guestktyJune 12, 20101min723
Private School တွေဖွင့်တော့ M.sc.MA ရထားတဲ့ မိန်းကလေး တော်တော်များများ ဝမ်းသာကြပါတယ်။ Private School တွေက M.Sc M.A ရထားတဲ့သူတွေကို ဆရာမအဖြစ် Study Guide အဖြစ် ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်း ပြောထားတာကို ဖတ်ခဲ့ရလို့ပါ။ အဲဒီထဲမှာ ကျွန်မလည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။ ကျွန်မက M.Sc ရထားတဲ့ သူကိုး။ မဟာ မြကျွန်းသာ (MMAC) ဆိုတဲ့ ကျောင်းက M.Sc M.Aတွေကို ဆရာမ အဖြစ် study guide အဖြစ် ခေါ်ပါတယ်။ ကျွန်မလည်း ဝင်လျှောက် ဖြစ်ပါတယ်။ ဆရာမ အဖြစ် အရွေး ခံရပါတယ်။ […]


guestktyJune 12, 20101min624
စားအုန်းဆီ စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့ စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀ဝ ဂရမ်) ထည့်တယ်လို့ ကြားရပါတယ်။ “ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြတာ ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။ မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ (၄၉) ကျပ်သား စားသုံးပါတယ်။ လူဦးရေ (၅၂) သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိဿာပေါင်း (၂၈၅) သန်း၊ […]


guestktyJune 12, 20101min350
ရန်ကုန်မြို့နယ်များတွင် ကတ်ဖုန်းရောင်းသောဆိုင်များတွင် ကတ်ထားသောစာတန်းကြောင့် အံ့ဩမိပါတယ်။ ကတ်ဖုန်းသုံးရာတွင် မိမိဘယ်သူကိုဆက်ဆက်၊ ဘာတွေပဲပြောပြော၊ ကိုယ်ရဲ့လွတ်လပ်ပိုင်ခွင့်နဲ့ လူအခွင့်အရေးများရှိသင့်သည်ဟုယူဆသည်။ ဒါကြောင့် မှတ်ပုံတင်ဖြင့်ဝယ်ယူသော ကိစ္စသည်အံ့ဩစွာဖြစ်ခဲ့ရတယ်။ ဘာကြောင့်လည်း ဘာအတွက်လဲ


guestktyJune 12, 20101min390
စစ်ကို်င်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ချင်းတွင်း ရတနာဈေး (ဈေးသစ်) မီးလောင်မှုအတွက် အာမခံ လျော်ကြေး ကျပ် ၄၈.၉၅ သန်းခန့် ပေးဖို့ရှိတယ်လို့ မြန်မာ့ အာမခံလုပ်ငန်းက သိရပါတယ်။ “ဒီနှစ်အတွက် အများဆုံးနဲ့ ပထမဆုံး ပေးလျော်ရတဲ့ ဈေးမီးလောင်မှုပါ၊ မုံရွာဈေးသစ်ထဲက ဆိုင်ခန်း ၁၀ရ ခန်း မီးအာမခံ ထားတယ်၊ အာမခံမထားတဲ့ တန်ဖိုးက ကျပ် ၁၁၂ သန်းရှိတယ် ” လို့ မြန်မာ့ အာမခံလုပ်ငန်း၊ အထွေထွေ မန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။ အာမခံထားတဲ့ ငွေပမာဏက ဆိုင်ခန်း တစ်ခန်းချင်း အတွက် အနည်းဆုံး ကျပ်သုံးသိန်းကနေ အများဆုံး ကျပ်သုံးသန်း အထိရှိပါတယ်။ အာမခံထားတဲ့ ဆိုင်ခန်း ၄၉ ခန်း […]


guestktyJune 12, 20101min361
သစ်လုံးတင်ယာဉ်၊ ကွန်တိန်နာယာဉ်တွေ သော့မခတ်တာ သေချာ မချည်နှောင်တာမျိုး တွေ့ရှိရင် ဒဏ်ငွေကျပ် သုံးသိန်း ဒဏ်ရိုက် အရေးယူမယ်လို့ သိရတယ်။ သစ်လုံးတင်ယာဉ် တိမ်းမှောက်မှုတွေ ဖြစ်ရာမှာ သစ်လုံးတွေ ကားလမ်းမပေါ် ပြန့်ကျဲပြီး လမ်းသွားလမ်းလာတွေရဲ့ အသက်အန္တရာယ် ထိခိုက်တာမျိုးတွေ ရှိလာတယ်။ ဒါကြောင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြီးခဲ့တဲ့ သောကြာနေ့ (မေလ ၂၈ ရက်နေ့)က လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကုန်တင်ယာဉ်၊ သစ်လုံးတင်ယာဉ်တွေကို သတ်မှတ်ချက်နဲ့ အညီ မောင်းနှင်ခြင်းရှိ မရှိကို အရင်ကထက်ပိုပြီး စစ်ဆေးအရေးယူဖို့ ဆွေးနွေးကြောင်း သိရတယ်။ ပညာပေး အစီအစဉ်အနေနဲ့ ကွန်တိန်နာတွေလည်း သေချာသော့ခတ်ပြီး မောင်းရမယ်။ သစ်လုံးတင် ယာဉ်တွေဆိုလည်း သစ်လုံးကို ချည်နှောင်တဲ့ သံကြိုးက ခံနိုင်ရည်ရှိတဲ့ သံကြိုးဖြစ်ရမယ်။ […]


guestktyJune 12, 20101min370
ယခုရက်ပိုင်းအတွင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယား အစီအစဉ်တစ်ရပ် ဖော်ဆောင်ရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း စွပ်စွဲချက်များကို ထုတ်လွှင့် ဖော်ပြခဲ့ကြပါသည်။ အမေရိကန်နှင့် မြန်မာဆက်ဆံရေး ပြန်လည် စတင်နေချိန်တွင် မြန်မာအစိုးရအား ဆန့်ကျင်သူများက သတင်းမီဒီယာများနှင့် ပူးပေါင်း၍ ရည်ရွယ်ချက် ရှိရှိဖြင့် မြန်မာနိုင်ငံအပေါ် နျူကလီးယားနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို အချိန်ကိုက် လုပ်ကြံဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် မြန်မာ အစိုးရအနေဖြင့် ယခုနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် နိုင်ငံရေး လုပ်ငန်းစဉ်အပေါ် အဟန့်အတား ဖြစ်စေရန်နှင့် နိုင်ငံရေးအရ သိက္ခာကျစေရန် ထိုးနှက် လုပ်ဆောင်ခြင်းလည်း […]


guestktyJune 12, 20101min520
ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုရီုးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်ပေါင်း (၂၀)ကျော်ကြာ သံတမန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံဖြင့် ကမာ္ဘ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး မူဝါဒအရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၆.၄.၂၀၀ရ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေး ဖြစ်ထွန်းလျက် ရှိရာတွင် မြောက်ကိုရီးယား သင်္ဘောများ မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ လာရောက်ခဲ့ခြင်းအပေါ် အခြေခံ၍ ၂၀၀၉ ခုနှစ် ဇွန်လအတွင်းတွင် Kang Nam 1 အမည်ရှိ မြောက်ကိုရီးယား သင်္ဘောသည် လက်နက်များ တင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ […]


guestktyJune 12, 20101min420
ကာဂျစ္စတန်နိုင်ငံ တောင်ပိုင်းရှိ အော့ရှ်မြို့တွင် ယမန်နေ့က လူငယ်ရာပေါင်းများစွာသည် ယာယီအစိုးရအား ဆန့်ကျင် ဆန္ဒပြရာတွင် မြို့အတွင်းရှိ အဆောက်အဦများ၏ ပြတင်းများအား ထုခွဲခြင်း၊ ဈေးဆိုင်များအား လုယက်ခြင်း၊ ကားများအား မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများအား နှိမ်နင်းခဲ့သည်။ လူ ၃ ဦးသေဆုံး၍ ၄ဝ ကျော်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ အော့ရှ်မြို့တွင် အရေးပေါ်အမိန့် ထုတ်ပြန်ထားခဲ့သည်။ လွန်ခဲ့သော မေလကလည်း ယာယီအစိုးရအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများ ပဋိပက္ခ ဖြစ်ခဲ့ကြသည်။ (ဆင်ဟွာ)


guestktyJune 12, 20101min621
တစ်ခါက ကိုဝင်းမောင်၊ မမြင့်မြင့်ဆိုတဲ့ လင်မယားရှိတယ်။ ကလေးနှစ်ယောက်နဲ့ဆိုတော့ စုစုပေါင်းမိသားစုဝင် လေးယောက်ရှိတာပေါ့။ ကိုဝင်းမောင်ရဲ့ အကျင့်ကစကားကို အမြဲ စစ နောက်နောက်ပြောတတ်တယ်။ ဒါကို မမြင့်မြင့်ကလည်း မကြိုက်ဘူး။ ဒါပေမယ့် ကိုဝင်းမောင်ကလည်း ဘယ်တော့မှ မပြင်ဘူး အမြဲ အစအနောက်သန်နေတယ်။ တစ်ရက်ကျတော့ မမြင့်မြင့်တို့ရုံးက အစီအစဉ်နဲ့ မမြင့်မြင့်ကို ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားဖို့ အကြောင်းရှိလာတော့ မိသားစုတွေ ခဏခွဲဖို့ဖြစ်လာရော။ မမြင့်မြင့် ဂျပန်ကိုသွားတဲ့နေ့ကျတော့ ရုံးကလူကြီးတွေရော ယောက်ျားဖြစ်သူ ကိုဝင်းမောင် ပါ လေဆိပ်ကိုလိုက်ပို့ကြတယ်။ လေယာဉ်တက်ခါနီးတော့ မမြင့်မြင့်က စိတ်ထဲမကောင်းလှတဲ့ အသံလေးနဲ့ ကိုဝင်းမောင်ကို “ယောက်ျားရေ ကျွန်မတော့ သွားတော့မယ် ဘာမှာဦးမလဲ” လို့မေးတော့။ ကိုဝင်းမောင်က “ဘာမှတော့ ထူးထူးထွေထွေ မမှာတော့ပါဘူးကွာ၊ မင်းပြန်လာရင်သာ ငါ့အတွက် ဂျပန်မချောချောလေးတစ်ယောက်လောက် သယ်ခဲ့” […]


guestktyJune 12, 20101min630
ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင် ရန်ကုန် ထီဆိုင်ကြဲီးများမှ မင်္ဂလာစုံတွဲ ထီလက်မှတ်များ၊ နှစ်စောင်တွဲ၊ ငါးစောင်တွဲ စသည်ဖြင့် အတွဲလိုက် သတ်မှတ်ထားသည့်ထီများကို ဝယ်ချင်စဖွယ် ဖြစ်အောင် ထီလက်မှတ်များသာ ဖော်ပြပြီး ရောင်းချပေးလျက် ရှိသည်။ သေသပ်စွာထပ်၍ စီထားသည့် ထီ လက်မှတ်များတွင် ထီလက်မှတ်များနှင့် အက္ခရာကိုသာ မြင်သာရုံ ဖော်ပြထားကြပြီး ထုပ်ပိုးရာတွင် ထီအကြိမ်ကို မမြင်ရဘဲ ရှိသော်လည်း ထီထိုးသူများမှာ အက္ခရာနှင့် ဂဏန်းနံပါတ်ကိုသာ ကြည့်ပြီး ထိထိုးလေ့ ရှိတတ်ကြကြောင်း တွေ့ရသည်။ “ ထီထိုးတဲ့အခါမှာ သေချာစွာ ဖွင့်ကြည့်ပြီးမှ ဝယ်ဖို့လိုတယ်။ တစ်လောက ကျွန်တော့်အိမ်က ညီမတစ်ယောက် ထီထိုးတာ မင်္ဂလာစုံတွဲပဲ။ ထီဖွင့်လို့ ထီတိုက်မယ်ဆိုပြီး ထီကပ်ကို ဖြေလိုက်တော့ ဖွင့်ပြီးခဲ့တဲ့ အပတ်က ထီလက်မှတ် အဟောင်းကြီး ဖြစ်နေတယ်။ […]


guestktyJune 12, 20101min620
မြန်မာနိုင်ငံသားများ အနေနဲ့ “ဒုက္ခသည်” (Refugee) အဓိပ္ပါယ် နှင့် အခွင့်အရေးများ၊ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာ မင်းကြီးရုံး (UNHCR) နှင့် ကမ္ဘာနိုင်ငံများ၏ ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ပေးနေ မှုများ အပါအဝင် အခြား ဒုက္ခသည်ဆိုင်ရာ ကဗျာများ၊ အဆိုအမိန့်များ နှင့် အခြား စိတ်ဝင်စားဖွယ် အကြောင်း များကို ဘလော့ခ်ဂါ အလင်းဆက် က ဘာသာပြန် ရှာဖွေပြုစုထားခြင်း ဖြစ်သည်။ မြန်မာဒုက္ခသည်များ အစည်း အရုံး (ဘီအာအို) မှ မကြာခင် ထုတ်ဝေဖြန့်ချီမည်ဖြစ်သည်။ “ အခုလို ညီငယ်အလင်းဆက်ကနေပြီး ဒုက္ခသည်ဆိုတာ ဘယ်လိုအခွင့်အရေးတွေရှိတယ်၊ ဒုက္ခသည် အဖြစ် လျှောက်ထားသူ တွေကို တာဝန်ရှိသူတွေက ဘယ်လိုကူညီ ဆောင်ရွက်ပေးရမယ် ဆိုတာကို ရေးပြလိုက်တော့ မိမိတို့ရဲ့ အခွင့်အရေးကို […]


guestktyJune 12, 20101min520
အထူးကု ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချနို်င်သော ထိန်းချုပ်ဆေးဝါးများ ရှာဖွေ တွေ့ရှိခဲ့ရသဖြင့် ဟိန်းဆေးဆိုင် ပိုင်ရှင် ဦးမောင်မောင်အေးကို အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်း သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရှိရသည်။ ထိန်းချုပ်ဆေးဝါးဟုဆိုရာတွင် ဆေးစွဲမှု ဖြစ်စေသည့် ဆေးဝါးများ (ဥပမာ- ဒိုင်ယာဇီပင်) ကဲ့သို့သော ဆေးဝါးများ ပါဝင်ပြီး ဆေးဆိုင်များတွင်လည်း ရောင်းချခွင့် တားမြစ်ထားကြောင်း ဆေးဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ မအူကုန်း လမ်းကျယ်၊ အမှတ် ၁၉/၂၁တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော ဟိန်းဆေးဆိုင်တွင် ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချနို်င်သော ထိန်းချုပ်ဆေးဝါးများ […]


guestktyJune 12, 20101min470
အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့သည် မက္ကဆီကို မူးယစ်ဂိုဏ်းများကို ဦးတည်သော စုံစမ်းစစ်ဆေးမှုများကို ၂ နှစ်ကြာမျှ ပြုလုပ်ပြီးနောက် ပြည်နယ် ၁၆ခုတွင် လူပေါင်း ၄၀ဝကျော်အား ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုသည်။ စစ်ဆင်ရေး ကာလအတွင်း ကိုကင်း ၂.၂ တန်၊ မက်သန်ဖက်တမင်း တန်ဝက်၊ ဆေးခြောက် ၆၂ တန်နှင့် ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိခဲ့သည်။ ဤဖမ်းဆီးမှုများကြောင့် မက္ကဆီကို မူးယစ်ဂိုဏ်းများအတွက် များစွာအထိနာ၍ ၎င်းတို့၏ ဖြန့်ဝေမှု လုပ်ငန်းတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်မည် ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများသည် အမေရိကန် နိုင်ငံတလွှား တရားမဝင် မူးယစ်ဆေး ဖြန့်ဝေသည့် အခြေခံအဆောက်အဦများနှင့် အမေရိကားမှ မက္ကဆီကိုနိုင်ငံတွင်းသို့ လက်နက်နှင့် ငွေကြေးများ စီးဆင်းခြင်းကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ […]