပါလေရာ

    February 6, 2012 at 11:33 pm

    ပညာရေးအတွက် ဘက်ဂျက်တိုးလာမယ်ဆိုပေမယ့် စိတ်ကျေနပ်လောက်အောင် သုံးနိုင်တဲ့အထိတော့ တိုးမယ်မထင်ပါဘူး။
    ကြိုက်သလောက်မရရင်တော့ ရသလောက်ထဲက အရေးကြီးတာတွေကို ဦးစားပေးသင့်ပါတယ်။
    ကျောင်းဆောင်တွေဆောက်ဘို့ထက်၊ ကျောင်းတွေကိုဘတ်ဂျက်ခွဲပေးပြီး
    ပန်းတွေစိုက်၊ဆိုင်းဘုတ်တွေပြင်၊ ဆက်တီတွေဝယ်၊ ရှင်းလင်းဆောင်တွေအလှဆင် လုပ်ဘို့ထက်၊
    ပညာရေးနယ်ပယ်မှာ ရုပ်ပျက်ဆင်းပျက် လိုအပ်နေတာတွေကို စုပြုံဖြည့်ဆည်းလိုက်သင့်တယ်။
    ဥပမာ တက္ကသိုလ်တွေနဲ့ သက်မွေးပညာကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းတွေ
    ဘာမှမရှိလုနီးပါးအခြေအနေဖြစ်နေတာမျိုးပေါ့။

    တိုင်းပြည်ရဲ့ ပညာရေးအဆင့်အတန်း တက်လာဘို့ကတော့ တိုင်းပြည်ရဲ့ အခြားနယ်ပယ် အစိတ်အပိုင်းများနဲ့အတူ တပြိုင်နက်မြှင့်တင်မှ လက်တွေ့ကျမှာပါ။
    ပညာရေးနယ်ပယ်အတွက် အားသာချက်ဖြစ်နိုင်တဲ့ ဖြတ်လမ်းတခုကတော့
    နိုင်ငံတကာပုံစံ/ အဆင့်မီပုံစံ ပညာရေးစံနစ်ကို
    လက်ရှိအစိုးရရဲ့ ပညာရေးစံနစ်နဲ့ယှဉ်ပြီး ပုဂ္ဂလိက ကလုပ်ဘို့
    အပြိုင်ခွင့်ပြုပေး + အသိအမှတ်ပြုပေးဘို့ပါပဲ။
    အဲဒါက လူများစု လူအားလုံးကို တပြိုင်နက် အကျိုးရှိစေမှာမဟုတ်ပေမယ့်
    ပိုက်ဆံတတ်နိုင်တဲ့ကျောင်းသားတွေ သင်ယူရင်း
    အဲဒီနည်းနဲ့ အဆင့်မီပညာတတ်တချို့ ခပ်မြန်မြန်ရလာစရာရှိပါတယ်။
    အဲဒီခပ်မြန်မြန်ရလာတဲ့ပညာတတ်တချို့က ပြည်တွင်းမှာပဲ သင်ယူထားတာမို့
    ပြည်တွင်းမှာဆက်နေ တာဝန်ထမ်းရင်း တိုင်းပြည်အတွက် အဖတ်တင်ပါလိမ့်မယ်။

    • thit min

      February 8, 2012 at 6:40 am

      ပညာရေးကို “ကျောင်းပညာရေး” လို့ စဉ်းစားပြီး ပြောရင်တော့ ဘရိမ်းဒရိမ်း ကိတ်စတွေပါ
      ပြောဖို့လိုတာ အမှန်ပါဘဲ။ဦးနှောက်ယိုစီးနေလိုက်တာ ကျနော်တို့မမွေးခင်ကတည်းကပါဘဲ။
      လုပ်ကိုင်ခွင့်မရလို့ ယိုစီးတာမို့ လုပ်ကိုင်ခွင့်ရမယ်ဆိုရင် ပြန်ရောက်လာကြမှာပါဘဲ။
      တကယ်(တကယ်) တော်တယ်ဆိုတဲ့လူချင်းယှဉ်ရင်တော့
      ပြည်တွင်းရှိလူတော်တွေက “ကျောင်းပညာ”မှာ ပိုတော်တယ်လို့တောင် ကျနော်ယူဆတယ်။
      အဲ မရှိတာက စိတ်ဓာတ်ရင့်ကျက်မှု၊ အတွေ့အကြုံပိုင်းနဲ့ တလွဲအထင်ကြီးစိတ်တွေ၊
      မာန်မာနတွေပါဘဲ။ အဲဒီဟာတွေ ဖြည့်စွက်ပြင်ဆင်လိုက်ရင်
      “ကျောင်းပညာရေး” တော်သူတွေအားလုံးကောင်းသွားမှာပါ။

  • kyeemite

    February 7, 2012 at 5:04 am

    လေးစားပါတယ်ကိုသစ်မင်းရေ..ကျွန်တော့သဘောကတော့…ပညာသင်ပေးကြမဲ့ ဆရာဆရာမများ
    အတွက် အထူးထရိန်နင်တွေပေးဘို့ အရင်ဆုံးလိုအပ်တယ်လို့ထင်တယ်ဗျာ…သူတို့ကအခရာဘဲဗျ..
    အခြေခံမူလတန်းကအစပြုပြင်ရမှာ..စာကျက်ပီးစာမေးပွဲအောင်ရုံ ဆိုတဲ့ ရည်ရွယ်ချက်တိမ်တိမ်နဲ့
    သွားနေအုံးမယ်ဆိုရင်တော့…တိုးတက်ဘို့ဝေးနေအုံးမှာဘဲ…အရေးကြီးတာကကလေးတွေကိုခရီရေးတစ်
    သင်းကင်း..လုပ်တတ်တဲ့ အခြေခံကိုထည့်ပေးလိုက်စေချင်တာ…အဲဒါအဓိကဘဲဗျ…မနေ့ကဖတ်လိုက်ရတဲ့ မင်းတုံးမင်းနဲ့ ငါးခြောက်ပြားပို့စ်ကလိုပေါ့..ဆရာသင်တာထက်ပိုပီးတွေးကြည့် တင်ပြတာကိုလက်မခံတာလေ..အဲဒါမျိုးကိုစပြင်ရမယ်ထင်တာဘဲ…ခုတော့ကလေးတွေဟာ..ကျောင်းက
    ဆရာ။ဆရာမပြောတာကိုဘိုင်သေဘဲမှတ်တယ် မိဘကပြင်ပေးတာတောင်လက်မခံရဲဘူး ဆရာမဆူမှာ
    စိုးလို့..ဆိုတော့ ကိုသစ်ရာ..ကျွန်တော်ပြောချင်တာက..ဖေါက်ထွက်တွေးတတ်အောင်..ငယ်ငယ်ထဲက..
    ထရိန်းလိုက်ဘို့အရေးကြီးတယ်ထင်မိပါကြောင်း….တွေးမိသမျှလေးနဲ့ ဝင်ရွှီးသွားပါကြောင်း…

    • thit min

      February 8, 2012 at 7:01 am

      ဆရာ၊ဆရာမလုပ်နေပြီးတော့ မိကျောင်းဖွေးဖွေး မိုးအေးအေးဆိုတာကို မြစ်ထဲမှာမိကျောင်းတွေ
      ကလဲ ဖွေးဖွေးလှုပ်နေပြီး၊မိုးကလဲ အေးတယ်လို့ပြောလို့ ကလေးတွေ အညာမှာ မြစ်ထဲ
      ရေခပ်မဆင်းဝံ့တော့ဘူးလို့ ဆရာနေဝင်းမြင့်ကပြောဘူးတယ်ဗျ။
      မြန်မာစာသင်နေပြီး မိကျောင်းပန်းကိုတောင် မသိဘူးဆိုတော့လဲ ဆိုးပါ့။
      ပန်းပျိုးသူက ပန်းစိုက်နည်း သိဘို့တော့ အရမ်းလိုပါတယ်ဗျာ။

  • maungmoenyo

    February 7, 2012 at 9:24 am

    student-centered ပညာရေးစနစ်က အမေရိက လိုနိုင်ငံတောင် အစကောင်းပြီး အဖျားရှူးနေတတ်တာမို့ မြန်မာလိုနိုင်ငံမျိုးမှာ အကောင်အထည်ဖေါ်နိုင်ဘို့အတော်အလှမ်းဝေးပါသေးတယ်။ အလှမ်းဝေးပါတယ်ဆိုတဲ့စကားက အ မနာပပြောရပေမဲ့ ဖြစ်နိုင်သလားဆိုတော့ အစိုးရရဲ့ပေါ်လစီပေါ်မှာလုံလုံလျားလျားမူတည်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှာ တံငါရွာအဆင့်သာရှိတဲ့ စင်္ကာပူဟာ ခုချိန်မှာ လိုက်မမှီအောင်ခြေလွမ်းတွေသွက်နေပါပြီ။ ဒါဟာခေါင်းဆောင်လုပ်သူရဲ့လုပ်ရည်ကိုင်ရည်နဲ့ စံနစ်တခုရဲ့ တွန်းအားကြောင့်လို့ဆိုရမှာပါ။ နောက်တခုက ပြည်သူအားလုံအတွက် (ကြိးငယ်ချမ်းသာမရွေး) ပညာရေးနဲ့ကျန်းမာရေး အခွင့်အလမ်းရရှိရေးဟာ အစိုးရပေါ်မှာတာဝန်ရှီပါတယ်။ မြန်မာနိုင်ငံမြိုးကြီးတွေမှာ မှိုလိုပေါက်လာတဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေဟာ လူထုကို wrong message ပေးနေပါတယ်။ ဘာလဲဆိုတော့ ငွေရှိမှ ပညာတတ်မယ်။ ငွေရှိမှ သက်မွေးဝမ်းကျောင်းနိုင်မယ်ဆိုတာပါဘဲ။ ဒါတွေကိုတားဘို့ ကအစိုးရအလုပ်ပါ။ တားဘို့ဆိုတာက အဲ့ဒီကျောင်းတွေကိုပိတ်ပစ်ဖို့မဟုတ်ပါဘူး။ သူ့ကိုတုပနိုင်တဲ့ ပညာသင်ကျောင်းတွေဖေါ်ထုတ်ဖို့ပါ။ ဆိုလိုတာက UCLA လိုကျောင်းက USC ကိုတုပြိုင်နိုင်သလိုပါဘဲ။ ပညာသင်အရွယ်အလိုက် လူထုကိုပညာသင်ခွင့်အခွင့်အလမ်းကိုထွင်ပေးရပါမယ်။ ပညာသင်ကျောင်းတွေမှာသင်တဲ့ဆရာတွေပေါများလာအောင် မွေးထုတ်ဘို့ အစိုးရ ဘတ်ဂျက်ကိုမြှင့်ပေးရပါမယ်။ ဆရာဆရာမတွေကို Tax incentive တွေ အခွန်ကင်းလွတ်ခွင့်တွေ ပေးရပါမယ်။ရပ်ရွာမိဘတွေ၊ စီးပွားရေူးလုပ်ငန်းရှင်တွေ အားအားရှိဖိတ်ပြီး၊ ကျောင်းငွေပဒေသာပင်လုပ်ခိုင်းတာတို့ ဘာတို့တွေကို ရပ်တန်းကရပ်ကြရပါမယ်။ ဆရာ/မ တွေ ကိုတနေ့တနေ့ ဘယ်လူကြီးလာမလဲ၊ ဘယ်ဗိုလ်ချုပ်လာမလဲ ဆိုတဲ့ “ဗိုလ်ချုပ်မျှော်” ဘဝကနေ ကင်းစင်အောင်စနစ်ပြောင်းရပါမယ်။ လေ့ကျင့်ရေးကျောင်း၊ လသာ(၂)၊ ဒဂုံ(၁) တို့လိုကျောင်းတိုင်းဖြစ်အောင်အခွင့်အလမ်းပေးရပါမယ်။ အလုပ်လုပ်သူပြည်သူတွေကို မိမိကလေးငယ်များပညာသင်စရိတ်အတွက် စုဆောင်းတဲ့ tax saving တွေဖန်တီးပေးရပါမယ်။ နိုင်ငံသားတိုင်း နှစ်သက်ရာပညာရေးကို equal access/opportunity ရှိရပါမယ်။ ပညာသင်ကုန်ကျစရိတ်ကို tax free လုပ်ပေးရပါမယ်။ ပေါ်ထွက်လာတဲ့ပညာတတ်တွေ အရေးပါတဲ့ အစိုးရဌာနတွေမှာ decision making position တွေမှာခန့်ရပါမယ်။ အစိုးရအဖွဲ့ဝင်တွေဟာ နောက်ပေါက် ပညာတတ်များသာ နေရာယူထားတဲ့အခြေမျိုးရောက်ရပါမယ်။ ကုန်ကုန်ပြောရရင် အစိုးရဟာ ပညာရေးကိစ္စမှာ ကျန်းမာရေးကိစ္စလို တန်းတူ တာဝန်ရှီပါတယ်..ဆိုတာ။

    • အမှတ်စဉ် ၆ ကိုပြောမယ်ဆိုရင်
      Madrasah (မာဒရာရှာ)ဆိုတာဘင်းဂလားဒေ့ရှ်နိုင်ငံရဲ့ ဘာသာရေးကလွှမ်းမိုးထားတဲ့ ပညာရေးစနစ်ပါ။
      မြန်မာပြည်မှာ ဟိုး အရင်က ဘုရင့်သားတွေတောင်တက်ခဲ့ရတဲ့ (မောင်လွင်=မင်းတုန်းမင်း)ပညာရေးမျိုးပါ။
      ဘာသာရေး ပညာရေးဆိုပေမဲ့ Madrasah ဟာ တက္ကသိုလ်လယ်ဗယ်အထိကို ယူထားတာပါ။
      ပေါ့သေးသေးမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာသာရေးနွယ်တဲ့ ပညာရေးဆိုတော့ ခေတ်နဲ့ တော့ ကိုက်ညီမှု
      မရှိတာတွေပါတတ်တာတော့ ရှိပါတယ်။ သူ့ရဲ့အားသာချက်ကဆင်းရဲသားများကိုအခမဲ့သင်ကြားပေးခြင်းဖြစ်
      လေတော့ (Non-educated Society) ဇီးရိုး လူ့အဖွဲ့အစည်းကိုတော့ပ ပျောက်စေတာမို့ပစ်ပယ်သင့်တယ်လို့
      မမြင်မိပါဘူး။
      ကိုသစ်မင်း ရေ ဘာသာရေးနဲ ့ပါပူးပေါင်းပြီးသင်တဲ့နှစ်လမ်းသွား ပညာရေးစနစ်ကလဲ တကယ်ထိရောက်တဲ့အလုပ်တစ်ခုပါ
      ဗျ။ကျနော်လဲ လေးစားမိပါတယ်။

  • maungmoenyo

    February 7, 2012 at 9:29 am

    “တပည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏” တဲ့။ နှောင်းခေတ်ကာလက ကျောင်းဆရာတယောက် ရဲ့ ချို့တဲ့ပေမဲ့ ဂုဏ်မငယ်တဲ့ ဂုဏ်ဒြပ်တွေ ပြန်ကျူးရင့်ရတော့မဲ့ခေတ်မဟုတ်ပါဘူး။ ခုခေတ် ဘယ်ဆရာသမားတွေက ဒီဆောင်ပုဒ်ကို လိုက်နာနိုင်ကြလို့လဲလေ။ သမုဒ္ဒရာဝမ်းတထွာရှိတာမေ့နေကြတဲ့ ဗိုလ်ချုပ်ကြီးမျိုးညွန့် တို့လိုလူမျိုးတွေ က ဆရာတွေရှေ့ထွက်ပြီး ချွေးသိပ်တဲ့စကားဆိုတော့… မောင်မိုးညိုတဲ့ ငယ်စဉ် ၁၉၆ဝ ဝန်းကျင်လောက်က ဆရာ/မကြီးများကို မျက်စေ့ထဲပြေးမြင်ယောင်မိပါရဲံ…။

    • thit min

      February 8, 2012 at 7:08 am

      ဆရာမိုးညိုရေ
      ကျနော်ကတော့ ပြီးပြည့်စုံသောပညာရေးဆိုတာမရှိဘူးလို့ဘဲ ယုံကြည်ထားပါတယ်။
      ပါတ်ဝန်းကျင်ကောင်းနဲ့ ဖန်တီးယူထားတဲ့ ပညာရေးကောင်းတွေမှာတောင် အကုန်မပြီး
      ပြည့်စုံနိုင်ဘူးမဟုတ်ပါလား။
      ကျနော်တို့တိုင်းပြည်လို ပါတ်ဝင်းကျင်ကလဲမကောင်း၊ဆရာ/ဆရာမတွေဆိုတာကလဲ
      အဲဒီ သိပ်မကောင်းတဲ့ပါတ်ဝန်းကျင်ကဘဲလာသူတွေဖြစ်နေတော့ ပညာရေးလောကကြီး
      ကောင်းဖို့ဆိုတာ လူအင်အား၊ငွေအင်အား၊အကြံဉာဏ်အင်အားတွေနဲ့ “ရေရှည်”လုပ်ရမှာ
      ပါ။ လစ်ဟာနေတဲ့ အပိုင်းအနေနဲ့ “ကျောင်းပညာ” မသင်နိုင်၊မသင်ရ၊မသင်ချင်သူတွေ
      ရဲ့ ကွက်လပ်ကို ဘယ်လိုဖြည့်ရင်ကောင်းမလဲလို့စဉ်းစားမိလို့ ဒီပို့စ်လေးကိုရေးပါသည်
      ခင်ဗျား။

  • maungmoenyo

    February 8, 2012 at 11:30 am

    အင်း..ဒီနေ့သတင်းစာတွေထဲ… ဒုသမ္မတ ဒေါက်တာမောက်ခမ်းတယောက် စစိကိုင်းကကျောင်းတကျောင်း မှာ မိန့်သွားတာလေး တိုက်တိုက်ဆိုင်ဆိုင် ဖတ်လိုက်ရလို့ပါ..။ ဘာတဲ့ “ကလေးသူငယ် ဗဟိုပြု ပညာသင်ကြားရေးနည်းဖြင့် သင်ကြားရန်” ဆိုတဲ့ ကိစ္စကို နံပါတ်(၁) လမ်းညွှန်ချက်အနေနဲ့ မိန့်သွားတယ်ဆိုဘဲ..။ တယ်လွယ်သကိုး။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံကခေါင်းဆောင်တွေတောင် မပေးနိုင်းသေးတဲ့ ကတိတွေလေ…။ They are eating their own words!
    မှန်လိုက်ရေ ဆရာသစ်ရေ..ပညာရေးနဲ့ပါတ်သက်ရင် sky is the limit ဆိုတာ။ ဒါပေမဲ့ ဆရာသစ်ပြောတဲ့ fundamental principals လေးတွေ ကတော့ မရှိမဖြစ်ရှိရမဲ့ ကိစ္စတွေလေ…။ ဒါတွေက အစိုးရမှာတာဝန်ရှိတယ်နော။ တာဝန် ဆိုတာ ငွေပေးဘို့ဆိုတာထက် ပညာရေးစနစ်ထွန်းကားမှု ကိုအားပေးတဲ့ ဥပဒေပြုပေးဘို့၊ အရှိန်မြှင့်ပေးဘို့လဲမဟုတ်လား။

    • thit min

      February 8, 2012 at 11:57 am

      ဆရာမိုးညိုရေ
      အဲဒီ ကိစ္စလေးကိုလည်းကျနော်သတိထားမိနေတာကြာပါပြီဗျာ။
      နိုင်ငံတော်တော်များများကခေါင်းဆောင်ကြီးငယ်တွေမဆိုပါဘဲ သူတို့စကားလုံးတွေကို
      အထူးဂရုစိုက်ပြီးပြောလေ့ရှိကြပါတယ်။
      အမေစု ဂျုတ်တွေပြောရင်တောင်ဂရုစိုက်ပြီးပြောလေ့ရှိတာ သတိထားမိတယ်။
      ဆိုလိုတာက “ငါခေါင်းဆောင်ဘဲ ငါပြောရင် မှန်ရမယ်၊လက်ခံရမယ် ဆိုတဲ့” မာန်မရှိတာ
      ဘဲ ဆရာရေ။ တကယ်မှန်မှ ပြောရဲတယ်ပေါ့နော်။
      တချို့ အလုပ်ရှင်တွေ၊ပိုက်ဆံချမ်းသာတဲ့လူတချို့ ပြောနေတာတွေ့ပါလိမ့်မယ်။
      ကိုယ်မှသိကိုယ်မှတတ် ပြောနေလိုက်ကြတာ။ ဒါပေမဲ့ သနားစရာကောင်းတာက
      သူတို့ပြောတာတွေဟာ အမှန်တရားနဲ့ ဘယ်လောက်ဝေးတယ်ဆိုတာ လူတော်တော်
      များများသိနေတယ်ဆိုတာ သူတို့မသိလိုက်တာပါဘဲ။
      နားမလည်တာကို ပညာရှင်နဲ့ ဆွေးနွေးရမှာလည်းရှက်ပြီး ထင်ရာစွပ်တင်နေကြတာပါဘဲဗျာ။
      အနဲငယ်သာသိသော ဗဟုသုတနှင့်ပြောဆိုခြင်း သည် အဆိပ်အတောက်မည်၏ ဆိုတော့ဆရာရယ်။
      အနဲငယ်မျှလောက်ပင်မသိဘဲ ထင်ရာမြင်ရာပြောသောအခါ ဆိုဘွယ်ရာမရှိပါဘဲခင်ဗျာ။

  • weiwei

    February 8, 2012 at 8:12 pm

    ယနေ့ခေတ်ပညာရေးအခြေအနေက သင်တာကိုပဲ ကျက်ပြီး စာမေးပွဲဖြေကြရပြီး တစ်လတစ်ခါ စာမေးပွဲဖြေပြီးရင် မေ့ပစ်လိုက်လို့ရပြီ … စာတော်ပါတယ်ဆိုတဲ့ကလေးတွေတောင် ကဗျာတစ်ပုဒ်လောက်ကို စိတ်ထဲစွဲနေအောင်မရကြတော့ပါဘူး … စာကိုကျက်ရုံပဲကျက်ပြီး စာကျက်တာတောင်မှ ဘေးကနေ ဂိုက်လုပ်ပေးတဲ့ဆရာမက အတူကျက်ပေးမှ ကျက်တတ်ကြတယ် …
    အဲဒီလိုကလေးမျိုးတွေ ဆယ်တန်းမှာ အမှတ်အများကြီးရပြီး တက္ကသိုလ်ကောင်းကောင်းရောက်တာတောင်မှ ကျူရှင်အားကိုးနေရတုန်းပါပဲ … unseen မေးရင် အားလုံးမဖြေနိုင်ကြတော့ဘူး … စဉ်းစားတွေးခေါ်တတ်တဲ့အလေ့အကျင့် လုံးဝနီးပါးမရှိခဲ့လို့ လုပ်ငန်းခွင်ထဲရောက်တော့လဲ အဆင်မပြေပါဘူး …

    စိတ်ဓါတ် … စည်းကမ်း … ပညာ ၃ မျိုးလုံး အားနဲလာခဲ့တာက မျိုးဆက် ၂ ဆက်လောက်ဖြစ်နေပြီမို့ နောင်မျိုးဆက်အတွက် ဆရာ ဆရာမတွေကိုလဲ လေ့ကျင့်ပေးရမယ် .. သင်ကြားရေးစနစ်ပုံစံကိုလဲ ပြောင်းလဲပစ်ဖို့လိုပါတယ် …

    ကျွန်မ ရွာထဲစဝင်ကာစက မြန်မာစာအတွက် ရင်လေးမိသေးတယ် ဆိုတဲ့နံမည်နဲ့ ပို့စ်တစ်ခု ရေးခဲ့ဖူးသေးတယ် …
    http://myanmargazette.net/30734/arts-humanities/languages-literature

    • thit min

      February 8, 2012 at 9:42 pm

      မြန်မာ့ပညာရေးဆိုတဲ့ ခေါင်းစဉ်ကိုဆွေးနွေးရရင်
      တော့ “ဘာသာတရားတခုကိုမိရိုးဖလာကိုးကွယ်”
      နေတဲ့ပုံစံမျိုးဖြစ်နေတာ ကြာပြီလို့ဘဲပြောရမှာဘဲ။
      ထုံးစံအတိုင်းဘဲဆက်လုပ်နေကြလို့ မြောလိုက် ဘွဲ့ရ ပညာရေးကြီးပါ။
      ဘွဲ့ ရ မရ ကိုပထမဦးစားပေး စဉ်းစားတာကိုကမှားနေတာ။
      ပြောလိုတာက “ဘာတတ်လဲ” လို့ မစဉ်းစားကြတာ။
      ဘွဲ့ရပြီးဘာတတ်လဲ ဆိုတော့ ဘာမှ သေသေချာချာမတတ်ကြဘူးလေ။
      အမှန်က ဘွဲ့ရတယ်၊ဘာကို သေသေချာချာတတ်တယ်လို့
      ဖြစ်ရမှာမဟုတ်လား။
      ဘွဲ့ရပြီး ကလေးအတန်းတောင် စာဖြောင့်အောင်မသင်တတ်ကြ
      တာတွေ၊ ကိုယ်ယူထားတဲ့ ဘာသာရပ်ကိုဘဲ ကျောင်းလဲပြီးရော
      ဘာမှမသိတာတော့တာတွေက အပုံကြီး။
      ပညာရေးကိုနားလည်သူများဦးဆောင်သောခေတ်ကို ရောက်ပါစေလို့သာ။

  • nature

    February 8, 2012 at 9:41 pm

    အင်မတန်ကောင်းပြီး ဟာကွက်မရှိတဲ့ပိုစ့်ကလေးတခုလို့ပဲဆိုချင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က ကြားဖူးတာလေးရှိတယ်။ ပထမအရွယ်မှာ ပညာရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊ တတိယအရွယ်မှ တရားရှာတဲ့ ။
    ပထမအရွယ်မှာပညာရှာဆိုတာက အတန်းစာအပြင် အမှားအမှန်အကောင်းအဆိုး အကြောင်းအကျိုး ကိုခွဲခြားသိနိုင်အောင် ဗုဒ္ဓတရားတွေကို လေ့လာခြင်း လို့ထင်ပါတယ်။
    မြန်မာပြည်သူားတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာ မနိမ့်ဘူး လို့ယုံကြည် ပါတယ်။

    • thit min

      February 8, 2012 at 9:53 pm

      မှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းရှိသောအသိတရား ကို
      ရှာခိုင်းတာလို့ကျနော်ယူဆပါတယ်။
      ကျနော်ပြောမိနေတဲ့ “အဝဲ(ယဲ)နက်(စ)”ပါဘဲ။
      ငယ်စဉ်ကထဲကမှန်ကန်တဲ့အတွေးအခေါ်အသိတရားရှိဘို့ ရှာပါပေါ့။
      နောက် အဲဒီအသိတရားကိုအခြေခံပြီး အတ္တ၊ပရ မျှတစွာနဲ့ စီးပွါးရှာပါပေါ့။
      နောက်ဆုံးမတော့ မှန်ကန်တဲ့အသိတရားနဲ့ ရိုးသားစွာရှာခဲ့တဲ့စီးပွါးကိုအားပြုပြီး
      နောင်ဘဝကူးကောင်းအောင် လုပ်ဆောင်ပါတော့လို့ ကျနော်နားလည်ထား
      ပါတယ်…
      —————————————-
      မြန်မာတွေရဲ့ အားနဲချက်က စည်းလုံးမှုမရှိတာပါ။
      တယောက်ထဲထိုင်နေတာတောင်မှ ဟိုဘက်တိုးအုန်းဆိုတာ
      ကျနော်တို့မြန်မာပါဘဲ။

      ကိုနေးချားရေ။ကျေးဇူးပါ။

  • aye.kk

    February 9, 2012 at 8:06 am

    ကိုသစ်မင်း…
    ကျမကိုအဖေအမြဲဆုံးမလေ့ရှိတာက..
    ပညာရွှေအိုးလူမခိုးပေါ့နော်ဆိုပြီး…
    အတန်းပညာတခုတည်းကိုမှမဟုတ်ပါဘဲ..
    မိမိအတတ်ပညာနဲ့အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ဘို့..
    လိုအပ်တယ်ဆိုပြီး၊ဈေးရောင်းပညာသင်ပေးခဲ့ပါတယ်..
    အမေကလည်းငါးပိလုပ်နည်းကိုပြုလုပ်တတ်အောင်သင်ပေးခဲ့ပါတယ်..
    ဒါတွေဟာလက်ဦးဆရာမည်ထိုက်စွာပုပ္ဗာစရိယမိနဲ့ဘဆိုသလို..
    မိဘနဲ့ဆရာသမားတို့အပေါ်မှာမူတည်နေပြန်ပါတယ်..
    ငယ်ငယ်ကဆိုနွေရာသီကျောင်းပိတ်ရက်တွေမှာ..
    ဆယ်ကျော်သက်(၁၅)နှစ်လောက်မှာပေါနော်..
    ဝါသနာပါသည်ဖြစ်စေ၊မပါသည်သည်ဖြစ်စေ..
    ကိုယ့်အင်္ကျီကိုယ်ချုပ်ဝတ်တတ်ရမယ်ဆိုပြီး..
    အင်္ကျီတစ်ထည်ကိုအစအဆုံးဖြုတ်ကာ..
    ဖယောင်းစက္ကူတွေဝယ်ထားပေးပြီးလေ့ကျင့်ညှပ်ခိုင်းခဲ့ပါတယ်..
    အသက်ကငယ်တော့မိဘကခိုင်းရင်လုပ်ချင်လဲလုပ်၊မလုပ်ချင်လည်းလုပ်ခဲ့ရတာပါ..
    ကိုယ်တတ်ထားတော့လဲပညာတစ်ခုရသွားတောတာ့ပေါ့နော်..
    မလုပ်စားလည်းတတ်ထားတဲ့ပညာရှိနေတော့..
    ဘဝကိုရင်ဆိုင်ရဲတဲ့သတ္တိကအပြည့်ပါဘဲ..
    ကြောက်စိတ်ဆိုတာကျမအနေနဲ့ကလုံးဝမရှိဘူးပေါ့နော်..
    ဝန်ထမ်းကနေပင်စင်ယူရင်ဘာလုပ်စားမှာလည်းလို့ကျမကိုမေးကြတယ်..
    ဈေးရောင်းစားမယ်ပြောတော့လူတွေကရယ်ကြတယ်..(မယုံဘူးပေါ့နော်)
    ကျမဖြစ်တည်ကြီးပျင်းလာမှုကိုသူတို့မသိတော့ကျမရှင်းပြမနေတော့ပါဘူး..
    အချိန်တွေကိုလည်း…(ငယ်ငယ်ကတည်းကစလို့ပေါ့နော်)
    ကစားချိန်တန်မှာကစားပြီး၊အားတဲ့ချိန်တွေမှာဝါသနာအရစာဖတ်တယ်..
    စာဖတ်တာကိုအဖေကဘယ်လောက်အထိလည်းဆိုရင်..
    ပညာမရတဲ့ဘယ်စာအုပ်မျိုုးကိုမှမပေးဖတ်ခဲ့ပါဘူး..
    ငယ်ငယ်ကသူများတွေက…
    တေဇရုပ်စုံစာအုပ်လေးဖတ်တာတွေ့လို့ဖတ်ချင်တယ်လို့အဖေ့ကိုပြောရင်..
    စည်းကမ်းနဲ့ပဲပေးဖတ်ခဲ့တယ်၊ပြီးရင်ချက်ခြင်းပြန်သိမ်းသွားခဲ့တယ်..
    ကျတို့စာဖတ်မှုအပေါ်ကြည့်ပြီးအဖေက..
    အမေရိကန်သံရုံးကနေထုတ်တဲ့တိုင်းမဂ္ဂဇင်းစာအုပ်ကိုလစဉ်ပုံမှန်မှာပေးပြီးဖတ်စေခဲ့ပါတယ်..(မြန်မာလိုဘာသာပြန်ထားတဲ့စာအုပ်ပါ)
    မဖတ်မနေရတစ်လုံးမကျန်ဖတ်ခိုင်းခဲ့ပါတယ်..
    ဘယ်လောက်အထိမှတ်သားမိသလဲဆိုတာလည်းအဖေကပြန်မေးပါတယ်..
    နွေရာသီကျောင်းပိတ်ရက်ရှည်တွေမှာလည်း၊ကမ္ဘာကျော်ရှိတ်စပီယားရဲ့ ့မူရင်းအဆိုကိုအတိအကျဘာသာပြန်ဆိုထားနိုင်တဲ့စာအုပ်မျိုးကိုသာလျှင်..
    အဖေကိုယ်တိုင်ကအပျင်းပြေဗဟုသုတရရှိစေရန်အတွက်ဆိုပြီးတော့သာခွင့်ပြုခဲ့ပါတယ်..
    ကျမခင်တဲ့ဘကြီးကလည်းငယ်စဉ်ကကြီးပြင်းလာသည်အထိအကျိုးရှိစေမဲ့ဘာသာရေး၊ဆေးပညာ၊
    အင်္ဂရုပ်ပညာအစရှိတဲ့ဗဟုသုတများစွာကိုအမြဲပြောပြလေ့ရှိခဲ့ပါတယ်…
    အဖေနဲ့ပတ်သက်ရင်လည်းခုချိန်ထိအင်မတန်မှဂုဏ်ယူလေးစားနေမိခဲ့ရပါတယ်..
    ဘကြီးကလည်းဘဝမှာပုံရိပ်ပမာထင်ဟပ်နေပါတယ်…(အမြဲတစေပါ)
    အကြောင်းကတော့…
    ကျနဖြတ်သန်းခဲ့ရတဲ့ဘဝတလျောက်သိထားသမျှတွေကို..
    လူဘုံလယ်အရှေ့မှာဝင့်ဝင့်ကြွားကြွားပြောဆိုပြနိုင်ခဲ့လို့ပါဘဲ..
    ကျမအသက်နဲ့အမျှဘယ်လောက်အထိနည်းပညာတွေနိမ့်ကျနေခဲ့တယ်
    ဆိုတာလည်းသိရှိနေခဲ့ရလို့ပါဘဲ.(ကျမအသက်၅ဝရှိပါပြီ)
    အဖေ့ကိုတစ်ခါကနိုင်ငံခြားမှာနေချင်တဲ့အကြာင်းတောင်းဆိုဘူးတယ်..
    အမေကမြန်မာပြည်မှာသာသာသနာရောင်ဝါအစစ်အမှန်ထွန်းကားရာနေမြေမို့..
    ဒီမှာဘဲခေါင်းချကာသေပါရစေလို့တောင်းဆိုခဲ့ပါတယ်…
    အဖေကအမေ့ဆန္ဒလိုက်လျှောကာမသွားဖြစ်ခဲ့ဘူး..
    ကျမဖြစ်ချင်တာတွေမဖြစ်ရတဲ့အခါအမေ့ပေါ်မှာအပြစ်တင်မိချင်တယ်..
    အားလုံးကကံအကြောင်းတရားတွေပါဘဲလို့မြင်မိပါတယ်..
    အမေကဗုဒ္ဓဘာသာသူတော်ဝင်စစ်စစ်ဆိုတော့ကာ..
    မြတ်စွာဘုရားဟောထားတဲ့လူသားတိုင်းရဲ ့
    ရင်ထဲမှာမြုပ်နှံရမဲ့ရွှေအိုးလေးလုံးကိုသာကျမအားလိုက်နာနိုင်ရန်ပြောပြခဲ့ပါတော့တယ်..။
    (လိုက်နာနိုင်ရန်မလွယ်ကူခဲ့ပါ)
    ၁။ဒါနဟူသောရတနာရွှေအိုး
    ၂။မိမိ၏ကိုယ်နှုတ်နှလုံးကိုကောင်းစွာစောင့်စည်းခြင်းဟူသောသီလရွှေအိုး
    ၃။မိမိ၏စိတ်ကိုစောင့်စည်းထိန်းချုပ်မှုဟူသောသမာဓိရွှေအိုး
    ၄။မိမိ၏စိတ်ကိုမိမိယဉ်ကျေးအောင်ဆုံးမနေသောပညာရွှေအိုး..။ ။

    • thit min

      February 9, 2012 at 8:55 am

      မှတ်သားဖွယ်ရာစကားလေးများအတွက် ကျေးဇူးပါအစ်မရေ။
      အစိုးရရဲ့ပညာရေးစနစ်ကြီးကို အပြစ်မတင်ခင်မှာ အိမ်ကမိဘ
      တွေရဲ့ အိမ်တွင်းပညာရေးစနစ်ကိုလည်း အရေးတယူစဉ်းစား
      သင့်တယ်လို့ နားလည်ထားတာမို့ အစ်မရဲ့ကော်မန့်လေးက
      လက်တွေ့ဆန်တဲ့ သဘောကိုထောက်ပြပေးလိုက်လို့ ကျေး
      ဇူးတင်ရကြောင်းပါ။ရွှင်လန်းချမ်းမြေ့ပါစေ ခင်ဗျာ။
      လေးစားစွာဖြင့်။

  • nozomi

    February 9, 2012 at 12:29 pm

    ကဲ ဆရာသစ်ရေ အရမ်းမြင့် လို့ ဝင်ဖတ် အဆင့်တွေမှာပဲ နေခဲ့ ပေမဲ့ ဒီတစ်ခုကိုတော့ ပို့စ်ထဲမှာ ရော မန်းထားတာပါမှာ မပြောကြသေးတာလေး တစ်ခု ကို ပြောတတ်သလောက်လေး ဝင်ပြောကြည့်ချင်ပါတယ်

    ပို့စ် ရော အောက်က မန်းထားတာတွေရော တော်တော်လေးကို ဗဟုသုတရပါတယ် ရေးတဲ့ မန်းတဲ့ သူတွေရဲ့ စေတနာကို အတိုင်းသားမြင်နေရတယ်

    ပညာ ဆိုတာ ဘာဆိုပြီး အနက်ဖွင့်တဲ့ အပေါ် မူတည်ပြီး လျှောက်တဲ့လမ်းတွေ ကွာကြမယ်လို့ ထင်ပါတယ်
    အတန်းပညာမှ ပညာလို့ ထင်တဲ့သူ ဘွဲ့ရရင် တော်ပြီပေါ့ ၊ သက်မွေးဝမ်းကြောင်းတတ်မှ ပညာ လို့ယူဆရင် ငွေရှာနိုင်တဲ့ ပညာတစ်ခု သင်မှာပေါ့ ၊ ပညာဆိုတာ မဆုံးနိုင်ဘူးလို့ ခံယူတဲ့သူ မသေမချင်းကို လေ့လာသင်ယူနေတာမျိုးလဲ တွေ့ဘူးရဲ့

    နောက် အမြင်တစ်ခုနဲ့ မြင်ကြည့်ရရင် ပညာမှာ သင်ယူချင်စိတ်က အရေးပါတာတွေထဲက တစ်ခုလို့ မြင်မိတယ် ၊ ကလေး နှစ်ယောက် မှာ တစ်ယောက်က သူ့ သဘာဝ ကိုက ပညာကို လိုလားတယ် ကျောင်းစာဖတ်တယ် ရွှေသွေးဖတ်တယ် အကြောင်းအရာ သစ်တစ်ခုကိုတွေ့ရင် သူကျေနပ်လောက်တဲ့ အဖြေမရမချင်း စပ်စုတယ် သင်ယူတယ် တော်ပါတော့လို့ ကို တားယူရတယ်
    နောက်တစ်ယောက် သင်ယူဘို့လေ့လာဘို့ကို အမြဲတွန်းအားပေးနေရတယ်

    နောက် အဖွားကြီး တစ်ယောက် အသက် ၈ဝ လောက်ရှိပြီး ၊ အိမ်မှာ အေးအေးဆေးဆေး နေနေတဲ့ အရွယ် အခုချိန်ထိ နေ့စဉ် ရေဒီယိုက လာတဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို စာရွက်နဲ့လိုက်မှတ် လေ့လာလုပ်တုန်း ( ဒီ အင်္ဂလိပ်စာတွေ ဘယ်မှာ သွား အသုံးချမလဲ ၊ မလိုတော့ပါဘူး လို့ ပြောလို့ရတဲ့ ကာလမျိုး ရောက်နေတာတောင် နေ့စဉ် လေ့လာတာ)
    ဒါကတော့ သူတို့ ဗီဇ ကိုက လေ့လာချင်စိတ် ထက်သန်နေသူတွေလို့ မြင်မိတာပဲ

    နောက်တမျိုးကတော့ ရည်ရွယ်ချက် တစ်ခု ၊ မျှော်လင့်ချက် တစ်ခု ၊ တွန်းအားတစ်ခုကြောင့် ပညာရပ်တစ်ခုခုကို လေ့လာ သင်ယူတာ

    နိုင်ငံတစ်ခု ရဲ့ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး ၊ အလုပ်အကိုင် အခွင့်အလမ်း ၊ သူရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ပညာရပ်တွေဘို့ လေ့လာဘို့ ရည်ရွယ်ချက်တွေ ၊ မျှော်လင့်ချက်တွေ ရှိလာမယ် တွန်းအားတွေဖြစ်လာမှာပဲ

    အဲဒီလိုတွေ ဖြစ်လာအောင်ကတော့……………….

    ကိုသစ် ရေ pooch ရဲ့ သူငယ်ချင်း ပြောတဲ့ —-ကိုသစ်မင်းကတော့ လူတော်သလောက် စိတ်ကောင်းစေတနာကောင်းရှိတဲ့သူတယောက် —– ဆိုတာလေး ကို ထပ်အတည်ပြုချင်ပါတယ်

    ( ကိုသစ် ဆီ စာပို့ထားတာလေး ရသလား မသိ )

    • thit min

      February 9, 2012 at 2:08 pm

      ဟုတ်ကဲ့ခင်ဗျာ ရပါပြီ။ခုဖတ်ပြီး ပြန်စာရေးလိုက်ပါပြီ။
      စာလေးအတွက်ကျေးဇူးပါခင်ဗျာ။
      ————————————————

      ကောမန့်နဲ့ပါတ်သက်ပြီး ဆွေးနွေးရရင်တော့
      အရေးကြီးတဲ့ အချက်ကိုဖြည့်စွက်ပေးလို့ကျေးဇူးပါ။
      ပညာရေးမှာ “ခံယူသူ” ကလုံးဝအရေးကြီးလှပါတယ်။
      တီချယ်ကြီးခဏခဏပြောနေတာဘဲနော်။
      ကိုယ်တိုင်အိပ်မှအိပ်ပျော်တယ်လို့။
      ကိုနိုးဇိုးမိပြောသလိုအဲဒီနေရာလေးမှာ
      ကျနော်စိတ်ဝင်စားခဲ့တာတခုရှိတယ်ခင်ဗျ။

      ကလေးစိတ်နဲ့ “သိချင်”တာ။
      အဲဒီ စိတ်ကလေးက ကလေးတွေမှာဟိုးအရင်က အကြီးကြီးကိုရှိတာပေါ့…
      အဲဒီစိတ်ရှိတဲ့ကလေးတွေမှာလဲ “ဘာမဆိုဖြစ်တယ်” ဆိုတဲ့စိတ်ကလေးပါရှိနေ
      တတ်တာ တွေ့မိတယ်။သူကဖြစ်မယ်ဘဲထင်တာ။
      နိုး…… ဆိုတဲ့ မက်ဆေ့ချ်ကိုသူလုံးဝ မစဉ်းစားထားဘူးဗျာ။
      ပြောရရင်ဗျာ၊ စူပါမဲန်း ဘယ်လိုပျံလဲလို့သူကသိချင်တယ်။ မေးတယ်။
      လူကြီးတွေက ဟာ-အဲဒါရုပ်ရှင်ကွ၊ တကယ်မဖြစ်နိုင်ဘူးလို့ သူ့ကိုပြန်ပြောမယ်ဗျာ။
      အဲဒီလိုမျိုးတွေ သူကမေးလိုက်၊အဖြေမရလိုက်နဲ့ ကြာလဲလာရော သူ့စိတ်မှာ
      လောကကိုမယုံကြည်တော့ဘူးဗျ။
      မလုပ်နိုင်တာတွေလဲရှိတယ်လို့လက်ခံလာတယ်။
      ဆိုးသွားတာက အဲဒီမှာ “တကယ်လုပ်နိုင်တာတွေကိုပါ”မလုပ်နိုင်ဘူးလို့ယုံသွားတာဗျို့။
      ပြီးတော့ မေးခွန်းတွေမှာကြေနပ်လောက်တဲ့အဖြေတွေလဲမရတတ်တော့အင်မတန်အဖိုး
      တန်လှတဲ့ စူးစမ်းစိတ်ကလေးပါ ပျောက်သွားပါလေရောဗျာ။
      ဖြစ်နိုင်မယ်လို့မယုံကြည်တော့ဘူး (ရလာဒ်မရှိဘူးလို့စဉ်းစားမယ်ဗျာ)။
      စူးစမ်းလိုစိတ်မရှိတော့ဘူး (စိတ်မဝင်စားတော့ဘူးဗျာ)
      ဆိုရင် အဲဒီဟာကို “မသင်ချင်၊မသိချင်” ကြတော့ဘူးဗျ။
      ပါတ်ဝန်းကျင်နဲ့မိဘ အပါအဝင် တိုင်းပြည်ရဲ့အခြေအနေတွေနဲ့များစွာသက်ဆိုင်ပါတယ်
      လို့ပြောပါရစေဗျာ။
      ဒီကနေ့ မြန်မာစာကို စားလုံးပေါင်းမှန်အောင်ရေးနိုင်သူကို ဆယ်တန်းအောင်ရုံနဲ့တလလခ
      ၅ သိန်းပေးရမယ်လို့ ဥပဒေထုတ်ကြည့်ပါလား။
      မြန်မာစာသင်တန်းတွေလဲကြီးပွါးလာမှာ။ ရွာထဲက မမ လဲ ကျောင်းအုပ်ကြီးတောင်ဖြစ်အုန်းမှာ။
      အများစုက “လာဘ်”ဆိုတဲ့ “အင်ဆဲန်းတစ်(ဗ)” မြင်မှလုပ်ချင်ကြတဲ့လူ တွေ ဆိုတော့လည်း နော်။

  • aungnng87

    February 9, 2012 at 2:07 pm

    ကိုသစ်မင်းရေ…ကျနော်ကတော့ ကိုသစ်မင်းအပေါ်မှာမန့်ထားတဲ့ လတ်လျှားလတ်လျှားရှောက်သွားနေတဲ့ မြန်မာပြည်ကတချို့လူငယ်တွေကို
    လုပ်ငန်းခွင် သင်တွေ့ကြုံနဲ့ ဘဝကို တိုးမြှင့်စေချင်တာပါ ဆိုတာထက် ပိုက်ဆံမတတ်နိုင်ဘဲ ကျောင်းတက်ချင်နေတဲ့ စာတတ်ဖို့ စိတ်ထက်သန်နေတဲ့ ကလေးတွေကိုဦးစားပေးပြီး သင်ကြားပေးဘို့ အတွက် ဒီပညာရေးအတွက်တိုးမြှင့်ထားတဲ့ ရာခိုင်နှုန်းတွေကိုသုံးစွဲစေချင်ပါတယ်။ ဒါဆိုရင်၂ဦး၂ဘက်ထိရောက်မယ်လို့ထင်ပါတယ်။

    • thit min

      February 9, 2012 at 2:20 pm

      ဟုတ်ကဲ့ပါကိုအောင်ရေ
      မှန်ပါတယ်။
      အဲဒီအတွက်ဘဲ သူတို့ရည်ရွယ်ရမှာပါ။ဘတ်ဂျက်ထဲမှာ ကျောင်းပညာရေးကိုဘဲ
      လုပ်ဖို့ အသေးစားဘတ်ဂျက်တွေခွဲပြီးသားမို့ ကလေးသူငယ်စာသင်ကြားရေးလဲ
      ပါပါတယ်။
      တခုပါဘဲ အခမဲ့ ပညာရေးကို အဆင့်တိုးပေးဖို့ လိုအပ်ပါတယ်။
      နိုင်ငံတချို့မှာ ဘွဲ့ရအထိတောင် အခမဲ့ပညာရေးတွေရှိပါတယ်။
      (ပြည့်သူ့အခွန်တော့မြင့်တယ်ဗျာ။ စားသုံးခွန် ၃၅% အထိကောက်တာပေါ့နော်)
      လတ်လျှားလတ်လျှားတွေကို အလုပ်လုပ်စေချင်တာက(လက်ငင်း)
      အကျိုးခံစားရရှိစေချင်လို့ပါ။
      ကိုအောင်ထောက်ပြပြောဆိုတဲ့ ကလေးငယ်လေးတွေ(အနာဂတ်အင်အား)တွေက
      အဲဒီလတ်လျှားတွေအလုပ်လုပ်လို့တိုင်းပြည်တိုးတက်လာတဲ့နောက် ကျွဲကူးရေ
      ပါဖြစ်လာမှာပါဘဲ။ စီးပွါးရေးမကောင်းလို့ကျောင်းမတက်နိုင်းတာ ရှင်းနေတာမလို့
      ကျနော်မြင်တာက စီးပွါးရေးအင်ဂျင်ကြီး အရင်နှိုးပြီးမောင်းဖို့လိုတယ်လို့ပါ။
      ကိုအောင် သတိပေးပြောလိုက်လတာလေးကို လေးစားကျေးဇူးတင်ရပါတယ်ခင်ဗျာ။

  • unclegyi1974

    February 9, 2012 at 10:00 pm

    ကာလတို၊ကာလရှည် လေ့ကျင့်ရေးသင်တန်းများ၊
    ဆိုတာနဲနဲပြောချင်ပါတယ်
    ဒီလိုသင်တန်းမျိုးတွေမြန်မာမှာအရင်ကတည်းကရှိပါတယ်
    ၁၉၈ဝကျော်ကကျွန်တာ်ဆင်တဲ ထုံးဘို စတဲ့မြစ်အနောက်ဘက်ကမ်းက
    ကစလ အလုပ်ရုံတွေကိုလေ့လာရေးအဖွဲ့တွေနဲ့လိုက်ခဲ့ဖူးပါတယ်
    တကယ်ကောင်းတဲ့စက်တွေ တကယ်ကောင်းတဲ့လေ့ကျင်ပေးမှုတွေကိုမြင်တွေ့ခဲ့ရပါတယ်
    ဘယ်လောက်လေ့ကျင့်ပေးသလဲဆိုလက်ရေးစာလုံးတွေကအစတပုံစံတည်းတုူအောင်
    လေ့ကျင့်ပေးတာဗျာ ဒါပေသိတောထဲမှာဗျာ
    ဝမ်းနည်းစရာကောင်းတာကလူအများလေ့လာနိုင်အောင်သင်တန်းတွေကိုမဖွင့်ပေးတာပါပဲ
    အုပ်ချုပ်မှုပုံစံပြောင်းလို့စံနစ်တွေပြောင်းပြီးလူငယ်အများသင်ကြားနိုင်ခွင့်ရခဲ့ရင်
    ကိုသစ်မြင်ချင်တာမြင်ရဖို့မဝေးဖူးလို့ထင်ကြောင်းပါ

    • thit min

      February 9, 2012 at 11:41 pm

      အန်ကယ်ကြီးရေ
      ဝင်ရောက်ဆွေးနွေးမှုအတွက်ကျေးဇူးပါနော်။
      Vocational Training စကားလုံးကိုကျနော် ပြန်ပြောထားတာပါ။
      အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းကျောင်းတွေကိုဆိုလို
      ပါတယ်။ အနဲဆုံး ၂ နှစ်သင်ကြရပါတယ်။
      ကျောင်းလခပေးရပါတယ်။ တကယ်တတ်ပါတယ်။
      အလုပ်ရဘို့ သေချာပေါက်နီးပါးရှိပါတယ်။လခကတော့ပုံမှန်
      ဖြစ်ပါလိမ့်မယ်။
      ကျနော်တို့ ဟိုး ဂျီတီအိုင် အစလိုဟာမျိုးပါဘဲခင်ဗျာ။
      အာအိုင်တီဆင်းတွေ လခနဲလို့မလုပ်နိုင်တာတွေ သူတို့
      လုပ်တယ်ပေါ့နော်။
      အဲဒီလို ကျောင်းမျိုးတွေ ပညာစုံကိုဖွင့်စေချင်တာပါ။
      ကိတ်မုန့်ဖုတ်တာကစလို့ သင်ပေးလို့ရတာမျိုးပါ။
      ဖြစ်နိုင်မယ်လို့ယူဆလို့ရတဲ့အထဲ သူ့ကိုစဉ်းစားမိပါတယ်။
      သာမန်ကျောင်းပညာရေးဆိုတာထက် သီးသန့်သဘောဆောင်တာ
      လေးတွေ ကျနော်စဉ်းစားချင်ပါတယ်။
      တခုခုလုပ်တတ်ကိုင်တတ်သော ပညာ ရေး ဖြစ်စေချင်လို့ပါဘဲ။

  • padonmar

    February 10, 2012 at 3:01 am

    ကိုသစ်ရေ
    ကွန်မကောင်းလို့ ဖတ်လိုက်မန့်မရလိုက်ပဲ။
    မြန်မာပြည်မှာ တကယ်စာသင်ချင်တဲ့ဆရာကောင်းတွေ အများကြီးရှိပါတယ်၊ခက်တာက ကျောင်းတွေရဲ့ ပညာသင်ကြားရေးစနစ်ကို မကြိုက်လို့ ထွက်ပြီး ကျူရှင်ပြသူပြ၊အခြားအလုပ်လုပ်သူလုပ်ဖြစ်နေကြတာပါ။
    ဥပမာ ကျွန်မ သူငယ်ချင်း 2000 group leader မေအေးဦးပါ.
    စာသင်ချင်လွန်းလို့ လူငယ်တွေတိုးတက်စေချင်လွန်းလို့ ကိုယ့်စားရိတ်ကိုယ်စားပြီး အပင်ပန်းခံ သင်တန်းတွေဖွင့်ပေးနေပါတယ်။ပညာရေးတပိုင်းတစဖြစ်ရတဲ့ ကလေးတွေ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းတွေလည်း လုပ်ပါတယ်။အဆင်ပြေရင် သူ့သင်တန်းတွေအကြောင်း ဂေဇက်မှာ တင်ပါအုံးမယ်။

    နောက် Vocational Training နဲ့ပတ်သက်လို့
    ဂျပန်အထောက်အပံ့နဲ့ အထည်ချုပ်အသင်းက စက်ချုပ်သင်တန်း(သင်တန်းကြေး ၁၅၀၀၀)သင်ပေးပါတယ်။
    Supervisor course ,Mechnaic course တွေလည်း သင်ပေးနေတယ်လို့ သိရပါတယ်။

    အရင်က ဓာတ်ပုံအသင်းရဲ့ ဓာတ်ပုံပညာသင်တန်းနဲ့ အိမ်တွင်းမှုပညာသင်ကျောင်းဘောင်ဒရီ ရဲ့ မုန့်လုပ်နည်း၊စက်ချုပ်နည်း သင်တန်းတွေကိုလည်း သတိရမိပါတယ်။အသက်မွေးဝမ်းကျောင်းလို့
    ရလောက်အောင်တတ်ပါတယ်။
    အခုYWCA သင်တန်းတွေ ရံခါကြားနေရပါသေးတယ်။

    စမ်းချာင်းမှာ မနောရမ္မ ပညာဒါန၊မြောက်ဥက္ကလာ ? မှာပညာဒါနကျောင်းတွေရှိပါတယ်။
    language သာမက ကွန်ပျူတာ၊အီလက်ထရောနစ် စတာတွေ အခမဲ့ သင်ပေးပါတယ်။
    မြောက်ဥက္ကလာပညာဒါနမှာ ပြင်သစ်ဘာသာ သင်တန်း၂ခါပြန်တက်ပြီး ပြင်သစ်သွားအလုပ်လုပ်လို့ အဆင်ပြေခဲ့တဲ့ လူငယ်လေးတစ်ယောက်ကိုတွေ့ဖူးပါတယ်။

    ကျွန်မအလုပ်က ကလေးတွေကို အဲဒီမနောရမ္မမှာ သင်တန်းတွေ On Duty ပေးပြီးသွားတက်ခိုင်းဖူးပါတယ်၊ အပြင်ကွန်ပျူတာသင်တန်းတွေလည်း သင်တန်းကြေးပေးပြီးတက်ခိုင်းဖူးပါတယ်။မှန်းသလောက် တိုးတက်မလာသလိုပါပဲ။
    MHR က ဆရာဦးအေးကျော်ကို seminar တစ်ခုမှာ အဲဒီအကြောင်းမေးကြည့်တော့ ဆရာက သူတို့ဒီသင်တန်းတက်ရင် ဘာ Incentive ရမယ်ဆိုတာ ပြောပြပြီးသင်ခိုင်းပါလို့ပြောပါတယ်။
    ကျွန်မသဘောဆိုရင်တော့ Incentive ကြောင့်မဟုတ်ပဲ ကိုယ့်လူတွေကို learning proneဖြစ်စေချင်တယ်။
    Learning society တည်ဆောက်ချင်ပါတယ်။
    ကျွန်မတို့ရဲ့ လူငယ်တွေမှာများ တက်ကြွတဲ့ အားမာန်တွေမရှိတော့တာလား မသိတော့ပါဘူးကိုသစ်ရေ။

    • TTNU

      February 10, 2012 at 10:02 am

      ပဒုမ္မာရေ…

      (ကျွန်မတို့ရဲ ့ လူငယ်တွေမှာများ တက်ကြွတဲ့ အားမာန်တွေ
      မရှိတော့တာလား မသိတော့ပါဘူးကိုသစ်ရေ။) ဆိုတဲ့ အတွေးလေး
      တီချာလည်းပေါက်ဖူးလို့ နည်းနည်းဝင်ပြောကြည့်တာပါ။

      ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတဲ့ Issues တွေ သူတို့မှာရှိနေကြတယ်။

      (၁) လူငယ်ပဲဆိုတဲ့စိတ်နဲ့ ” လွတ်လပ်စွာ ဝတ်ဆင်ရဲတယ်၊ သင်္ကြန်မှာ အော်ချင်
      တာအော်ရဲတယ်၊ မိန်းကလေးတွေကအစ သောက်ချင်တာသောက်ရဲတယ်၊ လက်တွေထောင် မြှောက်ပြီးကရဲတယ်”

      (၂) အတန်းထဲမှာ စာဆွေးနွေးတဲ့အခါ၊ Any questions? လို့ မေးတဲ့အခါ
      (စာအလွတ်ကျက်တာပြန်မေးတာမဟုတ်ဘူးနော်။ ) “လုံးဝ ခေါင်းငုံ့ထားတယ်၊
      ပါးစပ်ပိတ်ထားတယ်၊ လက် မထောင်တော့ဘူး ”
      အပေါ်နံပါတ်(၁) မှာလုပ်ခဲ့ဖူးတာ သူတို့ မဟုတ်ခဲ့တဲ့ အတိုင်းပဲ။

      (၃) ပညာရေးစံနစ်လို့ဝေဖန်ရအောင်ကလည်း တီချာရဲ ့ ကိုယ်ပိုင်အတန်းပါ။
      ပြည်ပမှာသင်သလို Discussion Methods, Presentations, Group Work,
      Pair Work… အားလုံး ပါဝင်နိုင်တဲ့ Active Learning တွေသုံးတာပါ။
      ကျောင်းမှာလုပ်နေကျမဟုတ်လို့ မလုပ်တတ်ဖူးဆိုရင် အပေါ်ကနံပါတ်(၁)
      မှာလုပ်ခဲ့တာတွေကရော လို့မေးစရာရှိလာပါတယ်။

      ဒီတော့ သူတို့ တစ်ခုခုတော့ လွဲနေတယ်မဟုတ်ပါလား။
      တီချာလည်းတစ်နိုင်အားလေးနဲ့တော့ ကိုယ်ပြင်လို့ရမဲ့နေရာမှာပြုပြင်နေဆဲပါ။

    • weiwei

      February 10, 2012 at 10:14 am

      အန်တီပဒုမ္မာတွေးသလိုမျိုး ကျွန်မလဲ ကြုံနေရပါတယ် … ကျွန်မက အဆက်မပြတ်သင်ယူချင်တဲ့စိတ်ဓါတ်ရှိပြီး ဘာကိုမဆို လေ့လာချင်စိတ်ရှိတယ် … ကျွန်မရဲ့အလုပ်ထဲက တပည့်တွေမှာ အဲဒီလိုစိတ်ဓါတ်မရှိကြတာ တွေ့ရပါတယ် … သူတို့ဘာကြောင့်မရှိသလဲဆိုတော့ ဒါတွေသိနေ တတ်နေလို့ ဘယ်မှာသွားသုံးရမလဲ? လစာတိုးလာမှာမို့လို့လား? စသဖြင့် မျှော်လင့်ချက်မရှိတာကြောင့်လို့ တွေ့ရတယ် …

      ကျွန်မကိုယ်တွေ့ကတော့ ဘယ်ပညာမဆို အသုံးတည့်တာကို တွေ့ရပါတယ် … ဆယ်တန်းအောင်တုန်းက ခဏသင်ခဲ့ဖူးတဲ့ ဂျပန်စာလေးတောင်မှ ဂျပန်မတစ်ယောက်နဲ့သိရချိန်မှာ ပေါင်းသင်းဆက်ဆံရေးလွယ်ကူသွားခဲ့ဖူးပါတယ် …. တရုတ်ဘာသာစကားကို UFL မှာ သင်ခဲ့တဲ့အကျိုးကျေးဇူးက တရုတ်ပြည်ကို ပထမဆုံးရောက်သွားချိန်မှာ အသုံးတည့်နေခဲ့ပါတယ် … pagemaker နဲ့ DTP ကောင်းကောင်းလုပ်တတ်ခဲ့လို့ အလုပ်ဝင်တော့ စာရေးမတွေရဲ့ အထင်ကြီးခြင်းကို ခံရပြီး သူတို့ကို အလွယ်တကူ ဆရာလုပ်နိုင်ခဲ့တယ် … ငယ်ငယ်တုန်းက လူကြီးတွေကျက်ခိုင်းလို့ အလွတ်ကျက်ခဲ့ရတဲ့ ဘုရားစာတွေက တရားစခန်းဝင်တဲ့အချိန်မှာ အသုံးဝင်နေပြန်ရော … အမှုမဲ့အမှတ်မဲ့ ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေကအစ ပညာတစ်ခုအနေနဲ့ ဗဟုသုတတိုးစေခဲ့တာမို့ နေ့စဉ်ကြုံတွေ့သမျှတွေကို ပညာတစ်ခုလို သဘောထားခဲ့ရင် တစ်နေရာရာမှာ ပြန်အသုံးတည့်နေတာကို လက်တွေ့နဲ့ယှဉ်ပြီး နားလည်ခဲ့ပါတယ် …

      ကျွန်မလဲ ကိုယ်တတ်ကျွမ်းတာလေးတွေကို ပြန်သင်ပေးချင်တဲ့ဆန္ဒရှိပါတယ် … လောလောဆယ် တပည့်တစ်ယောက်ရှိပြီး သင်ပေးဖြစ်နေပေမယ့် သူ့ကြောင့် ကျွန်မ တော်တော်စိတ်ဓါတ်ကျနေမိတယ် … ဘယ်လိုပဲ ကိုယ်ကစိတ်ပါလက်ပါ သင်ကြားပေးပေမယ့် သင်ယူချင်တဲ့စိတ်ဓါတ်နဲ့ ဉာဏ်ရည်ဉာဏ်သွေးကလဲ ရှိအုန်းမှ …

      ပြည်တွင်းမှာတင်ပဲ သင်ကြားနိုင်တဲ့ ပညာရပ်တွေ၊ ပြည်တွင်းကနေ နိုင်ငံတကာအဆင့်မှီ စာမေးပွဲတွေကို ဖြေဆိုနိုင်တဲ့အခြေအနေရှိနေပါပြီ … ကြိုးစားချင်တဲ့စိတ်ဓါတ်နဲ့ ဝီရိယလေးတစ်ခုသာ လိုအပ်တော့ပါကြောင်း …..

    • thit min

      February 11, 2012 at 1:31 am

      အစ်မပဒုမ္မာရေ…..(တီချယ်ရေလို့လဲ အဒ်ဒီရှင်းမယ်ဗျာ 🙂 )…..
      စိတ်ပိုင်းဆိုင်ရာဦးစားပေးမှု အဆင့်နဲ့ ဆိုင်ပါတယ်လို့ ကျနော်မြင်ပါတယ်။
      သင်ချင်စိတ်မရှိဘူး ဆိုပေမဲ့ ခုခေတ်ကလေးတွေက ဂိမ်းတွေ၊အဆိုအကတွေ၊
      ကလပ်တွေ၊(တီချယ်ကြီးပြောတဲ့)ဟေးလားဝါးလားတွေမှာစိတ်ပါ သလား မမေး
      နဲ့လို့ဆိုရမလိုပါ။
      ပါတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုပါ။
      လက်တွေ့ဥပမာဘဲကြည့်ပါအုန်းနော်။
      ဒီဂေဇက်ရွာထဲမှာ တယောက်က “ချင့်” ဆိုတာနဲ့ အားလုံး လိုက်ပြီး “ချင့်”ကြပါ
      တော့တယ်။
      တယောက်က ကျားကို မ လို ပြောဆိုဆက်ဆံတာနဲ့ တော်တော်များများလိုက်ပြော
      ကုန်ပြန်ပါတယ်။
      (ပါတ်ဝန်းကျင်နဲ့လိုက်ပြီး အရောင်ပြောင်းတတ်ခြင်းကိုပြောပြခြင်းသက်သက်ပါ
      မိမိတို့သဘောအတိုင်း လွတ်လပ်စွာ ပြောဆိုနိုင်ပါတယ်နော်)

      မြန်မာပြည်မှာလဲ ဆယ်လီဘရစ်တီတွေရဲ့ အပြုအမှုအနေအထိုင်တွေကို ပုံတူပါဘဲ။
      ငွေဖြုန်းပြီးကလပ်တက်ရတာ အကောင်းထင်နေတဲ့ အပျော်အပါးဦးစားပေး ဆိုစိုက်ရတီ
      ကြီးမှာ အတွေးမှားအမြင်မှားတွေ လူအငယ်တွေရော လူအကြီးကြီးတွေမှာပါရှိနဲ့တဲ့ ထုနဲ့
      ထည်နဲ့ သည်ဦးတည်ချက်လွဲပါတ်ဝန်းကျင်ကြီး မှာ ဘယ်လိုလုပ်ကလေးအများစု က
      “သင်ချင်စိတ်” ရှိပါ့မလဲဗျာ။

      ဆိုတော့ကာ “သင်ချင်လာအောင်လုပ်ပေးမဲ့ ပါတ်ဝန်းကျင်” လိုပါတယ်။
      Incentive ဆိုတာ Pull Factor ဆွဲအားပေါ့။
      Pull Factor နဲ့ မရခဲ့ရင် Push Factor တွန်းအားနဲ့ သွားရမှာပါ။
      ဆွေးနွေးပွဲတွေ ဆီမီနာတွေဟာ အဲဒီ “အဝဲ(ရ)နက်(စ)” တွေပေးတဲ့ နေရာပါ။
      လက်ရှိအနေအထားအနေနဲ့ကတော့ ကျနော်တို့နိုင်ငံအတွက် သင်ချင်စိတ်အတွက်
      ပါတ်ဝန်းကျင်ရဲ့လှုံ့ဆော်တဲ့ တွန်းအားတွေ အမေစု ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

  • Swal Taw Ywet

    February 10, 2012 at 6:04 pm

    ဆရာသစ်နှင့် ဦးဦးပါလေရာအတွက်
    စက်မှု စိုက်ပျိုးနှင့် သက်မွေးပညာက မွေးထုတ်ပေးလိုက်တဲ့ A.G.T.I တစ်ယောက်အဖြစ် ဝင်ရောက် ဆွေးနွေးခွင့်ပြုပါ။
    ဆရာသစ်ပြောခဲ့တဲ့ သင်တန်းမျိုးတွေ G.T.I တွေ T.H.S တွေမှာ ရှိခဲ့ဖွင့်ခဲ့ပါတယ်။ (ကျနော်တို့ကျောင်းသားဘဝ 2000 ခုနှစ် ဝန်းကျင်က)
    မြန်မာစာ ရေးတတ်၊ ဖတ်တတ်သူတွေ တက်ရောက်နိုင်တဲ့ လျှပ်စစ်ကြိုးသွယ်၊ မော်တော်ယာဉ် စက်ပြင်၊ တွင်ခုံ၊ သံဂဟေ၊ လက်သမား၊ ပန်းရံ စတဲ့ သင်တန်းတွေက ို ညနေပိုင်း (၃) လသင်တန်း အဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ E.T.E.C, E.G.T.I တွေလဲ (၈) တန်းအောင်/(၁၀)တန်းအောင် (ဝန်ထမ်းများ)အတွက် ဖွင့်ပေးခဲ့တာ ကြားဖူးပါတယ်။ (အခုကာတာမှာ ကျနော်တို့နဲ့ အတူအလုပ်လာလုပ်နေတဲ့ BSc မြန်မာတစ်ယောက်ဟာ အဲဒီ့ ၃ လသင်တန်းဆင်းလက်မှတ်၊ မြန်မာ့သစ်လုပ်ငန်းက လုပ်ငန်းခွင်အတွေ့အကြုံနဲ့ အင်္ဂလိပ်လို ပြောနိုင်တာ ပေါင်းပြီး ရောက်လာတာပါ။)
    (လက်ရှိ အဲဒီ့သင်တန်းတွေ ရှိ/မရှိတော့ လှမ်းမေးထားဆဲပါ။ ကျောင်းတွေက မြို့ထဲနဲ့ဝေးတဲ့ မြို့ပြင်တွေ ရောက်သွားကြတော့ ညပိုင်း ပြန်ဖို့ အဆင်မပြေကြတာနဲ့ မတက်နိုင်/ မဖွင့်နိုင်တော့ဘူးထင်ပါတယ်။ )
    သင်ထောက်ကူပစ္စည်းနဲ့ပါတ်သက်ပြီး နည်းနည်း ပြောချင်ပါတယ်။ စက်မှုကျောင်းတွေ( ကျောင်းဟောင်းတွေ)မှာ တော်တော်များများရှိပါတယ်။ လုံးဝကိုထုတ်မသုံးတာ ၊ သုံးရကောင်းမှန်းကို မသိကြတာမို့ပါ။ G.T.I ကျောင်းသားဘဝမှာ လက်တွေ့များများ လုပ်ပေးချင်တဲ့ ဆရာတစ်ယောက်နဲ့ အနီးကပ်နေခွင့်ရခဲ့လို့ ပြောနိုင်တာပါ။
    ဆရာနဲ့ အနီးကပ်နေတဲ့ ကျောင်းသားတွေမို့ ဝပ်ရှော့ခန်း ၊ စတိုခန်း သန့်ရှင်းရေးတွေ ကူလုပ်ပေးခဲ့ရပါတယ်။ သော့ခတ်ထားတဲ့ ဘီရိုတွေကိုဖွင့်လိုက်တော့ Packing မဖွင့်ရသေးတဲ့၊ တချို့ဆို ခြတက်နေတဲ့ လက်တွေ့ခန်းသုံး ပစ္စည်းတွေ တွေ့ခဲ့ရပါတယ်။ (Made in Japan တွေပါ)
    နမူနာနဲနဲပြပါမယ်။
    EP သင်တန်း အတွက်မို့၊ ကွိုင်ပတ်လေ့ကျင့်ဖို့ မော်တာအိမ်ခွံအလွတ်တွေ၊ ကွိုင်ခွေစက်နဲ့အတူ ကွိုင်ကြိုး (Enamel Wire) ဆိုဒ်စုံ၊ ပလပ်စတစ်အိတ်ပိတ်လျက်သားတွေ တွေ့ခဲ့ရပါတယ်။
    ဆရာပြောတာက 1980 ခုနှစ်ကျော်လောက်ကတည်းက THS အတွက် ဂျပန်နိုင်ငံအထောက်အပံ့နဲ့ ရောက်နေခဲ့တာတဲ့။ ကျနော်တို့ ကျောင်းသားဘဝ 2000 ခုနှစ်အထိ အသုံးမချခဲ့သေးတာပါခင်ဗျ။
    မုံရွာ G.T.I မှာတော့ ဂျပန်က ပေးခဲ့တယ်ဆိုတဲ့ မီးခိုးရောင်ပစ္စည်းတွေ၊ ဂျာမနီကလာတဲ့ အနီရောင်ပစ္စည်းတွေ သုံးပြီး လက်တွေ့ လေ့ကျင့်ခဲ့ရပါတယ်။
    နောက်ပိုင်း ဆရာမပြန်လုပ်နေတဲ့ သူငယ်ချင်းတွေ ဆီကကြားရတာတော့ စိတ်မကောင်းစရာပါ။ EP သင်ရိုးမှာပါတဲ့ PLC (Programmable Logic Controller) ဘာသာရပ် လက်တွေ့လေ့ကျင့်ဖို့ ပေးထားတဲ့ Computer မှာ VCD ကြည့်ရင်နှေးလို့ဆိုပြီး PLC Training Program ကို Delete လုပ်ပစ်လိုက်ကြပါပြီတဲ့။
    သင်ကြားရေးနဲ့ ပါတ်သက်ပြီး ကျနော် Post လေးတွေ ရေးတင်ထားပါသေးတယ်၊။ စိတ်ဝင်စား ၊ ဝါသနာပါလို့ပါ ခင်ဗျ၊
    ဧပြီလကုန်ဆိုရင် ကျနော့် အလုပ်က စာချုပ်သက်တမ်းပြည့်ပါပြီ။ Company က ဆက်လုပ်ဖို့ ကမ်းလှမ်းပေမယ့် ကျနော်ပြန်ပါတော့မယ်။ ကျနော့်ကျေးဇူးရှင် ဆရာကိုဆက်သွယ်ပြီး.. သူအဆင်ပြေ/ကူညီနိုင်မယ်ဆိုရင် လက်တွေ့ကို ဦးစားပေးသင်တဲ့ ကိုယ်ပိုင်သင်တန်းကျောင်းလေးတစ်ခု တည်ထောင်ချင်လို့ပါ။
    ဆရာသစ်ရဲ့ အတွေးစိတ်ကူးအတွက် အုတ်တစ်ချပ် ဖြစ်စေမယ့် လက်တွေ့သင်တန်းလေးပေါ့။
    ကျေးဇူးတင်ပါတယ်
    With respect,
    Swal Taw Ywet.

  • thit min

    February 11, 2012 at 1:37 am

    သိပ်ကောင်းပါတယ် ဆွယ်တော်ရွက်ရေ
    ဖြစ်အောင်လုပ်ပါလို့ တိုက်တွန်းပါတယ်နော်။
    အသိပညာ၊အတတ်ပညာဖြန့်ဝေခြင်းဟာ လူသားတာဝန်ပါ။
    ငွေရှာ ချမ်းသာရုံနဲ့ လူ့လောက မပြည့်စုံပါဘူး။တာဝန်ကျေတဲ့ လူသား
    ဖြစ်အောင်က လောကတိုးတက်ရေးအတွက် အခုလို ဆွယ်တော်ရွက်
    တို့လို စိတ်ထားကောင်းတွေရှိဖို့အမှန်လိုအပ်ပါတယ်။
    လေးစားချီးကျူးပါတယ်။အောင်မြင်သော တနေ့ကိုယုံကြည်စွာ
    စောင့်မျှော်ကြည့်လိုက်ပါတယ်လို့။
    ကျေးဇူးပါ။

  • Green Rose

    February 14, 2012 at 10:43 pm

    ဦးသစ်မင်းရဲ့ post တွေကိုဖတ်ရတာ ဗဟုသုတတွေရလို့ ကျေးဇူးတင်ပါတယ်။
    Green Rose အမြင်ပြောရရင်တော့ Green Rose တို့တိုင်းပြည် အမြန်ဆုံးတိုးတက်ဖို့ ၊ ကောင်းဖို့ဆိုရင် အသိပညာရှင်၊ အတတ်ပညာရှင်တွေကို လူမှန်နေရာမှန် အသုံးချတတ်ဖို့ လိုပါတယ်။ အဲဒါမှာ Green Rose တို့ လူမျိုးရဲ့ အလေ့အထက မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်ကြားမှာ ပြောသလိုလုပ်၊ ခိုင်းသလိုလုပ်၊ ဆိုတဲ့ပုံစံနဲ့ ဆက်ဆံတာတွေ အရမ်းများပါတယ်။ မိဘ၊ဆရာက ကောင်းစေချင်လို့ လမ်းညွှန်တာ နားထောင်ရမယ်ဆိုတာမျိုးနဲ့ ပုံစံသွင်းလာခဲ့ကြတော့ ခလေးတွေက ဘာကိုစိတ်ဝင်စားပြီး၊ ဘာကိုဝါသနာပါမှန်းတောင်မသိကြတော့ပါဘူး။ Green Rose ပတ်ဝန်းကျင်မှာရှိတဲ့ ၁ဝ တန်းအောင် အဆင့်၊ ဘွဲ့ရအဆင့် ခလေးတွေကို မေးကြည့်ပါတယ်။ ဘာဝါသနာပါလဲ၊ ဘာကိုစိတ်ဝင်စားလဲဆိုတာ။ တော်တော်များများ မဖြေတတ်ကြပါဘူး။ သူတို့သိတာက ဘွဲ့ရပြီးရင် အလုပ်အကိုုင်လွယ်မယ့် ဘာသာရပ် ကို သင်ယူဖို့ရယ်၊ ရထားတဲ့ဘွဲ့နဲ့ လစားအများဆုံးရနိုင်မယ့် လုပ်ငန်းခွင်ကို ဝင်ဖို့ရယ်ပါပဲ။ ဒါတောင် တချို့တွေ ရထားတဲ့ဘွဲ့နဲ့ လုပ်နေတဲ့အလုပ် ဘာမှ မဆိုင်တာတွေ တော်တော်များပါတယ်။ ဘယ်မှာလဲ စိတ်ပါဝင်စားမှု၊ ဘယ်မှာလဲဝါသနာ။ အဲဒီ့လိုဆိုတော့လည်း ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ အောင်ရုံ၊ တာဝန်ကျေရုံအပြင် ထူးချွန်သူတော့ ဖြစ်မလာနိုင်တော့ပါဘူး။ အဲဒီ့တော့ Green Rose တို့တိုင်ပြည်မှာ ဘာသာရပ်ဆိုင်ရာ ထူးချွန်သူ၊ ပညာရပ်ဆိုင်ရာ ထူးချွန်သူတွေ ရှိသင့်သလောက်မရှိပါဘူး။ နောက်ပြီး လူဆိုတာ ကိုယ်ဝါသနာပါရာ စိတ်ဝင်စားရာ နယ်ပယ်မှာမဟုတ်ရင် မထူးချွန်နိုင်ပါဘူး။ ဒါကြောင့် Green Rose အမြင်မှာတော့ အခြေခံအကျဆုံးပြောင်းလဲဖို့က ခလေးတွေ၊ ပညာသင်ယူနေတဲ့ လူငယ်တွေကို လွတ်လပ်စွာ ပညာဆည်းပူးခွင့်ပေးဖို့ပါ။ ဆိုလိုတာက “က” ပြီးရင် “ခ” ရေးဆိုတဲ့ပုံစံမျိုးနဲ့ မဟုတ်ပဲ “က” ကနေ “အ” အထိ ကြိုက်သလို လေ့လာသင်ယူဖို့ လမ်းကြောင်းပေးတာမျိုး ဖြစ်စေချင်တာပါ။ ဆရာတွေက အဆင်သင့် ဝါးပြီးခွံ့တာမျိုးမဟုတ်ပဲ.. ခလေးတွေ စိတ်ဝင်စား၊ အားသန်သလိုပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင် သင်ကြားပေးစေချင်တာပါ။ နောက်တစ်ခုက ခလေးတွေကို ဆရာက မှန်တယ်ဆိုလို့ မှန်တယ်လို့ လက်ခံတာမျိုး မလုပ်စေပဲ ကိုယ့်ဖာသာ စဉ်းစားပြီး မှန်တယ်ထင်မှ အမှန်လို့ လက်ခံတာမျိုး ဖြစ်ဖို့လေ့ကျင့်ပေးဖို့လည်း လိုပါတယ်။ အဲဒီ့အချက်တွေကို သတိမထားပဲနဲ့တော့ ဘယ်လောက်ကောင်း တဲ့စနစ်နဲ့ပဲသင်သင် ထူးချွန်တဲ့သူတွေပေါ်ထွက်လာဖို့ ခဲယဉ်းမှာပါ။ အခြေခံ စိတ်ဓါတ်တွေကိုပြင်ပေးဖို့လိုပါတယ်။ လွတ်လပ်စွာတွေးခေါ်နိုင်အောင် လေ့ကျင့်ပေးဖို့အရေးကြီးတယ်လို့ထင်ပါတယ်။

    လေးစားလျှက်

    Green Rose

  • alinsett

    February 16, 2012 at 9:14 pm

    ပြီးပြည့်စုံသော ပို ့စ်ပါပဲ။
    ဆရာသစ်မင်းရဲ ့တွေးနိုင်အားကို အံ့အြသွားမိးပါတယ်

    ခင်မင်လေးစားစွာ………….

  • thit min

    February 19, 2012 at 10:33 am

    ကျွန်တော်ခရိးကပြန်လာမှဘဲပြန်ဆွေးနွေးပါရစေ။ အားလုံးကိုကျေးဇူးပါ။

    • ဓါးငမိုး

      June 2, 2012 at 5:56 pm

      ဆရာသစ် ခရီးက ရှည်ကြာလှချည်လားဗျာ ..
      တစ်ခါတစ်ခါ ဆရာသစ်ကို အမှတ်ရမိတယ်ဗျ ..
      ဆရာသစ် တစ်ယောက် ဘယ်ရောက်နေတုန်းဗျာ …
      ဒီရွာကြီးထဲ ဝင်လာခဲ့ပါဦးလို့ ….

Leave a Reply