ခင္ခSeptember 26, 20121min15148
စိတ်ဆိုးတော် မူကြမှာလားဟင်။ ဒီနေ့တော့ အလုပ်လေးလည်းနားရက်မို့ နေ့လည်နေ့ခင်း မိုးလေးကလည်း မရွာပေမယ့် အုံဆိုင်းနေတာမို့ လမ်းလျောက်ရရင် နေမပူ အေးအေးလူလူရှိမယ်ဆိုပြီး ဟိုရွာအပြင် ဇနပုပ်တဲလေးမှာ ကြယ်မြင်လမြင် နဲ့ တူနှစ်ကိုတိုင်းပြည်လို့တင်စားကာ နေခဲ့တဲ့စံအိမ်တော်လေးမှ ခင်ခတစ်ယောက် ကြက်ခြေနီတံဆိပ် စတစ် ကာကပ်ထားတဲ့ လက်ဆွဲတော် ကွန်ပျူတာလေးလက်မှာပိုက်ပြီး ဂဇက်ရွာထဲလမ်းလျောက်ထွက်ခဲ့ပေါ့ဗျာ။ ရွာလည်အစွန်လမ်းမအတိုင်း လျောက်လာခဲ့တာ ရွာလမ်းပေါ်မှာ ရွာသူရွာသားတွေကင်းလို့ လမ်းရှင်းနေပါ ပေါ့လား၊ အဲဒါနဲ့ စတင်တွေ့ရတဲ့ ဘောလုံးနည်းပြဆရာကြီးကိုပေ အိမ်ရှေ့ရောက်တော့ ဆရာပေတစ်ယောက် မျက်မှန် ကြီးတပ်လို့ Tebalet တစ်ခုနဲ့အလုပ်ရှုပ်နေတာမို့ လှမ်းလို့နုတ်ဆက်မိသေးဗျာ။ “ ဆရာကြီးပေ ဘာတွေများအလုပ်ရှုပ်နေတုံးဗျ´´ တပ်ထားတဲ့မျက်မှန်ကြီး လက်ကလေးနဲ့ပင့်တင်ပြီး “ ဟာ ကိုခကြီးပါလား ထုံးစံအတိုင်း ပွဲစဉ်တွေကို အမြဲဆင်လို့ အကဲဖြတ်ပေး လက်မနှေးပေ့ါဗျာ´´ “ ရွာထဲလမ်းသလားမလို့ […]


ခင္ခSeptember 24, 20121min34148
ကလေးရှိသော မိခင် နှင့် ဝန်းကျင် အတွက်ရေးဖြစ်တာပါ။ တစ်ခါတလေ ကလေးတွေ နေမကောင်းဖြစ်တတ်တယ် ဒါမှမဟုတ် ကျန်းမာရေးခေတ္တချို့တဲ့တာတွေဖြစ် တတ်တယ်လေ၊ အဲဒီအခါမှာ ဆေးခန်းဆရာဝန်ဆီ အကယ်လို့ချက်ချင်းမသွားနိုင်သေးခင် မိမိအိမ်မှာ လောလောဆယ် ကုသဖို့ လိုတာတွေရှိတတ်သလို သတိပြုပြီး ဆေးရုံ၊ဆေးခန်းသွားရတာတွေရှိတာမို့ အဲဒီ ကျဘာ လုပ်လို့လုပ် ရမှန်းမသိဖြစ်နေတတ်တဲ့သူတွေအတွက် ကျွန်တော်ဖတ်ဖူးတဲ့ စာပေတွေထဲကမျှဝေပါရ စေနော်။ တစ်နှစ်အောက်ကလေးများလေထိုးလျှင် – တစ်နှစ်အောက်ကလေးများလေထိုးတာ ရောဂါမဟုတ်ပါ၊ ကလေး တိုင်းဖြစ်တတ်ပါတယ်၊ ဒါပေမယ့် ဂရိုင်းမက်ချာ၊ ဆီမက်သာကုန်း အစရှိတဲ့လေဆေးတွေဟာ ကလေးအတွက် အခန့်မသင့်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုပြီးဖြစ်နိုင်သလို တစ်ချို့ရင်လူးဆေး လူးပေးကြပါတယ် တစ်နှစ် အောက်အရွယ်မို့ ကလေးရဲ့ အသားအရေဟာနူးညံနေတတ်တာမို့ ရင်လူးဆေးအတိုင်းအဆကြောင့် ဓာတ်မ တဲ့ဘဲ အပူလောင်တတ်တာကိုလည်း သတိပြုပေးပါ၊ နေကောင်းနေတယ် ကိုယ်ပူမရှိဘူးဆိုရင် ရေနွေးနွေးလေး […]


ခင္ခSeptember 21, 20121min18974
မြေဝိုင်းအငြိမ့်လေးတစ်ခုမှာ- ကိုခင် –  လူရွှင်တော်တွေ ပျက်လုံးပျက်ပြီးရင် ကဲ မင်းသမီးအလှည့်ပေးကြပါစို့ ကိုခ ရေ ၊ ကိုခ – ကဲ ကဲ မင်းသမီးအလှည့်ပေးကြရအောင် ကိုခင် ရေ အခေါ်တော်ထောက်ပါအုံး–၊ ကိုခင် – နန်းတော်ကြီးလည်း ခရီးမဝေးပါဘူး၊ အပန်းတော်မညီးနဲ့ အနီးလေးပါဗျ၊ မန်းတောင်ခရီး ဆိုတာကတော့ ရွာစားရေ မန္တလေးရောက်ရင် လည်သင့်ပါတယ်လို့၊ ကိုခ – အော် ကိုခင် ကလည်း မင်းသမီးခေါ်ပါဆိုနေမှ မန္တလေးတောင် အလည်ခေါ်နေသေးတယ်´´ ကိုခင် –  ကြော်ငြာဝင်ကြည့်တာပါ ကဲပါ  ကိုခင်ခ ခေါ်ဗျာ။။ ကိုခင်ခ – ကဲ ကျွန်တော်ခေါ်လိုက်မယ် ကိုခင်ခ ကတော့ အပို မပြောတတ်ပါဘူး၊ အဆိုလေးနဲ့ ပြောရရင်တော့၊ ရတနာ စိန်ကျောက် […]


ခင္ခSeptember 19, 20121min34629
ကလေးလေးက ဝဝကစ်ကစ်လေးနော်။ အဲလိုမျိုးပြောကြရင် မိဘများကိုယ့်ကလေးက ဖွံဖြိုးတယ်ဆိုပြီးကျေနပ်လို့ ပြုံးလို့ဗျာ။ ကဲ ခင်ခရဲ့ ထုံးစံအတိုင်း ကျန်းမာရေးအမြင်နဲ့  ရေးလိုက်အုံးမယ် ဖတ်ဖူးတဲ့တိုလီမိုလီစာပေထဲကပေါ့။ ကလေးတွေ ဖွံဖြိုးတယ် ဝတယ်ဆိုတဲ့နေရာမှာ သင့်သင့်သောဖွံဖြိုးမှု၊ ဝမှုဘဲဖြစ်သင့်ပါတယ်၊ အဝလွန်ရင် ပြဿနာ ရှိနိုင်ပါတယ်၊ ကလေးဘဝက အဝလွန်ခြင်းဟာ လူကြီးဘဝအထိ အဝလွန်ဖို့ကိုအားပေးနိုင်ရုံမက ကုရခက်ပြီး တသက်လုံးဆေးစားရမယ့် ရောဂါများ၏ အစလည်းဖြစ်နိုင်လို့ပါဘဲ၊ သေချာပေါက်ပြောလို့ ရနိုင်တာက အဝလွန်တဲ့ခလေးတွေဟာ သွေးတိုးရောဂါကို စောစီးစွာရစေမှာဖြစ်နိုင်ပါတယ်၊ ဆန်းစစ်ချက်များ အရ ၁၉၉၁ ခုနှစ်မှာ တရုတ်လူမျိုး ၁၀ဝ တွင် ၁၁.၃ ယောက် သွေးတိုးရောဂါရှိရာမှ ၂၀၀ဝ ပြည့်နှစ်မှာတော့ ၂၇.၂ ယောက်ဖြစ်လာပါတယ်တဲ့၊ တစ်ပြိုင်နက်တည်း မှာပင် တရုတ်ကလေးငယ်တွေ၏ အဝလွန်နှုန်းဟာ ကျောင်းမနေခင် အရွယ်တွင် ၃၁.၇% နှင့် […]


ခင္ခSeptember 17, 20121min20635
ခေါင်းစဉ်လေးတော့ ရွေးပေးပါလားဗျာ။ မန္တလေးက ညပိုင်းထွက်တဲ့ အဝေးပြေးကားနဲ့ ရန်ကုန်ကို စီးနင်းလိုက်ပါခဲ့ပြီး ဒီမနက် ၅နာရီကျော်လောက် မှာတော့ ရန်ကုန်အောင်မင်္ဂလာကားဝင်းကိုရောက်ပြီး တစ်နေ့တာတည်းမယ့် အကိုအိမ်ကို အဌားကားလေးနဲ့ သွာရောက်ခဲ့ကာ ရေချိုးအဝတ်အစားလဲပြီး အကိုအိမ်ကရှိတဲ့ စားစာရာနဲ့ကော်ဖီလေးသောက်လို့ အကိုဆီက ကားတစ်စီးအကူအညီတောင်းကာ ထွက်ခဲ့ပါတယ်။ မနက် ၈ နာရီကျော်ပြီးကာစ စောနေလို့လားမသိ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခန်းမ(တစ်) ရှေ့နားကားလေး ပါကင်ထိုးရပ်ပြီးဆင်းလို့ ပတ်ဝန်းကျင်အခြေအနေကိုလေ့လာလိုက်တော့ ခန်းမရဲ့ အတွင်:ထိပ်နားမှာတော့ လူ  ၆ ယောက် လောက်အလုပ်ရှုပ်နေကြတာလှမ်းတွေ့လိုက်တာနဲ့ အဲဒီလူအုပ်စုဆီဦးတည်ပြီး ခြေလှမ်းလေးလှမ်း လို့လျှောက်သွားတယ်ဆိုရင်ဘဲ ခုနအလုပ်ရှုပ်နေတဲ့ထဲက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးက ဘယ်သူများ ဝင်လာတာလဲဆိုတဲ့ သဘောနဲ့လှမ်းလို့ကြည့်တာကိုတွေ့လိုက်ရပြီး ကျွန်တော်ကတော့ သူတို့နဲ့နီးသထက်နီး အောင်ဆက်လျှောက်သွားလို့ ခဏအကြာမှာတော့ ခုနကြည့်နေတဲ့အထဲက အမျိုးသမီး […]


ခင္ခSeptember 14, 20121min7811
တခါတုန်းက အရင်တုန်းက အခုအခါ နဲ့ နောင်များးရဲ့ မနက်အချိန်လေး။ တခါတုန်းက မနက်အချိန်လေး မှာပေါ့ဗျာ။ အခုထိလည်းရောက်မလာသေးဘူး ကားမှတ်တိုင်မှာ ဘတ်စ်ကား တစ်စီးဆိုက်လာတိုင်း ပါလာပြီလားလို့ ဆင်းတဲ့သူတွေကို ကြည့်ရ ကားပေါ်ကြည့်ရနဲ့ ခေါင်းတောင်စုံလည် တပ်ထားလို့ရရင် တပ်ထားချင်တယ်၊ စောင့်နေရတာ နာရီဝက်တောင်ပြည့်ခါနီးပြီး ခါတိုင်းနေ့တွေဆို မနက် ၈ နာရီစွန်းစွန်းလောက် ရောက်လာတတ်တဲ့သူ အခု မနက် ၈ နာရီလွန်လို့ မိနစ် ၂ဝ တောင်ကျော်လာပါပေါ့၊ နေမကောင်းလို့များ ရုံးမလာတော့တာလား၊ မနေ့ကလည်းရုံးပြန်မိုးမရွာလို့ မိုးမိပြီးဖျားတာလည်းမဟုတ်တန် စီးလာတဲ့ ဘတ်စ်ကားဘဲ လမ်းဘီးပေါက်နေလို့လား၊ ကားလမ်းတွေဘဲ ပိတ်နေလို့လားနဲ့ မျော်တော်ဇောနဲ့ စိတ်ပူစွာစောင့်နေတုံး ဟော ဘတ်စ်ကားလေးတစ်စီးဆိုက်လာလို့ ဆင်းမယ့်တံခါးပေါက် မျော်လိုကြည့်မိရင်ဘဲ ချစ်သူရဲ့အပြုံးလေးကိုတွေ့လိုက်ရလို့ သူဆင်းအလာစောင့်ရင် ကားတံခါးပေါက်နားတိုးမိပေါ့ခြေလှမ်း ပြီးတော့ အလိုလျှောက်လှန်းယူမိလိုက်တဲ့ သူရဲ့ထမင်းချိုင့်ထဲ့ထားတဲ့ […]


ခင္ခSeptember 11, 20121min10917
ရထားကြီးထွက်ရန် ( ၅ ) မိနစ်သာလို။ မနေ့ကမနက်လေယာဉ်နဲ့ ကျွန်တော်အလုပ်ရှင်ကုမ္မဏီသူဌေး မန္တလေးရုံးခွဲကိုရောက်ရှိပြီး နေ့လည်စာ ထမင်း အတူ စားရင်း သူပြောလိုက်တဲ့ စကားလေးကြောင့် ခင်ခ တစ်ယောက်စိတ်မှိုင်ချသွားပါရောဗျာ။ ကျွန်တော်က အစိုးရ ရုံးပိတ်ရက်နဲ့ တနင်္ဂနွေမှာလွဲပြီး(ဒါတောင်အလုပ်ပိတ်လို့) ကျန်အလုပ်ဖွင့်ရက်တွေဆို မနက် ၉ နာရီ ကနေ ညနေ ၅ နာရီအထိက ကျွန်တော်ရဲ့အချိန်တွေကို အခုအလုပ်တဲ့သူများဆီမှာ ရောင်းထားရတဲ့သူလေ။ ဒါနယ်မသွား၊ ခရီးမသွားရတဲ့ မန်းမှာရှိတဲ့အခါမှာပေါ့။ အကယ်လို့ နယ်သွားရမယ် ခရီးသွားရမယ်ဆိုရင် ခုနပြောတဲ့ မနက် ၉ ညနေ ၅ မဟုတ်တော့ဘူး ကျွန်တော်အချိန်တိုင်း သူတို့ပိုင်သွားပြီ၊ ဘာလို့လဲဆိုတော့ တည်းခိုနေထိုင်ဖို့ ဟိုတယ်အခန်းခရော မနက်၊နေ့လည်၊ည စတဲ့ တစ်နေ့တာစားစရိတ်ရော၊ အခြားသုံ:ဖို့ နေ့တွက်စရိတ်အပိုဆောင်ရော ပေးတာဆိုတော့ ကျွန်တော်အချိန်တွေကို […]


ခင္ခSeptember 10, 20121min30325
အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ရှု့ထောင့်။ xxx စိတ်ညစ်လို့ အရက်ကိုသောက်တယ် xxx အရက်သောက်တော့ စိတ်ပိုညစ်တယ် xxx အကြောင်းရှာတော့ xxx ခေါင်းမှာ ချာ ချာ လည် xxxx တစ်ခုဘဲသိတယ် xxxx လောကကြီးမှာ xxx ပိုက်ဆံမရှိရင် အော့ အေ့ xxx မျက်နှာငယ် xxxx ဂုဏ် ဂုဏ် ဂုဏ် xxx ဂုဏ်ဆိုတာငွေကိုခေါ်တယ် xxx ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ် ——————။ ဒီနေ့ ခင်ခတစ်ယောက် မနက်နိုးထလို့ မျက်နှာလေးသစ်ပြီး အိမ်ရှေ့တံခါးဖွင့်လိုက်တာနဲ့ မနက်စောစောစီးစီး အခြေအနေမှန်နေတဲ့ အရက်အမူးသမားနှစ်ယောက် အိမ်ရှေ့လမ်းပေါ်က ဖြတ်လျှောက်သွားရင်း ဆိုသွားတဲ့ သီချင်းလေးကိုကြားလိုက်ရတာလေ။ အဲဒီမှာဘဲ အတွေးရလာပြီး တိုလီမိုလီစာပေစုထဲက သိချင်တာလေးတွေ ရှာရတာပေါ့။ […]


ခင္ခSeptember 4, 20121min22725
ရေတစ်ခွက်တော့ သောက်ပေးပါအုံးလို့။ ကျောင်းဆရာတစ်ဦး ပင်စင်ယူခါနီးမှ မနက်အတန်းချိန်အစောရှိလို့ ရေချိုးမသွားဘဲ နေ့လယ်ထမင်းစားပြန်မှ ရေချိုးတော့မည်ဆိုကာ ဇနီးသည်ကိုပြောပြီး စာအုပ်တွေပိုက်လို့ သသုတ်ကရက်ထွက်သွားခဲ့တယ်။ တက္ကသိုလ်ထဲမှာဘဲ ဝန်ထမ်းအိမ်ရတာမို့ ကျောင်းစာသင်ခန်းနဲ့ နေတဲ့အိမ်ကို လမ်းလျောက်ပြီးသွားတဲ့ အလေ့ရှိနေပြီးသားဖြစ်နေတယ်။ နေ့လယ် ၁၂ နာရီ အတန်းချိန်တွေပြီး နေ့လည်စာ စားဖို့အိမ်ပြန်လာခဲ့ရာ နေကလည်းပူ၊ အပြေးလေးလျောက်လာလို့ ချွေးတဒီးဒီးကျနေပြီး အိမ်ရောက်တော့ ခါတိုင်းလိုဘဲ ထမင်းခူး ထားလိုက် ရေအရင်ချိုးလိုက်အုံးမယ်ဆိုကာ ရေလဲပိုင်းလဲလို့ အိမ်နောက်ဘက်ရှိ ရေချိုခန်းသို့ထွက်သွား လိုက်သည်။ ဇနီးဖြစ်သူက ထမင်းပွဲပြင်ပြီး၍ ရေသုတ်ရန် တဘက်လိုက်ပေးရင်း ရေချိုခန်းနားစောင့်နေရာ  အတော်ကြာသည်အထိ ထွက်လည်းမလာ ရေလောင်းသံလဲမကြားလို့ စေ့ထားတဲ့တံခါးကို အသံပြုရင်းတွန်းပြီး ဝင်လိုက်တော့ ရေချိုးခန်းထဲမှာ လဲကျနေတဲ့ခင်ပွန်းသည် ဆရာကြီးကိုတွေ့ရတာဘဲလေ။ ထိုနေ့ နေ့လည်စာ ထမင်းကို ထိုဆရာကြီးမစားသွားရရှာပါတယ်။ နောက်တစ်ယောက်က တိုင်းရင်းဆေးသိပံ္ပကျောင်းမှာ […]


ခင္ခSeptember 4, 20121min12629
ဒို့ရွာကလေး သာယာစေလို ရွာထဲမှာလည်း ဗရုတ်ဗရုတ်၊ ရွာပြင်မှာလည်း ငုတ်တုတ်ငုတ်တုတ်၊ ဘာပြောရမလဲ ကျုပ်တို့ကျုပ်တို့။ တစ်ယောက်မကောင်း တစ်ယောက်ထဲပါ ရွာကြီးကိုတော့ သနားပါ။ အများသူဌာ ဝင်လို့ကြည့်၊ ရွာကချစ်စရာ ဖြစ်ပါ၏။ တစ်ချို့တွေလည်း ဝင်ရောက်လာ၊ ခဏတာပါ နားကြနားကြ၊ အမြဲပျူဌာ ရှိနေတာ၊ ရွာရဲ့အဆိုး မဟုတ်တန်ရာ၏။ ဒို့တွေအားလုံး လိုချင်တာ၊ ဒီရွာကလေး သာယာစေဖို့။   ( မရေးတတ်ရေးတတ်နဲ့ ရေးမိလိုက်တာပါ။) ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။ ကိုခင်ခ။  


ခင္ခSeptember 1, 20121min1458
မိုဘိုင်းဖုန်းနှင့် အင်တာနက်များ ပြတ်တောက်ကြန့်ကြာမှုမရှိရေး အထပ်မြင့်အမိုးများအပေါ်ရှိ Mobile Antenna တိုင်များစိုက်ထူခွင့်ကို အာစီယံ နိုင်ငံများနည်းတူ ဥပဒေတစ်ရပ်ထုတ်ပြန်ပေးနိုင်ရန် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဩဂုတ် ၂၄ ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ်၌ ကျင်းပသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရပါသည်လို့ ယနေ့ထုတ် ကြေးမုံသတင်း စာမှာ ဖတ်လိုက်ရပါတယ်။ Reform Plan အရ မိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်လုပ်ငန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ပြည်သူများအား ဗဟိုပြုကာ ဆက်သွယ်ရေး လုပ်ငန်း များကို အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပရှိ ပုဂ္ဂလိကနှင့် နိုင်ငံတကာတင်ဒါ စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ ယခုအခါ နိုင်ငံတကာမိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်ကုမ္ပဏီ ၉ဝ ကျော် […]


ခင္ခAugust 30, 20121min12319
ငယ်ငယ်တုန်းက ကလေးအတွေး၊ စပ်စုအမေးများ။ ကလေးဘဝတုန်းက သိချင်လို့စပ်စုချင်စိတ်နဲ့မေးခဲ့တာတွေ ပြောခဲ့တာတွေကို အခုအသက်အရွယ်ရောက်လို့ ပြန်ပြီးတွေးကြည့်ရင် ရယ်စရာ၊ ပြုံးစရာ ဟာသအမေးတွေဖြစ်သွားတယ်လေ။ ကလေးဘဝက ကလေးအတွေး ကလေးအမေးတွေ ဆိုတော့ မှန်တာရှိနိုင်တယ်ဆိုပေမယ့် အလွဲလေးတွေ အတွေးချော်လေးတွေနဲ့ အမေးတွေ ဘဲဖြစ်ကြတာများပါတယ်၊ ဒါကြောင့်လည်း ခင်ခတစ်ယောက် စိတ်ပင်ပန်းတဲ့အခါ စိတ်ထဲတစ်ခုခုခံစားရတဲ့အခါ နေရတာပျင်းတဲ့အခါမှာ ကိုယ်ငယ်ငယ်က အလွဲတွေနဲ့ မေးခဲ့၊ တွေးခဲ့တာတွေကို ပြန်စဉ်းစားလိုက်မိတယ်ဆိုရင် ခုနက စိတ်ပင်ပန်းတာတွေ ခံစားနေရတာတွေ ပျင်းနေတာတွေ ပြေလျော့ပြီး ပြုံးမိရယ်မိတယ်လေ။ စာဖတ်သူ အပေါင်းရော ပျင်းတဲ့အခါ စိတ်မပျော်တဲ့အခါ အဲလိုမျိုး ငယ်ငယ်က အလွဲအမေးလေးတွေ ပြန်စဉ်စားပြီး နေကြည့်ပါလား၊ ငယ်ငယ်တုန်းက အတွေးအမေးလေးတွေဟာ တစ်ခါတစ်ရံရယ်စရာဟာသတွေဖြစ်နေတတ်လို့ ပါဘဲလေ။ ခင်ခငယ်ငယ်က ကလေးအတွေးနဲ့ မေးခဲ့တာတွေ၊ ပြောခဲ့တာတွေဟာ ဘယ်လောက်ဟာသဖြစ်စရာကောင်းလဲ ဆိုတာကို […]


ခင္ခAugust 29, 20121min9510
စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည် မနေ့က ( ၁၈.၈.၁၂ ) ကြေးမုံသတင်းစာမှာပါတဲ့ သတင်းလေးပါ။ စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည်ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ရေးထားတာက စားသုံးသူကာကွယ်ရေးအသင်းဖွဲ့စည်း၍ အသင်းမှတ်ပုံတင်ကျလာပြီးနောက်တွင် စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သော လုပ်ငန်းစီမံချက်များ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသင်းဖွဲ့စည်းရေးကြိုးပန်းလျှက် ရှိသော ဦးဗအုပ်ခိုင်က ဩဂုတ်လ ၂၆ ရက်နေ့ကပြောသည်။“အခုအသင်းဖွဲ့စည်းပြီးတဲ့အခါ မှတ်ပုံတင် တင်မယ်။ မှတ်ပုံတင်ကျလာတာနဲ့ စားသုံးသူကာကွယ်ရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် သွားမယ်။ ကော်မတီအလိုက်အဖွဲ့တွေခွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်´´ ဟု ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေးအသင်း(မြန်မာနိုင်ငံ) ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစီမံချက် ညှိုနှိုင်းစည်းဝေးခြင်း အခမ်းအနားတွင် တွေ့ဆုံပြောကြားသည်။ လုပ်ငန်းစီမံချက်တွေကတော့ တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ် ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံစိတ်ချရသည့် အစားအသောက် စားနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ […]