lovesickkalaySeptember 4, 20101min1044
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမ်းစားပြီး ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီးစီးကရက်တစ်လိပ်သောက် ခြင်းသည် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။ (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်ခဲဖြစ်စေသည်။ (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။ (၅) ရေမချိုးပါနှင့်။ ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် […]


lovesickkalaySeptember 4, 20101min922
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတော့ သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ် ဆိုတဲ့ သဘောပေါ့နော်။ ဒါဆိုအတော်ကြောက်စရာကောင်းတာပေါ ့နော်။ သူတော်ကောင်းဆိုတာသင်ကောင်းကောင်းမကောင်းကောင်းကျွန်ုပ်ကတော့ကောင်းနေရမယ်လေ။ စီးပွားရေးသမားအချို့က နရံကပ်စာတန်းများ ကိုရိုက်နှိပ်ထုတ်ဝေ ရောင်းချလျက်ရှိပါသည်။ ထိုနရံကပ်စာတန်းများကို အမှန်တရားပမာထင်မှတ်လျက် ၊မြတ်မြတ်နိုးနိုးတန်ဖိုးထားကာ ၊အိမ်နရံတွင် ချိတ်ဆွဲထားသူများလည်း ရှိပါသည်။ နရံကပ်စာတန်များတွင်၊ထေရဝါဒ ဗုဒ္ဒဓမ္မနှင့် ကိုက်ညီသည်တို့ရှိသလို၊မကိုက်ညီသည်တို့လည်း ရှိပါ၏။ ထေရဝါဒ ဗုဒ္ဒဘာသာဝင်ဖြစ်ပြီး၊ ထေရဝါဒ ဗုဒ္ဒဓမ္မနှင့် ဆန့်ကျင်သောစာတန်းကို၊ မိမိ၏အိမ်နရံတွင် ချိန်ဆွဲထားမိမည်ဆိုလျှင် မိမိသည် မိမိကိုးကွယ်ရာ ဗုဒ္ဒဓမ္မကို နားလည်သက်ဝင်မှု မရှိကြောင်း ဖော်ပြနေသကဲ့သို့ ရှိပေလိမ့်မည်။ထေရဝါဒ ဗုဒ္ဒဓမ္မနှင့်ဆန့်ကျင်သော နရံကပ်စာတန်းများတွင် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဟူသောစာတန်းလည်း ပါဝင်ပါ၏။ယင်းစာတန်းမှာ ကျဉ်းမြောင်းသော ပုဂ္ဂလခံစားမှု၊ထေရဝါဒ ဗုဒ္ဒဓမ္မကို နားလည်သိမြင်ခြင်း အားနည်းမှု၊ ယောနိသောမနာသိကာရ (သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းမှု) မရှိမှုတို့ ပေါင်းစည်းရာမှထွက်ပေါ်လာသောခြင်းဖြစ်၏။ နှလုံးသားမရင့်ကျက်မှုနှင့်ဦးနှောက်အားနည်းမှုတို့၏ […]