“မနောကွင်းနဲ့မနောအလှ”     2010 ပထမအကြိမ် ကျယ်ဂေါင်ကိုရောက်တော့ ဖုန်းဆက်ချင်တယ်ဆိုရင် မနောကွင်းနားကိုလာဆက်မှ မြန်မာဖုန်းတွေက လိုင်းမိပါတယ်။ တစ်ည ရနာရီလောက်ဖုန်းလာဆက်တဲ့အချိန်မှာ လူကြီးလူငယ်ကျားမ မရွေးပါဝင်တဲ့အဖွဲတစ်ဖွဲ့က ကက်ဆက်ဖွင့်ပြီး ကနေကြတာကို မြင်တော့ အံ့ဩစွာနဲ့ငေးမောကြည့်မိခဲ့ပါတယ်။ ဒီနေရာလေးက သူတို့ဆီမှာ  မနောကွင်းလို့ အမည်တွင်ပါတယ်။ ဒီတစ်ခေါက် ကျနော် ကံကောင်းထောက်မစွာနဲ့ အဲဒီကွင်းနဲ့မျက်နှာချင်းဆိုင်က “စန်းဟွမ်” ဟိုတယ်မှာတည်းဖြစ်ပါတယ်။ ကံမကောင်းတာကတော့ ကျနော်ဓါတ်ပုံရိုက်ချင်တဲ့အက အဖွဲ့တွေနဲ့မဆုံလိုက်တာပါဘဲ။ အဲဒီကွင်းက နန်းတော်ပေါက်ကနေလာလိုက်ရင် သိပ်မဝေးပါဘူး။   အဲဒီကွင်းက အားကစားကွင်းလို့ပြောရင်ရပါတယ်။. ကိုယ်လက်လှုပ်ရှား ကစားစရာ အထောက်အကူပစ္စည်းတွေရှိတယ်။ ဘတ်စကက်ဘောကစားကွင်းရှိတယ်။ မနက်ဆိုလမ်းလျောက်လာပြီး ကျန်းမာရေးအတွက်ကိုယ်လက်လှပ်ရှားကစားသူရှိသလို ညနေပိုင်းမှာလဲ ရှိကြပါတ.ယ်။ ထူးခြားတာကတော့ ယာယီကလေး ကစားကွင်းလေးညနေဆိုဖြစ်လာတာပါဘဲ။ ကလေးတွေအတွက် ဆော့စရာအစုံအလင်နဲ့ပါ။ ပိုက်ဆံတော့ပေးရမယ်ထင်ပါတယ်။ အရိပ်ရသစ်ပင်မရှိတဲ့အတွက်နေ့လည်ပိုင်းမှာတော့ လူမရှိသလောက်။   […]


  “သစ်ပင်ကဖြစ်တဲ့ကျောက်”     ကျနော်ဓါတ်ပုံရိုက်ခဲ့တဲ့ဆိုင်ပိုင်ရှင်ကအတော်လေးသဘောကောင်းပါတယ်။ သူ့ဆိုင်ထဲမှာလဲခင်းကျင်းထားတဲ့ ပစ္စည်းတွေက လှလဲလှ အနုပညာလည်းမြောက်လှပါတယ်။ ကနုမာခွံလေးတွေဆိုရင်လဲ လှလှပပဖြူဖြူဖွေးဖွေး။ အင်ကြင်းကျောက်များကလဲ အချောက်ိုင်ထားတော့ဝင်းဝင်လက်လက်။ ကျနော်အကြိုက်ဆုံးကတော့ ကျွဲချိုနဲ့ ကနုကမာတွဲထားတဲ့အလှပစ္စည်းလေးပါဘဲ။ ဆိုင်ထဲမှာရော ဆိုင်အပြင်ဘက်မှာပါ အရောင်အသွေးစုံလှတဲ့ကျောက်တုံးတွေအများကြီးပါဘဲ။ ပုံစံဆန်းဆန်းတွေလဲပါရဲ့။ သူဆိုင်အဝင်ဝမှာ အချောမကိုင်ရသေးတဲ့ အင်ကြင်းပင်အရိုင်းကြီးကလှဲထားပါတယ်။ အဲဒီအပင်မြင်မှ ကျောက်မျက်ပြခန်းအဝင်နားမှာ ချထားတဲ့အင်ကြင်းကျောက်ကြီးကို သတိရသွားပါတယ်။ အပင်ကြီးကို (7)ပိုင်း တိတိပိုင်းထားပါတယ်။ အောက်မှာဒလိမ့်တုံးတွေခံလိုပေါ့။ လုံးပါတ်ကလဲ လက်တစ်ဖက်စာမက။ ဘယ်ကနေရောက်လာတယ်တော့မသိတတ်ပါဘူး။   အဲဒီအပင်ကြီးနဲ့မျက်နှာချင်းဆိုင်မှာတော့ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ချထားတာကိုတွေ့ရပါတယ်။ အားလုံးကအချောကိုင်ပြီးရင်ရောင်းဘို့ပါဘဲ။ သူတို့နားဘေးမှာတော့ မတ်မတ်ရပ်ရပ်နေတဲ့ ကျောက်တိုင်တွေ။ ဒီကျောက်တိုင်တွေက အကြမ်းထည်အဆင့်မှာဘဲရှိပါတယ်။ သူနဲ့မလှမ်းမကမ်းမှာကျောက်စားပွဲခုံတစ်စုံ။ ကျနော်ရောက်သမျှနေရာတော်တော်များများမှာ ကျောက်စားပွဲခုံလေးတွေ ့ ကို တွေ့ရပါတယ်။ အဲဒီကနေပြန်လာတော့ မတ်မတ်ရပ်နေတဲ့ သစ်ညီနောင်။ အကြမ်းထည်အဆင့်။ ရွှေလီတံတားဘက်ကိုသွားမယ့်အဝိုင်းပါတ်မှာတော့ဆိုင်လေးတစ်ဆိုင်ထဲမှာ […]


    “အင်ကြင်းကျောက်လို့ခေါ်ပါသတဲ့…………………..”   ဟိုအရင်လေးငါးနှစ်လောက်က မတွေ့တာကြာတဲ့မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ မာကြောင်းသာကြောင်းမေးကြရင်း သူက “အင်ကြင်းကျောက်”အရောင်းအဝယ်လုပ်နေတယ် လို့ပြောတေ့ာ ဒီအခေါ်အဝေါ်လေးကနားထဲမှာခပ်ဆန်းဆန်း။ ပြောလို့နားထောင်ထားလိုက်တယ် သူဘာဆိုလိုချင်မှန်းမသိ.။ 2010ပထမတစ်ခေါက်ရောက်တော့ ကျောက်မျက်တန်းတစ်လျောက်နဲ့သူတောင်ဘက်က အပြမှာ ဒီလိုအင်ကြင်းကျောက်ဆိုင်လေးတွေတွေ့ခဲ့ရပါတယ်။ အဲဒီကနေတောင်ဘက်ကိုဆက်သွားတော့ ခြံဝန်းထဲမှာ ယာယီတဲလေးတွေနဲ့ အင်ကြင်းကျောက်တွေကို အချောက်ိုင်နေကြတဲ့ မြန်မာလုပ်သားတွေကိုတွေ့ရပါတယ်။ အဲဒီတုန်းက ကင်မရာမရှိသေးတော့ကြည့်ရုံဘဲကြည့်ခဲ့ရပါတယ်.။ ဒီတစ်ခေါက်သွားတေ့ာအဲဒီနားမှာ ကားပြင်တဲ့နေရာဖြစ်နေပါတယ်။ ကျယ်ခေါင်ထဲမှာ အင်ကြင်းကျောက်ရောင်းတဲ့ဆိုင်လေးတွေ တွေ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်ပါဘူး။ ရိုက်ဘို့အဆင်မပြောတာ လဲ ပါပါတယ်။ ရူ့ခင်းတွေဘာတွေသာ ရိုက်လို့ကောင်းတာ ဆိုင်တွေရိုက်ဘို့ဆိုတာက သူတို့မနှစ်သက်မှာစိုးလို့ပါ။ အဲဒါနဲ့တစ်ရက်မှာတော့ ခြင်္သေ့ရုပ်ကြီးကို ရိုက်ချင်တာနဲ့ ရွှေလီဘက်ကို အသွား အင်ကြင်းကျောက်တွေကို အချောကိုင်ပြီးရောင်းတဲ့ဆိုင်လေးတွေကို တွေ့ရပါတယ်။ ဒါနဲ့ဘဲ ဘာသာပြန်ုလို့လွဲစရာမရှိတဲ့ နိုင်ငံတကာ ဘာသာစကားသုံးလို့ဆိုင်ရှင်ကိုတောင်းပန်ပြီးရိုက်တော့ လှပသောအသွင်ရှိတဲ့ပုံတွေကိုရပါတယ်။ သူတို့တွေကဒီအင်ကြင်းကျောက်တွေကို အိမ်မှာအလှဆင်ဘို့အတွက်ဈေးကြီးပေးလို့ဝယ်ကြပါတယ်. ဒီကျောက်တွေဘယ်ကလာသလဲဆိုတာတော့…………….   […]


    အညီးပြေ………….. အခုရက်သူများဆီက ပုံတွေကို ဘဲတင်နေတာများပါတယ်။ မန်းလေးကိုပြန်ရောက်တဲ့ရက် အရင်လောက်ကင်မရာမကိုင်မိပါဘူး။ ဒါပေမယ့် ခဏခဏရောက်ပြီး ဘယ်တော့မှမရိုက်ဖြစ်တဲ့ပြင်ဦးလွင်က နာရီစင်ရယ်။ မင်္ဂလာဈေးမှာ မဒမ်ပေါက်ဈေးဝယ်တာစောင့်ရင်းရိုက်ခဲ့တဲ့ အရုပ်ကလေးတွေရယ်။ အလှူတစ်ခုသွားရင်း ဘုန်းကြီးကျောင်းထဲမှာတွေ့ခဲ့တဲ့ဘီလူးရုပ်လေးတွေရယ် ကျောက်တော်ကြီးဘုရား ခုံတန်းလျား လေးရယ် သဘာဝကြီးကပေးနေပေမယ့် ကျနော်တို့ ကမယူဖြစ်တဲ့ ညနေခင်းလေးတွေရယ်ကို အညီးပြေ တင်ပေးလိုက်ပါတယ်။ ကြည့်ရင်းကြည်နူးပါစေ။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (20-6-2012)


            “ကျနော်တို့က အကြမ်း သူတို့ကအချော”     2010 မှာရွှေလီကို ပထမဆုံးအကြိမ်ရောက်တော့ ကျယ်ဂေါင်ဘက်ကနေလာတဲ့တံတားထိပ်နားလေးက မြေကွက်လပ်မှာ သစ်မြစ်ဆုံတွေ သစ်တုံးတွေအပုံလိုက်။ သူနဲ့မျက်နှာခြင်းဆိုင်မှာက ပန်းပုလုပ်တဲ့ အလုပ်ရုံ။ အခုတော့ ဟိုတယ်ကြီးဖြစ်နေပြီ။ (အဲဒီတုံးကလဲ ဓါတ်ပုံရိုက်တင်ခဲ့ပါသေးတယ်) https://myanmargazette.net/wp-admin/post.php?action=edit&post=107899 အခု2012 ရောက်ပြန်တော့ အဲဒီသစ်ပုံကြီးက မကုန်သေးပါဘူး။ အဲဒီတံတားကနေ မြောက်ဘက်လမ်းကျယ်ဘက်ကွေ့လိုက်တော့ ကျောက်မျက်ဈေးတန်း အရောက်ကြီးမားတဲ့သစ်သားခြင်္သေကြီးကိုတွေ့လိုက်ရပါတယ်. အားလုံးနှစ်ကောင်။ ဟိုမြောက်ဘက် အတော်ဝေးဝေးမှာတော့ထုလက်စ တစ်ကောင်။   နောက်ဆိုင်တစ်ခုရဲ့အဝင်ဝမှာ ဟိုတယ်အဝင်ဝမှာ ဆင်ရုပ်ကလေးတွေ။ သိတာပေါ့ သူတိုကို မန်းလေးမြိုတောင်ဘက်ကပ်ကျော်ကွေ့ကနေအရှေ့တက်ရင် ရွှေကွန်အုပ်ဘုရားကို မရောက်ခင်အိမ်ကြီးမှာ ဆင်ရုပ်တွေထုနေတာ ကိုး။   ကျနော်သွားလေရာမှာ သစ်ပင်နဲ့ထုထားတဲ့ပန်းပုရုပ်မြင်တိုင်း ငါတို့ဟာတွေလို့ အတ္တစိတ်နဲ့ တွေးမိပါတယ်။ […]


“မနင်းစကောင်း …………….နင်းစကောင်း…………….”     ဟိုအတော်ဝေးဝေးလွန်ခဲ့တဲ့ ဥပုဒ်တစ်ရက်က  ကျနော်ရယ် ကိုသိန်းအောင်ရယ် ရှမ်းခေါက်ဆွဲသွားစားကြပါတယ်။ တနင်္ဂနွေနေ့ နဲ့ ဥပုဒ်နေ့ တိုက်နေတာရယ် မနက်ကိုးနာရီစွန်းစွန်းလောက်ရယ်ဆိုတော့ ခေါက်ဆွဲလာစားတဲ့သူအတော်များတယ်ပြောလို့ရပါတယ်။ စာပွဲတိုင်းမှာလူအပြည့် ။ စားပွဲထုးိလေးကောင်လေးတွေရောကောင်မလေးတွေပါဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်၊ ခေါက်ဆွဲပန်းကန်တွေကို မနိုင်မနင်းနဲ့သယ်လာပြီးလိုက်ချဆိုပြန်တော့ သူတို့ကိုကြည့်နေရင်းနဲ့တောင်မောလာသလိုပါဘဲ။ အတော်လေးကြာမှ ကျနော်တို့မှာထားတဲ့ခေါက်ဆွဲကရောက်လာပါတော့တယ်။ ဖြစ်ချင်တော့ ကျနော်တို့ဝိုင်းနဲ့ ဟိုဘက်စားပွဲဝိုင်းမှာတာတွေကိုပြောင်းပြန်ချမိပါတယ်ထင်ပါတယ်။ ကျနော်တို့နှစ်ယောက်က ဝက်သားနဲ့မှာထားပါတယ်။ လာချတော့ ကြက်သား။ ဟိုဘက်ဝိုင်းက လင်မယားကိုတော့ ကြက်သားနဲ့မှာတာကို ဝက်သားနဲ့သွားချပါတယ်။ စားပွဲထိုးလေးက မှားချတာသိလို့ မုန့်ပန်းကန်ချင်းလဲပေးမယ်လုပ်တော့  ဟိုဘက်ဝိုင်းက မုန့်တွေကိုနယ်ပြီးသားဖြစ်နေတော့ ့ လဲပေးလို့ မရတော့ပြန်ပါဘူး။ အဲတော့ စားပွဲထိုးလေးခင်ဗျာ မှားချတဲ့မုန့်တွေပြန်ယူသွားရပါတယ်။ ကျနော်တို့ဝိုင်းကိုလာပြီး မုန့်လဲပေးမယ်လုပ်တော့ “ရပါတယ်ကွာ…….ငါတို့ဒါဘဲစားလိုက်ပါမယ်၊နောက်တော့ မလွဲစေနဲ့”လို့ဘဲပြောလိုက်ပါတယ်။ “ ပြန်လဲခိုင်းလိုက်ရတာဘဲ သူတို့မှားချတာဘဲဟာ”လို့ပြောတော့ “နေပါစေ့ကွာ နို့မဟုတ်ရင် ကလေးတွေလခထဲက […]


        “လက်ဖက်ရည်သောက်မယ်  ထမင်းစားမယ် (သူတို့ဆီမှာ)………….”     သင်္ကြန်ပြီးနောက်ပိုင်းမှာ ကျနော်ခရီးတွေဆက်တိုက်ထွက်နေရပါတယ်။ အဲဒီလိုခရီးထွက်ချိန်မှာကြုံရတဲ့အခက်အခဲကတော့ လက်ဖက်ရည်သောက်တာ ထမင်းစားတာပါဘဲ။ လက်ဖက်ရည်သောက်တဲ့အခါ ကိုယ်ကြိုက်တဲ့ပုံစံကိုဖျော်ပေးတဲ့ဆိုင်ရအောင် ဟိုဆိုင်ထိုင်ဒီဆိုင်ထိုင်နဲ့စမ်းသောက်ရတာပေါ့။ အခုခေတ်မှာတော့ ဘာဘဲပြောပြော မြို့ကြီးနဲ့နယ်မြို့ကွာခြားချက်သိပ်မရှိတော့ပါဘူး။ ကိုယ်က ရှာနိုင်ဘို့ဘဲလိုအပ်ပါတယ်။   တောင်ကြီးရောက်တော့ ကမ္ဘောဇဘဏ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်ပါတယ်။ ခရီးထွက်တယ်ဆိုရင် မြန်မာထမင်းဆိုင်မှာစားတာထက် တရုပ်ဆိုင်မှာစားဖြစ်တာများပါတယ်။ မြန်မာဟင်းက ထမင်းဟင်းတွဲလျက် ကိုယ်မှာတာကိုယ်စားရုံသက်သက်။ တရုပ်ဟင်းကတော့ ဟင်းလေးပွဲလောက်မှာ အတူတူစားဆိုတော့ အပြောင်းအလဲဖြစ်သလို ပူပူနွေးနွေးစားရတာ တပန်းသာပြန်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အောင်ပန်းအရောက် ကိုယ်တည်းတဲ့ ရူခင်းသာနံဘေးမှာက တရုပ်ထမင်းဆိုင်တစ်ဆိုင် မြန်မာထမင်းဆိုင်တစ်ဆိုင်ရှိပါတယ်။ အဝေးမှာတော့ ဆိုင်တွေအများကြီးပေမယ့်တကူးတက သွားမစားဖြစ်။ ညပိုင်းရောက်ပြန်တော့ မိတ်ဆွေတွေထမင်းစားလာခေါ်လို့လိုက်သွားပြန်ရင်လည်းတရုပ်ဆိုင်။ နေ့လည်ထမင်းစားချိန်ရောက်ပြန်တော့ မြန်မာဆိုင်လေးမှာက ထိုင်စရာမရှိအောင်လူများ.။ တရုပ်ဆိုင်ကဟင်းချက်ကောင်းပေမယ့် ကြာတော့လဲရိုးသွားတာပါဘဲ။ တစ်ခါစားပြန်ရင်လဲ သုံးယောက်ကို […]


        “သူတို့ဘက်ကမ်းက မြစ်ဆိပ်နဲ့ပန်းခြံ….အပိုင်းနှစ်”   သူတို့ဖော်ထားတဲ့ချောင်းလေးမှာရေကတော့သိပ်မရှိပါဘူး။ ရေနည်းချိန်မို့လည်းဖြစ်နိုင်ပါတယ်။ ခြေသလုံးမြုတ်ရုံလောက်။ ရေကတော့ စိမ်းစိမ်း။ ထုံးစံအတိုင်းသူတို့မအကြိုက်တံတားက အခုံးလေးနဲ့။ ကျနော်လည်းဓါတ်ပုံတွေရိုက်ပြီးသူတို့နောက်လိုက်သွားတော့ ငယ်ကတည်းက ကြားဖူးတဲ့ရွှေလီ.။ ဒီနာမယ်လေးကို ကိုယ့်မြေ ကိုယ်ဒေသ ကိုယ့်အပိုင်လို့ထင်ခဲ့မိပေမယ်.အခုချိန်မှာတော့ သူတို့အပိုင်ဖြစ်နေတာသိခဲ့ရပါတယ်။ ကျနော်တို့ရဲ့ရွှေလီဟာ သူတို့လက်ထဲမှာတော့ (Ru Li)(ရုလီ)လို့အမည်တွင်ပြန်ပါတယ်။ ရေနည်းနည်းလေးဘဲစီးဆင်းနေတဲ့ရွှေလီမြစ်ရဲ့အလည်ခေါင်လောက်၊ ကျယ်ဂေါင်နဲ့ရွှေလီကိုပေါင်းကူးပေးတဲ့မြစ်ကူးတံတား့နဲ့မနီးမဝေးမှာ ရွှေလီဂေါက်ကွင်း တည်ထားပါတယ်။ မြက်ခင်းစိမ်းစိမ်းလေးတွေကို အဝေးက မြင်ရလို့ ဂေါက်ကွင်းဆိုတာကိုသိရပါတယ်.။   တံတားပေါ်မှာ သူတို့ဓါတ်ပုံတွေရိုက်နေကြတုံး ကျနော်က ဟိုဟိုဒီဒီလျှောက်သွား။ ကျနော်တို့ရောက်နေတာက မြစ်အနောက်ဘက်။ အရှေ့ဘက်ကမ်းမှာတော့ ကျယ်ဂေါင်ဘက်နဲ့မူဆယ်ဘက်။ မူဆယ်ဘက်မှာတော့ စေတီပုထိုးကို မူံပြပြ တွေ့ရ။ မြစ်ကမ်းက ကွန်ကရစ်လမ်းပေါ်မှာတော့ အအေးဆိုင်လေးတွေနဲ့ အပန်းဖြေလာသူတွေရဲ့ကားတွေ ဘက်ထရီဆိုင်ကယ်တွေကအစီအရီ။   သူတို့ကိုထားခဲ့ပြီး ကျနော်က […]


        သူတို့ပြည်ရွှေလီမြစ်ကမ်းနံဘေးက ပန်းခြံ———–အပိုင်းတစ်     ဟိုရောက်ပြီး နှစ်ရက်လောက်နေတော့ ဆေးရုံကုန်းတံတားနားက ပုံစားတဲ့ထမင်းဆိုင်ကိုသွားစားဖြစ်ပါတယ်။ ထမင်းဆိုင်က အပြန် လိုက်ပို့တဲ့သူကို ဒီနားမှာလည်စရာပါတ်စရာရှိလားဆိုတော့ ပန်းခြံဘက်သွားမယ်ဆိုရင် ပို့ပေးမယ်လို့ပြောပါတယ်။ အဲဒါနဲ့ထမင်းစားပြီးတဲ့အခါ လမ်းမကြီးအတိုင်းအရှေ့ဘက်ကို ထွက်ခဲ့ကြပါတယ်။ သူတို့ဘက်က လမ်းတွေက ကျယ်လွင့်ပါတယ်။ လမ်းအလယ်ကျွန်းမှာသစ်ပင်တွေစိုက်ထားတော့ ကြည့်ရတာ အမြင်အေးပါတယ်။ နေကတော့သူတို့ဆီလဲပူတာပါဘဲ။ ဒါပေမယ့်အရိပ်ရှိတော့အေးတယ်။   လမ်းမကြီးအတိုင်းအရှေ့တက်လာခဲ့ပါတယ်။ ရွှေလီတံတားမရောက်ခင်လမ်းဆုံအဝိုင်းပါတ်ရောက်တော့ မြောက်ဘက်ကို ပြန်ကွေ့လိုက်ပါတယ်။ မန်းလေးလို့ ငါးပြလောက်အရောက်လမ်းမကျယ်ကြီးရောက်တော့ အရှေ့ဘက်ကိုကွေ့လိုက်ပါတယ်။ ထူးဆန်းတာတစ်ခုပြောရရင် လမ်းအလည်ခေါင်မှာ မီးပွိုင့်အရှင်လေးတစ်ခုချထားတာကို တွေ့ရတာပါ။ ဓါတ်ပုံတော့မရိုက်ဖြစ်ခဲ့ပါဘူး။   လမ်းမကျယ်ကြီးကနေအရှေ့ဖက်ကိုကြည့်တော့ တောင်တန်းကြီးကိုမြင်ရတာလွမ်းသလိုလို။ ဟိုကြည့်ဒီငေးနဲ့ဘဲ ကားကလေးက လမ်းဆုံတစ်ခုအနားကိုရောက်လာပါတယ်။ စစခြင်းမြင်ရတာကတော့ စိမ်းမြတဲ့မြက်ခင်းနဲ့ အုပ်အုပ်ဖားဖားရှိလှတဲ့သစ်ပင်ကြီးရှေ့မှာ တရုပ်စာလုံးအနီကြီးတွေရေးထားတဲ့ကျောက်တုံးတစ်တုံးကထောင်ရက်သား။. သူတို့ပြည်ဘက်ခြမ်းမှာအများဆုံးတွေ့ရတာကတော့ကျောက်တုံးကြီးတွေကို သေသေချာချာ လှပအောင် […]


ဒီပုံလေးတွေကတော့ ရွှေလီ ကျောက်မျက်ရတနာရောင်းတဲ့နေရာမှာ တွေ့ခဲရတဲ့ဆိုင်းဘုတ်2ခုပါ။ လွတ်လပ်စွာသဘောကွဲလွဲခြင်းဆိုတဲ့ပိုစ်မှာ ဦးပါလေးရာကဒီလိုမန်းထားတာတွေ့ပါတယ်.   (တရုတ်တွေကတော့ သူများကို အမြင်ကတ်တယ်ဆိုတာ တော်တော်ရှားတယ်။ လုပ်စရာရှိတာလုပ်နေကြတာပါပဲ..။ အကြောင်းအကျိုးသဘောရ ဖြစ်ရမယ့်ဟာ ဖြစ်သွားတာပါပဲ) ဒါကြောင့်ကျနော်ရိုက်ခဲ့တဲ့ ပုံလေးတင်ပေးလိုက်ပါတယ်။ ဒီပုံတွေရှိတဲ့နေရာမှာ အနားယူစရာပန်းခြံလဲရှိပါတယ်။ ညဆို နီယွန် မီးချောင်းတွေနဲ့လင်းထိန်လှပအောင်ထွန်းထားပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-6-2012)


      ကျနော်တို့လူရဲ့ဝမ်းတစ်ထွာနဲ့သူတို့လူရဲ့ဝမ်းတစ်ထွာအပိုင်းနှစ်   ကျနော်မနက်စောစောထလမ်းလျောက်ချိန်ဆိုရင် အိမ်ဝင်းထဲကထွက်လာတဲ့ ရွှေမြန်မာတွေကိုတွေ့ရတတ်ပါတယ်။ ရွှေမြန်မာတွေကို ကြည့်လိုက်ရင်…………… အချို့တွေကတော့ လုပ်ငန်းပိုင်ရှင် အချိုု့ကတော့ ကုမ္မဏီဝန်ထမ်း အချို့ကတော့ ပျုံကျ အချု့ိုကတော့ကျောက်ကုန်သည် အချိုု့ကတော့ကယ်ရီ အချိုကတော့ ဝယ်ရောင်း အချုို့ကတော့ အတည်တကျအလုပ်မရှိ အချိုကတော့ နေ့စား အလုပ်သမား လူတန်းစားမျုိုးစုံ။ ဘဝအဖုံဖုံ။ သူတို့ဘက်ကလူတွေကလဲကျနော်တို့နဲ့သိပ်မကွာခြား။ ဒီဘက်မှာထူးခြားတာကတော့ ဆိုက်တွဲနင်းတဲ့ မိန်းမသားများကိုတွေ့ရတာပါဘဲ။ ပုံလေးတွေကို ကြည့်ရင်းသူတို့ဘဝကို ခံစားကြည့်ပါစို့လား။     ကိုပေါက်လမ်းသလားနေသည် (14-6-2012)    


          “ကျနော်တို့ဝမ်းတစ်ထွာနဲ့သူတို့ဝမ်းတစ်ထွာ အပိုင်းတစ်”   ကျနော်ဒီတစ်ခေါက် ရှမ်းမြောက်ကို ခရီးသွားဖြစ်ပါတယ်။ ဇွန်လဆန်းမှာပေါ့။ ခရီးကတော့ တရုပ်ပြည်နယ်စပ်ကျယ်ဂေါင်ထဲကိုသွားမှာပါ။ အဲတော့ တံတားလေးတစ်ခု မြစ်ကလေးတစ်စင်းကိုကျော်လိုက်တာနဲ့ရောက်သွားနိုင်တဲ့ ရွှေလီဆိုတဲ့မြို့ထဲကိုရောက်သွားနိုင်ပါတယ်။ ကျနော်က သာမန်လူတန်းစားတွေရဲ့နေမူ့ထိုင်မူ့တွေကို စိတ်ဝင်စားပါတယ်။ အထူးသဖြင့်စားဝတ်နေရေးထဲက ဝမ်းတစ်ထွာအတွက်ရုန်းကန်ရတာကိုပေါ့။   ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ဘယ်လောက်တိုးတက်တိုးတက် တစ်နေ့လုပ်တစ်နေ့စား ဘဝနဲ့ရုန်းကန်နေရသူတွေကရှိစမြဲ။ ကျနော် သူတို့မြေထဲရောက်တဲ့အခါမှာ ဝမ်းတစ်ထွာအတွက်ရုန်းကန်ရသူတွေကို သတိထားလို့မှတ်တမ်းတင်မိပါတယ်။ ကြယ်ဂေါင်မှာရွှေလီမှာ တရုပ်၊မြန်မာ၊ရှမ်း လူမျိုုးပေါင်းစုံရဲ့ ဝမ်းစာရှာဖွေရတာကိုသွားတွေ့ပါတယ်။ သူတို့တစ်တွေရဲ့ လှုပ်ယှားမူ့တွေကို လေးစားမူ့ စာနာမူ့တွေနဲ့မှတ်တမ်းတင်ဖြစ်ပါတယ်။ အခု တင်ထားတဲ့ပုံလေးတွေထဲမှာဆိုရင် ပုံ၁        ကတော့ လမ်းဖြတ်သန်းခကောက်ခံတဲ့ဂိတ်မှာ ရိုးသားစွာပန်းရောင်းတဲ့ကလေးမလေး ပုံ၂        ကတော့ရွာစဉ်လှည့်လို့ ဟင်းချက်စရာအသီးအနှံလေးတွေကို ဆိုင်ကယ်နဲ့လိုက်ရောင်သူ ပုံ၃        မှာတော့ တရားဝင်တာ မဝင်တာ ကျနော်မသိပေမယ့် […]