“အဟုတ်တကယ်တီးလို့ကောင်းတဲ့………… အိုဘယ့် တရုပ်ဇီးသီး……………….ံ”     ဒီနေ့ မနက်စစ်ကိုင်းဘက်ကို ရောက်သွားပါတယ်။ အဓိက ကတော့တရုပ်ဇီးသီးဝယ်ချင်လို့ပါ။ နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်ရင်သွားဝယ်နေကျပါ။ ဒီအသီးလေးတွေကို တရုပ်ဇီးသီးလို့ခေါ်ပေမယ့် နာမယ်အရင်းကနှင်းသီးဖြစ်ပါတယ်။ အသီးအရသာက အရမ်းချိုပါတယ်။ လွန်ခဲ့သော ဆယ်နှစ်လောက်က ထိ ဒီအသီးကို လူသိနည်းပါတယ်။ စစ်ကိုင်းမြို့နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းလောက် ကလူများသာ နှစ်သက်စွာစားကြပါတယ်။ 2000ခုနှစ်ပိုင်းမှာတော့ မြန်မာပြည်ကို မြောက်ပိုင်းကလူတွေအနေများလာပါတယ်။ အဲတော့လဲဒီအသီးတွေက တရုပ်တန်းဈေးထဲကိုရောက်လာတော့တာပေါ့။ အဲတော့မှ မြန်မာတွေလဲစားရကောင်းမှန်းသိလာတာပေါ့။ ဒီတော့လဲ ဒီအသီးလေးက ဈေးကွက်ဝင်လာတာပေါ့။   စစ်ကို်င်းမြို့က အိမ်တိုင်းလောက်မှာ ဒီတရုပ်ဇီးသီးပင်ရှိပါတယ်။ ဒီအပင်က အကြမ်းအတမ်းခံပါတယ်။ အသီးပေါ်ချိန်မှာတော့ အသီးတွေကို စက္ကူအိပ်နဲ့စွပ်ထားရပါတယ်။ အသီးကချိုတော့ ငှက်တွေလင်းဝက်တွေအရမ်းကြိုက်တော့ အုပ်မထားရင် အကုန်စားပစ်တတ်ပါသတဲ့။ ကျနော်ကြိုက်မှန်းသိတော့ စစ်ကိုင်းကမိတ်ဆွေတွေက အမြဲပို့ပေးပါတယ်။ သူတို့မပို့သေးခင်စားချင်တော့ […]


[1]                        “ဝါဆို ဝါခေါင် ရေကကြီးသနဲ့………………..”   ပြီးခဲ့တဲ့ဥပုဒ်နေ့က စစ်ကိုင်းဘက်ကမိတ်ဆွေတစ်ယောက်ဆီကို ကန်ပါတ်လမ်းကနေအသွားရှမ်းလေးကျွန်းရေမြုတ်နေတာကိုတွေ့ရတော့ အံ့ဩသွားပါတယ်။ ခါတိုင်းဆိုရင် ဒုတိယဝါဆို ဒါမှမဟုတ်ဝါခေါင်လကျမှ ရေဝင်တတ်တဲ့နေရာလေးက အခုပထမဝါဆိုမှာရေတွေရောက်နေလို့ပါ။ ရှမ်းလေးကျွန်းကတော့ ရှေးကတည်းက ဧရာဝတီမြစ်ရေတက်တယ်ဆိုရင် ရေဝင်နေကျ ရေမြုတ်နေကျနေရာပါဘဲ။ ဒါကြောင့်လဲ အဲဒီရွာမှာရှိတဲ့အိမ်အားလုံးခြေတံရှည်တွေဆောက်ထားပါတယ်။ ဒါပေမယ့်လဲ ရေတက်ပြီဆိုတာနဲ့တစ်ရွာလုံးရှိတဲ့လူရောနွားရော ရေလွတ်တဲ့ကန်ပါတ်လမ်းပေါ်ရောက်လာတာပါဘဲ။ ဒီလိုရေတက်ချိန်ဆိုရင် ဧရာဝတီမြစ်ရေကျချိန် သောင်ထွန်းနေတဲ့နေရာမှာယာယီတဲဆောက်ပြီးနေသူတွေရယ်၊ နုံးတင်မြေနုကျွန်းပေါ်မှာနေသူတွေနဲ့မြစ်ကမ်းနံဘေးက ရှိတဲ့ရွာကအိမ်တွေတင်မကပါဘူး စစ်ကိုင်း-ရွှေကြက်ယက်-အမရပူရ ကားလမ်းတောင်ဘက်မှာရှိတဲ့ရွာတွေကအိမ်တွေပါ စစ်ကိုင်းမန်းလေး ကားလမ်းဘေးမှာ အကုန်ရွှေ့ပြီးလာနေကြရတာနှစ်စဉ်နှစ်တိုင်းပါဘဲ။ ရေတက်ပြီဆိုတာနဲ့ကားလမ်းနံဘေးမှာ အိမ်လေးတွေအရှိုအရှိုနဲ့ပေါ်လာပြီး ရေမကျမခြင်းဒီအနားမှာဘဲဖြစ်သလိုနေကြရတော့တာပါဘဲ။ နှစ်စဉ်နှစ်တိုင်း ရေတက်လာရင် ရေလွတ်တဲ့နေရာပြောင်းနေလိုက် ရေကျတော့ မူရင်းနေရာပြန်သွားပြီ တံငါလုပ် ကိုင်းလုပ် ယာလုပ်နဲ့နေခဲ့ကြတာ ဘိုးစဉ်ဘောင်ဆက်အသားကျနေပြီလို့တောင်ဆိုနို်င်ပါတယ်။ ဒီလိုရေတက်ချိန်မှာဆိုရင်ရေဘေးပြေးလာတဲ့မိသားစုတွေအတော်များပါတယ်။ သူတို့ခမျာမှာ ယာယီဆောက်ထားတဲ့တဲပေါက်စနထဲမှာဖြစ်သလိုနေကြရပါတယ်။ နေ့ဆိုအိမ်ရှိလူကုန်အပြင်ထွက်နေ၊ညဆိုတိုးခွေ့အိပ်၊ထမင်းဟင်းချက်တော့ တဲ့ရှေ့မှာမီးခိုးတလူလူနဲ့ချက်။ သုံးတဲ့ရေက ကျောပေးထားတဲ့မြစ်ရေကိုခပ်သုံး။ အိမ်သာမရှိတော့ ကြုံတဲ့နေရာမှအညစ်အကြေးစွန့် […]


“မန္တလေး ကန်တော်ကြီး(တက်သိမ်းအင်း)အရှေ့မြောက်ဘက်ခြမ်းမှကျုးကျော်တဲကလေးမီးလောင်ခြင်း”                                       (ဖြေရှင်းသင့်တဲ့ ကိစ္စလေးတစ်ခု)   1997ခုနှစ်က အခုကန်တော်ကြီးဖြစ်လာမယ့် ကန်စွန်းခင်းတွေနဲ့ပြည့်နေတဲ့ ဒေါနခြံရပ်ကွက်မှာ မန်းစည်ပင်ရဲ့စီမံမူ့နဲ့ တစ်ထပ်ကို အခန်းဆယ်ခန်း နဲ့ သုံးထပ်တိုက်ခန်းလေးတွေရှစ်တွဲတိတိ ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီမြေကွက် မှာနဂိုမူလ နေထိုင်သူတွေကို အိမ်ထောင်စုဇယားတစ်ခုကို တိုက်ခန်းတစ်ခန်းစီပြန်ပေးပါတယ်။ ကျပ်တစ်သိန်းခွဲကို အရစ်ကျနဲ့သွင်းရပါတယ်။ အများအားဖြင့် အဲဒီမူလပိုင်ရှင်တွေက ကိုယ်တိုင်မနေဘဲပြန်ရောင်းသွားကြတာများပါတယ်။ ကျန်တဲ့တိုက်ခန်းတွေကိုတော့ စည်ပင်သာယာကနေ ဝယ်လိုသူကိုပြန်ရောင်းခဲ့ပါတယ်။   အစကတော့ ဒီတို်က်ခန်းလေးတွေက မြိုစွန်ကျတော့ ဈေးသိပ်မရ။ နောက်တော့တက်သိမ်းအင်းကို ကန်တော်ကြီးမြို့ပြဖွံ့ဖြိုးမှု့စီမံကိန်းအသွင်နဲ့ဆောင်ရွက်လိုက်တဲ့အခါ တက်သိမ်းအင်းမှာအရင်က ရှိခဲ့တဲ့ကန်စွန်းခင်းနေရာတွေကလည်း စီမံကိန်းနယ်မြေထဲမှာပါဝင်သွားပါတယ်။ အဲဒီနေရာတွေကို စည်ပင်သာယာက စီမံကိန်းဝင်မြေအဖြစ် သိမ်းယူခဲ့ပါတယ်။ သိမ်းယူလိုက်တဲ့မြေအတွက် နစ်နာကြေးပေးတယ်ဆိုတာကတော့အကြမ်းဖျဥ်းသိရပါတယ်။ ဘယ်လောက်ရတယ်ဆိုတာကိုတော့ မသိပါဘူး။ အသိမ်းခံရသူတွေကတော့ သူတို့မြေလို့ဘဲ ပြောနေကြတာကို သိရပါတယ်။ အဲဒီနေရာတွေကို ဘယ်သူပိုင်ဆိုင်ခဲ့တယ်ဆိုတာကလဲ မြေစာရင်းဌာနကဘဲသိနိုင်ပါမယ်။   […]


      ဒီပုံလေးတွေကတော့ မူဆယ်ကနေမန္တလေးအပြန်လမ်းမှကားပေါ်ကနေတွေ့ခဲ့ရတဲ့ မိုးတိမ်ခိုးတွေဆိုင်းနေတဲ့မြင်ကွင်းလေးပါဘဲ.


ပုံနှိပ်မှတ်တမ်း စဉ် ရက်စွဲ မန်းလေးတိုင်း စာစောင်အမှတ် 2010 1 30-Jul-10 မကြားစကောင်းကြားစကောင်း VOL(3)N0(33) 2 20-Aug-10 ဟိုမရောက်ဒီမရောက်ပေါက်တတ်ကရ VOL(3)N0(36) 3 10-Sep-10 မတောင်းစကောင်းတောင်းစကောင်းဘယ်ဆုတောင်းပါမယ် VOL(3)N0(39) 4 24-Sep-10 မြန်မာပြည်မှ ဂျစ်ပဆီလေးများသို့ VOL(3)N0(41) 5 22-Oct-10 ချိန်စက်ကြည့်ရင်ဘယ်ဘက်ကနေမလဲ VOL(3)N0(45) 6 12-Nov-10 သူက မဗျိုင်းလေးဆိုရင်ကိုယ်ရောကိုဗျိုင်းလေးဖြစ်နေမလား VOL(3)N0(48) 7 26-Nov-10 မဆူစကောင်းဆူစကောင်း အပိုင်းတစ် VOL(3)N0(50) 8 1-Dec-10 မဆူစကောင်းဆူစကောင်း အပိုင်းနှစ် VOL(3)N0(51) 9 24-Dec-10 မှန်ကြည့်သလို ပြန်ကြည့်ဖြစ်ပါသလား VOL(4)N0(2) 2011 10 14-Jan-11 မာန်ဟုန်ပြင်းတယ်ပြင်းတယ်(ခ) ကိုယ်ရှိန်သတ်ရပ်နိုင်ပါ့မလား VOL(4)N0(5) 11 28-Jan-11 […]


“ခမ်းဟွမ် ……………….အပိုင်းလေး” (ဇာတ်သိမ်းပိုင်း)     မနက်ခြောက်နာရီမထိုးခင်အိပ်ယာထလို့  ကျနော်လမ်းလျှောက်ထွက်မလို့လုပ်နေတုန်းဖုန်းဝင်လာပါတယ်။ ကြည့်လိုက်တော့ “ဘေဘေး” အောက်မှာရောက်နေပြီလက်ဖက်ရည်သောက်ဘို့လာခေါ်တာပါတဲ့။ အဲဒါနဲ့ သူ့ကိုဧည့်ခန်းမှာစောင့်ခိုင်း။ သူ့ဆိုင်ကယ်လေး ဟိုတယ်နားမှာခဏထား။ သူနဲ့ကျနော်လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ ရွှေလီတံတားဖက်ကိုပေါ့။ ကျနော်တည်းတဲ့ဟိုတယ်နဲ့မျက်နှာခြင်းဆိုင်က မနောကွင်းထဲမှာအားကစားလေ့ကျင့်နေကြတဲ့သူလဲအများကြီး။ မနောကွင်းဖက်ကိုလမ်းလျောက်လာနေသူလဲ အများကြီးပါဘဲ။ ကျနော်တို့သွားတဲ့လမ်းမှာ လုပ်ငန်းခွင်ကိုသွားနေကြတဲ့ကျနော်တို့ရွှေမြန်မာတွေကိုတွေ့ရပါတယ်။ အလုပ်အကိုင်အတည်တကျ မရှိသေးတော့ပွဲစားလာခေါ်မှာကိုစောင့်နေတဲ့  ဘောက်အလုပ်သမားရွှေမြန်မာများ ကလည်းသစ်ပင်အောက်မှာ တို်က်အရိ်ပ်အောက်မှာ တွေ့ခဲ့ရပါသေးတယ်။ ရွှေလီတံတားပေါ်ကတော့ တကယ်ကို သာယာပါတယ်။ အဝေးပါတ်ပါတ်လည်မှာက မူံရီနေတဲ့တောင်တန်းကြီးတွေ။ နေမထွက်သေးတော့ပါတ်ဝန်းကျင်က မှိုင်းပြပြ။ တံတားပေါ်မှာတော့ လမ်းလျောက်လာသူ အလုပ်သွားသူ နဲ့ လူမပြတ်။ ကျနော်ကသူ့လက်ကလေးကိုဆွဲလို့ စကားတပြောပြောနဲ့လမ်းလျှောက်လာတဲ့အချိန်မတော့ သူ့မျက်နှာလေးက ကြည်လင်ဝင်းပလို့ စိတ်ချမ်းသာနေတဲ့ပုံ။ မမြင်နိုင်တဲ့စိတ်အလျင်လေးတွေက ကူးစက်တတ်ပါတယ်။ သူစိတ်ချမ်းသာတော့ ကျနော့်စိတ်ထဲမှာလဲအလိုလိုပျော်တာပေါ့နော်။ တံတားဟိုဘက်အဆုံးရောက်တော့ ပြန်လာပြီးကျယ်ဂေါင်ကျောက်မျက်ဈေးနားကဖြတ်လို့ ကျောက်မျက်ရတနာတန်းမှာရှိတဲ့ ရွှေမန္တလေးမှာ သွားပြီး လက်ဖက်ရည်သောက်ကြပါတယ်။ […]


“မန္တလေးက မြီးရှည်(ကိုလတ်ကြီးအတွက် သတိတရ)”     ဒီရီစရာလေးကပြောတော့ပြောဘူးပါတယ်။ ကျနော်တို့အိမ်ကို ဧည့်သည်လာတော့ သူတို့ကိုမနက်စာမုန့်လို်က်ကြွေးပါတယ်။ သူတို့ပြန်လာတော့ ဧည့်သည်ကို ဘာတွေကျွေးခဲ့လဲလို့ မေးရော။ သူတို့ထဲက ခပ်သွက်သွက် ကလေးတစ်ယောက်က “ဝက်သားနဲ့သုပ်တဲ့မုန့်တီစားခဲ့တယ်……အရမ်းကောင်းတယ်”လို့ဖြေပါတယ်။ သူပြောတာ အစက သဘောမပေါက်။ ပေါက်လဲပေါက်ရော တစ်အိမ်လုံးရီလိုက်ကြရတာ ဝက်ဝက်ကွဲ။ မျက်ရည်များတောင်ထွက်အောင်ရီကြရတာပေါ့။ သူစားခဲ့တာ “မြီးရှည်”ပါ။ မသိတော့မုန့်တီကိုဝက်သားနဲ့သုတ်တယ်လိုထင်သွားတာကိုး။ ထင်လဲထင်စရာ ပုံစံခြင်းကတူတာကိုး။ မြီးရှည်ထဲ ထည့်စားတဲ့မုန့်ဖတ်က မုန့်တီနန်းလတ်နဲ့အရွယ်အစားဆင်ပါတယ်။ ဒါပေမယ့် မတူပါဘူး။ မြီးရှည်မုန့်ဖတ်က နည်းနည်းလေးအလုံးပိုသေးပါတယ်။   မြီးရှည်မှာပါဝင်တဲ့ပစ္စည်းတွေကတော 1.မုန့်ဖတ် 2.ကော် 3.ပဲငပိ 4.တိုရ(ခ)ပဲပင်ပေါက် 5.ကြက်သွန်ဖြူထောင်းအရည်နဲ့တရုပ်နံနံ 6.ဂျုံလုံးအကျွတ်ကြော် 7.ဝက်ဆီဖတ်ကြော် 8.ငရုတ်သီးနဲ့ဆီသတ်ထားတဲ့ ငရုတ်ဆီ 9.ကြက်သွန်ဖြူနဲ့ဆီသတ်ထားတဲ့ဆီဝါ 10.ကြက်သားအသား(သို့မဟုတ်)ဝက်သားအသားနှင့်ဝက်အဆီအခေါက်ပြုတ်ထားတာ 11.မုန်ညှင်းချဉ်(သို့မဟုတ်)မုန်လာဥချဉ် တွေပါဝင်ပြီးတော့ ဝက်သားပြုတ်ရည်ကို ဟင်းချိုအဖြစ်ချပေးပါတယ်။ မြီးရှည်ဆရာများရဲ့ အပြောကတော့ […]


          “ကျောက်တုံးနဲ့သစ်ပင်ချစ်ခင်တဲ့လူမျုးိ”     2010 ခုနှစ်မှာသူတို့ဆီရောက်တော့  လမ်းဘေးပလက်ဖောင်းမှာ သစ်ပင်တွေစိုက်နေတာတွေ့ရပါတယ်။ သစ်ပင်စိုက်တယ်ဆိုတာ ကျနော်တို့ဆီကလိုသစ်ပင်ပေါက်စနလေးကို စိုက်တာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားအပင်ကြီးတွေကို ယူလာပြီးစို်က်တာပါ။ ပိန္နဲပင်လေးတစ်ပင်ဆိုရင် အသီးကင်းလေးတောင်ပါလိုက်သေး။ နုတ်လာတဲ့အပင်ဘေးမှာရှိတဲ့မြေကြီးကိုလဲတူးယူလာပါတယ်.။ နောက်တော့အပင်ချစိုက်ပြီး အပင်ကို အဝတ်နက်ကြီးနဲ့ပါတ်ပေးထားခဲ့ပါတယ်။ 2012 နောက်တစ်ခေါက်အရောက်မှာတော့ 2010တုံးကအပင်တွေအားလုံးရှင်သန်လို့ အသီးအပွင့်တွေနဲ့မြိုင်ဆိုင်။ (ကျနော်တို့မန်းလေးမှာတော့ ကျွဲဆည်ကန်ဆိုင်ကယ်လမ်းမှာစိုက်ထားတဲ့အပင်တွေက အပင်ခြောက်တွေဖြစ်လို့သေကုန်တောမြင်ရတော့ ဘာကွာသလဲလို့စဉ်းစားမိပါတယ်)   သူတို့ဆီမှာ နေရာအတော်များများမှာသစ်ပင်တွေနဲ့စိမ်းစို။ သစ်ပင်တွေကိုလဲဂရုစို်က်ကြပါတယ်။ နောက်လမ်းတိုင်းမှာလဲ ပလက်ဖောင်းမှာ သစ်ပင်တွေကအစီအရီ။. လမ်းကြားမှာဆိုရင် အပင်တွေယှက်နေပုံက မျက်စေ့အေးစရာ။ လမ်းမတန်းမှာတော့ ပန်းခြံကလေးတွေအပင်ပုလေးတွေရှိပြန်ပါတယ်။ နောက်နေရာအနှံ့တွေ့ရတာကတော့ ကျောက်တုံးတွေကို အထိန်းအမှတ်အဖြစ်စိုက်ထားတာပါ။ သေချာတာတစ်ခုတော့ သူတို့လူမျုးိက သစ်ပင်ကိုချစ်ပါတယ်.။ သစ်ပင်စိုက်ရင်း ရာသီဥတုကိုသူတို့ဆီအပါခေါ်ထားလိုက်တော့သာယာတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့က ဆိုင်းဘုတ်မထောင်ဘဲ လက်တွေ့ချစ်ပြတတ်ကြတာကိုတော့ […]


“ခမ်းဟွမ်………………… ……..” (အသစ်တစ်ဖန်………………………….)   သင်္ကြန်တွင်းအလုပ်တွေပိတ်တော့ ကျနော့် မန်းလေးကို ပြန်လာခဲ့ပါတယ်။ ဒီပိတ်ရက်ကရှည်တော့အဝေးရောက်သားသမီးများအိမ်ပြန်ချိန်လို့ဆိုရင်လဲရနိုင်ပါတယ်။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေအကုန်ပြန်ဆုံပါတယ်။ ရွှေလီဖက်ရောက်နေတယ်ဆိုတဲ့“ငြိမ်းမ”တစ်ယောက်ကလွဲလို့ပေါ့။ သင်္ကြန်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးလည်လိုက်ပတ်လိုက်။ လက်ဖက်ရည်ဆိုင်ထိုင်လိုက် နဲ့ပေါ့။ သူတို့နဲ့မသွားဘဲအိမ်မှာတစ်ယောက်ထဲရှိနေတဲ့အချိန်အခါမျိုးမှာဖြစ်ဖြစ် သူနဲ့သွားခဲ့လာခဲ့ဘူးတဲ့နေရာကိုရောက်ရင်ဘဲဖြစ်ဖြစ် ဘေဘေးကို သတိရမိပါတယ်။ အထူးသဖြင့် မနက် မနက် ကန်တော်ကြီးမှာ  လမ်းလျောက်တဲ့အခါမှာပေါ့။   သူငယ်ချင်းတွေပြန်ဆုံပေမယ့်လဲ ဘေဘေး သတင်းကတော့ အစအနကိုမရပါဘူး။ သူဘယ်ရောက်သွားတယ်ဆိုတာ တိတိကျကျသိသူမရှိ။ သူအိမ်ထောင်မကျဘူးဆိုတာကတော့ သေချာသလောက်။ ဘယ်သူ့ဆီကို မှ ဘေဘေးရဲ့ မင်္ဂလာဆောင်ဖိတ်စာမရောက်လို့ပါ။ ကိုယ်စိတ်ကိုယ်ဒီလိုဘဲဖြေသိမ့်ရတာပေါ့နော်။ ကျနော်သူတို့အိမ်ဘက်ပါတ်ကြည့်တော့လဲအရိပ်အယောင်တောင်မမြင်ရ၊။ မိပန်ကတော့ “နင်တောင်ကြီးရောက်ပြီးတစ်လ နှစ်လ လဲနေရော ခမ်း ကိုလဲ ငါတို့မတွေ့တော့ဘူး” လို့ပြောပါတယ်။။   ဒီလိုနဲ့ဘဲပိတ်ရက်ကုန်တော့ တောင်ကြီးကိုပြန်ခဲ့ရပါတယ်။ တောင်ကြီးရောက်ပြီးလို့ သိပ်မကြာခင်မှာဘဲ ကျယ်ဂေါင်မှာရှိတဲ့ ရုံးကိုသွားဘို့ဖြစ်လာပြန်ပါတယ်။ တစ်ခါမှမရောက်ဘူးတဲ့အရပ်မို့လို […]