ရန်ကုန်ကော်နက်ရှင်ကမကောင်းပါ။ အစက 15ပုံတင်မယ်စိတ်ကူးပေမယ့် အပိုင်းခွဲပြီးဘဲတင်ပါတော့မယ်။ ပုံနည်းသွားတာကိုခွင့်လွတ်ပါ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။ (28-4-2012)


             “နာမယ်တော့မမေးခဲ့ရဘူး………………ဒါပေမယ့်လှတယ် ”   ကျနော်က ရုပ်ကြမ်းကြမ်းစိတ်ကြမ်းကြမ်း။ ဒါပေမယ့်အလှအပတော့နှစ်သက်။. နေတာထိုင်တာဝုန်းဒိုင်းကျဲ။ ပန်းကလေးတွေကိုတော့နှစ်သက်။ ရောက်လေရာမှာ စပ်စုလို့ လက်ဆော့။ ဒါပေမယ့် နုတ်ဆော့ပြီးမေးဘို့တော့ မဝံ့မရဲ။ သူများက မှားပြောလိုက်တဲ့အမှားကြီးကို ပြန်ဖြန့်ဝေမိမှာလဲကြောက်တာပါတယ်။. အလှကြိုက်တဲ့လူနဲ့ လှတဲ့ပန်းတွေ့တော့ ဘာပြောကောင်းမလဲ ဆော်တာနှက်တာပေါ့။ မေးရမှာကြောက်တဲ့သူနဲ့ ဖြေသူမရှိတဲ့နေရာရောက်တော့ ဘာမှမလိုတော့ဘူးပေါ့။ အဲတော့ အသံတိတ်ပြီးလှနေတဲ့ပန်းလေးတွေကို တိတ်တိတ်ကလေးခံစားကြည့်တာပေါ့ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)


မေမြို့ရောက်တုန်းရောက်ခိုက် လမ်းသလားခဲ့သမျှ လက်ဆော့ခဲ့သမျှကို မျှဝေပေးလိုက်ပါတယ်။ အချို့ပုံတွေကတော့ ဖေစ်ဘုတ်မှာတင်ပြီးဖြစ်ပါတယ်။ ကြည့်ရင်း သတိရနိုင်ပါစေ.   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။ (24-4-2012)


               “သာယာသော ………..စည်ကားသော………အေးချမ်းသော ..လာသင့်သော ပိတ်ချင်းမြောင်”   ပိတ်ချင်းမြောင်ကို အရင်ကရောက်ဘူးပေမယ့် ဓါတ်ပုံမရိုက်တော့ မြင်မြင်သမျှ ကြည့်သာကြည့်လိုက်တယ် အမှတ်တမဲ့ပါဘဲ။ အခုတစ်ခေါက်က စောစောလဲရောက်တော့လူရှင်းတာရယ် ကိုယ်ကလဲ ဓါတ်ပုံရိုက်ချင်တာရယ်ကြောင့် ကိုယ်က သတိထားကြည့်မိတော့မှ ရိုးသားတဲ့အရပ်ဒေသက ဈေးသည်လေးတွေကိုသတိထားမိပါတယ်။ မီးဖိုပေါ်မှာတင်ထားလို့ အငွေ့တထောင်းထောင်းထနေတဲ့ကောက်ညှင်းထုပ်တွေ၊ ကောက်ညှင်းနည်းနည်းငှက်ပျောသီးမှည့် တစ်ဝက်တိတိပါတဲ့ ငှက်ပျောထုပ်၊ ကောက်ညှင်းကျည်တောက် မြင်သမျှစားချင်စရာ။ မျစ်ချဉ် ၊လက်ဖက်ခြောက်၊စတော်ဘယ်ရီသီးနီနီ၊မက်မန်းဝိုင်၊မက်မန်းသီးဆားစိမ်။ ကြက်သွန်ဖြူ၊ဆတ်သားခြောက် အသည်စုံလို့ပါဘဲ။ ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါဘဲ။ တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။ လှိုဏ်ဂူထဲက ဆင်းလာတဲ့ရေတွေကြောင့်ဖြစ်နေတဲ့ရေတံခွန်စမ်းကလဲအေးဆေးလို့သာယာ။ ကဲ သွားသာကြည့်လိုက်ပါတော့……………………….   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)  


                 “ပိတ်ချင်းမြောင်ဂူအတက်နဲ့အထွက်လမ်း ”   ကျနော်တစ်ယောက်ထဲ ဂူအမြင့်ဆုံးနေရာအထိတက်လာခဲ့ပါတယ်။ အပေါ်ဆုံးမရောက်ခင်မှာအတော်လေးအသက်ရှုကျပ်သလို မတ်စောက်တဲ့လှေခါးအတက်မှာ အတော်လေးမောပါတယ်။ အသက်ရှုမဝလို့ ဟောဟဲလိုက်နေတာ လူမြင်ရင် ရီစရာ။ လူက ဝဝ ကင်မရာပေါက်စနဲ့ ဟိုနားရပ်လိုက် ဟိုအပေါ်တက်လိုက်နဲ့ ဓါတ်ပုံရိုက်နေတဲ့ ကျနော်ကို ကြည့်ပြီး ပြုံးသွားတဲ့တစ်ယောက်ကို မောမောနဲ့မြင်လိုက်ပါသေးတယ်။ အပေါ်ဆုံးရောက်တော့ ဗေဒင်လက္ခဏာဟောတဲ့သူတစ်ယောက်ကိုဘဲတွေ့ရပါတယ်. ကျနော်အစကထင်တာ ဒီအပေါ်ဆုံးရောက်ရင် အခြားတစ်ဖက်က ပြန်ထွက်လို့ရတယ်လို့ထင်မိပါတယ်။ ဒါပေမယ့် လာလမ်းအတိုင်းပြန်လှည့်ခဲ့ရပါတယ်။ အထွက်ဝမှာတော့ ဒီလမ်းခရီးမှာ ကျနော်ဒုတိယမြောက်အနှစ်သက်ဆုံးပုံလေးတပုံရခဲ့ပါတယ်။ ခံစားမျှဝေလိုက်ပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)


               “စိတ်အလင်းဆောင်တဲ့ ပိတ်ချင်းမြောင်လှိုဏ်ဂူတော်အတွင်း…………….. ”   လှိုဏ်ဂူထဲကို ဝင်တာနဲ့ ရေကျသံတွေ ကြားနေရပါတယ်။ အထဲမှာ မှောင်မနေအောင်လျှပ်စစ်မီးတွေသွယ်တန်းလို့ထားပေးပါတယ်။ အထဲမှာတော့ ခေါင်မိုးက ကျနေတဲ့ ကျောက်စက်ရေတွေက တစ်တောက်တောက်။ မြင်မြင်သမျှ ကို လက်ဆော့နေတော့ ကင်မရာပေါ်ရေကျလာမှာလဲ အတော်ကြောက်။ အထဲမှာရေတွေရှိနေတော့ ခပ်ဝဝကျနော် ချော်လဲမှာလဲ ဂရုစိုက်ရ ပုံတွေရိုက်ရနဲ့တကယ် ကို မအားရတာပါ။ အထဲမှာမီးထွန်းပေမယ့် နည်းနည်းလေးမှောင်တော့ပုံရိုက်ရတာခက်ပါတယ်။ ထူးဆန်းတာကတော့ အမြဲတမ်းကျောက်စက်ရေတွေနဲ့ထိနေတဲ့ကျောက်တုံးတွေက ကျောက်စိမ်းရောင်ထနေ။ အပေါ်မော့ကြည်တော့ကျောက်ပန်းဆွဲ။ ဘေးပါတ်ဝန်းကျင်မှာတော့ ဘုရားဆင်းတုတော်တွေ။ အောက်မှာတော့စမ်းချောင်းလေးတွေ။ အထဲကိုတော်တော်လေးဝင်မိတော့ အသက်ရှုကျပ်လာပါတယ်။ နောက်တစ်ဆင့်ထပ်တက်စရာ တစ်နေရာတွေ့တော့ မဒမ်ပေါက်ကတော့ ပြန်လှည့်သွားပါတယ်။ ကျနော်ကတော့ ထပ်ပြီးဆက်တက်သွားပါတယ်။ အပေါ်တက်ရတာ လှေခါးက နည်းနည်းတော့မတ်တဲ့အပြင်ကျဉ်းလာတော့မောပါတယ်။ ဒါပေမယ့် အတွင်းထဲမှာ စေတီပုထိုးတွေ ကို ခက်ခက်ခဲခဲ့တည်ထားတာမြင်ရတော့ […]


                     “ပိတ်ချင်းမြောင်သဘာဝလှိုဏ်တော်အစ ”   (19-4-2012)နေ့မနက်စောစော 6း30လောက်မှာ တည်းတဲ့အိမ်(စစ်ဆေးရုံနား)ကနေ ပိတ်ချင်းမြောင်ကိုသွားဘို့ ဆိုင်ကယ်နဲ့ မဒမ်ပေါက်နဲ့အတူထွက်လာခဲ့ပါတယ်။ ဒါကမကျေပွဲပါ။ 2010ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တုန်းက တစ်ခါ ဆိုင်ကယ်နဲ့သွားဘူးပါတယ်။ ဆယ်နာရီလောက်ပိတ်ချင်းမြောင်ရောက်တော့ လူတွေလဲပိတ်။ ကားတွေကလဲ အဆင်းနဲ့အတက်ရှုပ်လို့ သုံးထပ်ဖြစ်တာနဲ့လမ်းတစ်ဝက်ကပြန်လှည့်ခဲ့ရပါတယ်။ ဒီပိတ်ချင်းမြောင်သွားတဲ့လမ်းက အသွားက အဆင်း အပြန်က အတက်ပါ။ အိမ်ကနေထွက်လာလိုက်တာ ပြည်တော်ချစ်ဘုရားကိုကျော်တာနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့ အတော်လေးကိုသာယာပါတယ်။ ကွေ့ဝိုက်ပြီးဆင်းရတဲ့ တစ်နေရာရာတော့ လမ်းဘေးတစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ အဝေးမှာတောင်တန်းတွေနဲ့ကြည်နူးစရာ။   လတ်ဆတ်တဲ့လေကလေးက လဲ တအေးအေးနဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ပိတ်ချင်းမြောင်လှိုဏ်ဂူသို့အဝင်ဆိုတဲ့ဆိုင်းဘုတ်ကလဲကျော်ရော လမ်းက လဲ စကြမ်းလာပါတယ်။ မြေကလဲ မြေနီရောင် လမ်းက ကျောက်ကြမ်းလမ်းစလုံးစခုဖြစ်တဲ့အပြင်အဆင်းလမ်းလဲဖြစ်တော့ အတော်လေးသတိထားပြီးမောင်းရပါတယ်။ လှိုဏ်ဂူတော်နား မရောက်ခင်အတော်လှမ်းလှမ်းကတည်းက […]


                     “ကန်ထဲမှာရေ ရေအထဲမှာရေပန်း အထဲမှာသက်တန့်”   ကန်တော်ကြီးထဲရောက်တော့ အဝေးကနေလှမ်းမြင်နေရာတာ ကရေပန်းကြီးပါဘဲ။ အရင်ကလဲ မကြာခဏရောက်ပေမယ့်ရေပန်းဖွင့်တာနဲ့မကြုံပြန်ပါဘူး။ ဒီတစ်ခေါက်တော့ရေပန်းဖွင့်ထားတာကြုံပါတယ်။ အစကတော့သိပ်မဆန်းသလို၊ နောက်တော့ လေပြေလေးသွေးချိန်မှာ ရေပန်းကလဲ လေထဲမှာတလွင့်လွင့်။ အနားကပ်သွားတော့ အေးမြတဲ့ရေစက်ရေပေါက်တွေက လူကိုလာမှန်ပါတယ်။ ကင်မရာရေစိုမှာစိုးတော့ သိပ်တော့အရဲမစွန့်ရဲပါဘူး။ ဒါနဲ့ဘဲ စိတ်တိုင်းကျအောင်ရိုက်ပြီး ဟိုး အနောက်ဘက်က သစ်ပင်ရိပ်မှာ ထိုင်ရင်းအေးမြတဲ့အရသာကိုခံစားပါတယ်။ (18-4-2012)နေ့ နေလည်ခင်းပါ။ ထိုင်နေတုန်းမန်းလေးက ဖုန်းဝင်လာတယ် ဒီနေ့တော်တော်ပူပါသတဲ့။ ကံကောင်းတယ်လို့စိတ်ထဲမှာမှတ်ယူလိုက်ပါတယ်.။ ကြည့်နေရင်း ရေပန်းမှာ သက်တန့်တွေမြင်လာမိတော့ အပြေးအလွှားသွားလို့ လက်ဆော့။ ပြန်ထိုင် သက်တန့်ကထပ်ပေါ်။ ထပ်ပြီးလက်ဆော့…………………….. ဒါနဲ့ဘဲ လှပသောပုံလေးတွေ အမြင်အေးစေတဲ့ပုံလေးတွေကို မိတ်ဆွေများအတွက် ရလိုက်ပါတယ်။ အားပေးလိုက်ကြပါအုံးနော်…………..     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (23-4-2012)  


           “ပန်းသစ်ခွဝါဝါ…………..”   18-4-2012 နေ့မှာ မေမြို့ကိုရောက်သွားပါတယ်။ ရောက်ရောက်ခြင်း ပြည်တော်ချစ်ဘုရားကိုသွားပါတယ်။ ဒီတစ်ခါတော့ ရေတံခွန်ဘက်မသွားဘဲ ကန်တော်ကြီးထဲကိုသွားပြီးနားပါတယ်။ အေးမြတဲ့အရသာကိုခံစားပြီး တည်းတဲ့အိမ်ကိုပြန်လာပါတယ်။ နောက်နေ့မနက် 6း00နာရီလောက်ထပြီး  ပိတ်ချင်းမြောင်သွားဘို့ပြင်ပါတယ်။ အခန်းဘေးက ပြူတင်းပေါက်လဲဖွင့်လိုက်ရော လှပလွန်းတဲ့သစ်ခွ ခင်းကိုမြင်မိပါတယ်။. ဟိုဘက်အိမ်က ခြံထဲမှာစိုက်ထားတာပါ။ အဲဒါနဲ့လူရိပ်လူခြေကြည့်တော့ မမြင်တာနဲ့ ကင်မရာလေးဆွဲပြီး တဖျပ်ဖျပ်နဲ့လက်ဆော့ပါတယ်။ အပွင့်လေးတွေုကို ကြည့်လို့လှအောင် သစ်ခွပင်လေးကို ဟိုဘက်လှည့်ဒီဘက်လှည့်နဲ့ စိတ်တိုင်းကျ လက်ဆော့နေတာ ဘယ်လောက်ကြာတယ်မသိပါဘူး။ ရိုက်လို့ကတော့ အတော်ကို လှတာ စိတ်တိုင်းကျတာ။ အဲလိုဆော်နေနှက်နေတုန်း “မောင်အဝှာ အပွင့်တွေကျိုးကုန်မယ်နော်” လို့ပြောသံကြားမှ ခြံပိုင်ရှင် အမေကြီးကို အလှဆုံးပြုံးပြရင်း ဓါတ်ပုံရိုက်တာကို လက်စသတ်လို့ ရှဲ့ရှဲ့တွေ ကမ်းရှတွေ အမြန်လုပ်လိုက်ရပါတယ်။ တန်တယ်ဗျာ။ သစ်ခွကို ဓါတ်ပုံရိုက်ဘူးတာ ပထမဆုံးဘဲ။ ကဲ ………………………………. […]


                   “စိန်ပန်းပြာပန်းမြို့တော်ဆိုတဲ့ပြင်ဦးလွင်”   စိန်ပန်းပြာပင်တွေကို အသေအချာလိုက်ကြည့်မိတော့မှ ပြင်ဦးလွင်တစ်မြို့လုံးမှာစိန်ပန်းပြာတွေဘဲတွေ့နေရပါတယ်။ ကျနော်ကလဲ ခဏလာတဲ့ဧည့်သည်ဆိုတော့ ရောက်တတ်ရာရာလျှောက်သွား။ စိန်ပန်းပြာမြင်ရင်လက်ဆော့။ တွေ့တဲ့လူကလဲ တအံ့တဩနဲ့ကြည့်။ (သူတို့ကမထူးတာကို ကျနော်က အထူးအဆန်းလုပ်နေလို့ပေါ့။) လမ်းဘေးမှာ။ ခြံဝင်းထဲမှာ။ အုတ်တံတိုင်းဘေးမှာ။ ချပ်ကျောင်းထဲမှာ။ မှာ…………………….. မှာ…………………………. မှာ………………………………….. မြင်မြင်သမျှစိန်ပန်းပြာ။ အဲဒီအထဲမှာမှ တပင်လုံးအရွက်မကျန်အောင်ပွင့်နေ. အနောက်ဘက်နေကလဲ ဓါတ်ပုံရိုက်ကောင်းလောက်တဲ့အနေအထား။ ဒါပေမယ့် ခြံတံခါးက သော့ခတ်ထား။ အဝေးကလှမ်းရိုက်ဘို့လဲအဆင်မပြေ။ လိုချင်ရဲ့နဲ့ထားခဲ့ရပါတယ်။ နေရာကတော့ စာပန်းအိမ်ဘော်ဒါနံဘေးမှာပါ။ ကဲ နီးစပ်သူများရိုက်နို်င်အောင် လက်တို့ပေးလိုက်ပါတယ်။ ငယ်တုံးက သီချင်းလေးတပုဒ်ရှိပါတယ်။ “ထင်းရူးမြိုင်ချယ်ရီမြိုင် လှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ…………………………”ပါတဲ့။ အမှတ်ရစရာဗျာ…………………..       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (20-4—2012)    


               “စိန်ပန်းပြာတွေ…………..ပွင့်ရာအရပ်ဆီသို့”   အရင်က မေမြို့လို့ကျနော်နူတ်ကျိုးနေတဲ့ ပြင်ဦးလွင်ကိုသွားရင် စိန်ပန်းပြာတွေ တွေ့တဲ့အခါ အင်မတန်သဘောကျမိပါတယ်။ ဒါပေမယ့်လည်း အရင်က ကင်မရာ မကိုင်တာကြောင့် ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး။ အခုနောက်ပိုင်းကင်မရာနဲ့လက်ဆော့ ချိန်မှာတော့ လည်း မေမြို့ရောက်တာနဲ့ စိန်ပန်းပြာပွင့်ခို်က်မကြုံ ပြန်ပါဘူး။ ဟိုတစ်လောကတော့ ဆရာမကြီး TTNU မေမြို့ရောက်သွားတော့ စိန်ပန်းပြာတွေပွင့်နေပြီလို့ သတင်းပေးပြန်ပါတယ်။ ခက်တာက မေမြို့တက်ဘို့လမ်းစကလဲ မကြုံ အားလဲမအားဖြစ်နေပြန်ပါတယ်။ တကယ်ပြောရရင် 2011 ထိ ကျနော်မရိုက်ဘူးတဲ့အရာတွေအများကြီးရှိပါတယ်။ ပိတောက်ပန်း၊သင်္ကြန်ပုံရိပ်များနဲ့ စိန်ပန်းပြာပင်ပါဘဲ။ ဒီ2012မှာတော့ ကံကောင်းတယ်ဆိုနို်င်ပါတယ်။ ပိတောက်လဲအဝရိုက်ဖြစ်၊ သင်္ကြန်လဲကျေနပ်လောက်အောင်ရိုက်ဖြစ်။ ဟော အခုမေမြို့တက်ဖြစ်တော့ စိန်ပန်းပြာတွေရိုက်ဖြစ်ပါတယ်။ မေမြို့နေရာအအနှံ့အပြားမှာရှိတဲ့စိန်ပန်းပြာပင်တော်တော်များများကို ရိုက်ဖြစ်ပါတယ်။ တကယ်တော့ မေမြို့ခေါ်တဲ့ပြင်ဦးလွင် ကတော့ စိန်ပန်းပြာ ပန်းမြို့တော်ဆိုရင်လဲမမှားပါဘူး။ ကဲ ကြည့်လိုက်ကြအုံးစိန်ပန်းပြာ………………………   […]


            “နွေပုံပြင်ထဲက ………………စိန်ပန်းနီနီ”   ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝမှာ ပလေးဘွိုင်မိသားစုထဲက အကြွေစောခဲ့တဲ့ အဆိုတော်”စိန်လွင”်သီဆိုခဲ့တဲ့ “နွေပုံပြင်”ဆိုတဲ့သီချင်းလေးခေတ်စားလာပါတယ်။ (ဒီသီချင်းကိုနောက်ပိုင်းမှာ မေဆွိ ပြန်ဆိုပါတယ်) “နွေစိန်ပန်းလေးတွေပွင့်တဲ့………….ကျောင်းပိတ်ချိန်၊ အချစ်ကျောင်းပြန်တက်ရန်လဲမလိုတော့ဘူး? သူမရှိတော့တဲ့နေရာလေးမှာ………………………………” “အော်ကျောင်းတံခါးဝ မှာ နာမယ်လေး နှစ်ခုမြင်ရင် နွေဟာအချစ်ပုံပြောလိမ့်မယ် ရင်ခုန်ဘွယ်နွေအလွမ်းလေးကွယ်”ပါတဲ့။ ကျနော်တို့ အတော်လေးစွဲမက်ခဲ့ရတဲ့ သီချင်းလေးပါဘဲ။ နွေကျောင်းပိတ်ရက်ရောက်တာနဲ့ မန်းလေးတက္ကသိုလ်ထဲမှာစိန်ပန်းတွေရဲနေအောင်ပွင့်ပါတယ်။ ကျောင်းပိတ်လို့ချစ်သူတွေခဏခွဲရတဲ့အချိန်ပေါ့။   သူ့အရင် မင်းမင်းလတ်ကြီးက လဲ စိန်ပန်းတွေနဲ့လွမ်းခဲ့ဘူးပါတယ်။ “စိန်ပန်းကြွေချိန် ဒီလမ်းတွေကို  ကိုယ်လွမ်းတယ်…………ချောရယ်……………” လို့ဆိုပြီးတော့ပေါ့။ ဟောသူထက်စောတဲ့သူတစ်ယောက်လဲရှိပါသေးတယ်။ မြန်မာ့ကျေးလက်အဆိုတော် တွံတေးသိန်းတန်ပါ။ “ကျောင်းဖွင့်ချိန်စိန်ပန်းတွေလဲမြေမှာကျဲပြန်နေ……………. သူနဲ့တွေ့ရာနယ်မြေ တက္ကသိုလ်သို့မဟုတ် မြကျွန်းသာ အင်းလျားဒီနယ်မြေ” လို့ ချစ်ရက်ရှည်ရှည်အင်းလျားမြေ ဆိုတဲ့သီချင်းလေးနဲ့လွမ်းဘူးပါတယ်။   စိန်ပန်းနဲ့ပါတ်သက်တဲ့ခံစားချက်ကြောင့်ဖြစ်တည်လာခဲ့တဲ့ သီချင်းတွေ ကဗျာတွေလဲအများကြီးရှိပါတယ်။ နွေရယ်စိန်ပန်းရယ်ကတော့ ခွဲခြားလို့မရတဲ့သင်္ကေတ တစ်ခုပါဘဲ။ အခုစိန်ပန်းပွင့်တွေကိုမြင်တော့ […]