“ဒါကို ဘယ်ခေါင်းစဉ်အောက်ထည့်မလဲ?????????????????????” ကျနော်တို့နိုင်ငံမှာ အရက်ဘီယာ စီးကရက်ကြော်ငြာတွေကိုအားမပေးပါဘူး။ “ဘီယာဟာအရက်တော့ မဟုတ်ပါ”လို့ကိုနေအောင်ကြီးကြော်ငြာတုံးကတော့ အားလဲပေး ဆဲလဲဆဲပေါ့။ နောက်တော့ တီဗွီမှာ ဂျာနယ်မှာ မဂ္ဂဇင်းမှာအရက်ဘီယာမပြောနဲ့ အဖျော်ယမကာဆိုတဲ့စကားလုံးတောင် မသုံးရတော့တဲ့အထိ တင်းကျပ်ခဲ့ပါတယ်။ နောက်တော့ သူတို့ အမှတ်တံဆိပ်တွေကို ရေသန့်ပုံပြောင်းလို့တွေ့လာရပြန်ပါတယ်။ အစိမ်းရောင် ထမီရင်လျှားနဲ့မိန်းမချောလေးပုံကို ဘီယာကြော်ငြာမှာတွေ့လာရပြန်ပါတယ်။ ချစ်စရာကောင်းပါ၏။ ကျနော်အခုရက် တောင်ပိုင်းရှမ်းပြည်ဘက်ခရီးသွားဖြစ်ပါတယ်။ ခရီးလမ်းခုလတ် ထမင်းစားနားကြတော့ ဆိုင်နံရံမှာကပ်ထားတဲ့အရက်ကြော်ငြာတွေကို တွေ့ရပါတယ်။ အတော်ကိုပြောင်မြောက်စွာဖော်ထားပါတယ်. ဒါပေမယ့်ဒီကြော်ငြာကို မြိုပေါ်မှာမတွေ့ဘူးသေးပါဘူး။ အခုလိုတိုးတက်တဲ့ခေတ်မှာ နိုင်ငံခြားကလူက မြန်မာပြည်လာပြီး စီးပွားရေးလုပ်တော့ သူတို့နဲ့ဆက်စပ်တဲ့သီအိုရီတွေ ပါ မြန်မာပြည်ရောက်လာပါတယ်။ အဲတော့ မားကက်တင်းနဲ့ပါတ်သက်တဲ့သီအိုရီတွေ ကျနော်တို့ မကြားမသိဘူးခဲ့တာတွေ့သိလာရပါတယ်။ အရင်ကမြန်မာကြော်ငြာဆိုရင် လုံလုံခြုံခြုံ ။ အခုဒီပုံလေးမြင်တော့ အောင်ငါတို့လဲ လွတ်လပ်ပဟဲ့လို့တွေးမိပါတယ်။ ဒီပုံတွေမြင်ရင် မားကက်တင်းသီအိုရီတွေထဲမှာ […]