kokyawzinJuly 25, 20101min942
ဘုရားရှင်သည် လူသားဖြစ်၏ ။ ထိုလူသားအား ဗုဒ္ဒဟုခေါ်သည်။ ဗုဒ္ဒဟူသည် အဘယ်နည်း? ဘုရားရှင်သည် လောကီ၏ချမ်းသာခြင်းကို စွန့်ပယ်ပြီး ဆင်းရဲခြင်းကို ရင်းကာ လောကုတ္တရာ၏ ချမ်းသာကို ရှာဖွေခဲ့ခြင်းမှာ အဘယ်အတွက်ကြောင့်နည်း? ဘုရားရှင်၏အယူဝါဒ မဟုတ်သော ကျင့်ကြံသော တရားအနှစ်သာရသည် အဘယ်နည်း? ကျွန်ုပ်တို့သည် ဘုရားရှင်အား ယုံကြည်ကိုးကွယ်၏။ မည်သည့်အရာကို ယုံကြည်သနည်း? ကျွန်ုပ်တို့သည် ဗုဒ္ဒဘာသာဝင်များဖြစ်သည်။ ဗုဒ္ဒဘာသာဝင် ဟူသည် အဘယ်နည်း? ဗုဒ္ဒဘာသာဝင်တို့၏ ကျင့်ဝတ်သည် အဘယ်နည်း? ဗုဒ္ဒဘာသာဝင်တို့၏ ဆောင်ရွက်အပ်သော အမှုကိစ္စဟူသည် အဘယ်နည်း? ဗုဒ္ဒဘာသာဝင်တို့၏ သတ္တဝါတိုင်းအပေါ် ကြည့်သောအမြင် ၊ ပြုသောအမှု ၊ ထားသော စိတ်သဘောထားသည် အဘယ်သို့နည်း? လောက၌ အကောင်းဆုံးသောဘာသာသည် ဗုဒ္ဒဘာသာ ဟု သင် ဟစ်ကြွေးလျှင် အဘယ်ကြောင့် ကောင်းသည်ကို […]


kokyawzinJuly 25, 20101min470
ပန်း ပဉ္စလက်ဆန်တဲ့ပန်း ရာဇဝင်မှာစံတင်လောက်တဲ့ပန်း ကဗျာဆန်တဲ့အလှနဲ့ပန်း ဒီပန်းလေးက တစ်ပွင့်တည်းပေါ့ ကျွန်တော့်အတွက်တော့လေ။ ဒီပန်းကို ကျွန်တော့်အသည်းနဲ့ပျိုးတယ်။ ကျွန်တော့်သွေးနဲ့ လန်းဆန်းစေတယ်။ နှလုံးသားကို ဗုံလို တီးပြီး ပျော်ရွှင်စေတယ်။ ညှိုးငယ်မနေနဲ့နော် ပန်းလေး အမြဲတမ်း ပွင့်လန်းပါစေ။ လေယူရာတိမ်းပြီး ယိမ်းနွဲ့နေတဲ့အခါ ဘယ်ညာပဲ ယိမ်းတတ်တဲ့ မင်းအကျင့်။ ဪ ဥယျာဉ်မှူးဘက်လည်း မတိမ်းပါလား။


kokyawzinJuly 25, 20101min700
မှောင်မိုက်တဲ့လမ်းတစ်ကွေ့မှာ မိုးချိန်းသံတွေကြားနေရတယ် မိုးတွေ ရွာနေတဲ့ အချိန်မှာပေါ့ နှလုံးသားတွေလည်း တဆတ်ဆတ် တုန်လို့ နားခိုရာမဲ့နေတဲ့ ငှက်ကလေးတွေကို ကြည့်ရင်း ချမ်းအေးနေတဲ့ ရာသီစက်ဝန်းထဲမှာ ငါဟာ နားခိုရာမဲ့ လူသားတစ်ဦး။ စာရွက်ထုတ်ပြီး ဘောပင်လေးနဲ့ ချရေးမိတယ် ဘဝရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ? အကြိမ်ကြိမ်ရေးနေခဲ့မိ ။ မိုးရေတွေရဲ့ စိုရွဲမှုအောက် ငါ့ရဲ့ ကြိုးစားမှုတွေ ပျောက်ကုန်တယ် ငါကပဲ ပိန်းနေတာလား ကံကြမ္မာကပဲ ယိမ်းနေတာလား ။ ခြေလှမ်းကျဲကျဲနဲ့ လျှောက်လှမ်းနေပေမယ့် သိုင်းကွက်နင်းနေတဲ့ ငါ့အားအင်တွေ ငါ့ ခြေထောက်ငါတောင် တည့်တည့် မကြည့်နိုင်သေးဘူး ။ ဪ လောကကြီးရယ် ငါ့ အတွက်ဘာရယ်လို့ သီးသန့်မရှိခဲ့ဘူးနော် မရှိခဲ့ခြင်းတွေသာ ငါ ပိုင်ဆိုင်တယ်ဆိုရင် လောကကြီးရယ် ငါ သေပျော်ပါပြီ… ။ […]