ashinindakaSeptember 15, 20111min630
မြန်မာပြည်မှာ ဒက္ခိဏသာခါရုပ်ပွါးတော်ကို အိမ်မှာထားကိုးကွယ်တယ်ဆိုရင် မီးမလောင်ဘူး၊ မီးကွင်းတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကိုးကွယ်ကြလို့ ဘုရားရှင်ကို မီးကင်းစောင့်ထားရဲတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောင်းကို အနည်းငယ် ပြောပြခဲ့တယ်။ တချိန်တည်းမှာပဲ ဒက္ခိဏသာခါရုပ်ပွါးတော်ရဲ့ ထုလုပ်ပုံ ပုံသဏ္ဌာန် အချိုးအစား မကျနပုံကို တင်ပြခဲ့ပါတယ်။ တကယ့်ကိုပါဘဲ။ ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။ မြင်ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။ ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။ ဘုရားစောင်းတန်းမှာ ရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ အချိုးအစား မပြေပြစ်ပါဘူး။ ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်ထုလုပ်သူတွေက ပြီးပြီးရော ထုကြလို့လားမသိဘူး။ တချို့ ရုပ်ပွါးတော်တွေဆိုရင် ရုပ်လုံးကို မပေါ်ဘူး။ ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့ ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။ ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။ ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။ ရုပ်ပွါးတော်တွေဟာ […]


ashinindakaSeptember 13, 20111min550
သီရိလင်္ကာလို့ခေါ်တဲ့သီဟိုဠ်နိုင်ငံမှာ Vesak Festival လို့ခေါ်တဲ့ ဝိသာခါပွဲသဘင်ကို ခန်းခန်းနားနားကျင်းပလေ့ရှိတယ်။ ဝိသာခါပွဲသဘင်ကို ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လရဲ့ လပြည့်နေ့မှာကျင်းပတယ်။ ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လဆိုတာ မြန်မာလမှာတော့ ကဆုန်လဖြစ်တယ်။ အင်္ဂလိပ်လမှာတော့ မေလဖြစ်တယ်။ ကဆုန်လ (မေလ)ရဲ့ လပြည့်နေမှာ ဝိသာခါပွဲသဘင်ကို ကျင်းပလေ့ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင် ကဆုန်လ လပြည့်နေ့မှာ မွေးဖွားတယ်၊ ဘုရားအဖြစ်သို့ ရောက်တယ်၊ ပရိနိဗ္ဗာန်စံတယ်။ (ဗျာဒိတ်တော်ခံယူတာလဲ ကဆုန်လပြည့်နေ့ပါဘဲ) ဘုရားရှင်ရဲ့ ဘဝဖြစ်တော်စဉ်မှာ ဒီလိုအရေးကြီးတဲ့ ဖြစ်ရပ်ကြီးသုံးခုက တိုက်တိုက်ဆိုင်ဆိုင် ဒီကဆုန်လရဲ့ လပြည့်နေ့မှာ ဖြစ်ပျက်ခဲ့တာ။ ဒါ့ကြောင့် ကဆုန်လပြည့်နေ့ဆိုရင် သီဟိုဠ်ဗုဒ္ဓဘာသာဝင်တွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမတွေပေါ်ထွက်ပြီး ဝိသာခါပွဲသဘင်ကို ကျင်းပကြတယ်။ ကဆုန်လ (မေလ) လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် တကယ့်ကို နေ့ထူးနေ့မြတ်ကြီးပေါ့။ ဒါပေမဲ့ အခြားအခြားသောဘာသာဝင်တွေရဲ့ တမန်တော်နေ့တွေလို ဗုဒ္ဓဘာသာဝင်တွေရဲ့  […]


ashinindakaSeptember 9, 20111min954
သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။ သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အကုန်လုံးပါဝင်ဆင်နွှဲကြတာကို တွေ့ခဲ့ဘူးပါတယ်။ သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓဝင်ပန်းချီပြိုင်ပွဲ၊ ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။ ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။ မြန်မာပြည်က အောင်ခြင်းရှစ်ပါးလို ဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို မိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက်လူကြီးလူငယ်တွေ တငေးတမောလာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။ အတော်ကြည်နူးစရာပါ။ ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓဝင်တွေကို သိပြီး ပန်းချီရေးဆွဲနိုင်ရတာလဲ။ နောက်အံ့ဩဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။ အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ ကိုလံဘိုမြို့မှာရှိတဲ့ အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။ အသက်၁၈ နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။ အဲ့ကောလိပ်မှာ နိုင်ငံခြားသားဦးဇင်းတွေလဲ […]


ashinindakaSeptember 7, 20111min814
ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တဲ့အထဲမှာပါဝင်တဲ့ သီရိလင်္ကာနိုင်ငံလို့ခေါ်တဲ့ သီဟိုဠ်ကျွန်းမှာ ဗုဒ္ဓဘာသာအခြေကျပြီး ပြန့်ပွါးလာခဲ့တာ ယနေ့တိုင်အောင်ဘဲ။ သီဟိုဠ်ကျွန်းမှာ ပညာရေးကိစ္စနဲ့ ၁၉၉၉-၂၀၀ဝ နှစ်တွေတုန်းက နေခဲ့ဘူးတယ်။ သီဟိုဠ်ကျွန်း၊ ကိုလံဘိုမြို့က တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားရင်း အဲ့နိုင်ငံမှာရှိတဲ့ သီဟိုဠ်ရဟန်းတော်တွေရဲ့အခန်းကဏ္ဍ၊ ဘာသာရေး သာသနာရေးအခြေအနေတွေကို လေ့လာဖြစ်ခဲ့တယ်။ သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေထက် လူမှုရေးမှာ တက်တက်ကြွကြွပါဝင်ကြတယ်။ ၂၀၀၄ – ခုနစ်တုန်းက သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ် အတော်ခံရတယ်။ အိုးအိမ်တွေပျက်စီး၊ အသက်တွေဆုံးရှုံးတယ်ပေါ့။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားကို ရောက်နေတဲ့ သီဟိုဠ်ရဟန်းတော်တွေ ကိုယ်နဲ့နီးစပ်တဲ့ဒကာ ဒကာမတွေထံက အလှူခံပြီး သီဟိုဠ်နိုင်ငံပြန်ထောက်ပံ့ကြတယ်။ အဲ့ဒီအချိန်တုန်းက မြန်မာပြည်က ရဟန်းတော်သံဃာတော်တွေ ကိုယ့်ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ်ထိတာ ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့ကြတယ်။ ၂၀၀၈ – ခုနစ် မြန်မာပြည်၊ ဧရာဝတီတိုင်းဘက်မှာ နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရတယ်။ သီဟိုဠ်ရဟန်းသံဃာတော်တွေက […]


ashinindakaSeptember 6, 20111min1015
တတိယသံဂါယနာတင်ပြီးနောက် အသောကမင်းကြီး သာသနာပြုစေလွှတ်တဲ့ ကိုးတိုင်းကိုးဌာနထဲမှာ သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်းလည်း ပါဝင်တယ်။ ဒီသီဟိုဠ်ကျွန်းကို အသောကမင်းကြီးက သူ့ရဲ့သားတော်ရဟန်းဖြစ်တဲ့ ရှင်မဟိန္ဒနဲ့ နောက်ပါရဟန်းငါးပါးကို စေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ ဘိက္ခုနီသာသနာထွန်းကားဘို့အတွက် သမီးဖြစ်သူ သံဃမိတ္တာထေရီကိုလည်း စေလွှတ်ခဲ့ပါတယ်။ သံဃမိတ္တာထေရီ အိန္ဒိယမှ သီဟိုဠ်ကျွန်းကိုသွားတော့ ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိပင်မှ တောင်ကိုင်းကို ပွားယူကာ သီဟိုဠ်သို့ ပင့်ဆောင်ခဲ့ပါတယ်။ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ စိုက်ပျိုးထားပါတယ်။ အဲ့ဒီ မဟာဗောဓိပင် (original) ဟာ ယခုတိုင် မျိုးဆက်မပြတ်ရှိနေပါသေးတယ်။ ရှင်မဟိန္ဒနဲ့သံဃမိတ္တာထေရီမတို့ မောင်နှမနှစ်ယောက်ဦးဆောင်ပြီး သီဟိုဠ်ကျွန်းမှာ သာသနာပြုလိုက်တာ ဘိက္ခုသာသနာ (ရဟန်းတော်များ)နဲ့ ဘိက္ခုနီသာသနာ (ရဟန်းမများ) အတော်ထွန်းကားလာကြောင်းသိရပါတယ်။ ထိုခေတ်က ဒေဝါနံပိယတိဿမင်းဆိုသူက မထေရ်များ သီတင်းသုံးနေထိုင်ထိုင်ဘို့ မဟာဝိဟာရကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းပါတယ်။ ဒါ့အပြင် စေတီ၊ ပုထိုး၊ ဗောဓိ၊ […]


ashinindakaSeptember 5, 20111min1205
အသောကမင်းကြီးနဲ့ ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်တို့ လက်တွဲညီညီ တတိယသင်္ဂါယနာတင်ပွဲဆင်ယင်ကျင်းပပြီးနောက် သာသနာ့သမိုင်းမှာ အင်မတန်အရေးပါတဲ့ ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်ခြင်းလုပ်ငန်းကြီးကို လုပ်ဆောင်ခဲ့ပါတယ်။ ကိုးတိုင်းကိုးဌာနထဲမှာ ရှင်သောဏနဲ့ရှင်ဥတ္တရတို့သာသနာပြုကြွတဲ့နေရာကို သုဝဏ္ဏဘူမိလို့ခေါ်တယ်။ ဒီသုဝဏ္ဏဘူမိဆိုတာ အခုခေတ် အင်ဒိုနီးရှားနိုင်ငံ ဆုမတြားကျွန်း၊ ထိုင်းနိုင်ငံတွင်းရှိ အချို့နေရာနဲ့ မြန်မာနိုင်ငံတွင်းရှိ သထုံမြို့တဝိုက်ကို ဆိုလိုကြောင်း သမိုင်းဆရာတို့ ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း သုဝဏ္ဏဘူမိ (ရွှေနိုင်ငံ) ဆိုတာ မြန်မာပြည်ကို ခေါ်တာလို့ မှတ်ယူခဲ့တယ်။ သုဝဏ္ဏဘူမိ (ရွှေနိုင်ငံ) ဆိုတဲ့နာမည်လေးကို အတော်သံယောဇဉ်ဖြစ်နေကြတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အခါမှာတော့ သုဝဏ္ဏဘူမိ (ရွှေနိုင်ငံ) ဆိုတာ ထိုင်းနိုင်ငံကို ကိုယ်စားပြုသွားပါပြီ။ ဘာလို့လဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အနီးတည်ဆောက်လိုက်တဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နာမည်ကို သုဝဏ္ဏဘူမိ လို့နာမည်ပေးလိုက်လို့ပါဘဲ။ ကမ္ဘာသူ ကမ္ဘာသားလူအများက ကမ္ဘာလှည့်ခရီးသွားတွေက ဘန်ကောက် လေဆိပ်ကြီးကို ရောက်ရင် သုဝဏ္ဏဘူမိလေဆိပ် ဆိုတဲ့စကားလုံး […]


ashinindakaSeptember 3, 20111min903
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နဲ့ အသောကမင်းကြီးတို့ ဆရာဒကာလက်တွဲညီညီ သာသနာတော်သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ တတိယသံဂါယနာတင်ပွဲကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အနာဂတ်သာသနာရေးနဲ့ပတ်သက်ပြီး အသောကမင်းကြီး ရတက်မအေးဖြစ်ပုံပေါ်ပါတယ်။ ဒီအတွက် ပြည်ပသာသနာပြုစေလွှတ်ဖို့ စီစဉ်တယ်။ ရဟန်းတော်များကို တိုင်းဒေသကြီး ၉-ခုသို့ သာသနာပြု စေလွှတ်ခဲ့ပါတယ်။ ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တယ်လို့ လူသိများတယ်။ ကိုးတိုင်းကိုးဌာနမှာ အရှင်သောဏနဲ့ အရှင်ဥတ္တရမထေရ်တို့ခေါင်းဆောင်တဲ့ သာသနာပြုအဖွဲ့က သုဝဏ္ဏဘုမိ္မသို့ ကြွရောက် သာသနာပြုကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက သုဝဏ္ဏဘူမိလို့ခေါ်တဲ့အရပ်ဒေသမှာ ဘီလူးဘေးသောင်းကြမ်းတယ်လို့ ဆိုတယ်။ ဘီလူးတွေက လူတွေကို အမြဲတမ်းဝင်ရောက်နှောက်ယှက်နေတဲ့အချိန် သာသနာပြုကြွလာတဲ့မထေရ်နှစ်ပါးက ဘီလူးဘေးရန်မှ ကာကွယ်ပေးနိုင်ခဲ့တယ်။ ဒါ့ကြောင့် သာသနာပြုမထေရ်နှစ်ပါးဟာ လူတွေရဲ့ အားထားယုံကြည်မှုရရှိလာတယ်။ လူတွေကို ဗြဟ္မဇာလသုတ်ဟောကြားပေးပါတယ်။ သရဏဂုံသုံးပါးဆောက်တည်စေပါတယ်။ မထေရ်နှစ်ပါးရဲ့ စွမ်းဆောင်မှုကြောင့် လူတော်တော်များများ သာသနာ့ဘောင်ဝင်ရောက်လာကြတယ်။ ငယ်ငယ်တုန်းက ဖတ်ခဲ့မှတ်ခဲ့ရတဲ့အဋ္ဌကထာကျမ်းတွေထဲမှာ ဖော်ပြထားတာ ဒီလောက်ပဲ။ သုဝဏ္ဏဘူမိဆိုတာ […]


ashinindakaSeptember 2, 20111min1197
ကိုရင်လေးနိဂြေ ာဓကို အကြောင်းပြုပြီး အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တယ်။ ဗုဒ္ဓဘာသာသည်သာ ငြိမ်းချမ်းရေးကို အပြည့်အဝပေးစွမ်းနိုင်တဲ့ဘာသာလို့ ယုံကြည်လာပြီး ဗုဒ္ဓဘာသာပြန့်ပွါးဘို့ အားသွန်ခွန်စိုက် လုပ်ဆောင်တယ်။ အကြီးအကျယ်ထောက်ပံ့တယ်။ ဗုဒ္ဓဘာသာဦးရေ တဟုန်ထိုး တိုးပွါးလာတယ်။ အာသောကမင်းကြီးလက်ထက် အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာရွှေရောင်လွှမ်းတဲ့ခေတ်လို့ ပြောမယ်ဆို ပြောလို့ရတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေက အနေချောင် အစားချောင်လိုတဲ့အတွက် ဗုဒ္ဓသာသနာတွင်း ဝင်ရောက်လာကြတယ်။ ရဟန်းပြုကြတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ မဟုတ်ဘဲ အနေချောင်အစားချောင်လို့ ရဟန်းဝတ်လာတာ။ ဒီအခြေအနေအထိတော့ ပြဿနာအကြီးကြီးမဟုတ်သေးပါဘူး။ ပြဿနာက သူတို့တတွေက ဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေကို သင်လည်း မသင်ယူဘူး။ ကျင့်လည်းမကျင့်ကြံဘူး။ ဒါ့အပြင် သူတို့နဂိုလက်ခံယုံကြည်ထားတဲ့ဘာသာအယူအဆတွေကို ဗုဒ္ဓဘာသာတရားတော်တွေထဲ ထည့်သွင်းကြတယ်။ ဗုဒ္ဓဘာသာတရားယောင်ယောင် လှည့်လည်ဟောပြောကြတယ်။ ဒါက ပြဿနာ။ ဆိုတော့ ဗုဒ္ဓဘုရားရှင်ရဲ့ တရားဒေသနာတွေဟာ သန့်စင်မှု […]


ashinindakaSeptember 1, 20111min25210
ပြောခဲ့သလိုပဲ၊ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေအပေါ်မှာ အခုဆယ်စုနှစ်အတောအတွင်း ရိုသေမှုတွေ အတော်လေး လျော့ရဲလာတာ တွေ့ရတယ်။ ဘုန်းကြီးတွေကို မရိုမသေဆက်ဆံလာပြီး မရိုမသေလုပ်လာကြပြီ။ ဘုန်းကြီးတွေကို မရိုမသေလုပ်တာဟာ သံဃာတော်တွေကို မရိုမသေလုပ်တာပါဘဲ။ သံဃာတော်တွေကို မရိုမသေလုပ်တာဟာ သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု အားနည်းလာလို့ဘဲ။ သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု မရှိတော့လို့ပါဘဲ။ သံဃာတော်တွေအပေါ်မှာ အားကိုးယုံကြည်မှု မရှိတော့တာဟာ သံဃာ့သရဏဂုံမရှိတော့တာပါဘဲ။ သံဃာသရဏဂုံမရှိရင် ဓမ္မ (တရား) သရဏဂုံ ဘယ်လိုလုပ် ရေရှည် တည်တံ့နိုင်တော့မလဲ။ ဓမ္မ (တရားတော်တွေ) ကို သံဃာတော်တွေကပဲ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နေရတာမို့လား။ ဓမ္မသရဏဂုံမရှိတော့ဘူးဆိုရင် ဗုဒ္ဓသရဏဂုံလဲ ကွယ်ပြီပေါ့။ ဆိုတော့ သရဏဂုံသုံးပါးလုံး ပျောက်ကွယ်သွားပြီပေါ့။ ဒီလို သရဏဂုံသုံးပါးပျောက်ကွယ်ရင် ဗုဒ္ဓဘာသာပျောက်ကွယ်တာပါဘဲ။ သရဏဂုံသုံးပါးပျောက်ကွယ်နေတဲ့နေရာကို ဘယ်လိုလုပ် ဗုဒ္ဓဘာသာဝင်တို့နေရာလို့ ခေါ်နိုင်မလဲ။ […]


ashinindakaAugust 31, 20111min1144
ဘုရားရှင်ကိုယ်တော်တိုင် တခြားဘာသာအပေါ်မှာ သဘောထားကြီးဘို့ လက်တွေ့ မျက်တွေ့ကျင့်သုံးသွားသလို အသောကမင်းကြီးလဲ ကျင့်သုံးသွားခဲ့ပါတယ်။ မှန်ပါတယ်။ ဘယ်နိုင်ငံမှာရှိတဲ့ ဘယ်ဘာသာဝင်မဆို မိမိတို့ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ယုံကြည်ပိုင်ခွင့် ရှိသင့်ပါတယ်။ မိမိတို့ကိုးကွယ်ရာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ပိုင်ခွင့်ရှိသင့်ပါတယ်။ မိမိတို့နဲ့ယုံကြည်ကိုးကွယ်ရာ မတူသူတွေကို မိမိတို့ဘာသာဝင် မဟုတ်သူတွေကို မနှိပ်ကွပ်သင့်ပါဘူး။ မရှုတ်ချသင့်ပါဘူး။ မကဲ့ရဲ့သင့်ပါဘူး။ ပျက်ရယ်မပြုသင့်ပါဘူး။ အရေးကြီးတာက (လုပ်ရမဲ့အလုပ်က) မိမိတို့ဘာသာဝင်တို့အချင်းချင်း မိမိတို့ဘာသာတရားအဆုံးအမများကို မိမိတို့တတ်နိုင်သလောက် ဖြန့်ဖြူးပေးဘို့ပါဘဲ။ မျှဝေပေးဘို့ပါဘဲ။ ဒီလိုဖြန့်ဖြူးမျှဝေဘို့အတွက် မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံဖြစ်တော့ ဘာသာရေးလုပ်ကွက် (space) တွေ၊ ဘာသာရေးလုပ်ဖို့ အခွင့်အရေး (opportunity) တွေ၊ အခွင့်အလမ်း (chance) တွေ တပုံတပင်ကြီး ရယူနိုင်ပါတယ်။ ဆိုကြပါစို့။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေ သင်ကြားမှုနဲ့ ကျင့်ကြံမှုနှစ်ရပ်ကို တပြိုင်နက်ထဲ […]


ashinindakaAugust 30, 20114min1162
ဘီစီ ၂၃၅ (၂၃၆) ခန့်မှာ ဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို ကျင်းပရပြန်တယ်။ တတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့ တတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။ အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည်ကို နာမည်ကြီးရှင်ဘုရင် အသောကမင်းကြီးအုပ်ချုပ်နေတဲ့အချိန်ဖြစ်တယ်။ အသောကမင်းကြီးအကူအညီနဲ့ တတိယသံဂါယနာတင်ပွဲကို ကျင်းပခဲ့ပါတယ်။ တကယ်တော့ အသောကမင်းကြီးအမျိုးအနွယ်တွေက ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။ အသောကမင်းကြီးလဲ အစောပိုင်းက ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ဘူး။ ဂျိန်းဘာသာဝင်ဖြစ်တယ်။ ဂျိန်းဆိုတာ Jina ဆိုတဲ့ပုဒ်ကလာတာ။ Jina ဆိုတဲ့ ရိုမင်အက္ခရာကို မြန်မာအက္ခရာနဲ့ ဖလှယ်တော့ ဇိန ဖြစ်လာတယ်။ အဓိပ္ပါယ်က အောင်နိုင်သူ တဲ့။ ဂျိန်းဘုရား အခုအချိန်အထိ စုစုပေါင်း ၂၄ ဆူရှိတယ်တဲ့။ နောက်ဆုံးဘုရားရဲ့ နာမည်က မဟာဝီရ (သူရဲကောင်းကြီး) ဖြစ်တယ်။ မဟာဝီရ က ဗုဒ္ဓဘာသာဝင်တွေရဲ့ ဗုဒ္ဓဘုရားရှင်နဲ့ ခေတ်ပြိုင်ဖြစ်တယ်။ […]


ashinindakaAugust 29, 20111min1679
သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈ရ အရောက်မှာ ဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို ကျင်းပရပြန်တယ်။ ဒုတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့ ဒုတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။ (ဒုတိယ – နှစ်ကြိမ်မြောက်၊ သံ – စုပေါင်း၍၊ ဂါယနာ – ရွတ်ဖတ်ခြင်း။) ဒုတိယသံဂါယနာတင်ပွဲကျင်းပရခြင်းအကြောင်းက အဲ့ဒီခေတ် အဲ့ဒီအခါက အိန္ဒိယနိုင်ငံ ဝေသာလီပြည် ဝဇ္ဇီတိုင်းမှာ မှီတင်းနေထိုင်ကြတဲ့ဘုန်းကြီးတွေက ဘုရားရှင်ပညတ်ခဲ့တဲ့ဝိနည်းစည်းကမ်းတွေကို ကိုယ်လိုသလို ကိုယ်ထင်သလို ကမောက်ကမအဓိပ္ပါယ်ဖွင့်ဆိုပြီး လိုက်နာကျင့်သုံးနေကြလို့ဘဲ။ ဥပမာ နေမွန်းတဲ့ပြီးနောက် ဆွမ်းစတဲ့ဘောဇဉ်အာဟာရကို မစားရဘူးလို့ ဘုရားရှင်က သိက္ခာပုဒ်စည်းကမ်းသတ်မှတ်ထားပါတယ်။ နေမွန်းတည့်ဆိုတာက နေထွက်တဲ့အခါ အပြင်ထွက်ရပ်လိုက်ရင် နေ ကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်ကို ပြောတာ။ နေကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်မှာ ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ ရှိနေတယ်။ အဲ့လို ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ […]


ashinindakaAugust 28, 20111min1073
ဝါလား၊ အရည်အချင်းလားဆိုတဲ့ ပို့စ်တစ်ခု တင်ဖြစ်တယ်။ ရေးနေတဲ့စာရဲ့ ဦးတည်ချက်က သံဃာကို ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲ ဆိုတာကို ရေးနေတာပါ။ ဒါကို ပြောင်ကြီး (Plain ကြီး) ရေးထားတာ အများကြီးရှိပြီးသားမို့ သိသင့်သိထိုက်တာလေးတွေနဲ့ တွေးမိတွေးရာလေးတွေကို ကြားညှပ်ပြီး ရေးနေတာပါ။ သာမန်လူတွေထက် သာသနာ့ ညီတော်၊ နောင်တော်များ လာပြီး ဖတ်ကြတာ တွေ့ရတယ်။ အားပေးကြတယ်။ အားတက်စရာပဲ။ အဲ့ဒီလို အားပေးတဲ့အထဲမှာ တစ်ယောက်က (ဝါလား၊ အရည်အချင်းလား) ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ဒီလိုလေး မှတ်ချက်ပြုထားပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။ Anonymous said… ဘုရားရှင်က ရာထူးပေးတဲ့နေရာမှာ ဝါကြီးတဲ့ ဆရာဖြစ်တဲ့ ရှင်အဿဇိကို ကြီးတဲ့ရာထူးမပေးပါဘူး။ တပည့်ဖြစ်တဲ့ ဝါငယ်တဲ့ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ကြီးတဲ့ရာထူးပေးခဲ့ပါတယ်။ ဒါကို ကြည့်ရင် […]