သုရွင္February 8, 20141min1867
သားကြည့် မင်းအဖေမာနတွေ မင်းမသိတုန်း မင်းကြောင့် ပြုတ်ပြုတ်ကျခဲ့ဖူးတယ်။   သားကြည့် မင်းကြောင့်မဟုတ်ရင် မင်းအဖေဒီလောက် အသားအရေတွေ ခမ်းခြောက် ရှုံ ့တွမနေဘူးသား။   သားကြည့် မင်းအဖေ ပြန်လာရင် မင်းတို့ဖို့သယ်သယ်လာတဲ့ စိတ်ညစ်ခြင်းနဲ့အလဲအလှယ်လုပ် ပြီးသား မုန့်ထုပ်တွေ။ သားတို့ဖို့ အပြုံးတွေ ဖုံးအုပ်ထားခဲ့တာ။   သားကြည့် မင်းသွားတော့မယ်ဆိုတော့ မင်းမြင်မှာစိုးလို့ ဟိုဖက်လှည့်ထားတဲ့ သူ့မျက်နှာ မင်းရှေ ့မှာလို ပြုံးနေမယ်ထင်လို့လား။   သားကြည့် မင်းလည်း အဖေဖြစ်တော့မယ်။ သားကြည့်ကြည့် မကြည့်ကြည့် သိလာမှာပါ။ သုရှင်( ၈.ဖေဖော်ဝါရီ.၁၄)    


သုရွင္September 19, 20131min29315
Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ဘာသာခြားတို့ ထင်မှတ်ထားသလို ဗုဒ္ဓဘာသာသည် ရုပ်တို တို့ကို ကိုးကွယ်ဆည်းကပ်နေသော ဘာသာ တစ်ခု မဟုတ်ချေ။ အရုပ်သည် အရုပ်ပင် ဖြစ်သည်။ သစ်သားဖြင့် ပြုလုပ်ထားသော အရုပ်သည် […]


သုရွင္July 26, 20131min1977
စိတ္တဇ… တဒိတ်ဒိတ်ခုန်နေတဲ့  နားထင်သွေးတိုးတဲ့အသံ ကြောင့် ငါ့ရဲ့မညီမညာ  ည  တွေ..စည်း ဝါး တော့ ခပ်ကိုက်ကိုက်။ ခုန်ပေါက်နေတဲ့ အတွေးအပိုင်းအစ တွေ ……. ငါ့ဘဝ ကို  ကြီးလိုက် ငယ်လိုက်ဖြစ်စေတယ်……….။ တစ်ဖျောက်ဖျောက်ကျနေတာက… ဟိုးကောင်းကင်က ….မိုးစက်တွေ မဟုတ်ခဲ့ပါဘူး။ ( မဖြစ်နိုင်ဘူးမပြောပါနဲ ့…..။) ငါ့ကိုပဲကြည့်…. မီးမဟုတ်ပေမယ့်…တစ်ဖျစ်ဖျစ်လောင်တယ်။ သစ်ရွက်မဟုတ်ပေမယ့်…..တစ်ဖြုတ်ဖြုတ်ကြွေတယ်။ ပရုတ်လုံးမဟုတ်ပေမယ့် တစ်ဖြည်းဖြည်းလုံးပါးပါးခဲ့တယ်။ မှန်ထဲက ငါမှာ… အရေးအကြောင်းတွေ ခပ်မှိန်မှိန်ကနေ ခပ်ထင်းထင်း…ဖြစ်လာပေါ့။ အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့မိဘူး ဆိုပြီး သံဝေဂ ရ ရ ရ ရ ရ……… ရ ချည်းပဲနေတော့တာ။ တစ်ချိန်တစ်ခါတော့ ငါ့ အပြန်လမ်းမှာ.. နောင်တတွေကို အလေးခံပြီး သယ်ယူမသွားချင်တော့ပါဘူး။ ရွေးချယ်ခွင့် ရ နေသေးသ၍ ပေါ့ဗျာ။ […]


သုရွင္July 24, 20131min1845
စာရေးဆရာမ ဂျူး က… ” ကျွန်မတို့ဟာ စိတ်ဖိစီးမှုကို အတိုင်းအတာ တစ်ခုအထိ လု်ိအပ်ပါတယ် “ လို့ သူမ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာကို ဖတ်မိ ၊ မှတ်သားမိပါတယ်။ မှန်ပါတယ်။ စိတ်ဖိစီးမှု  ရုပ်တရပ် မရှိတော့ရင် အထီးကျန်ဝေဒနာ စိတ်ကျ ဝေဒနာ ခံစားရတတ်တယ်ဆိုတာကို အငြိမ်းစား အရာရှိကြီးများ၊ အသက်အရွယ်ကြောင့် အလုပ်ခွင်ထဲမှ ဖယ်ကြဉ်ခံရပြီး ၊ မိမိအိမ်တွင်လည်း လူရာမဝင် ဟု မိမိတို့ကိုယ်မိမိတို့ ခံ စားနေရသူများ ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ သို့သော် စိတ်ဖိစီးမှု အလွန်အမင်း များလာခြင်းအားဖြင် ့လူတွေကို ဒုက္ခရောက်စေပါတယ်။ အဲဒီဒုက္ခတွေကတော့ ၁-အစားမမှန်အအိပ်မမှန်ခြင်း ၂-ကယောင်ကတမ်းဖြစ်ခြင်း ၃-စိတ်ဖောက်ပြန်ခြင်း ၄-ဒေါသ ဖြစ်ခြင်း ၅-အိမ်ထောင်ရေးသုခ များဆုတ်ယုတ်လာခြင်း ၆-အင်အားချိနဲ့ခြင်း […]


သုရွင္July 12, 20131min1494
“Non-violence is a sign of strength, self-confidence and truth.” အကြမ်းမဖက်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်ခြင်း၊ အမှန်တရားနဲ့ ခွန်အားရှိခြင်းတို့ရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ Buddhism https://www.facebook.com/BuddhistPeople?ref=stream&hc_location=stream   ကျွန်တော်တို့ နို်င်ငံမှာ ကွဲပြားနေတဲ့ အမြင်တွေရယ်၊ အယူအဆတွေရယ်၊ ဝါဒတွေရယ် ကိုယ်စီကိုင်စွဲ ထားတဲ့ လူတွေရှိကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ ဦးတည်ချက်ပန်းတိုင်ကတော့ အံဩစရာကောင်းလောက်အောင်၊ မယုံကြည်စရာကောင်းလောက်အောင် တူညီနေတာတွေ့ရပါတယ်။ ဒါကတော့……… မြန်မာဆိုတဲ့ တိုင်းပြည်ကို ပိုမိုကောင်းမွန်တိုးတက်ပြီး အေးချမ်းသာယာ လိုကြခြင်းပဲဖြစ်ပါတယ်။ ဘယ်သူမှ စိုးရိမ်ကြောင့်ကျပြီး မနေလိုကြပါ ဘူး။ ဘယ်သူမှ ပူပင်သောက မရောက်လိုကြပါဘူး။ ဒါကို ဘယ်သူမှ မငြင်းခုံနိုင်ပဲ သဘောတူကြမှာဖြစ်ပါတယ်။ ကွဲပြားနေကြသည့်အမြင်များမှာ… ထိုသို့အေးချမ်းသာယာပြီး တိုးတက်တဲ့ နို်င်ငံ အဖြစ်သို့ရောက်အောင် […]


သုရွင္May 28, 20132min1916
မည်ကာမတ္တ              လူ အထောက်အထားတစ်ခုကိုမျှ လက်ဝယ်ကိုင်ဆောင်ပြသ နိုင်ခြင်းမရှိတဲ့အခါ…။ လူမွှေး ၊ လူတောင်    ပြောင်ဖို့ လူသတ်မှတ်တဲ့ လူ ့ တန်းတစ်ခုကို လူတန်းမစေ့ တဲ့အခါ…။ လူလိုသူလို ခေါ်ပြောဆက်ဆံ နေရာပေးအလိုက်သိခြင်းမခံရတဲ့ ဖြစ်တည်ရုံ အဆင့်ရှိ အလေအလွင့်လူသားဖြစ်တဲ့အခါ…။ လူတွေမွေးပြီး လူတွေ စွန့်ပစ်သွားခဲ့ကြတဲ့ လူအဖေအမေ မဲ့ လူသားတွေအဖြစ် နေရာတစ်ခုသည်းသန့်ကန့်သတ်ခြင်း…. ခံကြရတဲ့အခါ…။ အင်္ဂါမစုံ၊ မသန်စွမ်းဘဝနဲ့ အထင်အမြင်သေးနှိမ်ချ ခွဲခြားဆက်ဆံခြင်းခံကြရတဲ့အခါ…။ ရောဂါတစ်ခုအကြောင်းပြ မြင်ရုံနဲ့နောက်တွန့် ရှုံ ့ချကဲ့ရဲ့ပြီး မောင်းထုတ်နှင်ချပြီး လူ့အသိုင်းအဝိုင်းနဲ့ မနီစပ်စေချင်ခံရတဲ့ အသက်ဝိညာဏ်ရှိ ခြေကောင်းလက်ကောင်းဘဝ အမှားတစ်ခုကြောင့်ပဲဖြစ်ဖြစ် အခန့်မသင့်လို့ ပဲဖြစ်ဖြစ် ရောက်ကြရတဲ့အခါ…။ ကျွန်တော်တို့တစ်တွေဟာ လူ့သဘောသဘာဝကို ပိုင်ဆိုင်ထားကြပါလျှက် မည်ကာမတ္တလူ ဖြစ်ကြရတယ်။


သုရွင္May 27, 20131min22013
ကြာတော့လည်း ကဗျာတွေ ဇာတ်ပျက်လာတယ်။ ဧချင်းလည်းမဟုတ်…။ အိုင်ချင်းလည်းမဟုတ်…။ လေးလုုံးသုံးလုံးစပ်မဟုတ်…။ ဒွေးချိုးလေးချိုးမဟုတ်…။ ကာရံရှိတဲ့ကဗျာ ဘဝတွေ လျှောကျ….။ မော်ဒန်ကဗျာပါ ….တဲ့။ နောက်တော့ ပို့စ်တစ်လုံးထပ်ပိုလာတယ်။ အမျိုးသားရေးစိတ်ဓါတ်တွေ ကဗျာနဲ့မှ လျှောကျ ငါတို့ယဉ်ကျေးမှုကို ငါတို့ မချစ်နို်င်ကြတော့ဘူး။ စည်းချက်လေးတစ်ခုတည်း လက်ရှိငါတို့ကဗျာမှာ ငွေ့ငွေ့ကျန်ရစ်ခဲ့ ကဗျာမာနမရှိတဲ့ ကဗျာဆရာတွေရှိတဲ့ နိုင်ငံမှာ ငါ့ကဗျာ အပါအဝင် ခေတ်နဲ့ယှဉ်တဲ့ကဗျာ အားလုံး ဇာတ်ပျက်ကုန်ကြပေါ့။             ။


သုရွင္May 7, 20131min1626
ဒီဖက်ခေတ်ကြီးမှာ ဗိုင်းရပ်တစ်မျိုးပြန့်ပွားနေပါတယ်။ အစ္စလမိ္မုဖိုဗီးယားပဲဖြစ်ပါတယ်။ အစ္စလမ်ကြောက်သောရောဂါပင်ဖြစ်သည်။ http://www.islamophobiatoday.com/tag/anti-islam/ အရာရာတွင်အကောင်းအဆိုးဟူ၍ နှစ်မျိုးရှိသည်။ အားသာချက်၊အားနည်းချက်ဟူ၍ ရှိပါသည်။ အစ္စလမ်ဘာသာသည် အစွန်းနှစ်ဖက်တွင် ရှိနေပါသည်။ အလွန်ကောင်းသည့် ကိုယ်ကျင့်တရားနှင့် လူများကို မွေးထုတ်ပေးနို်င်သကဲ့သို့ အကြမ်းဖက်အစွန်းရောက်များကိုလည်း အုံနှင့်ကျင်းနှင့် မွေးထုတ်ပေးနေပါသည်။ အစ္စလမ်သည် အစ္စလမ်မဟုတ်သူတို့ မြင်သ လို ရိုင်းစိုင်းယုတ်မာသည့် ဘာသာဖြစ်သည်ဆိုပါက ကမ ္ဘာ့လူဦးရေ လေးပုံတစ်ပုံမှာ ထိုအယူဝါဒကို လက်ခံနေလိမ့်မည်မဟုတ်ပါချေ။ ထိုသူတို့တွင်လည်း တွေးခေါ်စဉ်းစားတတ်သော ဦးနှောက်ရှိသည်သာ။ အစွန်းနှစ်ဖက်ကို နင်းထားသော ဘာသာတစ်ရပ်အရ extremely sensitive အလွန်အမင်းတုံ့ပြန်လွယ်သော အမြင်ကို ဖြစ်ပေါ်လာစေပါသည်။ ကမ ္ဘာကြီးကို သည်းခြားပိုင်းထုတ် လိုက်သည်မှာ အစ္စလမ်ဘာသာဖြစ်ပါသည်။ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူဟူ၍ ဖြစ်ပါသည်။ မိမိကိုယ်ကိုယ် အသိုင်းအဝိုင်းတစ်ခုအဖြစ်သည်းသန့်ခွဲထုတ်သည့် အခါ လူမှုရေး နယ် ပယ်တွင် […]


သုရွင္April 11, 20133min23715
  ပြဿနာ၏ အရင်းခံမှာ မလိုမုန်းတီးမှုပင်ဖြစ်သည်။ အတူကွဲပြားခြင်းတွေကို နားမလည်နို်င်ခြင်းကြောင့် ၊ လက်မခံနိုင်ခြင်းကြောင့် ပဋ္ဋိပက္ခဖြစ်ရသည်။ မြန်မာဗုဒ္ဓဘာသာတို့၏ စိတ်ထဲတွင် ဤနိုင်ငံသည် ငါတို့ နိုင် ငံ။ ငါတို့နိုင်ငံ ကိုလည်းလာနေသေးတယ် ၊ လူပါးကလည်း ဝ သေးတယ် ဟု မြင်သည်။ မွတ်စလင်ကုလား တို့၏ စိတ်တွင် ငါတို့ဘာသာကို ဖြစ်စေ ၊ ဘာသာဝင်ကိုဖြစ်စေ လာစော်ကားလျှင် အသက်ကိုပင်ပဓာန မထား အစွမ်းကုန်တုံ ့ပြန်သွားမည်ဟု စိတ်ထဲတွင်ရှိသည်။ ဗမာဗုဒ္ဓဘာသာတို့သည် အလွန်သဘောကောင်းပြီး အားနာတတ်၊ချစ်တတ်၊ ခင်တတ်၊ ဧည့်ဝတ်ကျေတတ် သောလူမျိုးဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး ရိုင်းပင်းကူညီတတ်ပြီး၊ သူတို့ကို လှည့်စားယုတ်မာ သွားမှ သာ နောင်တရတတ်ကြသောသဘောရှိသည်။ ထိုကဲ့သို့ အစော်ကာ း ခံရ ပါမူ […]


သုရွင္April 8, 20131min24117
၉၆၉ အစွန်းရောက်ဘာသာရေးအယူဝါဒ သည် အရှေ ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိကမြောက်ပိုင်းဥရောပ အရှေ ့ခြမ်းတွင် ပဋ္ဋိပက္ခများကိုဖြစ် စေနိုင်သော အဓိကအကြောင်း အရင်းကြီးတစ်ရပ်ဖြစ်သည်။ အာရှတိုက် တွင်အိန္ဒိယ၊ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ်တွင် ဘာသာ ရေးအစွန်း ရောက်မှုကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြင့် ရင်ဆိုင်ကြုံတွေ့ နေရပါသည်။ နိုင်ငံတကာပြဿနာများတွင် သိမ်မွေ့သလောက် အကဲဆက်သော၊ ဖြေရှင်းရန်ခက်ခဲသလောက် ကြီးမားသော အဓိကရုဏ်းများကို ဖန်တီးတတ်သည်မှာလည်း ဤဘာသာရေးအစွန်းရောက်မှု ပြဿနာပင် ဖြစ်သည်။အစ္စလမ်ဘာသာဝင်များသည် ခရစ်ယာန်ဘာသာဝင်များပြီးလျှင် ကမ ္ဘာပေါ်တွင်လူဦးရေး ဒုတိယ အများဆုံးဖြစ်ကြောင်း သုတေသနမှတ်တမ်းများနှင့်စစ်တမ်းများက ဆိုပါသည်။ ဘာသာရေးကို မိမိတို့၏ နေ့စဉ်ရှင်သန်နေထိုင်ရေး လုပ်ငန်းစဉ်များအထိ ကျင့်ကြံအားထုတ်ရန်ကြိုးစားလာသောအခါ အစ္စလမ်ဝါဒ သည် ဝေဖန်ခံလာရပါသည်။ အစ္စလမ်ဘာသာလောက် လူ့လောကနေ့စဉ်လုပ်ငန်းဆောင်တာများအထိ ဘက်စုံနှံ ့စပ်အောင် ထဲထဲ ဝင်ဝင်ဟောကြားညွှန်ပြဆုံးမထားသော ဘာသာကမ ္ဘာပေါ်တွင်မရှိဟုပင်ပြောနိုင်ပါသည်။ နေရေးထိုင်ရေး […]


သုရွင္January 18, 20131min1605
ပေးစာ(၁) ချစ်သောမ..။   ။ မ..မောင့်ကို ချစ်တယ်..။ မောင်…ကောင်းကောင်းယုံပါတယ်။ မောင့် ဆီက ဘာတစ်ခုခုကို မှ မလိုချင်ဘဲ။ အချစ်သက်သက်နဲ့ချစ်ခဲ့တာမှန်း… ပြီးတော့ အချစ်သက်သက်နဲ့ မောင်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့သည်မှန်း။ ………. မောင့်ကို တန်ဖိုးထားမှန်း။ ပြီးတော့..မောင်..စိတ်ညစ်သွားမှာစိုးလို့…မောင့် အိမ် အကြောင်း။ မောင့်မိဘတွေ အကြောင်းတစ်စွန်းတစ်စ မှ မမေးခဲ့တာမှန်း။ ……. မောင် ဖုန်းမဆက်တဲ့ အခါ။ မောင့် မက်ဆေ့တွေ မရောက်လာတဲ့အခါ။ ……….. မောင့် ဖုန်းကို ခေါ်တဲ့ အခါ ကိုင်မယ့်သူမရှိ ဘူး ဆိုပြီး စိတ်ထဲမှာ အလွန်အမင်း ဝမ်းနည်းသွားတတ်တဲ့ မ အကျင့်။ မောင်…သိပါတယ်။ …။ မောင်…သိပ်သိတာပေါ့။ မ..မောင့်အတွက်နဲ့ မရဲ ့ မေမေ့ကို ဘယ်လောက်တောင် […]


သုရွင္January 16, 20132min1020
များစွာသော စာရေးဆရာ တို့ဟာ နောင်အနာဂတ်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ၊ သံသယဖြစ်စရာ ဇာတ်လမ်းတွေကို လူတွေစိတ်ညစ်ညူးစေရန်ခေါင်းစဉ်များ ( ဥပမာ။    ။သမိုင်း၏ အဆုံးသတ်နှင့် နောက်ဆုံးလူသား ( စာရေးဆရာ ဖရန်စစ် ဖူကူယားမား ၊ နိုင်ငံရေး သိပ္ပံပညာရှင် ) ၊ The End of History and the Last Man (by Francis Fukuyama) ၊နီးကပ်လာသော သီးခြားဖြစ်တည်မှု နှင့် လူသားတို့၏ သက်ရှိဇီဝ ဖြစ်စဉ်ကို ကျော်လွန်သွားသောအခါ ( စာရေးဆရာ ရေး ကာရ်ဇ်ဝီးလ်)The Singularity Is Near: When Humans Transcend Biology (by Ray […]


သုရွင္January 14, 20131min1513
ကချင်ပြည်သူတွေ ဒုက္ခရောက်နေကြရတယ် ဆိုတဲ့ သတင်းတွေ အမြောက်အမြားထွက်ပေါ်လာတဲ့နောက်မှာ ကြားရသူ တိုင်းသူပြည်သားတွေလည်း ကိုယ်ချင်းစာပြီး သနားကြရပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် စစ်ဆိုတာ အနိဌာရုံတွေချည်း ဖန်တီးတတ်တဲ့ အရာပင်မဟုတ်ပါလား။ ကချင်အရေးသည် တဖြည်းဖြည်းဖြင့် ပိုမိုကြီးမားကျယ်ပြန့်လာနေသည်ကိုမူ မငြင်းဆန်နိုင်ပါချေ။ ပြည်တွင်းသတင်းများတွင်လည်း ကေအိုင်အေ က ဗုံးခွဲသဖြင့် မြစ်ကြီးနား သို့ သွားသော ရထားတစ်စင်း နောက်တစ်ကြိမ်တိမ်မှောက်သွားကြောင်း ရေးသားနေကြသည်။ ယမန်နေ့က အစိုးရ ရဟတ်ယဉ် နှစ်စင်းကို ကေအိုင်အေ က သူတို့ ပစ်ချလိုက်ကြောင်း ပြောပါတယ်။ ဒါပေမယ့် အစိုးရဖက်ကလည်း ဒါဟာ စက်ချွတ်ယွင်းမှုကြောင့်လို့ပြောပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဒါဟာ တိုင်းပြည် ရဲ့ ရပိုင်ခွင့် ( assets ) တွေ ဆုံးရှုံးနေရတာပါ။ လူသားအရင်းအမြစ်တွေ ဆုံးရှုံးရတယ်။ ပစ္စည်းနဲ့ ကိရိယာ […]