ပြည်မြို့သို့အလည်တစ်ခေါက်
ပြည်မြို့ကိုရောက်တုန်းကပေ ါ့…။ မန္တလေးလောက်မပူပေမယ့်လို့ ချွေးစို့စို့တော့ ခံစားရပါတယ်…။ ရောက်တုန်းရောက်ခိုက်တော့ လည်မယ်လို့စဉ်းစားပြီး မိုးဖျက်နေတာနဲ့ကို ကောင်းကောင်းမလည်လိုက်ရပါဘ ူး..။ ကိုယ်သွားတာကလည်း မိုးရာသီကိုး…။ ပြည်မြို့ဟာ စည်စည်ကားကားနဲ့ နေချင်စရာမြို့လေးတစ်မြို့ ပါလို့ ဆိုလိုက်ချင်ပါရဲ့..။ အရင်ဆုံးသွားဖြစ်တာကတော့ရေ ွှဘုန်းပွင့်ဘုရားကိုပါ…။
ရွှေဘုန်းပွင့်ဘုရားကိုသွား မယ်ဆိုရင်တော့ နာမည်ကျော် နဝဒေးတံတားကြီးကိုဖြတ်ပြီး သွားရမှာပါ..။ နဝဒေးတံတားကြီးပေါ်ကနေ ဧရာဝတီမြစ်ရဲ့ ရှူခင်းတွေကို အပေါ်စီးကနေကြည့်ရတဲ့အရသာဟာ တောင်ပေါ်သားတစ်ယောက်အတွက်ေ တာ့ အရသာတစ်မျိုးရယ်ပါ..။ ရွှေဘုန်းပွင့်ဘုရားကိုဖူးေ မြာ်နေတုန်း မိုးတွေအုပ်လာလို့ ကောင်းကောင်းမဖူးခဲ့ရပြန်ပ ါဘူး..။ မိုးခိုရင်း အအေးဆိုင်လေးကနေ အေးအေးလေးတိုက်နေတဲ့လေကိုရ ှူရှိုက်ရင်း ဧရာဝတီမြစ်ကို အားရပါးရကြည့်မိရပြန်ပါတယ် ..။ ကိုယ်ကြည့်နေတဲ့ နေရာက အနည်းငယ်ကျယ်ဝန်းနေတာကြောင ့် သူငယ်ချင်းကိုမေးကြည့်တော့ မြစ်ရေတိုက်စားလို့ကျယ်သွာ းတာလို့ပြောပါတ.ယ်..။
ပြည်မြို့ရဲ့လမ်းတွေဟာလည်း အထူးကောင်းမွန်နေတာကိုလည်း တွေ့ရပါတယ် ။ပြည်မြို့ကိုလိုက်ပြီးပြသ နေတဲ့ သူငယ်ချင်းကတော့ ဧည့်ဝတ်ကျေတယ်လို့ပြောရမယ် ထင်ပါရဲ့..။ဘာကြောင့်လဲဆိုတော့ ရှေးဟောင်းပြတိုက်တွေ၊ တန်ခိုးကြီးဘုရားတွေ၊ မြို့ရိုးဟောင်းတွေကိုလည်း တစ်ဝကြီးကြည့်ရှုခဲံရလို့ေ ပါ့.။
သူငယ်ချင်းနေတဲ့နေရာက ပြည်မြို့ရဲ့ အရှေ့ဖက်(၅)မိုင်မှာရှိတဲ့ မှော်ဇာရွာလေးမှာပေါ့..။ မှော်ဇာဆိုတဲ့ရွာလေးဟာ သရေခေတ္တရာမြို့ရိုးအတွင်း မှာတည်ရှိတာပေါ့..။ အဲဒီရွာလေးမှာသရေခေတ္တရာပြ တိုက်လည်းတည်ရှိပြန်ပါရဲ့..။သည်ပြတိုက်ကိုတော့ နိုင်ငံခြားသားခရီးသယ်တွေပ ိုလာတယ်လို့ သူငယ်ချင်းကတော့ပြောပါရဲ့..။ ကိုယ်ကတော့ ပြတိုက်ထဲကို ဝင်ကြည့်တဲ့အခါ အရိုးအိုးကြီးတွေ၊ ကျောက်စိမ်းပန်းပုလေးတွေ၊ ကျောက်ထွင်းပန်းပုတွေကိုကြ ည့်ပြီး ရှေးခေတ်ပျူယဉ်ကျေးမှုထွန်း ကားခဲ့ပုံကိုတွေးကြည့်နေမိ ပြန်ပါရော..။ ဆို၊က၊ရေး၊တီး ပန်းပုလက်ရာလေးကလည်း ရှေးခေတ်ပျူယဉ်ကျေးမှုပြရုပ်လေးတစ်ခုဖြစ်လို့နေပြန်ပါရော။ဓါတ်ပုံ၊ ဗွီဒီယိုမရိုက်ရလို့ စာတန်းရေးကပ်ထားတာကြောင့်ဓ ါတ်ပုံမရိုက်ခဲ့ရပါဘူး..။အေဒီ(၄)ရာစုလောက်ကတည်းက ထွန်းကားခဲ့တဲ့ ပျူယဉ်ကျေးမှုရဲ့ ပန်းပုလက်ရာများဟာ ယနေ့မျက်မောက်ခေတ်အထိ တည်တန့်နေတာကို အံ့ဩဘနန်းဖြစ်မိပါတယ်..။ အဲဒီပြတိုက်ရဲ့ တောင်ဖက်ကို ဆက်ထွက်လာတဲ့အခါမှာတော့ သရေခေတ္တရာမြို့ရိုးဟောင်း ရဲ့ တစ်စိတ်တစ်ဒေသကိုမြင်ရပါတယ ်..။ အဲဒီမှာလည်း ဓါတ်ပုံ။ ဗွီဒီယိုမရိုက်ရလို့ရေးထား ပြန်လို့ မရိုက်ခဲ့ရပါဘူး..။ခိုးရိုက်ရင်ရပေမယ့်လို့ ခွင့်ပြုချက်မရပဲ ရိုက်ရင် သိပ်ပြီးမကောင်းလှတာမို့ မရိုက်ခဲ့ပါဘူး။ ကိုယ်က ဘလောဂ်တွေရေးတင်နေတဲ့သူဆိုတော့ ကိုယ်ဆီမှာဓါတ်ပုံတွေရှိရင် တင်မိမှာမဟုတ်လား။ မြို့ရိုးမရောက်ခင်တော့ ရွှေနန်းဦးစေတီကိုအရင်ဆုံး ဖူးမြော်ရမှာပါ..။ တောလမ်းလေးအတိုင်းဆက်သွားရ င်တော့ ဘောဘောကြီးဘုရားကိုရောက်မယ်လို့ပြောပေမယ့် အချိန်မရတာကြောင့် မသွားခဲ့ရပါဘူး..။ အဲဒီလို မြို့ရိုးတစ်လျှောက် လည်ပတ်ကြည့်ရှူစဉ်ခဏမှာတော့ အညာမြေရနံ့ရဲ့ လတ်ဆတ်တဲ့ မြေသင်းရနံ့ရော ၊ယဉ်ကျေးမှုတစ်ခေတ်ရဲ့ ရာဇဝင်တွေကိုရော အတွေးထဲရစ်ဝဲနေမိသေးပါရဲ့။
နောက်တစ်နေ့မှာတော့ ရွှေဆံတော်ဘုရားကိုဖူးမြော် ရပြန်ပါတယ်..။ ဘုရားရင်ပြင်တော်ကို ဓါတ်လေးကားကနေတက်လာတော့ ပြည်မြို့ရဲ့ တစ်စိတ်တစ်ဒေသကို အမြင့်ကနေမြင်ရပြန်တော့ စိတ်ထဲရှင်လန်းမိပြန်ရော။ ဘုရားရင်ပြင်တော်ပေါ်ကနေ အနောက်ဘက် ဧရာဝတီမြစ်ကိုဖြတ်တန်းတည်ဆောက်ထားတဲ့ နဝဒေးတံတားကြီးကို ညနေဆည်းဆာရဲ့ ပုဇွန်ဆီရောင်တောက်နေတဲ့ အရောင်တွေကြားကနေမြင်ရပြန်တော့ ဆွတ်ပျံ့ကြည်နူးမူကို ခံစားရပြန်ပါရော။ရွှေဆံတော်ဘုရားကိုရောက်တော ့ ဘာကိုဆုတောင်းဖြစ်လည်းဆိုရင်ပြည်မြျို့ကိုနောက်တစ်ကြိမ်ရောက်ရှိရပါလို ၏လို့ဆုတောင်းခဲ့ပြန်ပါတ ယ်…။ ရွှေဆံတော်ဘုရားကို ဖူးမြော်ရင်း ဘုရားပြတိုက်ကိုကြည့်ဖြစ်ပ ါသေးတယ်..။ အံ့ဩစရာတစ်ခုကတော့ ပုလင်းတွေထဲက ပြသာဒ်တွေ၊ ကျောင်းဆောင်တွေရယ် ဘုရားဆင်းတုတော်တွေရယ်ကို ဘယ်လိုထည့်သွင်း ထုလုပ်ထားလဲဆိုတာကိုပါ..။ မြန်မာ့အနုပညာလက်ရာကို ကမ္ဘာက အံ့ဩချီးကျူးတာလည်းမပြောနဲ့လေ။ သည်လို ထူးခြားဆန်းပြားတဲ့ လက်ရာတွေက သက်သေတွေပဲမဟုတ်လား။ ကမ္ဘာကမပြောနဲ့ ကျနော်တို့ မြန်မာလူမျိုးတွေတောင် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနေတဲ့ တိုင်းရင်းသားရိုးရာဓလေ့တွေကိုတောင် ကုန်စင်အောင်မသိနိုင်သေးတာပဲလေ။
ိ်ိေရွှဆံတော်ဘုရားရဲ့ ပြတိုက်ကြီးထဲမှာတော့ ရှားပါးဓါတ်ပုံတွေကိုပါ မြင်ရတော့အံ့ဩရပြန်ပါတယ်..။ ဘာလို့လည်းဆိုတော့…..ဧရာဝတီမြစ်ရေကြီးတုန်းကရွှေဆံတော်ဘုရားရဲ့ ခြေရင်းအထိ ရေတွေရောက်တာကို ရုတ်တရက်မြင်ရင်တော့ အင်းလေးဖောင်တော်ဦးဘုရားကိုရိုက်ထားတဲ့ ဓါတ်ပုံအလား ထင်ရလို့ပါ..။ ရေကြီးချိန်ကတော့ ၁၉၇၄ လောက်ကလို့ သိရပါတယ်….။
သည်တစ်ခေါက်ပြည်ကိုရောက်ခဲ့ပေမယ့် အချိန်မရတာကြောင့် သိပ်ပြီးမလည်ပတ်လိုက်ရပါဘူး။ ပြည်မြို့ကိုရောက်ပြီ (၂)ရက်အကြာမှာပဲ ဌာနေကိုပြန်ခဲ့ရတယ်ဆိုပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အရပ်ကိုယ်ဒေသနဲ့မတူတဲ့ ဓလေ့စရိုက်တွေ၊ နေထိုင်စားသောက်မှုပုံစံတွေ၊ ယဉ်ကျေးမှုမှတ်တိုင်သက်သေတွေရှိနေတာတွေ၊ ဧရာဝတီမြစ်ဆိုတာကို မျက်မြင်ဒိဌတွေ့ခဲ့ရတာတွေ ဟာ အမှတ်တရာအတွေ့အကြုံတွေပါပဲ။ ဗဟုသုတဆိုတာလည်းရှာကြံမှတာရတာပါ။ ခရီးသွားခြင်းဆိုတာလည်း ဗဟုသုတရှာမှီးတဲ့နေရာမှာလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ကိုယ့်အရပ်ကိုယ်ဒေသမှာချည်းနေနေရင်တော ့ မျက်စိပိတ်နားပိတ်နေတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ကိုယ်သွားခဲ့တဲ့နေရာဟာ ကိုယ့်အတွက် အမှတ်တရ ဖြစ်နေမယ်ဆိုရင် ပိုက်ဆံကုန်ပေမယ့် အကျိုးရှိပါတယ်။ပြည်မြို့ကိုရောက်ခဲ့ရတာဟာ တောင်ပေါ်သားတစ်ယောက်အတွက်တော့ မမေ့နိုင်စရာ ခရီးတစ်ခုပါပဲ။ ဘာကြောင့်လည်းဆိုရင်တော့ တောင်ပေါ်ဒေသမှာ မရှိတဲ့ အမှတ်ရစရာအဖုံဖုံကို မြင်ရ တွေ့ရလို့ပါပဲ။
ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အကြောင်းတွေကို နောက်တစ်ခေါက်များရောက်ခဲ့ရင်တော့ အချိန်ယူလေ့လာဦးမယ်လို့ တေးမှတ်ထားလိုက်ပါတယ်။ ပြည်မြို့မှာ လေ့လာစရာတွေ ကျနော့်အတွက်တော့ အများကြီးပါ။ ရွှေဘုန်းပွင့်စေတီရဲ့ သမိုင်းရာဇဝင်ကိုလည်း ပြည်စုံအောင်သိချင်သေးတာပါ။ ခုတော့ ပြည်မြို့ဆိုတာကို မြည်းစမ်းရုံလောက်တာရောက်ခဲ့ရတာကိုပဲ ကြံဖန်ဝမ်းသာနေရတာပါ။ ပြည်မြို့ကနေအပြန်မှာတော့ မန္တလေးကိုတစ်ယောက်တည်း ခရီးဆန့်ပြန်ခဲ့ရပါတယ်။အပြန်လမ်းမှာတော့ မိုးလေးကတစ်စို့စို့ရွာနေပြန်တော့ ပြည်မြို့ရဲ့ ဧည့်သည်ကိုနုတ်ဆက်လိုက်ပုံက လွမ်းချင်စရာ။ မိုးလေးတစ်ဖွဲဖွဲအောက်မှာ Aircon Busကားကြီးက ညနေ(၄)နာရီခွဲမှာ ပြည်မြို့ရဲ့ရင်ခွင်ကနေ စတင်ထွက်ခွာခဲ့တယ်။ လိုက်ပို့တဲ့ သူငယ်ချင်းကို ကားပေါ်ကနေ လက်ပြနုတ်ဆက်ရင်း ရင်ထဲမှာ ဘာညာဘာညာတောင်ဖြစ်လိုက်မိသေး။ လာတုန်းကလည်းတစ်ယောက်တည်း၊ ပြန်တော့လည်းတစ်ယောက်တည်း။ သည်လိုပဲ သံယောဇဉ်တွေဘယ်လောက်တွယ်တွယ် အချိန်တန်တော့လည်း ခွဲရတာပါပဲလို့ အသိတစ်ခုတော့ရလိုက်ပြန်ပါသေးတော့တယ်။