“ရွှေဥမင်………..ပါတ်ဝန်းကျင်” ကျနော်တို့စီးလာတဲ့ကားလေးက မြေနီလမ်းကုန်းဆင်းကြီးကိုဆင်းလာပါတယ်။ လှိူဏ်ဂူကို သွားတဲ့ဖြတ်လမ်းလို့သိရပါတယ်။ ရှေ့မှာတော့စောင်းတန်းတွေအသွယ်သွယ်ရှိနေတဲ့ ပင်းတယလိူဏ်ဂူတော်။ မြင်ရတာ လှပ မဆုံးနိုင်သော မြင်ကွင်း။ တောင်ခြေမှာတော့ စေတီအစု။ တောင်ခြေရောက်တဲ့အခါ မြေနီလမ်းလေးအတိုင်းထပ်တက်ရပါတယ်။ ကောက်ကွေ့သောမြေလမ်းကလေးမှာ စိမ်းစိုသောတောအုပ်လေးကြားက ကားလေးက တအိအိတက်သွားပါတယ်။ မကြာခင်မှာ အပေါ်ရောက်သွားတော့ မနေ့ကလေပြင်းဝင်သွားလို့ ပြိုပျက်နေတဲ့ဆိုင်လေးကို လူတွေက ပြုပြင်နေကြတာကို့တွေ့ရပါတယ်။ တောင်ခါးပန်းမှာတော့ ဒေသထွက်ပစ္စည်းနဲ့အမှတ်တရဆိုင်လေးတွေက တန်းစီ.။ လာတဲ့ဧည့်သည်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်ဇွတ်မခေါ်။ ဆို်င်ထဲကို ဝင်ကြည်ု့ဖို့ ဖိတ်ခေါ်ပုံက ငြင်ငြင်သာသာ။ မြို့ကဈေးဆိုင်တွေအတုယူလောက်စရာ။ အရှေ့ဖက်ကြည့်လိုက်တော့ စောင်းတန်းနဲ့မုဒ်ဦး။ စောင်းတန်းအတိုင်းတက်သွားလိုက်တော့ လေးပစ်နေ့တဲ့မင်းသားနဲ့ ပင့်ကူကြီး။ အရင်ကတော့ ဓါတ်ပုံတွေထဲမှာမြင်ဘူးရာက အခုတော့ကိုယ်မျက်စေ့ရှေ့ရောက်။ […]