ကို သာSeptember 4, 20121min1292
ကျွန်တော်သည် နယ်မြို့လေးတစ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပါသည်။ ဖခင်မှာ ဝန်ထမ်းငယ်တစ်ဦးဖြစ်ပြီး မိခင်မှာရိုးရာကိုင်းကျွန်းတစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက်ဖြင့် ကျွန်တော်တို့မိသားစုလေးကို ဖူလုံအောင်ကြိုးပမ်းခဲ့ကြပါသည်။ကျွန်တော့်တွင် ညီငယ်နှစ်ဦးရှိပါသည်။ နယ်ဓလေ့အရ မိသားစု ချို့ချို့တဲ့တဲ့မဟုတ်သော်လည်း ပိုပိုလျှံလျှံတော့မရှိကြပါ။ ကျွန်တော်တို့ညီအစ်ကိုများမှာလည်း ငယ်သေးသည်မို့ ဝင်ငွေရရေးမဆိုထားဘိ ကျောင်းအားချိန်များတွင်လည်း မိဘများအား ထိထိရောက်ရောက် မကူညီနိုင်ကြပါ။ အခြားအခြားသော ဝင်ငွေများပြားသည့် မိသားစုများလောက် တောက်တောက်ပပသစ်သစ်လွင်လွင် မဝတ်စားနိုင်သော်လည်း သန့်ရှင်းသပ်ရပ်စွာဝတ်နိုင်ရန် မိဘနှစ်ပါး၏ ဆိုဆုံးမစကားများကိုမူ လိုက်နာနိုင်ကြပါသည်။ ပညာရေးကိုသာ အစွမ်းကုန်ကြိုးစားကြသည်။ သူတစ်ပါးကဲ့သို့ သစ်လွင်တောက်ပသော ခေတ်မီ အဝတ်အစားများကို မိဘများအား မပူဆာဝံ့ကြပါ။ မိဘများစိတ်ဆင်းရဲမည်ကို စိုးထိတ်ကြပါသည်။ မှတ်မှတ်ရရဆိုရလျှင် ကျွန်တော်ငါးတန်းရောက်သည့်နှစ်၊ အလတ်ကောင်ကတစ်တန်း၊ အငယ်ဆုံးက ပေါက်စနလေးရှိသေးချိန်တွင် သူငယ်ချင်းတစ်ဦးက အကြံပေးပါသည်။ “ကြက်မတစ်ကောင် နှစ်ကောင်လောက်မွေးထားပါလား၊ စားကြွင်းစားကျန်ကျွေးယုံနှင့် ပိုက်ဆံရနိုင်တာပေါ့ကွ”ဟူ၍ ဖြစ်သည်။ သူပေးသောအကြံကို ကျွန်တော်သဘောကျသည်။ အဖေထံခွင့်တောင်းတော့ […]


ကို သာAugust 31, 20121min796
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်- ဒလ ကြိုးတံတားကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တွင် ကျင်းပခဲ့သော လမ်းပန်း ဆက်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိ ရသည်။ ရန်ကုန်-ဒလကြိုးတံတားမှာ ခန့်မှန်းပေ(၂၇၀၀)ရှည်လျားမည် ဖြစ်ပြီး၊ကြိုးတံတားတည်ဆောက် ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် ဒလ မြို့တို့ကို အချိန်တိုတောင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။ နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည် ဆောက်သွားမည့် တံတားများမှာ ရန်ကုန်-ဒလကြိုးတံတားအပါ အဝင်၊ခန့်မှန်းပေအရှည်(၁၉၇၀) ရှိ လှိုင်မြစ်ကူးတံတား၊ပေအရှည် (၉၀၀)ရှိ ဝါးတစ်ရာတံတားတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ငမိုးရိပ်ချောင်းကိုဖြတ်ကျော် ၍ ပုဇွန်တော်မြို့နယ်နှင့်ဒေါပုံ မြို့ နယ်တို့ကိုဆက်သွယ်ဖောက်လုပ် ထားသည့် သာကေတသံပေါင် တံတားအစား တံတားတစ်စင်းကို သာကေတမြို့နယ် သုမနလမ်းမ ကြီးနှင့်ဇင်္ဂမလမ်းမကြီးတို့အကြား ၌ အူလမ်းကြောင်းအဖြစ်လျာ […]


ကို သာAugust 29, 20121min56925
တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့် အသုံးပြုထားကြောင်းတွေ့ရှိရ၍ ဩစတျေးလျနိုင်ငံတွင် Cheryကားများပြန်သိမ်းနေပြီး စင်ကာပူနိုင်ငံတွင်လည်း Chery ကားများကို စစ်ဆေးနေကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။ Chery ကားများတွင် Asbestos (ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်မှုန့်) များထည့်သွင်းအသုံးပြုထားပြီး အဆိုပါ Asbestos မှာ ကြာရှည်ရှုရှိုက်မိပါက အဆုတ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ဩစတျေးလျနိုင်ငံတွင်စတင် တွေ့ရှိခြင်းဖြစ်ပြီး Chery J3 Sedan နှင့် Chery T11 SUV ကား အမျိုးအစားများကဲ့သို့ တန်ဖိုးမြင့်ကားများတွင် တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် အစီးရေ ၂၃၀၀ဝ အား ပြန်သိမ်းနေကြောင်း ထုတ်ပြန်ထားသည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ Asbestos […]


ကို သာAugust 24, 20121min1114
ပြဿနာကဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါပြီလော။ ပြဿနာကတော့~ ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့၊ ပြဿနာ တက်နေကြတာပါ။ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်က ဆိုပါတယ်။ ခုံရုံးကတော့ ပြည်ထောင်စုအဆင့် မဟုတ်ဘူး လို့ ဆိုနေပါတယ်။ ခုံရုံးရဲ့ အသံကတော့ ~ ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ကို မတ်လ ၂၈ ရက်နေ့က ချခဲ့ပါတယ်။ (ပဝေသဏီက ဖြစ်ခဲ့တာတွေကို ဒီ ဩဂုတ်လလယ်မှာ ဖော်ထုတ်နေကြတာပါ) ဆုံးဖြတ်ချက် အစအဆုံးကို ဒီနေ့ထုတ် အစိုးရသတင်းစာများမှာ နားနားပြီး ဖတ်ပါ။ ခုံရုံးက နာဂစ်မွှေတုန်း ဝုန်းဒိုင်းကြဲမတတ် စံချိန်တင်ထောက်ခံမှုရခဲ့တဲ့ အခြေခံဥပဒေကို ကိုးကားထားပါတယ်။ နာဂစ်အခြေခံဥပဒေ ဆိုတာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေတို့ နှစ်ပေါင်းများစွာ အချိန်ယူပြီး ဆွဲခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးက လူကြီးမင်းတို့ရဲ့လက်ရာ […]


ကို သာAugust 21, 20121min883
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဩဂုတ်လ ၂ဝ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းခဲ့သည်။ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အတူ […]


ကို သာAugust 18, 20121min1377
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် အလွန်စိုးရိမ်စရာ အကောင်းဆုံး ၁ဝ နိုင်ငံထဲတွင်ပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ သဘာဝဘေးအန္တရာယ် ဆိုင်ရာ သုတေသနနှင့်အတိုင်ပင်ခံ အဖွဲ့ဖြစ် မက်ပလီခရော်ဒ် (Maplecroft)က သတိပေးလိုက်ပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉ရ နိုင်ငံအား လေ့လာခဲ့ရာအန္တရာယ်အရှိဆုံး ၁ဝ နိုင်ငံစာရင်းတွင် အာရှမှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပို်င်၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများမှာ ဟေတီ၊ နီကာရာဂွာ၊ ဟွန်ဒူးရပ်၊ ဒိုမိုနီကန် တို့ ဖြစ်ကြောင်း အဖွဲ့က ဆိုပါသည်။ နိုင်ငံများ၏ သဘာဝဘေးအန္တရာယ် ကျရောက်နို်င်ခြေအား တွက်ချက်ရာတွင် တိုင်းပြည်စီးပွားရေးအပေါ် သဘာဝဘေးအန္တရာယ်မှ သက်ရောက်နိုင်သော ပမာဏ၊ ကြိုတင်ပြင်ဆင်ထားနိုင်မှု အခြေအနေ၊ တိုင်းပြည်၏ ခံနိုင်ရည်တို.အပေါ်တွင် တွက်ချက်ပြီး အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံ၏ အခြေခံအဆောက်အအုံပိုင်း အားနည်းပြီး အုပ်ချုပ်ရေးပိုင်းကလည်း […]


ကို သာAugust 13, 20121min1566
ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀ဝ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ မှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ ပူးပေါင်းကာ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမဝါယမ အသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၉၈ ခုနှစ်မှစ၍ ဧရာရွှေဝါကုမ္ပဏီအား တည်ထောင်ကာ ဧရာဝ တီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကစုစုပေါင်း ၄၁၂၀ဝ […]


ကို သာAugust 12, 20121min20511
အကြမ်းဖက်မှုတွေ ပြီးဆုံးသွားသော်လည်း ရခိုင်ပြည်နယ် အခြေအနေသည် တင်းမာမှု မြင့်မားနေပြီး အချိန်မရွေး အကြမ်းဖက်မှု ပေါ်ပေါက်လာနိုင်သဖြင့် ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အင်ဒိုနီးရှားကို ရောက်လာဖွယ်ရာရှိကြောင်း၊ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ HRW အာရှရေးရာ ဒုတိယအကြီးအကဲမစ္စတာ Phil Robertson ရှင်းလင်းပြောကြားသည်။ အင်ဒိုနီးရှား အနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံပေးဖို့ တာဝန်ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ပြောကြားလိုက်ပါသည်။ မြန်မာအစိုးရက ပဋိပကများ ရပ်တန့်သွားအောင် လုပ်နိုင်သော်လည်း အကာအကွယ် ပေးရန် ပျက်ကွက်ခဲ့သည်ဟု ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်စလုံးက HRW သိူ. ပြောကြားခဲ့သည်ဟုဆိုပါသည်။ရခိုင်ပြည်နယ် အခြေအနေများ မပြောင်းလဲခဲ့လျှင် လာမည့် အောက်တိုဘာလမှ […]


ကို သာAugust 12, 20121min1351
နိုင်ငံတော်အစိုးရက ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂)ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမြုတေကောင်စီအနေဖြင့် ပြန်ကြားရေးဝန် ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။ အဆိုပါ စာနယ်ဇင်းအမြုတေကောင်စီကို လူပုဂ္ဂိုလ်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် နေရာအဆောက်အအုံ၊ ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများ လိုအပ်၍ တင်ပြတောင်းခံလျှင် နိုင်ငံတော်အစိုးရက ယာယီ ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရှိရသည်။ ယခုကဲ့သို့ အစိုးရမှဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့်ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးက […]


ကို သာAugust 11, 20121min1237
စပ်မျိုးစပါးသည် စပါးစိုက်ပျိုး ထုတ်လုပ်ရေးအတွက် ဆောင်ရွက် ရမည်ဖြစ်သော်လည်း စနစ်တကျ စမ်းသပ်မှု မလုပ်ဘဲ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မသင့်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးလည်းဖြစ်သူ အ မျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးကပြောသည်။ စပ်မျိုးစပါးတွင် မျိုးစေ့အ ရည်အသွေး၊ ဒေသအလိုက်ရော ဂါ၊ ပိုးမွှားကာကွယ်နှိမ်နင်းမှု၊ ရေ မြေနှင့် ရာသီဥတု၊ တည်ငြိမ်သည့် အထွက်နှုန်း၊ တောင်သူတွက်ခြေကိုက်မှု၊ ပြည်တွင်းပြည်ပ ဈေး ကွက် ရောင်းတန်းဝင်မှု စသည့် အခြေအနေများနှင့် ကိုက်ညီမှုရှိ မရှိ စနစ်တကျ စမ်းသပ်မှုများ ဆောင်ရွက်သင့်ကြောင်း နေပြည် တော် ခရိုင်စိုက်ပျိုးရေးမန်နေဂျာ အဖြစ်ပါ ဆောင်ရွက်ခဲ့သည့် ၎င်းက အမျိုးသားလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။ ”စိုက်ပျိုးရေးမှာ မြေမှန်၊ မျိုး မှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် […]


ကို သာAugust 11, 20121min884
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်၊့ ပြည်သူလူထု ရပိုင်ခွင့်တွေနှင့် ပတ်သက်ပြီး တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါသည်။ တရားစီရင်ရေးမှာ တာဝန်မကျေပွန်သော၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းသော တရားသူကြီးများ၊ ဝန်ထမ်းများကို ဖယ်ရှားပြီး ပြည်သူ့တွေက ရွေးချယ်သူတွေနှင့် ပြန်လည်အစားထိုး ခန့်အပ်ရန်လိုကြောင်း စသဖြင့် ပြောဆိုခဲ့သည်ဟု NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါသည်။ “မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှု အနိမ့်ကျဆုံး နိုင်ငံစာရင်းမှာ ကမာ္ဘက ထည့်သွင်းထားသည်ကို တွေ့ရတယ်တဲ့။ တရားစီရင်ရေး မဏ္ဍိုင် အဂတိတရားများ ဖုံးလွှမ်းနေဆဲ ဖြစ်ကြောင်း ပြည်တွင်း ပြည်ပက ကျယ်လောင်စွာ ဝေဖန် အော်ဟစ်နေကြ တယ်။ ယိမ်းယိုင် တိမ်းစောင်းနေတဲ့ တရားစီရင်ရေး […]


ကို သာAugust 10, 20121min29528
မြန်မာနိုင်ငံကို မဟုတ်မမှန် စွပ်စွဲပြော ဆိုနေသည့် OIC အစ္စလာမ် မစ်နိုင်ငံများအဖွဲ့က ရခိုင်ပြည်နယ်မှ လူမျိုးရေး တင်းမာမှုများကို အထူးစိုးရိမ်နေဆဲ ဖြစ်သော်လည်း OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်နေသည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါသည်။ မြန်မာလုံခြုံရေး တပ်ဖွဲ.များက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းဆိုသည်မှာ မဟုတ်သည့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောကြားပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana ပြီးခဲ့သည့် သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်တွင် အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များလည်း လိုက်ပါသွားခဲ့ကြသည်။ ဘင်္ဂါလီ ရိုဟင်ဂျာများကို မြန်မာအစိုးရက တရားမဲ့ လူမျိုးတုံးသတ်ဖြတ် ကျူးလွန်နေတာကို […]


ကို သာAugust 7, 20121min24817
လသာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြီးမြင့်က မဟာသင်္ကြန်ရုံးပိတ်ရက်ကို လေးရက် သို့မဟုတ် အကြတ်နှစ်ရက်ဖြစ်ပါက ၅ ရက်သာ ပြန်လည် သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ယနေ့(ဩဂုတ်လ၆ရက်)ကျင်းပသည့် ပြည်သူ့လွှတ်တော် ၂ဝ ရက်မြောက်နေ့တွင် မေးမြန်းခဲ့ရာ သမ္မတရုံး ဝန်ကြီးဌာန ပြည ်ထောင်စုဝန်ကြီး ဦးစိုးမောင်က လက်ရှိကောင်းမွန်တဲ့ အစဉ်အလာကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ဦးကြီးမြင့်က မြန်မာနိုင်ငံသည် အစစအရာရာ နိမ့်ကျနေသေးသည့် နိုင်ငံဖြစ်သည့်အတွက် ကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်နိုင်ရန် အတွက် အကြောင်းပြကာ အထက်ပါမေးခွန်းကို မေးမြန်းခြင်းဖြစ်သည်။ သင်္ကြန်တွင်း ၁ဝ ရက် ရုံးပိတ်ရက်ဖြစ်သည့်အတွက် ဧပြီလအတွင်းတွင် လုပ်ကိုင်ရသည့် အလုပ်များ တွင်ကျယ်မှုမရှိကြောင်း နှင့် ဧပြီလအတွက် အလုပ်ကိုကြိုတင်ရှောင်ထားရကြောင်း ကျိုးကြောင်းပြ မေးမြန်းသွားသည်။ အလားတူ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း ရုံးပိတ်ရက် […]