1ကျောက်စရစ်ခဲတောင်                 “လွတ်လပ်ကျယ်ပြန့်သောနေရာဆီသို့………………”   မူဆယ်မြို့ကနေ မန်းလေးဘက်ကိုပြန်အထွက်လမ်းမကြီးကနေ တောင်ဘက်ကိုလာတဲ့အခါ လမ်းခွဲလေးတစ်ခုတွေ့ပါတယ်။ အနောက်ဘက်တည့်တည့်ဆက်သွားရင် မန်းလေးဘက်။ အရှေ့ဘက်ကိုသွားမယ်ဆိုရင် မြို့သစ်တည်မယ်ဆိုတဲ့နေရာ။ နောင်ဆိုရင်ကားကြီးတွေ ဒီဘက်က သွားရမယ်လို့သတင်းတွေထွက်လာတယ်ဆိုတော့ အဲဒီဘက်က ဆယ်ဂဏန်းမြေကွက်က ရာကြီးဂဏန်းတွေဖြစ်ကုန်ပါတယ်။ အဲဒီဘက်က တရုပ်နယ်စပ်နဲ့မြန်မာနယ်စပ်ပြန်ဆုံတဲ့နေရာလို့ပြောတော့ သွားကြည့်ချင်ပါတယ်။ ဒီလမ်းတွေကိုလဲ တရုတ်ဘက်ကတာဝန်ယူပြီးဖောက်ပေးတယ်ပြောပါတယ်။ လမ်းတွေက ညီညာပြီး အတော်လေးသပ်ရပ်။ တစ်ဘက်ကတောင် တစ်ဘက်က မြေပြန့်လွင်ပြင်။ လွင်ပြင်ဘက်ခြမ်းမှာတော့ ရသလောက်နေရာတွေမှာ စါပးပင်တွေစိုက်ထားတာကိုတွေ့ရ။ အဝေးမှာအထပ်ထပ်နဲ့တောင်ကြီးတွေ။ လှမ်းကြည့်ရင်  ကျောက်တောင်တခြမ်းပဲ့တွေအဖြစ်မြင်ရပါတယ်။ ဒီကျောက်တောင်တွေကနေအိမ်ဆောက် လမ်းခင်းဘို့ ကျောက်စရစ်ထုတ်တေ့ာ တောင်ကတုံးတွေဖြစ်သွား။ ဒီလမ်းရဲ့ထူးခြားချက်ကတော့ သူတို့ဖောက်တဲ့လမ်းကြောင်းမှာပိတ်နေတဲ့တောင်တွေကို ထက်ဝက်ပိုင်းပြီး လမ်းဖောက်လိုက်တာပါတဲ့။ အကွေ့အကောက်တွေများပေမယ့် လမ်းတွေကညီညာဖြောင့်ဖြူးပါတယ်။ နေအပူရှိန်ရှိပေမယ့် တောင်တန်းတွေကြားကလာတဲ့အေးမြတဲ့လေကြောင့်အပူဒဏ်တွေ လျော့ပါးတာကတော့အမှန်ပါဘဲ။ […]


“ခမ်းဟွမ် -အပိုင်းနှစ်” (ဝေးလွင့် ဝေသီ…………………..)   “ကိုးကိုး နက်ဖြန် မန်းလေးတောင်ကိုသွားရအောင် မရောက်တာကြာပြီလေ” “ညနေပိုင်းမှသွားမယ်လေ မနက်ပိုင်းသွားရင်အပြန်ဆိုအရမ်းပူမှာ” “ ကိုးကိုး ဘယ်သူမှ မခေါ်ခဲ့နဲ့နော် ငေါတိုင်ပင်စရာရှိတယ်” “အေးပါ ဒါဆို ညနေခြောက်နာရီလောက်လာခေါ်မယ်လေ”   ညနေခြောက်နာရီလောက်ရောက်တော့ သူ့ကိုဝင်ခေါ်ပြီးတော့ မန်းလေးတောင်ကို ဆိုင်ကယ်နဲ့တက်လာခဲ့ကြပါတယ်။ နွေအခါဆိုတော့ ညနေခြောက်နာရီကျော်တာတောင်မှ အပူရှိန်သိပ်မကျ အလင်းရောင်လဲမပျောက်သေး။ တောင်တက်လမ်းမှာလဲကျန်းမာရေးအတွက် ခြေလျင်တောင်တက်နေသူတွေကလဲ တစ်လမ်းလုံးမပြတ်ပါဘူး။ မတ်စောက်တဲ့တောင်တက်လမ်းဖြစ်တော့ ဆိုင်ကယ်ကို ဂရုတစိုက်မောင်းလို့လာခဲ့ပါတယ်။ ခါတိုင်းဆိုရင် ပေါက်ပေါက်ဖောက်သလို တစ်လမ်းလုံး စကားပြောတတ်တဲ့ “ဘေဘေး”က ထူးထူးခြားခြား စကားတစ်ခွန်းမှမပြောဘဲ ငြိမ်ကုတ်လို့လိုက်လာပါတယ်။ ဒါနဲ့ဘဲတောင်ထိပ်ရောက်တော့ ဓါတ်လှေကားအခြေနားမှာ ဆိုင်ကယ်အပ်။ ပြီးတော့မှ ကျနော်တို့ထိုင်နေကျ တောင်မကြီးရဲ့ အရှေ့ဘက်အခြမ်းက စေတီအသစ်လေးဆီကို ဆင်းလာခဲ့ပါတယ်။ ဒီစေတီလေးအသစ်လေးရဲ့ ပုရဝုဏ်က  ကျယ်ဝန်းတဲ့အပြင် လူလဲရှင်းပါတယ်။ […]


  (ခ)အမိူက်ပုံကိုပွအောင်ဖွသူများ     (ဂ)ထူးမခြားနား …………………………     သူတို့ဆီက စည်ပင်သာယာ   “etone နောက်ကလိုက်ခြင်း (ပစ်သူတစ်ဆယ် ဖွသူငါး သိမ်းသူတစ်)”   ဒီနေ့မနက် ရး၃ဝလောက် ဆိုင်ကယ်နဲ့အလုပ်ကိုအသွား ၃ရလမ်း၈၄လမ်းဒေါင့်မှာ စည်ပင်သာယာအမုူိက်သိမ်းတဲ့ကားက အမိူက်ပုံ်ကိုပြောင်သန့်နေအောင်သိမ်းနေတာ အဝေးကလှမ်းတွေ့နေရပါတယ်။ သူတို့ကားလေးထွက်သွားလို့မှ မကြာသေးဘူး အဲဒီပြောင်သန့်နေတဲ့နေရာလေးကို ကောင်ကလေးနှစ်ယောက်က ခြင်းကြားကြီးနဲ့အမိူက်တွေ လာပစ်သွားတော့ မိနစ်ပိုင်းလေးအတွင်း သန့်ရှင်းနေတဲ့နေရာက အမိူက်ပုံပြန်ဖြစ်သွားပါတယ်။ ခက်တာက အဲဒီနားမှာ အမိူက်ထည့်ဘို့ ဘာပုံးမှ မရှိတာပါဘဲ။ အဲဒီမြင်ကွင်းလေးမြင်တော့ အချိတ်အဆက်တွေလွဲနေတဲ့ အမိူက်ပစ်သူနဲ့ အမိူုက်သိမ်းသူ ကို ညီအောင်ညှိပေးချင်စိတ်ကလေးပေါ်လာပါတယ်။ အဲဒါလေးတွေမြင်တော့ ကျနော်စိတ်ထဲမှာဟိုတစ်ရက်က etone ရဲ့ အမိူက်ပုံးနဲ့ပါတ်သက်တဲ့ပိုစ်လေးကို သူရေးနေကျ မန်းလေးဂေဇက်မှာရော ထာဝရသူငယ်ချင်းများဆို်က်မှာပါဖတ်လိုက်ရပါတယ်။ ဒီအမိူက်ပြဿနာက အတော်လေးကို အုံးစားရတဲ့ပြဿနာလဲဖြစ်ပါတယ်။ […]


“ခမ်းဟွမ်…………………………..” (ကြည်နူးရိပ်စွန်းသောနေ့ရက်များ…………….)(အပိုင်းတစ်)   ဒီနေ့မနက်ကျနော်အိပ်ယာနိုးတော့ မုးိတွေရွာနေပါတယ်။ အရမ်း သဲတယ်လဲမဆိုနိုင်ပေမယ့်အပြင်ဘက်မှာ လူအသွားအလာမရှိသလောက်။ လမ်းမပေါ်မှာတော့ မိုးရေစက်တွေက ဟိုတစ်ကွက်ဒီတစ်ကွက် အိုင်ထွန်းလို့နေပါတယ်။ တံစက်မြိတ်က ကျလာတဲ့မိုးစက်တွေက တဖြောက်ဖြောက်။ ကိုယ်နဲ့မသက်ဆိုင်တဲ့သူများမြို့ရွာကနေ ကိုယ့်အိမ်ကိုယ့်ယာပြန်ရမယ်ဆိုတော့စိတ်ထဲမှာပျော်သလိုလို၊ နွေးထွေးလာသလိုလို။ နောက်ဒီနေ့မှာ “ခမ်းဟွမ် “ဆီကနေ ပြတ်သားတဲ့အဖြေတစ်ခုရမယ့်နေ့။ ကျနော်ကိုလာကြိုမယ့်ကားက အလည်ပေါက်လို့ခေါ်တဲ့နန်းတော်ဂိတ်မှာလာစောင့်မှာပါ။ ကျနော်တည်းတဲ့ “စန်းဟွမ်” ဟိုတယ်ကနေလမ်းလျောက်သွားမယ်ဆို မန်းလေးအခေါ် သုံးပြလောက်ဘဲဝေးပါတယ်။ လာကြိုမယ့်အချိန်က မြန်မာလို(၇)နာရီ။ ဒီမြို့လေးကိုရောက်လာတော့ ပထမဆုံးတွေ့ရတဲ့အခက်အခဲ က အချိန်နာရီကွာခြားမူ့ပါဘဲ။ မြန်မာပြည်ပိုင်တဲ့”မူဆယ်”နဲ့ လမ်းလေးတစ်လမ်းသာခြားနားတဲ့တရုပ်ပြည်ပိုင်နက်က ”ကျယ်ဂေါင် “(jie gao) ဟိုဘက်နဲ့ဒီဘက်လမ်းကလေးသာခြားပေမယ့် အသုံးပြုတဲ့နာရီကတော့ တစ်နာရီခွဲတိတိကွာခြားပါတယ်။ သူတို့ကစောတာပါ။ အတိအကျပြောမယ်ဆိုရင်တော့ မူဆယ် -ကျယ်ဂေါင်-ရွှေလီက ကပ်နေတဲ့မြို့ပါ.။ လမ်းလေးတစ်လမ်းဘဲခြားပေမယ့် အချိန်နာရီကွာခြားတာကတော့ သူတို့က ပေ့ကျင်း(ခ)ပီကင်းစံတော်ချိန်ကို သုံးပြီးကျနော်တော်တို့ကရန်ကုန်ကိုအခြေပြုတဲ့မြန်မာစံတော်ချိန်ကိုသုံးတာကိုး။ ဒါပေမယ့် စိတ်တွေစောနေတဲ့ […]


  နက်ဖြန်မွေးနေ့ဘာကျွေးမလဲစဉ်းစားလိုက်တော့ ရန်ကုန်က ညီလေး အာဂ (ရစ်မမ မူပိုင်)က လေးပေါက် ထိုးမုန့်စားချင်တယ်ဗျာလို့ပြောဘူးတယ်။ အစက ပေါက်စီကျွေးမယ်စဉ်းစားသေးတယ်။ ဒါပေမယ့် လူတို်င်းကြိုက်ချင်မှကြိုက်မှာ။ အဲဒါနဲ့ ထိုးမုန့်နဲ့လမုန့်ကွေးျမယ် ဆုံးဖြတ်လိုက်ပါတယ်။ မွေးနေ့မှန်းသိသွားတဲ့ ရွာထဲကညီမတစ်ယောက်က ဧည့်သည်တွေပါဧည့်ခံရအောင်ဆိုပြီး သူလက်စွမ်းပြထားတဲ့(ဝယ်စားလို့မရဘူးနော်) သက်တန့်ကျောက်ကျောရယ် သီးစုံဖျော်ရည်လာပို့တော့ မြိုင်သွားတာပေါ့။ ကဲ အလှစာ မဟုတ်ဘူး အဝစား။ ကုန်သွားရင် ထပ်ထည့်ပေးမယ်။ ပြန်ရင်လဲ သားသားမီးမီးတို့အတွက်ပါဆယ်ဆွဲသွားနော်။ ရွာသူားအားလုံး အနီးအဝေး ရှိသမျှ မိတ်ဆွေအားလုံး အကုန်ဝအောင်စားကြပါနော်။   အားလုံးကိုခင်သော ကိုပေါက်(မန္တလေး)  


ပေးဝေခြင်း 1         “Mလုလင်နောက်က လိုက်ခြင်း” (လုလင်တို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ)   ကျနော်တို့ ရွာကအလှူပန်းတနော်ပွဲကို လိုက်ဘို့ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ တောင်ကြီးဘက်ကနေကူးလာတာပါ။ ရောက်တဲ့နေ့မှာဘဲ လုလင်နဲ့ကျနော် ကန်တော်ကြီးဘက်ဓါတ်ပုံရိုက်ထွက်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့နှစ်ယောက်မှာ တူညီတဲ့စိတ်က ဓါတ်ပုံရိုက်သွားမယ်ဆို ချက်ခြင်းသွားဖြစ်တာပါ။ သူနဲ့ကျနော်သွားတဲ့အချိန်က နေ့လည်ဆယ်နှစ်နာရီကျော်ကျော်။ ထမင်းလဲမစားရသေး။ ကျနော်က ငုဝါပန်းတွေလက်ဆော့ချင်တယ်ဆိုတာနဲ့သူကလိုက်ပို့တာပါ။ ဟိုရောက်တာနဲ့ အဲဒီနားက ဆိုင်မှာ ထမင်းကြော်စား။ ပြီးတာနဲ့လက်ဆော့။ ကရဝိက်ရယ် ငုရယ် စိတ်တိုင်းတွေကျ။ ဒါနဲ့အနောက်ဘက်ခြမ်းဆက်သွား၊ ဘွန်ဇိုင်းအပင်တွေကြားထဲမှာ ကျနော်ကို ဓါတ်ပုံရိုက်.။ ကြာပန်းပင်တွေရိုက်။ အဲဒီလိုရိုက်နေတုန်း သူက သူ့မင်္ဂလာဆောင်အကြောင်းလေးပြောပြပါတယ်။ မင်္ဂလာဆောင်တဲ့အချိန် ဓါတ်ပုံတွေ စပါယ်ရှယ်ရိုက်တဲ့အကြောင်းပေါ့။ ဒီကန်တော်ကြီးထဲက စိန်ပန်းပင်တပင် အပွင့်တွေရဲရဲတောက်လို့လှပ။ သူ့အရိပ်က ကန်ရေပြင်မှာလှပစွာသက်ဆင်း။ သူတို့ မောင်နှံက အဲဒီနေရာလေးမှာ ရိုက်ခဲ့တာလေးကို သူသတိတရနဲ့ပြန်ပြောပြ။ […]


    “လွမ်းရိပ်ဆင်….ညနေခင်း”   ညနေခင်းခြောက်နာရီကျော်ကျော်လောက်အလုပ်ကပြန်လာတဲ့တစ်ရက်။ မရွာဘဲ အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေကြောင့်ကောင်းကင်က မိူင်းရီ။ ဆိုင်ကယ်စီးလာရင်းကနေအနောက်ဘက်ကောင်းကင်ကိုကြည့်မိတော့ ဝင်လုဆဲနေမင်းက မြေကမ ္ဘာကိုလက်ဆောင်ပေးတဲ့ အလင်းစက်တွေကြောင့် တိမ်ညိုတွေတောင် အရောင်ပြောင်းလို့ စိုလက်တောက်ပလို့နေပါတယ်။ ဒါဆိုရင်တော့ တက်သေးအင်း ရေပြင်ရယ် မင်းဝံတောင်တန်းရယ် တိမ်ရယ်လှနေတော့မှာဘဲဆိုပြီး အဲဒီကန်စပ်ကို အပြေးအလွားသွားရပါတော့တယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှု့မောလို့ ဆိုရအောင် ပုဇွန်ဆီရောင်တောက်ပ။ အပြာရောင်နုနုတွေကတော့ကန်ရေပြင်ပေါ်ကို ဆင်းသက်။ အိပ်တန်းပျံ ငှက်ကလေးတွေကလဲ ကောင်းကင်ပန်းချီကားကိုနောက်ခံထားလို့ ပျံသန်း။ ကြည့်မဝ ရူ့မဝ။ ကမ်းဘေးမှာတစ်ကိုယ်တော်လေလွင့်ခြင်းလုပ်နေတဲ့ အုန်းပင်လေးက လဲ လေအလာမှာယိမ်းနွဲ့လှူပ်ယှား။ တနေ့တာမောပန်းခဲ့ စိတ်ရှုပ်ခဲ့သမျှတော့ ပေါ့ပါးလို့လန်းဆန်းသွား။ ဒါပေမယ့် ကြည့်နေရင်းက လွမ်းတော့လွမ်းသလိုလို……………….. ဘယ်ကိုလွမ်းမှန်းမသိတာကတော့ အတော်ခက်တယ်ပြောရမယ်ထင်တာပါဘဲ။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရာများ။ (29-6-2012)   […]


            “ကြည်နူးစေနံနက်ခင်း”     ရွှေလီကပြန်လာကတည်းက ကျနော်အပျင်းထူပြီးလမ်းမလျောက်ဖြစ်ပါဘူး။ လမ်းမလျောက်တာရက်20လောက်လဲရောက်ရောလူလဲထိုုင်းမုူိင်းလို့လာပါလေရေ၊ မနက်မနက်နိုးစက်ပေးထားပြီး အအသံမည်ပေမယ့် အိပ်ယာက မထ။ ကျနာ်က ဆက်အိပ်လို့ရပေမယ့်မဒမ်ပေါက်က ဆက်အိမ်မရတော့ “အိပ်ယာက မထင်ချင်ရင် နှိုးစက်မပေးနဲ့” ဆိုပြီး ဝါဒသဘောထားကြေညာချက်တွေထုတ်ပါတယ်။ ဒီလိုဘဲထမယ်လုပ်လိုက် မထဘဲပြန်အိပ်လုပ်လိုက်တာ ရက်20ကျော်သွားပါတယ်။ အဲဒါနဲ့မဖြစ်ချေဘူးဆိုပြီး တစ်ည စောစောအိပ်။ (ည12နာရီမှာအိပ်တာပါ) မနက်နှိုးစက်မည်တာနဲ့လူးလဲထလို့လမ်းလျောက်ရပါတော့တယ်။ လမ်းစလျှောက်တဲ့အချိန်မှာ လေအတော်ကလေးတိုက်ပါတယ်။ အဲတော့လဲ ကျနာ်သိပ်အားမစိုက်ရဘဲ မြန်မြန်လျှောက်ဖြစ်သွားပါတယ်။ စလျောက်စမှာ နေကိုကျောပေးပြီးလျှောက်နေတဲ့အတွက်ကောင်းကင်ကြီးဘယ်လောက်လှတယ်ဆိုတာမသိလိုက်ပါဘူး၊ နေထွက်ရာဘက်နဲ့အလျားလိုက်လျှောက်ရတဲ့ နေရာလဲရောက်ရော  အာရုံတက်အလင်းရောင်တွေက လှပစွာ ရေပြင်ပေါ်ကို ကျ။ လေဆော့ တော့လှိုင်းကြက်ခွပ်လေးတွေ ထနေပုံက တကယ်ကိုလှပ ပါတယ်။ ထုံးစံအတိုင်း ပြည်ကြီးမွန်ထိလမ်းလျောက်။ ပြန်လာတော့လဲ ကောင်းကင်ကြီးကလှပမြဲပါဘဲ.။ အရှေ့ဘက်ကရှမ်းရိုးမကိုမြင်ရတာဝိုးတဝါး။ လေဆော့တော့ […]


1 ဒီလမ်းမကျယ်ကြီးကနေကွေ့ဝင်သွားရပါတယ် အဲဒါဆင်ခြေဖုံးရပ်ကွက်တွေကို သွားတဲ့လမ်းမပါ။ 2 လယ်ကွင်းတွေကြားထဲကမြင်ရတဲ့ စက်ရုံအလုပ်ရုံတွေ(ကားပေါ်က ရိုက်တော့ နည်းနည်းဝါးတယ်) 3 ကျနော်တို့ဆီကနဲ့တူတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးပါ(ဒါလဲကားပေါ်ကရိုက်တာလေ)   4 အမြင်ဆန်းတဲ့စေတီတော် (ဦးနုစေတီလို့ခေါ်သလို ကျေးလက်စေတီလို့လည်းခေါ်ပါသတဲ့) 5 ရိုက်ချက်ဆန်းဆန်းလေး (ကိုယ်တတ်တာဟုတ်ပါဘူး သူများလုပ်ထားတာ အဆင်သင့်ဝင်စားတာပါ) 6 အရှေ့ဘက်မှဖူးမျှော်ခြင်း   6သစ်ပင်စောင်းစောင်းလေးက ကိုပေါက်အကြိုက်ပါဘဲ 7 ထုူူးဆန်းသောကံ့ကော်ပင် တစ်ခြမ်းထဲဘဲအပွင့်တွေပွင့်နေတာ 8အနီးကပ် ကံ့ကော် ဘုရားလှူဖို့ ခူးသွားနော် 9 ဘုရားပေါါ်မှာမွေးထားတဲ့ဒေါင်း   10 ကိုပေါက်လက်ဆော့လို့ ထွက်ပြေးရတဲ့ဒေါင်း 11 စိန်ပန်းနီလွင် စေတီတော်ဝါရွှင် 12 မအို့တအို ကျောင်းကလေး 13 အဝင်ဝက နာမတော်(ကျနော်ကတော့ မဖတ်တတ်ဘူး သိသူက ဘာသာပြန်ပေးကြပါ) 13 အသစ်ဆောက်နေတဲ့ …………………………………. […]


      6 မှောင်ရီဝေဝိုးတဝါးအလှ   “တောင်ပေါ်ကရေကန်(သူတို့ကန်နဲ့ကျနော်တို့ကန်)”     ကျနော်တို့အုပ်စုကလေးကပြည်တော်ပြန်ဘုရားကနေဆင်းလာတဲ့အချိန် တောင်ကြားထဲမှာရေကန်ရှိတယ်လို့ ကလေးတစ်ယောက်ကပြောလာပါတယ်။ အဲဒါနဲ့ထင်းရူးတောလေးအလွန်မှာ ရေကန်လေးလှမ်းတွေ့တော့ကားခဏရပ်လို့ဓါတ်ပုံရိုက်ပါတယ်။ ရိုက်ရင်းနဲ့အားမရတော့ မထူးဘူးဆိုပြီ အားလုံးအောက်အထိဆင်းလိုက်ကြပါတယ်။ အောက်ရောက်တော့ရေကန်နံဘေးမှာ အပန်းဖြေစာ ဆိုင်ကလေးတွေရှိပါတယ်။ တဲလေးတွေဆောက်ထားတာပါ။ ကန်ထဲမှာအပျော်စီးစရာ ဘဲရုပ်ခြေနင်းလှေကလေးတွေလဲရှိပါတယ်။ ကန်ကလေးကသိပ်မနက်သလို သိပ်လဲမကျယ်ပါဘူး။ ဘေးနှစ်ဖက်မှာက တောင်ကမ္ဘားယံတွေကခြံရံလို့ထားတဲ့ တောင်ကျချောင်းလေးဘဲဖြစ်ပုံရပါတယ်။ ရေကတော့ ကြံရည်ရောင် စိမ်းဖန့်ဖန့်။ လိပ်ကလေးတွေလဲရှိငါးစာကျွေးလိုက်ရင်အပြေးအလွှားလာစားတဲ့ငါးကလေးတွေလဲရှိ။ ချစ်စရာဘဲကလေးတွေက ရေကူးလို့။ ကန်ဘောင်တစ်ဘက်ကတော့ သမံသလင်းခင်းထားပါတယ်။ အကြာကြီးလဲမနေချင်နေကလဲအတော်လေးပူတော့ ခဏလေးဘဲနေ ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြပါတယ်။ တောင်ပေါ်ကဆင်းလာတော့ နေ့မွန်းတည့်။ အဲဒါနဲ့ဘဲ ကျနော်တို့ ထမင်းဝင်စားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။   ထမင်းဆိုင်ရောက်တော့ ထမင်းစားနေရင်းက တစ်နေ့ညကသွားခဲ့တဲ့ ရွှေလီမြို့ထဲကရေကန်ကြီးကို ပြန်သတိရမိပါတယ်။ သူတို့အခေါ်တော့ (စွေဟူး- sui hu)လို့ခေါ်ကြပါတယ်။ မြန်မာလိုပြန်ရင်တော့ရေကန်ကြီးလို့ပြောပါတယ်။ […]


  “လွယ်တိန်ခမ်းတောင်ပေါ်က”     ကျယ်ခေါင်ထဲမှာနေလို့ တစ်ပါတ်ပြည့်တဲ့ရက်နဲ့ ချိန်ပြီး မူဆယ်ဘက်ကိုသွားဘို့စီစဉ်ထားပါတယ်။ လိုက်ပို့မယ်သူက ဘယ်သွားချင်လဲလို့မေးတော့ မတ်ရပ်ကိုယ်တော်ကြီးရှိတဲ့ဆီကိုသွားချင်တယ်ပေါ့။ အဲဒါနဲ့ မနက်ရှစ်နာရီလောက် နန်းတော်ဂိတ်ကထွက်။ လူဝင်မူ့ကြီးကြပ်ရေးဂိတ်ပေါက်မှာတန်းစီ။ နောက်တစ်ပါတ်အတွက်ကဒ်အသစ်လုပ်။ ပြီးတာနဲ့ ဗိုက်ဖြည့်ဘို့ အရုဏ်ဦးလ က်ဖက်ရည်ဆိုင်ကို ချီတက်။ ပြီးတာနဲ့ရပ်တော်မူကိုယ်တော်ရှိရာလွယ်တိန်ခမ်းတောင်ကို သွားကြပါတယ်။ တောင်ပေါ်အတက်လမ်းဂိတ်တံခါးမှာတော့ ဖလားလေးတစ်လုံး။ စေတနာရှိသလောက်လှူပေါ့။ ကားကလေး က စိမ်းစိုတဲ့သစ်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းကလေးအတိုင်းပြေးလွှား။ တောင်တက်လမ်းက မြင့်ပေ့မယ် မမတ်စောက်ပါဘူး။ မြေလမ်းလေးတစ်ခုရောက်တော့ အတက်လမ်းနဲ့အဆင်းလမ်းခွဲလေးကိုမြင်ရပါတယ်။ တောင်ကမ်းပါးယံကို ကွေ့ပါတ်တက်ရင်း ရပ်တော်မူကိုယ်တော်ကြီးရှိရာကိုရောက်ပါတယ်။ ဘွဲ့တော်က တော့ “မဟာသန္တိသုခရပ်တော်မူ” ရပ်တော်မူကိုယ်တော်အောက်မှာ ဂူဘုရား။ အတွင်းတော်ထဲမှာတော့ ဆင်းတုတော်တစ်ဆူကိုးကွယ်ထားပါတယ်။ ဘုရားကတော့ ဆောက်လက်စ ဆိုတော့ အပေါ်ဆင့်အတက်လမ်းကို ပိတ်ထားပါတယ်။ ရှေ့မှာတော့ ဆောင်လက်စ ဇရပ်ကြီးတစ်ဆောင်။ ဘုရားရဲ့ ဘယ်ဘက်ခြမ်းကနေလှမ်းကြည့်ရင် အဆင့်ဆင့်အထပ်ထပ်တောင်တန်းတွေ.။ […]